44 w - Translate

#ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ အဆိပ်အ​​တောက်တွေ ပုံမှန်ထက် များလာပြီဆိုရင် ဘာတွေ ဖြစ်တတ်သလဲ???

- ပါးစပ်(ခံတွင်း)အနံ့ နံခြင်း
- ချွေးအနံ့ ဆိုးရွားလွန်းခြင်း
- လေလည်တဲ့အခါ ပုံမှန်ထက် အပုပ်နံ့
ပိုထွက်ခြင်း
- သွားဖုံးတွေ ကြွပြီး နာတတ်ခြင်း
- ကိုယ်လက် မအီမသာ ဖြစ်ခြင်း
- နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ ခက်ခြင်း
- အကြောတက် ​ညောင်းညာခြင်း
- ကိုယ်လက် နာကျင်ကိုက်ခဲခြင်း
- အသားအရေ ခြောက်သွေ့ပျက်စီးခြင်း

#စတဲ့ ဘေးထွက်ဆိုးကျိုးတွေ အများကြီး ဖြစ်လာတတ်ပါတယ်။

#ဒီလိုတွေ မဖြစ်ချင်ဘူးဆိုရင် သင့်ရဲ့ ကိုယ်ခန္ဓာအတွင်းက #အပူအပုပ်နဲ့ အဆိပ်အတောက်တွေကို မကြာခဏ ထုတ်ပစ်ပြီး.....ခန္ဓာကိုယ်အတွင်းပိုင်း သန့်ရှင်းရေးကို မကြာခဏ ပြုလုပ်ပေးသင့်ပါတယ်။
ဒီလိုလုပ်ဖို့အတွက် #စာရေးသူသိတဲ့နည်း (၅)နည်း ရှိပါတယ်။
၁။ #ကိုယ်ခန္ဓာချွေးပေါက်များမှထုတ်ခြင်း
ချွေးပေါက်တွေကနေ အပူပုပ် အဆိပ်တောက်တွေကို ထုတ်နိုင်ပါတယ်။ အချို့ မြင်ဖူးကြမှာပါ...အပူပေးထားတဲ့ ဖန်ခွက်လေးတွေကို နောက်ကျောပေါ်တင်ပြီး လေဆုပ်ခွက်သဘောမျိုး လုပ်ထားတဲ့ ကုထုံးမျိုးပါ။

၂။ #စအိုမှထုတ်ခြင်း

ဒါကတော့ ရှင်းပါတယ်။ ဥပမာအားဖြင့် အနီးစပ်ဆုံး ပြောရရင် ဝမ်းနုတ်ကြတာမျိုးပါ။ ဝမ်းသွားတာဟာ သဘာဝအရ သွားတာ ကောင်းပေမယ့် လိုအပ်လာတဲ့အခါ မဖြစ်မနေ ဝမ်းသွားအောင် လုပ်ကြရပါတယ်။ အချို့က ဝမ်းနုတ်ပြီး အားအင်ကုန်ခန်းသွားတဲ့ ဒဏ်ကို ခံနိုင်ရည်မရှိဘဲ နုံးခွေသွားတတ်ကြပါတယ်။

#ပါးစပ်မှထုတ်ခြင်း

ယခုခေ​တ်မှာတော့ အသုံးပြုတာ နည်းသွားပါပြီ။ ရှေးကုထုံးတွေမှာတော့ အန်ထွက်မယ့် ဆေးတစ်မျိုးကို တိုက်ကျွေးပြီး #အဆိပ်တောက် အပူပုပ်စာတွေကို ပြန်ထုတ်ကြပါတယ်။ အရေးပေါ် အခြေအနေမှာပဲ သုံးလေ့ရှိကြပြီး နောက်ဆက်တွဲ ပေးရတဲ့ဆေးတွေလဲ ရှိသေးတော့ ကိုယ်တိုင်လုပ်ဖို့ မလွယ်ပါဘူး။

၄။ #ခေါင်းမှထုတ်ခြင်း

#ခေါင်းမှာရှိတဲ့ အကြောအခြင်တွေကို နှိပ်နယ်ပေးပြီး အပူအပုပ် အခိုးတွေ ထွက်သွားအောင် လုပ်ပေးရတဲ့ ကုထုံးဖြစ်ပါတယ်။

#လူ့ခန္ဓာကိုယ်ရဲ့ အကြောဖွဲ့စည်းပုံတွေကို နားလည်တဲ့ အကြောပညာရှင်မျိုးသာ ပြုလုပ်တာ ပိုသင့်တော်ပါတယ်။

