ငါးကြီးသားငါးချဥ်ကြော်
°°°°°°°°°°°°°°°°°°°°°°°°°°°
ဒီလိုငါးချဥ်မျိုးကို ငါးပေါတဲ့မြစ်ဝကျွန်းပေါ်တွေဖက်မှာသိပ်တွေ့ရလေ့မရှိပေမယ့် ကသာ၊ ​ရွှေကူ
တို့လိုမြန်မာပြည်အထက်ပိုင်းမှာအများဆုံးတွေ့ရတယ်။
ငါးအသားလွာကိုထမင်းပါသည်ဆိုရုံလေးနဲ့လောပြီးငါးချဥ်ဖြစ်အောင်လုပ်ထားတာမျိုးပေါ့။
ကြော်တဲ့အခါ ငါးအသားလွှာကို အတုံးလေးတွေဖြစ်အောင်ပြန်လှီးပြီးမှကြော်ရတယ်။
အရသာကိုလဲ စပ်စပ်လေးကြော်ရင်ပိုစားကောင်းတယ်။
အခုဟာက စပ်ပြဲလန် လွန်းလို့ ဆွေ့ဆွေ့ ပါ ခုန်သွားတာ 😋😋😋

ငါးကြီးသားချဥ်..........၂၅ကျပ်သား
ကြက်သွန်နီ..................၂လုံး
ကြက်သွန်ဖြူ...............၅မွှာ
ခရမ်းချဥ်သီး...............၁လုံး
ငရုတ်သီးခွဲကြမ်း.........၂ ဇွန်း
ငရုတ်သီးစိမ်း...............၁၀တောင့်
ကြက်သွန်န်မြိတ်+နံနံပင်..၃ပင်စီ

ငါးကြီးသားချဥ်ကို အတုံးငယ်လေးများအဖြစ်လှီးဖြတ်ပါ။

ကြက်သွန်နီ၊ဖြူ ၊ ခရမ်းချဥ်သီးတွေကိုပါးပါးလှီးပါ။

ငရုတ်သီးစိမ်း ကိုထက်ခြမ်းပုံစံ စောင်းစောင်းလေးတွေလှီးပါ။

ကြက်သွန်မြိတ်+နံနံပင်တွေကိုခပ်ကြမ်းကြမ်းလေးလှီးဖြတ်ပါ။

ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကိုအပူပေးပြီးကြက်သွန်နီကိုနနွင်းမှုန့်အနည်းငယ်နှင့်အတူဆီသပ်ပါ။

အနည်းငယ်နွမ်းလာလျှင် ကြက်သွန်ဖြူတွေထည့်ပါ။ မွှေးလာပြီဆိုငရုတ်သီးခွဲကြမ်းဖတ်တွေထည့်ကြော်ပါ။

ငရုတ်သီးကျက်လောက်ပြီဆိုခရမ်းချဥ်သီးနဲ့ငါးကြီးသားချဥ်ကိုအတူထည့်ပါ။

အနည်းငယ်လှိမ့်ကြော်ပြီးလျှင်ငရုတ်သီးစိမ်းတွေထည့်ပါ။

နောက်ဆုံး ခပ်ကြမ်းကြမ်းလှီးထားတဲ့ကြက်သွန်မြိတ်၊ နံနံပင်တွေထည့်မွှေပြီးဖိုပေါ်မှချပါ။

image
20 w - Translate

ဝိဉာဉ်တွေက ခန္ဓာကိုယ်ထဲမှာ နေကြတယ်…ငါတို ကမ္ဘာမှာတော့… ငါတိုဝိဉာဉ်တွေက ငါတိုဘေးမှာလမ်းလျှောက်ပြီးနေကြတယ်လေ။

The Golden Compass (2007)

