1 y - Translate

လူချစ်လူခင် ပေါများလာစေမယ့် အလွယ်ကူဆုံး မေတ္တာပို့နည်း…
သင် နံနက်အိပ်ယာထလို့ မျက်နှာသစ်တော့မယ် ရေကို စကိုင်ပြီးဆိုတာနဲ့ ဗုဒ္ဓံသရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် မျက်နှာကို ရေနဲ့ တစ်ခါသပ်ချ။

အဲ့လိုဘဲ ဓမ္မံသရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် မျက်နှာကို ရေနဲ့ တစ်ခါသပ်ချ၊ သံဃံ သရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် ရေနဲ့ တစ်ခါသပ်ချပါ။

ဆိုလိုတာကတော့ မေတ္တာမပို့မှီ သရဏဂုံ သုံးပါးကို အရင်ရွတ်လိုက်ပါ အဲ့ဒါပြီးရင်တော့ သွားတိုက်ချင်တိုက်ပါ။
သွားတိုက်ရင်း စိတ်ထဲက ဂုဏ်တော် ကိုးပါးကိုရွက်ရင် ပိုကောင်းပါတယ်။

ကိုယ်ပြောတဲ့စကား အောင်စေပါတယ် ..သွားတိုက်ပြီးလို့ ရေကို ထပ်ကိုင်တဲ့အချိန်ကျရင်ပထမဆုံး – မိမိကိုယ်မိမိဆုတောင်းပါ – ဤရေ အေးမြသလို အကျွနိုပ်လည်းအေးမြပါစေ မျက်နှာကို ရေနဲ့ တစ်ခါသပ်ချပါ။

အဲ့ဒါပြီးရင် သင်အချစ်ဆုံးသူကို မေတ္တာပို့ပါ။ ဤရေ အေးမြသလို (…) လည်း အေးမြပါစေ မျက်နှာကို ရေနဲ့ တစ်ခါသပ်ချပါ။ ကိုယ်မေတ္တာပို့တဲ့သူရဲ့ မျက်နှာကို စိတ်ထဲမှာ မြင်နေရပါမယ်။

ပြီးရင် ကိုယ် မျက်နှာကိုသပ်ချတဲ့ ရေရဲ့ အေးမျှမှုကို သတိပြုရမယ် ..ပြီးရင် သင့်မိသားစု မိဘများကို မေတ္တာပို့နိုင်ပါတယ် ။

(ဤရေ အေးမြသလို ရှေးရှေးဘဝများမှ ယခုဘဝတိုင်အောင်တော်စပ်ခဲ့ဖူးသော အမိအဖဆွေမျိုးများအားလုံး အေးမြပါစေ)မျက်နှာကို ရေနဲ့ တစ်ခါသပ်ချပါ။

ပြီးရင် ကိုယ် အမုန်းဆုံးလူ ကိုယ့်အပေါ် မကောင်းတဲ့သူ ကိုယ့်ကိုယ် အမြဲတမ်း ဒုက္ခပေးနေတဲ့သူကို မေတ္တာပို့ပါ။
(ဤရေ အေးမြသလို (…) လည်းအေးမြပါစေ)အဲ့လိုလူတွေများရင် အဲ့ဒီလူတွေ တစ်ယောက်ချင်းစီရဲ့ မျက်နှာကိုစိတ်ထဲက မြင်ယောင်ပြီး တစ်ခေါက်ချင်းစီ လုပ်ရပါမယ်။

ဒီနေရာမှာ အရေးကြီးတာက သူ့ကို အမှန်တကယ် အေးမြစေလိုတဲ့စိတ် ၊ သူ့ကို အမှန်တကယ် အောင်မြင်ကြီးပွားစေလိုတဲ့စိတ်နဲ့ မေတ္တာပို့မှထိရောက်မှာဖြစ်ပါတယ်။

အဲ့ဒီလူက ကိုယ့်အပေါ် အချိန်တိုင်း ဒုက္ခပေးနေတဲ့သူ အရမ်းနာကြီးမုန်းတီးအောင် လုပ်ထားဖူးတဲ့သူဖြစ်ရင်လည်း အဲ့ဒီအချိန်လေးခဏမှာတော့ ခွင့်လွှတ်နားလည်စိတ်နဲ့ မေတ္တာပို့ရမယ်။

အဲ့ဒါဆိုရင် အဲ့လောက်မုန်းတီးနေတဲ့သူကိုဘယ်လိုခွင့်လွှတ်ရမလဲ မေးလိမ့်မယ်။ ကိုယ် အရမ်းမုန်းတဲ့သူကို အချိန်ခဏတာအတွက် ခွင့်လွှတ်နည်းပထမဆုံး မလွဲသာတဲ့အခြေအနေတစ်ခုကြောင့်ဖြစ်မှာ။

