🖱️ Ctrl, Shift, Alt တို့ရဲ့ အသုံးအများဆုံး Shortcut တွေ

ကွန်ပျူတာသုံးတဲ့အခါ Ctrl, Shift, Alt ခလုတ်တွေကို သုံးပြီး အလုပ်တွေကို မြန်မြန်ဆန်ဆန် လုပ်လို့ရပါတယ်။ ဒီတော့ အသုံးအများဆုံး Shortcut တွေကို မျှဝေပေးမယ်နော်!

---

🔹 Ctrl (Control) အသုံးပြုနည်း
- Ctrl + C→ Copy (ကူးယူမယ်)
- Ctrl + V→ Paste (ကူးထည့်မယ်)
- Ctrl + X→ Cut (ဖြတ်ယူမယ်)
- Ctrl + Z→ Undo (နောက်ပြန်ဆုတ်မယ်)
- Ctrl + Y→ Redo (ပြန်လုပ်မယ်)
- Ctrl + A→ Select All (အားလုံးရွေးမယ်)
- Ctrl + F→ Find (ရှာမယ်)
- Ctrl + S→ Save (သိမ်းမယ်)
- Ctrl + P→ Print (ပရင့်ထုတ်မယ်)
- Ctrl + Alt + Del → Task Manager ဖွင့်မယ်

---

🔹 Shift အသုံးပြုနည်း
- Shift + Delete→ Permanent Delete (အပြီးဖျက်မယ်)
- Shift + Arrow Keys → Text တွေကို Select လုပ်မယ်
- Shift + Click → ဖိုင်တွေကို အစုလိုက်ရွေးမယ်
- Shift + Windows + S → Screenshot ဖမ်းမယ် (Windows 10/11)
- Shift + Enter → New Line (အောက်တစ်ကြောင်းဆင်းမယ်)

---

🔹 Alt (Alternate) အသုံးပြုနည်း
- Alt + Tab → Window တွေကြား Switch လုပ်မယ်
- Alt + F4→ Program/Window ပိတ်မယ်
- Alt + Enter → File Properties ကြည့်မယ်
- Alt + ဖော်ပြချက် (Menu Bar)→ Keyboard နဲ့ Menu ရွေးမယ်
- Alt + Esc → Window တွေကို အလွယ်တကူပြောင်းမယ်

---

💡 Bonus: Ctrl + Shift + Alt တွဲသုံးနည်း
- Ctrl + Shift + Esc → Task Manager တိုက်ရိုက်ဖွင့်မယ်
- Ctrl + Shift + T → Browser မှာ နောက်ဆုံးပိတ်ထားတဲ့ Tab ပြန်ဖွင့်မယ်
- Alt + Shift + Tab → Window တွေကို နောက်ပြန်ရွေးမယ်

---

📌 သိထားရင် အဆင်ပြေမယ့် Tips
✔ Windows + L → Lock Screen (ကွန်ပျူတာကိုခနပိတ်တဲ့အခါ အရေးကြီးတယ်)
✔ Ctrl + Shift + N → New Folder (ဖိုလ်ဒါအသစ်လုပ်မယ်)
✔ Alt + F4 + Enter → PC Shutdown မြန်မြန်လုပ်မယ်

ဒီ Shortcut တွေသုံးပြီး အလုပ်တွေကို **ပိုမြန်မြန်ဆန်ဆန်** လုပ်လို့ရပါတယ်! 🚀

1 y - Translate

Disney+'s new drama called "TWELVE" released still cuts of the casts.

The story is about 12 angels who take human form to protect Korea from evil spirits. Long ago, they sealed these spirits away, but now the evil is returning.

Premiere on August 23 | 8 Episodes | KBS2 & Disney+.