ဆံသဆိုင်တွေ၊ Spaတွေမှာ ခေါင်းလျှော်ရင်း ပြုလုပ်ပေးတာတွေကို ကြုံဖူးပေမယ့် တကယ့်အစစ်အမှန် အပူထုတ်ခြင်းမျိုးတော့ မဟုတ်သေးပါဘူး။

၅။ #ခြေဖဝါးမှထုတ်ခြင်း

စာရေးသူ အကြိုက်ဆုံး နည်းလမ်းလဲ ဖြစ်ပြီး လုပ်ရတာလဲ အလွယ်ကူဆုံးပါ။ နည်းလမ်းတွေလဲ များပါတယ်။
အကြိုက်ဆုံး နည်း(၂)နည်းကတော့ ဆားနယ်တာနဲ့
ခြေထောက်ဆေးကပ်ခွာ သုံးတာပဲ ဖြစ်ပါတယ်။

#ဆားနယ်ခြင်း

#ဆားများများသုံးနိုင်ရင် ပိုကောင်းပါတယ်။ အချို့က ဆားနည်းနည်းလေးနဲ့ လုပ်တတ်ကြပါတယ်။ တကယ်က ဟိုမရောက် ဒီမရောက် ပိုဖြစ်သွားစေပါတယ်။

မလုပ်ခင် #ခြေထောက်ဆေး ခြောက်အောင်သုတ်ပြီး ခြေမျက်စိအောက်စပ်လောက်နီးပါးရှိတဲ့ ဆားခွက်ထဲကို ခြေထောက် ထည့်စိမ်ထားပြီး သေချာစွာ ပွတ်ခြင်း နှိပ်နယ်ခြင်းတွေကို မိနစ်(၂၀) နာရီဝက်လောက် လုပ်ပေရပါမယ်။

ပြီးရင် ရေမဆေးဘဲ ခြေသုတ်ပြီး အိပ်ပါ။

ခုတင်ပေါ်မှာ #ဆားနံ့ နံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ရင် ဆားကို မကြာခဏ အသစ်လဲပေးတာမျိုး လုပ်ပေးတာ ပိုသင့်တော်ပါတယ်။

#ခြေဖဝါးဟာ လူ့ကိုယ်ခန္ဓာရဲ့ #ပထဝီအကြောတွေ ပေါင်းစုံတဲ့ နေရာဖြစ်လို့ ခြေဖဝါးကနေ အဆိပ်အတောက် #အပူအပုပ်တွေကို ထုတ်တာဟာ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။

#crd_to_owner_with_respect
#​ဆေးဝိဇ္ဇာအာရုံ​ကြောအား​ဆေး

#ကျန်းမာရေးဗဟုသုတရကြပါစေ
#credit
##

image

အချစ်ရေ၊
မင်းက နွေဦးက‌ လေရူးလေးလား
မင်းက လေရူးလို ကိုယ့်ဘဝကို
ခဏတာ ဝင်ရောက်လာပြီး
ပန်းပွင့်တွေကို ဝေဖြာစေသလို
ကိုယ့်နှလုံးသားကို လှုပ်ခတ်သွားစေတယ်။
နွေးထွေးတဲ့ အထိအတွေ့တွေ ပေးစွမ်းခဲ့ပေမယ့်
နွေဦးလေရူးလိုပဲ တရွေ့ရွေ့ လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီလား။

လူတွေကတော့ ပြောကြသည်
အချစ်နဲ့ စစ်ပွဲတိုင်းမှာ
တရားမျှတမှုဆိုတာ မရှိဘူးတဲ့။
ဒါပေမဲ့ ကိုယ်သာ မတရားခဲ့မိရင်
နှလုံးသားပန်းတွေ ညှိုးရနွမ်းရ၊
စိုးတဲ့ကြယ်တွေလည်း ကွဲကြပြိုကျ
အကြင်သူရယ်၊ ဒီကမ္ဘာမြေပေါ်
ဘယ်လိုများ ပျော်ရွှင်နိုင်ပါတော့မလဲ။

နာကျင်ရတာက
ရင်ခုန်ပြီးချစ်ခဲ့တာထက်
ပိုပါတယ်

ဒီဘဝမှာ မင်းနဲ့တွေ့ရတယ်
ဒီဘဝမှာ မင်းကိုချစ်ရတယ်
ဒီဘဝရဲ့ လက်ကျန်အချိန်တွေအကုန်လုံး
မင်းနဲ့အတူ ကုန်ဆုံးရရင်
ငါလူဖြစ်လာရတဲ့ကိစ္စ ပြီးပါပြီ