သူ့နေရာမှာ ငါဆိုရင်လည်း လုပ်ချင်လုပ်မိမှာပါလို့ စိတ်ဖြေပြီး ခွင့်လွှတ်ပါ။ မရရင်လူဆိုတာ သူ့အကျင့်စရိုက်နဲ့သူလာတာ မွေးကထဲက သူ့မှာ အဲ့လိုမကောင်းတဲ့စိတ်ပါလာလို့ ငါ့အပေါ်မှာလည်း အကောက်ကြံတာပါလားလို့စိတ်ဖြေပြီး ခွင့်လွှတ်ပါ။

သူက ကိုယ့်အထက်လူကြီး ကိုယ့်အလုပ်ရှင်ဖြစ်နေခဲ့ရင် ကိုယ့်အပေါ်မောက်မာရိုင်းစိုင်းခဲ့ရင်ငါလည်း သူ့ရာထူး သူ့လိုချမ်းသာတဲ့သူဖြစ်ခဲ့ရင် ဒီထက်တောင် ဆဲမိဆိုမိချင် ဆိုမိမှာဆိုပြီး ခွင့်လွှတ်ပါ။

အဲ့ဒါတွေအားလုံးမှ မရဘူးဆိုရင်ငါဝဋ်ကြွေးရှိလို့ ခံရတာပဲလို့ တွေးပြီး သူ့ကို အပြစ်မမြင်မိအောင်စိတ်ဖြေပြီး ခွင့်လွှတ်ပါ။

အဲ့ဒါဆိုရင်တော့ သင်ရေကိုင်ပြီး မျက်နှာသစ်တဲ့ အချိန် ၂ စက္ကန့်လောက်အတွက် သူ့ကို ခွင့်လွှတ်နိုင်မှာပါ။
(သေချာပါတယ်။ သင်သူ့ကို ခွင့်လွှတ်ပြီး မေတ္တာပို့နိုင်သလောက်သူသင့်အပေါ် ထူးထူးခြားခြား အမြင်ကြည်လာပါလိမ့်မယ်။ဒီနေရာမှာ မုန်းတီးနာကျည်းစိတ်နဲ့ ပါးစပ်ကသာ ရွက်နေရင်တော့ ဘာမှ ထူးမှာ မဟုတ်ပါဘူး)

ကိုယ်အရမ်းမုန်းတဲ့သူကို မေတ္တာပို့ပြီးရင်တော့ နံနက်ခင်း မျက်နှာသစ်ရင်းမေတ္တာပို့တဲ့အလုပ်ပြီးပါပြီ .. သင့်အတွက် အချိန် ၅ မိနစ်စာလောက်ပဲလိုပါလိမ့်မယ်။

ဒါကလည်း သင် အမြဲတမ်းမျက်နှာသစ်နေတဲ့ အချိန်ထက် ၂ မိနစ်စာလောက်ပဲ ပိုမှာပါ။ ပထမတော့ မျက်နှာသစ်တိုင်း အဲ့ဒါလေးလုပ်ဖို့ သင်မေ့ချင် မေ့မှာပါ။

နောက်ဆိုရင် မျက်နှာသစ်ဖို့ ရေကိုင်လိုက်တာနဲ့ နှုတ်က အလိုလိုသရဏဂုံ သုံးပါးကိုရွက်မိပြီး အလေ့အကျင့်တစ်ခုလို ဖြစ်သွားပါလိမ့်မယ်။

ကျွန်တော် အဲ့ဒီအတိုင်းဘဲ မေတ္တာပို့ဆုတောင်းနေကျ တကယ်လက်တွေ့ပါ ..အခုလက်ရှိ အလုပ်ထဲမှာရော ပတ်ဝန်းကျင်မှာရော ကျွန်တော်နဲ့ မတည့်တဲ့ပေါင်းသင်းဆက်ဆံရေးအဆင်မပြေတဲ့ သူရယ်လို့ မရှိပါဘူး။

လူတော်တော်များများပြောကြပါတယ်။ မေတ္တာပို့လိုက်မယ် မေတ္တာပို့လိုက်ရမကောင်းရှိတော့မယ် ဆိုပြီးတော့ အဲ့ဒါက လူတွေကြားမှာ မကောင်းတဲ့ စကားတစ်ခုလိုဖြစ်နေတာပါ။

တကယ်တော့ မေတ္တာပို့တယ်ဆိုတာ ကျိန်စာတိုက်တာ မဟုတ်ပါဘူး။ ရန်မရှိဘဲ အားလုံး အေးချမ်းစေမယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်ဆိုတဲ့အကြောင်း ပြောကြားရင်း ကျွန်တော့်ရဲ့ မျက်နှာသစ်နည်းလေးကိုပြန်လည်မျှဝေလိုက်ပါတယ်နော်။

credit to original uploader

image
1 y - Translate - Youtube

The hilarious side of Myanmar: Funny videos that will make you laugh

"အလောင်း ဖော်ပေးပါ"📌(Season-4 | Episode-33)

1 y - Translate

အသစ်ထွက်ရှိလာတဲ့ မင်းသားကြီး မာ့ခ်ဒုန်ဆော့ရဲ့ မိစ္ဆာနှင်တဲ့ အက်ရှင် ဇာတ်ကြမ်းကားသစ်