နိဒါန်းလေးကြည့်လိုက်ရုံနဲ့ အရမ်းစိတ်ဝင်စားမိမှာ ပဲဆိုတာမြေကြီးလက်ခတ်မလွဲပါပဲ….လိုင်ရာ တစ်ယောက်ကလေးချင်းစကြနောက်ကြရင်းနဲ့ မထင်မှတ်ပဲ အရေးကြီးကိစ္စတစ်ခုထဲရောက်သွားပါတော့တယ်။ သူကိုယ်တိုင်ကလည်းအဖိုးတန်ရတနာလေးဖြစ်နေပါတယ်..လိုင်ရာကတစ်ဦးတည်းသောအမှန်တရားကို ဖတ်နိုင်သူလေးဖြစ်နေတာပါ..ကဲ လိုင်ရာတစ်ယောက် ဘယ်လိုအမှန်တရားတွေရှာမယ်..ဘယ်လိုဖြေရှင်းသွားမယ်ဆိုတာ…အခုပဲကြည့်လိုက်ကြစိုဗျာ

🌜🆓ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+e7kKNomQo1VjM2I1

🆓🌜ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2152199328/947

image

ဗမာကြက်ကြော်
°°°°°°°°°°°°°°°°°°

ဒီဟင်းပွဲတင်တိုင်း မေးကြလေ့ရှိတဲ့မေးခွန်းက အဲ့လိုအရောင်လေးရအောင်ဘယ်လိုကြော်သလဲဆိုတာပါပဲ။

တကယ်တမ်းကမခက်ခဲပါဘူး၊ပြုတ်သည်၊ကြော်သည်အဲ့ဒီနည်းစနစ် ၂ခုလုံးကိုတိတိကျကျလိုက်နာဖို့ပါပဲ။

ဗမာကြက်............၅၀ သား
ချင်းသေးသေး.....၁ တက်

ဗမာကြက်ကို အတွင်းကလီစာတွေသန့်စင်ပြီး ရင်ပုံ၂ ခြမ်း၊ပေါင် ၂ ခုကြော်လဲရပါတယ်။

ကျွန်တော်က ချက်ဖို့အသင့်ခုတ်ပြီးသားကို စားချင်လို့ထကြော်တာကြောင့်အတုံးသေးလေးတွေဖြစ်နေရပါတယ်။

ကြက်သားကိုရေဆေး၊သန့်စင်ပြီးရေစစ်ထားပါ။
ရေခြောက်သွားပြီဆိုရင်၊ဆား၊အရသာမှုန့်၊အရက်အနည်းငယ်၊နနွင်းမှုန့်ပါသည်ဆိုထည့်ပြီးအရသာဝင်အောင်နယ်ပါမယ်။ ၁၀ မိနစ်ခန့်နှပ်ထားပေးပါ။

ပြုတ်အိုးထဲ ချင်းကိုဓားပြားရိုက်ပြီးကြက်သားရေမြှုပ်သည်ဆိုရုံထည့်ပြီးမီးရှိန်အေးအေးမှာအဖုံးပိတ်ပြီးပြုတ်ပါ။

ရေခမ်းစပြုပြီဆိုအသားကိုဝါးတုတ်ချွန်လေးနဲ့ထိုးစမ်းကြည့်ပါ။ ကြက်သားနှုး၊မနှုးဆိုတာ မိမိဝယ်တဲ့အနု၊အရင့်ပေါ်လဲမူတည်ပါတယ်။မာနေသေးရင်ရေအနည်းငယ်ထပ်ထည့်ပြီးပြုတ်ပါ။

ရေခမ်းစအချိန်( အစေးဓာတ်လေးတွေကြက်မှာကပ်နေချိန်)ချပါ။ လုံးဝရေခမ်းခြောက်သွားအောင်ပြုတ်လိုက်မယ်ဆိုရင်ကြော်တဲ့မာဂေါက်ဂေါက်ဖြစ်သွားပါမယ်။
ဒယ်အိုးတစ်လုံးမှာမိမိကြော်မယ့်ကြက်ရဲ့ထုရဲ့ သုံးပုံ
တပုံမြှုပ်ရုံဆီထည့်ပါ။ ငါးမုန့်ခြောက်ထည့်ကြော်ရလောက်တဲ့ဆီအပူချိန်မှာကြက်သားတွေထည့်ကြော်ပါ။

