1 y - Translate

Reference tattoo ideas

image
1 y - Translate

Reference tattoo ideas

imageimage
+4
1 y - Translate

The former Louisville, Kentucky, police officer convicted of a civil rights offense in the death of Breonna Taylor was sentenced in federal court to 33 months in prison, followed by three years of supervised release.
Brett Hankison was found guilty of one count of violating Taylor's civil rights after he blindly shot into Taylor's apartment in March 2020. Hankison's bullets did not hit anyone.
Taylor was fatally shot during a 2020 raid, during which three officers fired dozens of rounds after her boyfriend fired one round at them, striking one of the officers.
Read more: https://abcnews.visitlink.me/kBfQ8r

image

#နိုင်ငံတကာသတင်း
◼ အိန္ဒိယတွင် တစ်လကျော် သောင်တင်နေသော ဗြိတိန်ကိုယ်ပျောက်တိုက်လေယာဉ် အိမ်ပြန်ရန်အသင့်ဖြစ်
အိန္ဒိယလေဆိပ်တစ်ခုတွင် သီတင်းငါးပတ် သောင်တင်နေခဲ့သော ဗြိတိန်ကိုယ်ပျောက် တိုက်လေယာဉ်တစ်စီးသည် အိမ်သို့ ပျံသန်းရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။
တိုက်လေယာဉ်အား ရပ်တန့်ထားသော ဂိုထောင်မှ ယနေ့ထုတ်ယူပြီး မနက်ဖြန်တွင် ထွက်ခွာရန်စီစဉ်ထားကြောင်း နှင့် အခြား အသေးစိတ်အချက်အလက်များကို မသိရှိကြောင်း လေဆိပ်ပြောခွင့်ရသူ တစ်ဦးက ဘီဘီစီသတင်းအား ပြောသည်။
ဗြိတိန်လေယာဉ်တင်သင်္ဘောအုပ်စု HMS Prince of Wales မှ တိုက်လေယာဉ်သည် အိန္ဒိယသမုဒ္ဒရာတွင် ပြု လုပ် သော လေ့ကျင့်မှုတစ်ခုအတွင်း ဆိုးရွားသော ရာသီဥတုနှင့် ကြုံတွေ့ခဲ့ပြီးနောက် အိန္ဒိယတောင်ပိုင်း ကီရာလာ ပြည်နယ်မှ သိုင်ယူဗာနန်သာပူရမ် လေဆိပ်သို့ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရကာ လေယာဉ်တွင် ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သည်။
ရေဒါခြေရာခံ၍ မရသော F-35B တိုက်လေယာဉ်တစ်စီး အိန္ဒိယမြေပေါ်တွင် ကြာရှည်စွာ သောင် တင် နေ ခြင်း နှင့် ပတ်သက်၍ စူးစမ်းမှုများဖြစ်ပေါ်ခဲ့သလို နောက်ဆုံးပေါ် တိုက်လေယာဉ်တစ်စီး နိုင်ငံရပ်ခြားတွင် ဤမျှ ကြာ ရှည်စွာရှိနေခြင်းအပေါ် မေးခွန်းထုတ်မှုများလည်း ထွက်ပေါ်ခဲ့သည်။
လေယာဉ်တင်သင်္ဘောမှ အင်ဂျင်နီယာများက ယင်းလေယာဉ်ကို ပြင်ဆင်ရန် သွားရောက်ကြည့်ရှုခဲ့သော်လည်း မပြင်နိုင်ခဲ့ပေ။
လွန်ခဲ့သော သီတင်းနှစ်ပတ်ကမှ ဗြိတိန်ကာကွယ်‌‌ရေးဝန်ကြီးဌာန က အင်ဂျင်နီယာ ၁၄ ဦးပါ အဖွဲ့အား စေ လွှတ်ခဲ့ ပြီး ၎င်းတို့အတူ လေယာဉ်အား ပြင်ဆင်ရန် အထူး ပစ္စည်းကိရိယာများပါ ယူဆောင်သွားခဲ့ရသည်။
အကယ်၍ ယင်းလေယာဉ်ကို မပြင်ဆင်နိုင်ခဲ့ပါက လေယာဉ်အား တစ်စစီဖြုတ်၍ C-17 Globemaster ကဲ့သို့ ကြီး မားသော သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် သယ်ယူရနိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ခဲ့သည်။
လေယာဉ် အား ပြင်ဆင်နေမှုနှင့်ပတ်သက်၍ အသေးစိတ်ကို မပြောနိုင်ကြောင်း ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်း ဘီဘီစီ ၏ မေးမြန်းမှုများကို ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန နှင့် အိန္ဒိယနိုင်ငံမှ သံရုံးတို့က ပြန်ကြားခဲ့ကြသည်။
သို့သော်ယနေ့တွင်မူ လေယာဉ်ကို ပျံသန်းနိုင်ပြီဖြစ်ကြောင်း လေဆိပ်အရာရှိတစ်ဦးက ဘီဘီစီ အား ပြော ကြား ခဲ့သည်။
လေယာဉ်ထွက်ခွာမည့် အချိန်အတိအကျကို မသိရှိရသေးကြောင်း ၊ လန်ဒန်သို့ အပြန်တွင် လေယာဉ်အား ဆီထပ် ဖြည့်ရန်မည်သည့်လေဆိပ်ကို အသုံးပြုမည် ၊ နည်းပညာရှင်များနှင့် ပြင်ဆင်ရာတွင်သုံးသောပစ္စည်းကိရိယာများကို ပြန်ခေါ်မည့် လေယာဉ် မည်သည့်အချိန်၌ ရောက်ရှိလာမည်ဆိုခြင်းတို့ကို မသိရသေးကြောင်း ၎င်းက ဆက် ပြောသည်။
လော့ခ်ဟိမာတင်ကုမ္ပဏီက ထုတ်လုပ်ထားသော F-35B ကိုယ်ပျောက်တိုက်လေယာဉ်များသည် ပြေးလမ်းတိုတို နှင့် တက်နိုင်ပြီး ထောင်လိုက်ဆင်းသက်နိုင်ခြင်းအတွက် နာမည်ကျော်သော တိုက်လေယာဉ်များ ဖြစ်သည်။
ယင်းခေတ်မီတိုက်လေယာဉ် အိန္ဒိယတွင် သောင်တင်ခြင်းအပေါ် နောက်ပြောင်ပြောဆိုမှုများလည်း ရှိခဲ့သည်။
အမေရိကန်ဒေါ်လာ သန်း ၁၁၀ တန်သော လေယာဉ် သောင်တင်နေခြင်းနှင့် ပတ်သက်၍ ဗြိတိန် အောက် လွှတ် တော်မှာပင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-BBC