#twelve
#madongseok #parkhyungsik #seoinguk #leejoobin #sungdongil #leejoobin #kangmina #sungyoobin #ahnjihye

image

စွန်းဝူခုန်းဇာတ်လမ်းတွဲရဲ့နောက်ကွယ်မှ သင်မသိသေးတဲ့စိတ်ဝင်စားစရာ လျှို့ဝှက်ချက်များ

1 y - Translate

မှိုင်းညို့ညို့နဲ့ ရာသီဥတုက လွမ်းစရာကြီး

image
1 y - Translate

မှိုင်းညို့ညို့နဲ့ ရာသီဥတုက လွမ်းစရာကြီး

image
1 y - Translate

မှိုင်းညို့ညို့နဲ့ ရာသီဥတုက လွမ်းစရာကြီး

image
1 y - Translate

မှိုင်းညို့ညို့နဲ့ ရာသီဥတုက လွမ်းစရာကြီး

image
image
image

◼ ပေကျင်းတွင် ရက်ပိုင်းအတွင်း တစ်နှစ်စာ မိုးရွာသွန်းကြောင့် လူ ၃၀ ဦး သေဆုံး
တရုတ်နိုင်ငံမြို့တော် ပေကျင်းတွင် ရက်ပိုင်းအတွင်းမှာပင် တစ်နှစ်နီးပါးစာ ရှိသော မိုးများ ရွာသွန်းခဲ့သဖြင့် တနင်္လာနေ့ ညသန်း‌ခေါင်အထိ လူပေါင်း ၃၀ သေဆုံးခဲ့ကြောင်း အစိုးရ ဆင်ဟွာသတင်းဌာနက ယနေ့ ဖော်ပြသည်။
ပေကျင်းမြို့၏ တောင်ကုန်းထူထပ်သော မြောက်ပိုင်းခရိုင်များတွင် သေဆုံးမှု သတင်းများ ကြားရကြောင်းနှင့် မီယန်းခရိုင်တွင် ၂၈ ဦး ၊ ယန်ကင်းခရိုင်တွင် ၂ ဦး သေဆုံးခဲ့ကြောင်း သိရသော်လည်း မည်သည့်အချိန်တွင် မည်သို့ သေဆုံးခဲ့သည်ဟူသော အချက်များ သတင်း၌ ပါဝင်ခြင်းမရှိ‌‌ပေ။
ပြီးခဲ့သည့် ဗုဒ္ဒဟူးနေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုစတင်ခဲ့ပြီး တနင်္လာနေ့တွင် ပေကျင်းနှင့် အနီးတစ်ဝိုက်ခရိုင်ဒေသကြီးများ၌ မိုးသည်းထန်မှု ပိုဆိုးလာခဲ့သည်။
ပေကျင်းနှင့်မြောက်ပိုင်းခရိုင်များတွင် မိုးရေချိန် ၅၄၄ မီလီမီတာ ခန့် ရွာသွားခဲ့ရာ ယခင်နှစ်များက ရွာသွန်းခဲ့သည့် တစ်နှစ်ပျှမ်းမျှ ၆၀၀ မီလီမီတာ နီးပါးပင်ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။
မိုးသည်းထန်နေချိန်တွင် အာဏာပိုင်များက ပေကျင်းမှ ဒေသခံ ၈၀၀၀၀ ခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရသည်။ လမ်းများနှင့် ဆက်သွယ်ရေးအခြေခံ အဆောက်အဦ များ ပျက်စီးခဲ့ရကာ ယမန်နေ့ည သန်း‌ခေါင်အထိ ကျေးရွာပေါင်း ၁၃၆ ရွာတွင် လျပ်စစ်ဓါတ်အား ပြတ်တောက်နေကြောင်း သိရသည်။
အပြင်းထန်ဆုံး မိုးရွာသွန်းမှုကို စနေနေ့က ပေကျင်းမြို့မှ ဟွာအီရူ ဒေသ ၌ ကြုံတွေ့ခဲ့ရကာ တစ်နာရီအတွင်း မိုးရေချိန် ၉၅ ဒသမ ၃ မီလီမီတာ ရွာသွန်းခဲ့သည်။
မိုးသည်းထန်မှုများကြောင့် ပေကျင်း၊ ဟီဘေး၊ ကျီလင်း နှင့် ရှန်ဒေါင်းပြည်နယ်တို့တွင် ထိခိုက်နစ်နာမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ကြီးကျယ်ကြောင်း နှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန်လုပ်ဆောင်ကြရန် တရုတ်သမ္မတ ရှီကျင့်ဖျင် က ယမန်နေ့ နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
ပေကျင်းဒေသ မီယန်းခရိုင်တွင် မိုးသည်းထန်မှုနှင့် ရေကြီးမှုများကြောင့် ကြီးမားသောပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဝန်ကြီးချုပ် လီချန်းကလည်း ပြောကြားခဲ့သည်ဟု ဆင်ဟွာက ဖော်ပြသည်။
ရေကြီးရေလျှံမှု အမြင့်ဆုံး သတိပေးချက်များအား ပေကျင်းက ယမန်နေ့တွင် ထုတ်ပြန်ခဲ့ကာ ဒေသခံများ နေအိမ်တွင်သာ နေထိုင်ကြရန် အကြံပေးတိုက်တွန်းခဲ့သည်။
ယနေ့နံနက်ပိုင်းအထိ တရုတ်နိုင်ငံမြောက်ပိုင်းတွင် အကြီးဆုံးဖြစ်သော မီယန်းရေလှောင်တမံ အတွင်းသို့ ရေကုဗမီတာ ၇၃၀ သန်း ‌‌ကျော်ဝင်ရောက်ခဲ့ပြီး တနင်္ဂနွေနေ့ မှ စ၍ ရေထုထည် ကုဗမီတာ သန်း ၁၂၀ ကို ပြန်လွှတ်ခဲ့သည်။
အောက်ခြေပိုင်းမှ မြစ်များတွင် ရေလယ်ဗယ် မြင့်တက်နေနိုင်ခြင်းကြောင့် ဒေသခံများ ရှောင်ရှားနေကြရန် ပေကျင်းက တိုက်တွန်းထားသည်။
ပေကျင်းနှင့်အခြားပြည်နယ်များမှ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများအား ကူညီပံ့ပိုးပေးရန် တရုတ်ဘဏ္ဍာ‌ရေးဝန်ကြီးဌာနက ယွမ်ငွေ သန်း ၃၅၀ ချထားပေးခဲ့ကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း