ထည့်ပြီးစ အချိန်မှာမမွှေမိစေရန်သတိပြုပါ။
ရွှေညိုရောင်သမ်းလာပြီဆိုမှတဖက်ကိုလှန်ပြီးနောက်တကြိမ်ရွှေညိုရောင်သမ်းအောင်ကြော်ယူဆီစစ်ပါ။

image
20 w - Translate

ခွေးထက်မျက်နှာသာမပေးခံရတဲ့ သူဌေးသားရဲ့အူတတ်အောင်ရယ်ရမဲ့ကား


The Dog (201
ဘဝက လှည့်ကွက်တွေနဲ့ ပြည့်နေတတ်တယ်တဲ့
ဒီကားလေးကတော့
အဖေ့ရဲ့ ဂရုစိုက်မှုကို ခွေးလောက်တောင် မရတာကြောင့်ဆိုးသွမ်းနေတဲ့ သူဌေးသား Bank
နိုင်ငံတော်က ပြည်သူတွေထက် ခွေးကို အရေးပေးနေလို ဒေါသူပုန်ထ ဆန္ဒပြနေတဲ့ Den
အသက်အငယ်ဆုံး ကွန်ပြူတာပညာရှင်ဖြစ်တာကြောင့် သူ့ပညာတွေ ထုတ်သုံးပြချင်နေတဲ့ ‌ခွေးချစ်တဲ့ Art
သူတို သုံးယောက်ရဲ့ ရည်ရွယ်ချက် “ခွေးခိုးဖို” က ထပ်တူညီနေတဲ့အခါ
သူတိုထင်ထားသလို မရိုးရှင်းပဲ မထင်ထားတဲ့ လျှိဝှက်ချက်တွေ သူတို သိသွားတဲ့အခါ
2010 ကထွက်ရှိခဲ့တဲ့ ဒီကားလေးကတော့ ဇာတ်အိမ်က မရိုးမဆန်းလေးဖြစ်တာကြောင့် ထိုင်းကားကြိုက်သူတွေအတွက်ကြည့်ပျော်မှာဖြစ်ပါတယ်ရှင်။

🧹⛈ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+3YzsZpLDrG9lMWZl

⛈🧹ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2001620303/2824

image

ဒါလဲ ငါးပိတုံးနဲ့ မန်ကျည်းသီးစိမ်းနု ကို
အညာကျေးလက်ဆန်ဆန်လေးချက်ထားတာ။
မကျည်းသီးနှင့်ငါးဆားနယ်ချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°

မကျည်းစိမ်းနုနု...........၁၀ကျပ်သား
ငါးဆားနယ်.................၃၀ကျပ်သား
ကြက်သွန်နီ.. .............၂လုံး
ကြက်သွန်ဖြူ .............၅တက်
ခရမ်းချဉ်သီး...............၂လုံး
ငရုတ်သီးစိမ်း.............၅တောင့်
ကုလားအော်သီး.........၃တောင့်

ငါးဆားနယ်တွေကို ၁လက်မအရွယ်လေးတွေတုံးပြီးကြက်သီးနွေးရေလေးဖြင့်စိမ်ထားပါ။

မန်ကျည်းသီးနုရဲ့အပွေးလေးတွေကျွတ်အောင်ဆားလေးဖြင့်ပွတ်နယ်ပြီးဆေးပါ။

ရေစစ်ပြီးဆားနှင့်ရောကာညှက်နေအောင်ထောင်းပါ။

ကြက်သွန်နီ၊ ဖြူ တွေကိုလဲရောထောင်းပါ။

ဒယ်အိုးတစ်လုံးမှာဆီခပ်များများလေးထည့်ပြီးရောထားတဲ့ကြက်သွန်နီ၊ဖြူ တွေကိုနနွင်းမှုန့်၊ ငရုတ်စိမ်းမှုန့်လေးအနည်းငယ်ထည့်ပြီးဆီသပ်ပါ။

ခရမ်းချဉ်သီးတွေထည့်ပြီးအနှစ်ကျ ၊ဆီပြန်အောင်ချက်ပါ။

ဆီပြန်လာလျှင် ငါးဆားနယ်တုံးတွေထည့်ချက်ပါ။

ဆား၊ငါးငံပြာရည်၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်စွက်ပါ။

အနှစ်ကျလာပြီဆိုရင်တော့ထောင်းထားတဲ့မကျည်းသီးစိမ်းအနှစ်တွေထည့်ပါ။ငရုတ်သီးစိမ်းနှင့်ကုလားအော်သီးတွေကိုအတောင့်လိုက်ထည့်ပါ။