image
1 y - Translate

#ပြည်တွင်းသတင်း
◼ ဖားကန့်၌ မြေစာပြိုကျမှုဖြစ်၊ နှစ်ဦးသေဆုံး၍ ၁၇ ဦးခန့်ပျောက်ဆုံးနေ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိမှော်စီစာတောင်ယာကုန်း၌ ယနေ့(ဇူလိုင် ၂၁ ရက်) နံနက် ၈ နာရီခွဲခန့်တွင် မြေစာပြိုကျမှုဖြစ်ပွားရာ မွန်းလွဲ ၂ နာရီအထိ​ရုပ်အလောင်းနှစ်လောင်းတွေ့ရှိထားပြီး ၁၇ ဦး ခန့်ပျောက်ဆုံးလျက်ရှိကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဖားကန့်)ထံမှသိရသည်။
မြေစာပြိုကျသည့်နေရာမှာ မှော်စီစာတောင်ယာကုန်း စိန်စိန်ဂျိတ်ပါဝါကြောဖြစ်ပြီး မြေစာပြိုကျသည့်အထဲတွင် ကျောက်လာရှာသူများနှင့်စျေးဆိုင်များပါသွားကြောင်းသိရသည်။
"အခုပြိုကျတဲ့မြေစာပုံက ကျောက်တောင်တွေပေါ်မှာပုံထားတာ။ မိုးကလည်းရွာနေတော့ မြေစာပုံကအိပြီးပြိုကျသွားတာ။ လက်ရှိအချိန်ထိတော့ ရှာဖွေမှုတွေဆက်လုပ်နေပါတယ်။ ပျောက်ဆုံး၊ ဒဏ်ရာရရှိ မှုနဲ့သေဆုံးမှုကလက်ရှိအချိန်ထိပျောက်ဆုံးသူ ၁၇ ဦးခန့်ရှိပြီး​သေဆုံးသူနှစ်ဦးတွေ့ရှိထားပါတယ်" ဟုမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဖားကန့်)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါမြေစာပြိုကျသည့်အခင်းဖြစ်ရာနေရာ၌ ဖားကန့်မြို့နယ်အတွင်းရှိမီးသတ်တပ်ဖွဲဝင်များ၊ ကြက်ခြေနီများ၊ လူမှုကူညီရေးအသင်းများဖြင့်ပူးပေါင်းရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။
သတင်း - ပိုင်လေး