ဒေဝီသို့ ချစ်ခွင့်ပန်ခြင်း (၁၁)

ကျွန်တော်သိပါတယ် ဒေဝီ
ဘယ်လောက်မှ မကြာသေးတာလဲ
ကျွန်တော်သိပါတယ်

ကျွန်တော်မသိတာတစ်ခုက
ဘာလို့ ဒေဝီ့ကို ရူးရူးမူးမူးချစ်မိသွားတာလဲ
ကျွန်တော်တကယ်စဥ်းစားလို့မရပါဘူး

ဒီစာက နောက်ဆုံးစာတစ်ဆောင်ပါ ဒေဝီ...။

ဖွင့်ပြောတဲ့စာဆိုလဲ ဟုတ်ပါတယ်။

မိုးဦးချိန်မှာ ကြိုးကြာငှက်တွေက
မြောက်ရပ်ကို ဦးတည်ပြီးတော့
သူတို့ခရီးကို ရအောင်ဆက်ကြပါတယ်။

ပျော့ညံ့တဲ့ငှက်တွေသာ ပြုတ်ကျ သေဆုံးခဲ့ရတာပါ ဒေဝီ...။

ကျွန်တော်ကတော့ ခရ်ိးဆုံးထိ သွားမဲ့
ငှက်တစ်ကောင်ပါ။

ဘယ်လိုခရီးပဲဖြစ်''
ဥပမာ ဒေဝီ့ရဲ့နှလုံးသားထဲပေါ့။

ကျွန်တော်ချစ်ပါတယ် ဒေဝီ။

နှစ်''ကာ'' ချစ်ပါတယ်
နှလုံးသားတံခါးဖွင့်ပေးနိုင်မလား
ဒါမှမဟုတ်
ကျွန်တော့်ကို ပြန်ချစ်ပေးနိုင်မလား။

ကျွန်တော့်ရဲ့ ဒေဝီခင်​ဗျာ

စောင့်ဆိုင်းရခြင်းသာ

စာမေးပွဲဆိုလျှင်ရင်

ကျန်တော်ဟာ ဂုဏ်ထူးရှင်ပါ

စစ်ပွဲတစ်ပွဲမှာ
လက်နက် ချတယ်ဆိုတာ

ချစ်လို့လည်း ဖြစ်နိုင်တယ်မလား

တချို့လူတွေတောင်

သူတို့ချစ်တဲ့သူတွေ ေပျာ်ဖို့

လက်လွှတ်ပေးခဲ့ကြတယ်လား ။

မဖြစ်နိုင်တော့ဘူးလို့
လက်ခံပြီး အချိန်မှာတော့
ရှေ့ဆက်လည်နေတဲ့
နာရီလက်တံတွေကို
ငါဟာ ရိုက်ချိုးလိုက်တော့တယ်...။ ။

"မင်းဟာ ငါ ဂုဏ်မယူနိုင်ခဲ့တဲ့ ဘဝထဲကို မမျှော်လင့်ဘဲ ရောက်လာခဲ့တယ်။ အဲဒီနေ့ကစပြီး အရာရာ ပြောင်းလဲလာခဲ့တယ်။

ငါ ပိုပြီး ပေါ့ပေါ့ပါးပါး အသက်ရှူနိုင်ခဲ့တယ်၊ မုန်းတီးမှုတွေ လျော့နည်းလာခဲ့တယ်၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာတွေကို လွတ်လပ်စွာ နှစ်သက်လေးမြတ်ခဲ့တယ်။

မင်းမရှိခင်ကဆို ဘာကိုမှ ငါ တန်ဖိုးမထားခဲ့ဘူး။ မင်းနဲ့အတူ ရှိနေမှပဲ အရာရာကို ပိုပြီး လက်ခံလာခဲ့တယ်၊ နေတတ်လာခဲ့တယ်။

အဲဒါကြောင့်ပဲ ငါ့ရဲ့ချစ်ခြင်းမေတ္တာကို ကျေးဇူးတင်ခြင်းများစွာနဲ့ အမြဲရောနှောထားခဲ့တာ ဖြစ်ပါလိမ့်မယ်။"

အဲလ်ဘတ် ကာမူး မှ မာရီယာ" ထံသို့