image

◼ တူရကီ တိုက်လေယာဉ် ၄၈ စီး ဝယ်ယူရန် အင်ဒိုနီးရှားသဘောတူ
တူရကီနိုင်ငံမှ KAAN တိုက်လေယာဉ် ၄၈ စီး ဝယ်ယူမည့်ကန်ထရိုက်စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း အင်ဒိုနီးရှားကာကွယ်ရေး ဝန်ကြီးဌာန က ပြောကြားသည်။
ယင်းမှာ ၎င်းတို့၏ စစ်လက်နက်ပစ္စည်းများ ခေတ်မီရန် ရည်ရွယ်ထားသော အရှေ့တောင်အာရှနိုင်ငံမှ နောက်ဆုံး ထွက်ပေါ်လာသော ဝယ်ယူမှုဖြစ်သည်။
လေတပ်ကို အဆင့်မြှင့်တင်ရန်ဂျကာတာက ပြင်သစ်နိုင်ငံလုပ် ရာဖေးလ်တိုက်လေယာဉ် ၄၂ စီးကို ၂၀၂၂ ခုနှစ် က အမေရိကန်ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံဖြင့် မှာယူခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံလုပ် J-10 တိုက်လေယာဉ်များ ဝယ်ယူရန် ဂျကာတာက စဉ်းစားနေသလို အမေရိကန်လုပ် F-15EX တိုက်လေယာဉ်များ ဝယ်ယူရန်လည်း ဆက်လက်ဆွေးနွေးနေသည်။
အစ္စတန်ဘူလ်မြို့၌ ကျင်းပနေသည့် နိုင်ငံတကာကာကွယ်ရေးလုပ်ငန်းပြပွဲ အတွင်း အင်ဒိုနီးရှားနှင့် တူရကီတို့က အကောင်အထည်ဖော်ရေးကန်ထရိုက်စာချုပ် ချုပ်ဆိုခဲ့ကြသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖရီဂါဝီနက်စ်အင်ခရီဝမ် က ထုတ်ပြန်ပြောကြားသည်။
သို့ရာတွင် စာချုပ်တန်ဖိုးနှင့် ပေးပို့မည့်အချိန်စသော အသေးစိတ်များကို ၎င်းက ပြောကြားခြင်းမရှိ‌ပေ။
KAAN တိုက်လေယာဉ် သည် တူရကီနိုင်ငံ၏ ပထမဆုံးအမျိုးသားတိုက်လေယာဉ် ဖြစ်ကာ ၎င်းတို့၏ ပထမဆုံးပျံသန်းမှုများအား ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက အောင်မြင်ခဲ့သော်လည်း ၂၀၂၈ ခုနှစ်မတိုင်မီအထိ ဆက်တိုက် ထုတ်လုပ်မည်ဟု မျှော်လင့်မထားကြပေ။
အဆိုပါ တိုက်လေယာဉ်များမှာ ပဥ္စမမျိုးဆက် တိုက်လေယာဉ်များဖြစ်ကြောင်း တူရကီ ကာကွယ်‌ရေးဝန်ကြီးဌာနက ပြောကြားပြီး ၎င်းတို့အား ဂျင်နရယ်အီလက်ထရစ်ကုမ္ပဏီထုတ် F-110 အင်ဂျင်များ တပ်ဆင်ထားကြောင်း သိရသည်။
ယင်းအင်ဂျင်များကို လော့ဟိဒ်မာတင်ကုမ္ပဏီထုတ် F-16 တိုက်လေယာဉ်များတွင်လည်း အသုံးပြုထားသည်။
နှစ်နိုင်ငံကြား စာချုပ် လက်မှတ်ရေးထိုးခြင်းအား အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ဆာဖရီ ရှမ်ဆိုဒင် ၏ ရှေ့မှောက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း နှင့် နှစ်နိုင်ငံကြား ပူးတွဲနည်းပညာဖွံ့ဖြိုးမှုဆောင်ရွက်ရေး နှင့် အင်ဒိုနီးရှား၏ ကာကွယ်ရေးစက်မှုလုပ်ငန်း အား တိုးချဲ့ရေးတို့ကို ကန်ထရိုက်စာချုပ်က ထပ်မံအတည်ပြုခဲ့ကြောင်း ပြောခွင့်ရသူ ဖရီဂါ က ပြောကြားသည်။
ထို့ပြင် အစ္စ‌တန်ဘူလ် ကာကွယ်ရေးပြပွဲမှာပင် Milgem Istif အတန်းအစား ဖရီးဂိတ်စစ်သင်္ဘောနှစ်စီး ကို ဝယ်ယူရန် တူရကီ TAIS သင်္ဘောကျင်းနှင့် အင်ဒိုနီးရှားက လက်မှတ်ရေးထိုးခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီး ဆာဖရီက ယမန်နေ့ညတွင် ပြောကြားသည်။
ဖရီးဂိတ်သင်္ဘောဝယ်ယူခြင်းနှင်ပတ်သက်၍ အသေးစိတ်သိရှိရန် ရိုက်တာသတင်းဌာန၏ မေးမြန်းမှုများအား ကာကွယ်ရေးဝန်ကြီးဌာနက ချက်ခြင်း မတုံ့ပြန်ခဲ့ကြောင်း သတင်းက ဖော်ပြသည်။
သတင်း-ရဲမင်း
ကိုးကား- Reuters
#နိုင်ငံတကာသတင်း