ရေလေးအနည်းငယ်ထည့်ကာအဖုံးပိတ်ပြီးချက်ပါ။

ဆီပြန်လာချိန်မှ ခြွေထားတဲ့ပင်စိမ်းရွက်လေးတွေထည့်ပါ။

image

ချဥ်ငံစပ် ငါးကွမ်းရှပ် နှစ်ပြန်ကြော် 😋😋
**********
ဒီဟင်းလေးကလေ မကြိုက်တဲ့သူ မရှိလောက်တဲ့
ချဉ် ငံ စပ် ဟင်းလေး တစ်ခွက်ပါ။
ထမင်းစားမြိန်လွန်းလို့ အိမ်သားတွေ
ဒီဟင်းပွဲမှာ လက်ဆုံစေတဲ့ ဟင်းလျာလေးပေါ့။

ချက်နည်းလေးက 🌶 🍅 🧄 🧅
*****
မန်ကျည်းသီးကို သဲစင်အောင် ရေသယ့်ဆေးပြီး
မန်ကျည်းသီးဖပ်လေးတွေကို ရေစိမ်ထားပါ။

ခရမ်းချဉ်သီး ကြိတ်ထားပါ။

ငါးကွမ်းရှပ်ကို အတုံးတုံးပြီး ရေဆေး ရေစစ်ထားပါ။

အိုးထဲ ဆီထည့်ပြီး နနွင်းထည့်ပါ။
ဆီ အပူပေးပီးရင် ငါးကွမ်းရှပ် ထည့်ပါ။
အပေါ်ယံလေး နီရံရုံလေးသာကြော်ပြီး ဆယ်ထားပါ။

ဆီကျန်ထဲကို ငရုတ်သီးအခြောက်တောင့်လေးထည့်ပြီး
မီးအားသင့်ရုံနဲ့ ကျွတ်ရုံလေး ကြော်၍
ဆယ်ယူထားပီးရင် အမြှီးဖြုတ်ထားပါ။

ထိုဆီထဲကို
ထောင်းထားတဲ့ ကြက်သွန်ဖြူနီ ထည့်ပြီး ဆီသတ်ပါ။

ကြက်သွန် ရွလာခါနီးမှာ မီးအားလျှော့၍
ငရုတ်သီး အကြမ်းဖပ် ထည့်မွှေပြီး
အကြမ်းဖပ် ရွလာတဲ့အခါ

​ကြိတ်ထားတဲ့ ခရမ်းချဉ်သီး ထည့်၍
မီးအားပြန်တင်ပြီး ဆီသတ်ပါ။
ခရမ်းချဉ်သီး စိမ်းနံ့ပျောက်ရင်

ရေဆေးထားတဲ့ ငါးကွမ်းရှပ်တုံးလေးများ ထည့်မွှေပီးတာနဲ့
ခုနက ရေစိမ်ထားတဲ့ မန်ကျည်းသီးဖပ် နဲ့
မန်ကျည်းရည်တွေ အားလုံး လောင်းထည့်လိုက်ပါ။

ဟင်းချိုမှုန့်, သကြားအနဲငယ်လေး ထည့်မွှေပြီး အဖုံးအုပ်ထားပါ။

ဆူပွက်လာရင် မီးအားလေးလျှော့ပီး အဖုံးအုပ်တည်ပါမယ်။
မီးအားလျှော့ , အဖုံးအုပ် တည်ပေးပါမှ
ငါးကွမ်းရှပ်တုံးလေးတွေပါ အတွင်းသားထိ အိလာသလို
ငါးခြောက်အသားတုံးလေးထဲကိုလည်း
အရသာ စိမ့်ဝင်စေမယ့်အပြင်
ငါးခြောက်တုံးမှာ ရှိတဲ့ အငံဓါတ်လေးတွေကလည်း
ဟင်းအနှစ်ထဲကို စိမ့်ဝင်စေပီး
အနှစ်နဲ့ ငါးခြောက် အရသာ တစ်သားတည်း ကျနေမှာပါ။