Holy Night: Demon Hunters
2025 ‧ Action/Horror ‧ 1h 31m

အကုန်လုံး စောင့်မျှော်နေကြတဲ့ Holy night : Demon Hunters ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလိုလာပါပြီ။

Cast တွေအနေနဲ့ကတော့ အားလုံး သိကြတဲ့ Ma Dong-seok, Seo Hyun, Lee David,
Kyung Soo-jinနဲ့ Jung Ji-so တို ပါဝင်ထားကြပြီး နတ်ဆိုး၊ နတ်ဆိုးကို ကိုးကွယ်ကြတဲ့
အစွန်းရောက်သူတွေနဲ့ အားပြိုင်ကြမဲ့ သဘာဝလွန်စွမ်းအားရှင် နတ်ဆိုးမုဆိုး ၃ဦးအဖွဲအကြောင်းကို
ရိုက်ကူးထားတာတဲ့ Fantasy Horror movie အမျိုးအစားပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း-
ဘာအူ, ရှာရွန်နဲ့ ဂင်ဂွန်းဆိုတဲ့သူ ၃ယောက်နဲ့ ဖွဲစည်းထားတဲ့ Holy Night အဖွဲဟာ
နတ်ဆိုးကိုးကွယ်တဲ့ ဂိုဏ်းတွေကို တိုက်ခိုက်နှိမ်နင်းကြတဲ့ အဖွဲဖြစ်တယ်။
ဘာအူရဲ့ ထူးခြားတဲ့ စွမ်းရည်ကတော့ အားကောင်းတဲ့ ကာယခွန်အားပဲဖြစ်ပြီး ရှာရွန်ကတော့
နတ်ဆိုးတွေကို ခွဲခြားသိမြင်ကာ အပနှင်နိုင်စွမ်းရှိပြီး ဂင်ဂွန်းကတော့ ဘာအူနဲ့ ရှာရွန်တိုကို
နောက်ကနေ လိုက်လံကူညီပေးတဲ့သူပေါ့။
တစ်နေ့ စိတ်ရောဂါကုဆရာဝန် ဂျောင်ဝန်းဟာ Holy Night အဖွဲဆီ ရောက်လာပြီး
သူ့ရဲ့ ညီမဖြစ်သူ အွန်ဆောရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးတစ်ကောင်ဝင်ပူး‌နေတဲ့အတွက်
ညီမဖြစ်သူကို ကယ်တင်ပေးဖို Holy Night အဖွဲကို လာ‌ရောက် အကူအညီတောင်းခံတဲ့အခါမှာတော့…
Holy Night အဖွဲက အွန်ဆောရဲ့ ခန္ဓာကိုယ်ထဲမှာ ပူးကပ်နေတဲ့ နတ်ဆိုးကို ဘယ်လိုနည်းလမ်းတွေသုံးပြီး
ဘယ်လိုနှင်ထုတ်သွားမလဲဆိုတာကိုတော့ မာဒုံဆော့ရဲ့ ဇာတ်ကားတွေ ထုံးစံအတိုင်း
တိုက်ရည်ခိုက်ရည်ကောင်းကောင်း၊ အပနှင်နည်းမျိုးစုံနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုရပြီး
ပရိသတ် စိတ်ကျေနပ်ရမဲ့ကားတစ်ကားဖြစ်လို တင်ဆက်ပေးလိုက်ပါတယ်။

🚨📺Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ💯

☄️✏️Channel Link ကိုအရင် Join ထားပါဗျ👇👇

https://t.me/addlist/wZvYAaIr8Mk3MmU1

📺🔥ဇာတ်ကားကြည့်ရန် Link

https://t.me/Boomerangcomedy/75

image
1 y - Translate

ဒီကားကိုမေ့နေတာ

Omniscient Reader: The Prophet တောင်စပြီးရုံတင်နေပြီ

image
1 y - Translate

ဒီကားကိုမေ့နေတာ

Omniscient Reader: The Prophet တောင်စပြီးရုံတင်နေပြီ

image
1 y - Translate

ဒီကားကိုမေ့နေတာ

Omniscient Reader: The Prophet တောင်စပြီးရုံတင်နေပြီ

imageimage
1 y - Translate

ဖခင်ကို ကျန်းကျန်းမာမာနဲ့ နေပေးဖို့ ဆုတောင်းလိုက်တဲ့ စိုးမြတ်နန္ဒာ 🙏🙏🙏
ပရိသတ်တွေကတော့ နေကောင်းကျန်းမာဖို့ ဆုတောင်းပေးနေကြတာတွေ့ရပါတယ်။ သူမတို့သားအမိနဲ့အတူ ဖခင်ပါတွဲရိုက်ထားတဲ့ပုံလေးနဲ့ 'အဖေ...ကျန်းမာနေပေးပါဦး' လို့ စိုးမြတ်နန္ဒာက ဆုတောင်းခဲ့တာပါ။ စိုးမြတ်နန္ဒာဟာ လက်ရှိ အမေရိကကိုပြန်လည်ရောက်ရှိနေပြီပဲဖြစ်ပါတယ်။

image
1 y - Translate

Tattoo ideas

image
1 y - Translate

Tattoo ideas

image