image
1 y - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ဖူးခက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာရွှေ့ပြောင်းလုပ်သားများ လစာမရဘဲ အလုပ်ထုတ်ခံရ
ထိုင်းနိုင်ငံတောင်ပိုင်းဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု ၌ ယခုရက်ပိုင်းတွင် လုပ်ငန်းရှင်ကမြန်မာအလုပ်သမား ၄၁ ဦးအား လုပ်ခသုံးလစာမပေးသည့်အပြင် အလုပ်မှထုတ်ခဲ့ကြောင်း ကူညီပေးနေသည့် WAG အလုပ်သမား မဟာမိတ်အဖွဲ့မှ သိရသည်။
မြန်မာအလုပ်သမားများသည် လတ်တလောတွင် စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့၏လုပ်အားခများ ပြန်လည်ရရှိရန်အတွက် WAG အလုပ်သမားမဟာမိတ်အဖွဲ့က ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအလုပ်သမားများ၏ အကူအညီတောင်းခံချက်အရဖူးခက် မြို့တွင် ဇူလိုင်၂၈ရက်က WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ အလုပ်သမားများနှင့် တွေးဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် စက်ရုံသူဌေးက ပွဲစားများနှင့်ပူးပေါင်းကာ အကြောင်းမဲ့အလုပ်ထုတ်ခံရခြင်း၊ လုပ်ခလစာမရခြင်း၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခြင်းခံရခြင်းများ မကြာခဏ ကြုံနေရကြောင်း မြန်မာအလုပ်သမားအရေး ကူညီသူအချို့မှ သိရသည်။
ဓာတ်ပုံ - WAG

image