အဖုံးလေးဖွင့်ဖွင့်ပြီး မွှေမွှေပေးပါ။

ခုနက ရွနေအောင်
ကြော်ထားတဲ့ ငရုတ်သီးကြော်များပါ ထည့်မွှေပေးပါ။

ဆီပျံခါနီးမှ အရသာ မြည်းပေးပါ။
ပုံမှန်အားဖြင့်တော့ ငါးခြောက်က
တဖြည်းဖြည်းနဲ့ အငံထွက်လာတာမို့ အငံထည့်စရာ မလိုပါဘူး။
လိုတယ်ထင်မှ ဆားလေး သင့်ရုံထည့်ပေးပါ။

ဆီပျံလာရင်တော့
ချဥ်ငံစပ် ငါးကွမ်းရှပ် နှစ်ပြန်ကြော်လေး ရပါပြီ။

🍚 ပြီးရင်တော့ ထမင်းပူပူလေးနဲ့
ရှူးရှူးရှဲရှဲ ချဥ်ငံစပ် ငါးကွမ်းရှပ် နှစ်ပြန်ကြော်လေးရဲ့
ဟင်းအနှစ်လေးတွေနဲ့နယ်ပြီး ငါးခြောက်တုံးလေး နဲ့
ငရုတ်သီးခြောက်တောင့်လေးကို
ကိုက်ပြီး မြိန်ရှက်စွာ စားသုံးလို့ရပါပြီ။

ငါးကွမ်းရှပ် မရှိရင်လဲ
မိမိနှစ်သက်ရာ ငါးခြောက်နဲ့ ချက်စားလို့ ရပါတယ်။

image
20 w - Translate

ဆိုးဝါးလှတဲ့ဘ၀နဲ့အခက်အခဲတွေကြောင့် နေ့ချင်းညချင်းထောင်ကျလာကြတဲ့ အမျိုးသမီးတွေ ဘယ်လိုရှင်သန်ကြမလဲ

နေကြာရိုင်းများ၏ဦးမော့ရာ (向阳·花) We Girls 2025 Movie

လက်ကျန်ခရီးကိုနေရောင်ခြည်သိုသာဦးတည်၍လျှောက်လမ်းချင်ပါသည် 🌻

နားမကြားတဲ့သမီးဖြစ်သူအတွက် ယွမ်နှစ်သိန်းတန်ဖိုးရှိ နားကြားကိရိယာတပ်ပေးချင်တဲ့ ကောင်းယွဲရှန်း ငွေများများရမဲ့ အလုပ်လုပ်ရင်း ထောင်ကျရသူ

အဲလိုနဲ့ထောင်ထဲမှာ အကျင့်စရိုက်မတူညီ ၊မတူညီတဲ့ဘ၀ခရီးလမ်းအသီးသီးက လာကြတဲ့ ထောင်ထဲမှာ ဟေးမိန့် ၊တိန့်ဟုန် ၊ဟူဖျင်၊ကောအိုက်မိန်တိုနဲ့ တွေ့ဆုံခဲ့ရပါတယ်

ကံကြမ္မာကိုလက်မခံ၊အရှုးမပေးတဲ့ သူတို ကြုံတွေ့လာရတဲ့စိန်ခေါ်မှုအမျိုးမျိုးကို လက်ခံပြီး အပြန်အလှန်‌ဖေးမကာ နေရောင်ခြည်ကိုဦး‌မောပြီး လျှောက်လှမ်းခဲ့ကြတယ် 🌻

🧹⛈ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+C0zsJ_mY5N82OWU1

⛈🧹ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/1915528492/10479

image

ကိုးရီးယားထမင်းသုတ် (Bibimbap)
----------------------------------
ကိုးရီးယားထမင်းသုတ် (Bibimbap) သည် ကိုရီးယားတွင် လူအကြိုက်အများဆုံး၊ ရေပန်းအစားဆုံး ထမင်းသုတ်တမျိုးဖြစ်ပါသည်။ တချို့ကလည်း Bibimpap ဟုခေါ်ဝေါ်ကြသည်။
----------------------------------
ပါဝင်သောပစ္စည်းများ

