ဘဝလက်တွဲဖော်တဲ့ သိပ်ကိုအရေးကြီးတယ်
နည်းနည်းနောက်ကျလို့ ကိစ္စမရှိဘူး
စစ်မှန်တဲ့သူရဖို့ပဲအရေးကြီးတယ်
သင့်ဘဝမှာ အရေးအကြီးဆုံးဖြစ်တဲ့
ဆုံးဖြတ်ချက် ချရမယ့်အရာတစ်ခုဟာ
ဘဝလက်တွဲဖော် ရွေးချယ်ခြင်းပဲ။
ဘာကြောင့်လဲဆိုတော့ လက်တွဲဖော်
တယောက်ကို သင်ရွေးချယ်ပြီးသွားပြီဆိုရင်
မကြိုက်လို့ပဲဖြစ်ဖြစ် မလိုချင်တော့လို့ပဲဖြစ်ဖြစ်
အလွယ်တကူပြန်စွန့်ပစ်လို့ရတဲ့အရာမဟုတ်ဘူး
အဲဒါကြောင့် ရွေးချယ်မှုဟာမှားသွားလို့မရဘူး
လက်တွဲဖော်ကိုရွေးချယ်တဲ့အခါ လုံးဝပြီး
ပြည့်စုံတဲ့သူကို ရွေးချယ်ချစ်ရတာမဟုတ်ဘူး
ရှိသင့်ရှိထိုက်တဲ့အချက်တွေရှိရမယ့်သူကို
ဦးစားပေးရွေးချယ်ရမယ်
သင်ရွေးချယ်မဲ့သူက မိဘ သွန်သင်မှု ရှိရဲ့လား။
တာဝန်ယူစိတ် ရှိရဲ့လား။ဒေါသထွက်လာတဲ့အခါ
ဘယ်လို တုန့်ပြန်တတ်လဲ။
စကားပြောပုံနဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းလဲ။
စိတ်ဓာတ်ရေးရာ အကျင့်စရိုက် ဘယ်လိုရှိလဲ။
ပညာအရည်အချင်း ဘယ်လောက်ထိ ရှိလဲ။
ဒါတွေဟာ အဓိက ကျတဲ့အချက်တွေပဲ။
နောက်တစ်ချက် လုပ်ရည်ကိုင်ရည်ရှိရဲ့လား။
ဘဝကို ထမင်းရည်သောက်ပြီး ဖြတ်သန်းလို့ မရဘူး။
ဒီလိုဘဝထဲ ခုန်ဆင်းဖို့ အားမပေးဘူး။
ဒါဟာ တကယ်မချစ်တာ မဟုတ်ပါဘူး။
သင့်ဘဝရဲ့အသည်းတစ်ခြမ်းက
ကျန်ရှိနေတဲ့သင့်ဘဝနေ့ရက်တွေရဲ့ အလင်းရောင်ဖြစ်တယ်။
ကောင်းကောင်းဆိုးဆိုး သစ္စာမပျက် အတူယှဥ်တွဲကာ ရှေ့ဆက်ရမယ်။လက်ထပ်ခြင်းရဲ့အနှစ်သာရ
ဆိုတာ ဝမ်းနည်းပင်ပန်းလာတဲ့အခါ
သင့်ကို မှီစရာ ပခုံးတစ်စုံဖြစ်ပေးတယ်။
လမ်းပျောက်တဲ့အခါ သင့်အတွက်
မီးအိမ်ကလေးထွန်းကာ လမ်းမြင်အောင် ပြပေးတယ်။
ခက်ခဲချိန်မှာ အတူကြိုးစား ကျော်ဖြတ်ပေးတယ်။
Credit