image

အစစအရာရာ ဘာတစ်ခုမှ
မတူခဲ့တာတောင်
ဘဝကို အတူတည်ဆောက်ချင်ခဲ့တယ် ။

အချစ်ရယ်
မင်းကိုယ်မင်း ချစ်သလိုမျိုး
မင်းကိုငါ ချစ်ခဲ့ပါတယ် ။

-ခန့်သွယ်
ဆောင်းအိမ်မက်-၁၉

နေအဖွဲ့အစည်းပြင်ပက တတိယမြောက်ဧည့်သည်သစ် - 3I/ATLAS (C/2025 N1)
ပြီးခဲ့တဲ့ July 1 ရက်နေ့မှာ နေအဖွဲ့အစည်းရဲ့ အပြင်ဘက်ကနေ ရောက်လာတဲ့ တတိယမြောက် ဧည့်သည်သစ်တစ်ဦးကို ရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်း NASA ကသတင်းထုတ်ပြန်လာပါတယ်။
ဒီဧည့်သည်ကတော့ 3I/ATLAS လို့ အမည်ပေးထားတဲ့ ကြယ်တံခွန် ဖြစ်ပြီး၊ လက်ရှိမှာ နေအနား ကို ဦးတည်ပြီး ရွေ့လျားနေပါတယ်။ နောက်ဆုံး အချက်အလက်များအရ သူရဲ့ တရားဝင် နာမည်ကို C/2025 N1 လို့ထပ်ပေးလိုက်ပြန်ပါတယ်။
ဘယ်လို သိရှိခဲ့တာလဲ ?
ဒီကြယ်တံခွန်ကို အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီမှာရှိတဲ့ ATLAS (Asteroid Terrestrial-impact Last Alert System) စစ်တမ်းက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ က စတင်တွေ့ရှိခဲ့တာပါ။
ကမ္ဘာ့နေရာအတော်များများက နက္ခတ္တဗေဒပညာရှင်တွေကလည်း ဒီကြယ်တံခွန်ရဲ့ ရွေ့လျားမှုကို လေ့လာပြီးနောက်မှာ သူရဲ့ နေအဖွဲ့အစည်းအတွင်းကိုဝင်လာတဲ့ လမ်းကြောင်းဟာ hyperbolic ပုံစံရှိတာကြောင့် နေအဖွဲ့အစည်းပြင်ပကနေ ရောက်လာတဲ့ ကြယ်တံခွန် ဖြစ်တယ်လို့ တွက်ချက်အတည်ပြုခဲ့ကြပါတယ်။ သူဝင်လာတဲ့လမ်းကြောင်းကို ခြေရာခံလိုက်တဲ့ အခါမှာ နေအဖွဲ့အစည်းပြင်ပကနေ ဝင်ရောက်လာတာဖြစ်တာကိုသိနိုင်ခဲ့တာပါ။
ဇွန်လ ၁၄ ရက်နေ့ကတည်းက ချီလီမှာရှိတဲ့ observatory က စတင်တွေ့ရှိခဲ့တဲ့ အချက်အလက်တွေလည်း ရှိနေခဲ့တယ်လို့ သိရပါတယ်။
(လွန်ခဲ့တဲ့ တစ်ပတ်လောက်က လည်း ဒီအကြောင်းကို တစ်ခြားနာမည်တစ်ခုနဲ့ ကျွန်တော်တို့ တင်ပြခဲ့ပြီးပါပြီ 3I/ Atlas လို့နာမည်ပြောင်းပေးလိုက်တာပါ ။ဒီနှစ်ခုကအတူတူပါပဲ။)
3I/ATLAS ဟာ နေအဖွဲ့အစည်းပြင်ပက ရောက်လာတဲ့ သုံးခုမြောက် အရာဝတ္ထု ဖြစ်ပါတယ်။ ပထမဆုံး တွေ့ရှိခဲ့တာကတော့ 'Oumuamua (၂၀၁၇ ခုနှစ်) ဖြစ်ပြီး၊ ဒုတိယတစ်ခုကတော့ 2I/Borisov (၂၀၁၉ ခုနှစ်) ဖြစ်ပါတယ်။