အမဲသား(သို့) ဝက်သား ♦ ၁၅ကျပ်သား (နှုတ်နှုတ်စဉ်းပါ)
ချက်ပြီသား ထမင်း ♦ ဆန်နို့ဆီဗူး ၁လုံးခွဲ
ပဲပင်ပေါက် ♦ လက်တစ်ဆုပ်စာ (ရေဖြင့် စင်အောင်ဆေးပါ)
မုန်လာဥနီ [carrot] ♦ ၁ဥ (အရှည်လိုက်လှီးပါ)
မှိုခြောက် [wild mushroom] ♦ ၄ခု (ရေနွေးဖြင့် ပြုတ်ပြီး အရှည်လှီးပါ)
သခွာသီး [cucumber] ♦ ၁ခု (အခွံမနွာပဲ အရှည်ပါးပါး လှီးပါ)
ကိုရီးယား ငရုတ်သီးအနှစ် ♦ စားပွဲတင်ဇွန်း ၂ဇွန်း

ကြက်သွန်မြိတ် [spring onion] ♦ ၁စည်း (နှုတ်နှုတ်စဉ်းပါ)
ကွကျဥ [egg] ♦ ၁လုံး
ဟင်းနုနွယ်ရွက် (သို့) ဆလက်ရွက် [salad] ♦ လက်တဆုတ်စာ (ပါးပါးလှီးပါ)
နှမ်း [seasame seed] ♦ စားပွဲတင်ဇွန်း ၁ဇွန်း
နှမ်းဆီ [seasame oil] ♦ စားပွဲတင်ဇွန်း ၂ဇွန်း
ဆား [salt]
သကြား [sugar] ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
----------------------------------
ချက်ပြုတ်နည်း

၁။ အမဲသားစဉ်းကောကို ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ပဲငံပြာရည်အချို(စားပွဲတင်ဇွန်း ၁ဇွန်း)၊ နှမ်းဆီ(အနည်းငယ်) ထည့်နုယ်ပါ။

၂။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ပြီး အမဲများ ကျက်သည်အထိကြော်ပေးပါ။ ပြီးလျှင် ပြန်ဆယ်ထားပါ။

၃။ ဒယ်ထဲ နှမ်းဆီ (စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီး သခွာသီး၊ မုန်လာဥနီ၊ မှိုခြောက် အားလုံးကို တလှည့်စီ အရောင်ပြောင်းသည်အထိထည့် ကြော်ပေးပါ။

၄။ ထို့နောက် ရေပွက်ပွက်ဆူသော အိုးထဲသို့ ပဲပင်ပေါက်များထည့်၍ ဆားအနည်းငယ်ထည့်ပေးပြီ ၃မိနစ်ခန့် တည်ထားပေးပါ။ ပြီနောက် ပြန်ဆယ်ပြီ ဆား၊ နှမ်းဆီ အနည်းငယ်ဖြင့် ရောနုယ်ထားပါ။

၄။ ပြီးလျှင် ပုံတွင် ပါသည့်အတိုင်း မြေအိုးတစ်ခုထဲသို့ (ထမင်း၊ အမဲသား၊ ပဲပင်ပေါက်၊ သခွာသီး၊ မုန်လာဥနီ၊ မှိုခြောက်၊ ဆလတ်ရွက်၊ ကြက်ဥ) တို့ကို စီထည့်ထားလိုက်ပါ။

၅။ ပြီမှ အရသာအတွက် ငရုတ်သီးအနှစ်၊ နှမ်းဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ သကြား တို့ကိုထည့်ပြီ ဇွန်းဖြင့် သမအောင် ရောနယ်လိုက်ပါ။

၆။ အရသာအပေါ့အငံ့မြည်းပြီး အနေတော်လျှင် မြေအိုးကို အဖုံးအုပ်ပြီ မီးအပူဖြင့် ၂မိနစ်ခန့် တည်ထားပေးပြီ ပူပူလေး သုံးဆောင် နိုင်ပါပြီ။

ရ။ တချို့က ကြက်ဥကို ဖောက်မထည့်ပဲ ကြော်၍ထည့်ပါက မီးအပူပေးရန် မလိုပဲ အသင့်စားသုံးနိုင်ပါသည်။

၈။ ကိုးရီးယားထမင်းသုတ် (Bibimbap)ကို မြိန်ရှက်စွာ စားသုံးနိုင်ပါပြီ…

image

ကိုရီးယား ရေညှိ ထမင်းလိပ် (Kim Bab)ပြုလုပ်နည်း
=================================
ပင်ဆင်ရမည့် ပစ္စည်းများ – ကြက်ဥ၊ ရေညှိထမင်းလိပ်သုံး ရေညှိ၊ အူအောင်း (Burdock) ဟု ခေါ်သည့် အမြစ်တစ်မျိုးအား ပြုတ်ပြီး ပဲငံပြာရည်အစရှိသည်ဖြင့် နှပ်ထားသည့် အူအောင်းဂျိုရင်းမ် ၊ ဂဏန်းသားချောင်း ၊ အချိုဖောက်ထားသည့် မုန်လာဥဖြူ (ဒန်းမူဂျီ) ၊ ထမင်း ၊ ဆားအနည်းငယ် (ဇွန်းအသေး ½) နှင့် သကြား ဇွန်းသေး ½ နှင့် ရှာလကာရည် ဇွန်းသေး ½ ၊ နှမ်းဆီမွှေး ဇွန်းသေး ½

အရင်ဦးဆုံး အသားပြားကို အရွယ်အစား ညီညာစွား လှီပေးပါ

အူအောင်း (Burdock) ဟု ခေါ်သည့် အမြစ်တစ်မျိုးအား ပြုတ်ပြီး ပဲငံပြာရည်အစရှိသည်ဖြင့် နှပ်ထားသည့် အူအောင်းဂျိုရင်းမ်ကို ထုတ်ပြီး အသားပြားလှီးသည့် အရွယ်အစားအတိုင်း ညီညာစွာ လှီးပါ။

မုန်လာဥဖြူ အချို (ဒန်းမူဂျီ) ကိုလည်း အသားပြားလှီးသကဲ့သို့ သင့်တော်မည့် အရွယ်အစားခန့် ညီညာစွာ လှီးပြီး အသင့်ပြင်ထားပေးပါ။

အသင့်ပြင်ထားသည့် ဂဏန်းသားအချောင်းများနှင့် အသားပြားချောင်းများကို ဒယ်အိုးပြားပေါ်တွင် အသာလေး ကင်ပေးပါ။

ကြက်ဥကို မွှေခလောက်ပြီးနောက် ဒယ်အိုးပြားပေါ်တွင် ကင်ပေးပါ။

ထမင်းအား အရမ်း မပျော့မပြဲပဲ ဆန်လုံးပုံစံမပြတ် တောင့်တောင့်အိအိလေး ချက်ထားပြီးနောက် ဆားအနည်းငယ် ဇွန်းအသေး ½ ၊ သကြား ဇွန်းအသေး ½ ၊ ရှာလကာရည် ဇွန်းအသေး ½ ၊ နှမ်းဆီမွှေး ဇွန်းအသေး ½ ထည့်ပြီး နှံ့အောင် ရောမွှေပေးပါ။

ရေညှိပြား (ဂင်မ်)ကို ခင်းပြီး ထမင်းကို ရေညှိပြားပေါ်ဖြန့်တင်ပြီးအနည်းငယ် ဖိပေးပြီးနောက် အသင့်ပြင်ထားသည့် ကြက်ဥ၊ အသားပြား၊ အူအောင်း ၊ မုန်လာဥအချို(ဒန်းမူဂျီ)၊ ဂဏန်းသားချောင်းများကို တင်ပေးပြီးနောက် အလိပ်လိပ်ပေးပါ။

လိပ်ပြီးသွားသော ကင်မ်ဘပ်(ရေညှိထမင်းလိပ်)တွင် နှမ်းဆီမွှေးအနည်းငယ် သုတ်ပေးပါ။

စားလို့ကောင်းမည့် အရွယ်အစားခန့်မှန်း၍ လှီးပေးပြီးပါက Kimbab(ကိုရီးယား ရေညှိ ထမင်းလိပ်) ပြုလုပ်ခြင်း ပြီဆုံးသွားပြီ ဖြစ်ပါသည်