ဒီလို အပြင်ဘက်ကလာတဲ့ အရာဝတ္ထုတွေဟာ နေအဖွဲ့အစည်းရဲ့ အစောပိုင်းဖြစ်ပေါ်မှုနဲ့ စကြဝဠာရဲ့ လျှို့ဝှက်ချက်တွေကို ပိုမိုနားလည်နိုင်ဖို့ အခွင့်အရေးသစ်တွေ ပေးပါတယ်။ ဒီလို ဥက္ကာခဲတွေ ဟာ ကျွန်တော်တို့နဲ့မတူညီတဲ့ ကြယ်စနစ်တွေကနေ စတင်ဖြစ်ပေါ်လာတာဖြစ်လို့၊ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်းပြင်ပမှာ ဘယ်လိုအရာတွေရှိနေလဲဆိုတာကို လေ့လာနိုင်ဖို့ အဖိုးတန်တဲ့ သဲလွန်စတွေကို ပေးနိုင်ပါတယ်။
လက်ရှိလေ့လာမှုတွေအရ 3I/ATLAS ဟာ သူ့ထက်အရင် ဝင်လာဖူးတဲ့ နေအဖွဲ့အစည်းပြင်ပက အရာဝတ္ထုတွေထက် ပိုမိုကြီးမားပြီး ပိုမိုတောက်ပပါတယ်။ အချင်းအားဖြင့် ကီလိုမီတာ 0.8 ကနေ 24 ကီလိုမီတာအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ပိုနီးကပ်လာလေ ပိုတိကျတဲ့ အချက်အလက်တွေသိရမှာဖြစ်ပါတယ်။ကမ္ဘာပေါ်က အာကာသသိပ္ပံပညာရှင်တွေ အများစုက ဒီ Comet ကို စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။
တစ်ချို့သိပ္ပံယောင် page တွေ ပြောနေကြသလို ဂြိုလ်သားယာဉ်ပျံတွေ UFO တစ်စင်းလည်းမဟုတ်ပါဘူး။ ကြယ်တံခွန်တစ်ခုသာဖြစ်ပါတယ်။
သူ့ရဲ့ မျက်နှာပြင်မှာ ရေခဲနဲ့ ဖုန်မှုန့်တွေပါဝင်တဲ့အတွက် ကြယ်တံခွန်အဖြစ် သတ်မှတ်ထားပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှာ နေနဲ့ အနီးဆုံးကို ရောက်ရှိမှာဖြစ်ပါတယ်။ သို့ပေမယ့် ကမ္ဘာမြေနဲ့ နေရဲ့ ဆန့်ကျင်ဘက်ခြမ်းမှာ သူရောက်နေမှာဖြစ်တာကြောင့် ကမ္ဘာပေါ်ကနေ တိုက်ရိုက်မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအစောပိုင်းမှာတော့ သူ့ကို ပြန်လည် မြင်တွေ့နိုင်မှာဖြစ်ပါတယ်။
ကမ္ဘာ အတွက်လည်း အန္တရာယ် မရှိသလို နေအနားကနေဖြတ်သန်းသွားမယ်ဆိုပေမယ့် မိုင်ပေါင်း သန်း၁၅၀ ကျော်အကွာအဝေးကဖြတ်သန်းသွားမှာမို့ နေအတွက်လည်း အန္တရာယ် မရှိပါဘူး။လောလောဆယ်သူရဲ့ အလျင်က တစ်နာရီကို မိုင် ၁၃၀၀၀၀ လောက်နဲ့ ခရီးနှင်နေပါတယ်။

image

- ဘတ်စ်ကားပေါ်မှာရှိတယ် 🚍🚍🚍

#crdvideo

1 y - Translate - Youtube

Eternal Gosh - Emoji