image

ကိုရီးယားငါးအသားပြား

ကိုရီးယားငါးအသားပြား FISH CAKE

ပါဝင်သောပစ္စည်းများ >>>

၁ - ပုဇွန်

၂ - ငါးဖယ်

၃ - ပြည်ကြီးငါး

၄ - ဂျင်း

၅ - ကြက်သွန်ဖြူ

၆ - ကြက်သွန်နီ

၇ - ဆီမွှေး

၈ - ငြုပ်ကောင်းမှုန့်

၉ - အရသာမှုန့်

၁၀ - ဆား

၁၁ - ယိုးဒယားငံပြာရည်အနည်းငယ်

၁၂ - ကွကျဥ

၁၃ - ဂျုံ

၁၄ - ပြောင်းကော်မှုန့်

၁၅ - ရေ

၁၆ - ငါးနီတူ

၁၇ - မုန်လာဥ

၁၈ - ပလပ်စတစ်

၁၉ - ဖက်အနည်းငယ်

၂၀ - တုတ်ချောင်း

ပြင်ဆင်ချိန် >>> ( ၆၀ ) မိနစ်

ချက်ပြုတ်ချိန် >>> ( ၆၀ ) မိနစ်

အရင်ဆုံး ပုဇွန်တစ်ဆယ်သား
ကြက်သွန်နီဥ တစ်လုံးနူတ်နူတ်စင်း
ကြက်သွန်ဖြူခြောက်မွှာကိုအရင်ကြိတ်ပါမယ်
ပြည်ကြီးငါး ငါးကျပ်သား ခန့်ပါထည့်ကြိတ်ရပါမယ်
သတိပြုရမှာက ချင်း ထည့်မကြိတ်ပါဘူးနော်

ကြိတ်ပီးရင် လတ်ဆတ်သော ငါးဖယ်ခြစ် ၁၅ကျပ်သား
ကိုဆက်ထည့်ပါ။

အရသာထည့်ပါမယ်
အသားမူန့် သကြား ငရုတ်ကောင်းမူန် teaဇွန်းတစ်ဇွန်း စီ
ဆီမွှေး အနည်းငယ်
ယိုးဒယား ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း
ဆားအနည်းငယ် ကြက်ဥအကာ တစ်လုံးထည့်ပါ။

အရသာသမပြီဆိုရင်..ပြောင်းကော်မူန့် နဲ့ဂျူံမူန့်ထည့်ပါမယ်ပြောင်းကော်မူန့် နဲ့ဂျူံမူန့် ထမင်းစားဇွန်း သုံးဇွန်းစီရေအကြမ်းပန်းကန်လုံးတစ်လုံးစာခန့်ထည့်ပါ

ငါးအူချောင်း ပုံသွင်းရန်အတွက် မီးဖိုချောင် သုံးပလတ်စတစ်ကို ပုံပါအတိုင်း. အပြား
ကြီးကြီးဖြန့်ပါ.ပြီးရင်စုတ်တံဖြင့်ဆီလိုက်ဆွတ်ပေးပါ။

အဲဒီ ပလပ်စတစ်ပေါ်ကို ငါးအသားကို ဇွန်လေးဖြင့် ဖြန့်ခင်းပြီး ညီနေအောင်ဖိပြားလိုက်ပါ ။ ငါးအသားပြးပေါ် ပလတ်စတစ်ပန်ထပ်ပြီး ပါးပါးပြားပြားဖြစ်အောင် လှိမ့်ပြီးဖြန့်ပါ ။

ငါးအသားလွှာများရလျင် ပေါင်းအိုးနဲ့ပေါင်းပါ ။ ပေါင်းတဲ့အခါ အောက်က ဖက် သို့မဟုတ် အလူမီနီယမ်ပြားခံပြီး ပေါင်းပါ ။ ပြီးလျင်တော့ တုတ်းထိုးရန် ပုံသွင်းလှီးဖြတ်ပြီး ငါးနီတူနဲ့ အုန်လာဥ ပြုတ် ဟင်းချိုရည်ဖြင့်လည်းကောင်း ကြိုက်နှစ်သက်ရာ ဆော့ အမျိုးမျိုးဖြင့်လည်းကောင်း တွဲဖက်သုံးဆောင်နိုင်ပါပြီ ။

image