1 နှစ် - ဘာသာပြန်ပါ။

M3Gan 2.0 ရုံရိုက် မြန်မာစာတန်းထိုးရပါပြီ

ကမ္ဘာကြီးကို AI က ဖျက်ဆီးပစ်ဖို ကြိုးစားတဲ့အခါ
M_3-g_a-n ဇာတ်ကား အပြီး ၂နှစ်အကြာမှာ ဇာတ်အိမ်ပြန်တည်ထားပါတယ် ။

ဇာတ်လမ်းအကျဉ်း အရ - သောင်းကြမ်းသွားတဲ့ စက်ရုပ် မန်ဂယ် ရဲ့ တီထွင်ဖန်းတီးသူ ဂျန်မာ ဟာ ဝန်ကြီးများရဲ့ စောင့်ကြည့်မှုကို ခံနေရပါတယ် ။

ထိုသိုဖြစ်စဉ်မျိုးကို ထပ်မံမဖြစ်ပွားရင် ကာကွယ်ဖိုအတွက် ခုခံရေးစစ်တပ် က "အမီလီယာ" စစ်တပ်အဆင့်မီ စက်ရုပ် လက်နက် တစ်ခုကို ဖန်တီးလိုက်ပါတယ်။

အစပိုင်းမှာတော့ အမီလီယာ ဟာ အမိန့်နာခံကာ လုပ်ဆောင်ခဲ့ပေမဲ့ ကြာလာတာနဲ့အမျှ သူမရဲ့ အသိစိတ်ဟာ ပိုမိုတိုးတက်လာခဲ့ပြီး အမိန့်ကိုမနာခံတော့ဘဲ ကမ္ဘာကြီးကို ဖျက်စီးပစ်ဖို လုပ်ဆောင်လာပါတော့တယ် ။

စစ်တပ်အဆင့်မီ စက်ရုပ်လက်နက် ဖြစ်တာကြောင့် လူအင်အားနဲ့ချရင် မရနိုင်တာကို သိနဲ့ ဂျန်မာ တစ်ယောက်ဟာ မယ်ဂန် ကိုပြန်အသက်သွင်းပြီး ပိုပြီးကြမ်းတမ်း ၊ မြန်ဆန် ၊ သန်မာတဲ့ စနစ်တွေထည့်ကာ အမီလီယာ နဲ့ ရင်ဆိုင်ခိုင်းပါတော့တယ် ။

😍ကြည့်ရန်နှိပ်ပါ👇

t.me/zatcarmovie1/226

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
1 နှစ် - ဘာသာပြန်ပါ။

Top 3???
Miss Universe Thailand 2025

image
1 နှစ် - ဘာသာပြန်ပါ။

၁၉၉၄ ခုနှစ်က Unreleased ဖြစ်ခဲ့တဲ့ Fantastic Four ရုပ်ရှင်ထဲက သရုပ်ဆောင်တွေဟာ ‘THE FANTASTIC FOUR: FIRST STEPS’ ထဲမှာ Cameo တွေ အနေနဲ့တရားဝင်ပါဝင်မယ်လို့ အတည်ပြုလိုက်ပါပြီ။

image
1 နှစ် - ဘာသာပြန်ပါ။

“သူများအိမ်မှာ TV ကြည့်ခဲ့ဖူးသူတစ်ယောက်၏ အမှတ်တရများ"
MVE Original Article
ဒီဆောင်းပါးကတော့ ၈၀ ခုနှစ်ဖွား ၉၀ ခုနှစ်ဖွားတွေအတွက်တော့ အမှတ်ရစရာလေးတွေ ဖြစ်စေမယ် ထင်တယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းမွေးတဲ့သူတွေ အတွက်ကတော့ ဇာတ်လမ်းတွေကြည့်စရာ TV တွေ လက်ကိုင်ဖုန်းတွေက အခြေခံလူတန်းစားတွေအထိ ပေါများနေပြီကိုး။
ကျနော် အငယ်တုန်းက (အငယ်ဆို မူလတန်း အလယ်တန်းအရွယ်) စလောင်းခေတ် အောက်စက်ခေတ်။ အိမ်တိုင်းလိုလို Tv တွေ အောက်စက် (VCD,DVD) တွေ မရှိသေးပေမယ့် အိမ်တော်တော်များများမှာတော့ ရှိနေကြပြီ။
ကိုယ်နေတာက နယ်မြို့လေးဆိုတော့ အောက်စက်နဲ့ Tv တွဲတဲ့အိမ်ကပိုများတယ်။ စလောင်းရှိတာတော့ ရှားတယ်။ ပြဿနာက ရုပ်ရှင်အသည်းစွဲ ကျနော့်အိမ်မှာကျ ကြည့်စရာ Tv ရော အောက်စက်ရော ရှိမနေတာပါပဲ။
အိမ်က ဆင်းရဲလို့ မရှိတာလားဆိုတော့ ဒရာမာခင်းရလောက်အောင်အထိ ဆင်းရဲနေတာမျိုးတော့ မဟုတ်ဘူး။ အကြောင်းကြောင်းကြောင့် မရှိတာလို့ပဲ ပြောရမှာပဲ။ ဒီတော့ အဓိက အကြောင်းအရာဆီ ပြန်သွားရအောင်။
သူများအိမ်မှာသွားပြီး ဇာတ်ကားကြည့်ရတဲ့ အရသာက တရားသေ ကောင်းတယ် ဆိုးတယ်လို့ ပြောလို့တော့မရဘူး။ အိမ်တော်တော်များများ အလည်သွားရင်း ကြည့်နေတဲ့ကောင်ဆိုတော့ တစ်အိမ်ကို ရသတစ်မျိုးစီ ခံစားရတယ် ပြောရမှာပဲ။
အဓိကကတော့ အိမ်တိုင်းမှာ သူ့ပေါ်လစီနဲ့သူ ရှိနေတာကြောင့် ခံစားရတာ မတူညီတာပါ။ သေချာတာ တစ်ခုကတော့ သူများအိမ်ပေါ်တက်ပြီး TV ကြည့်မယ်ဆိုရင် တပါးသူ အရိပ်အကဲ ကြည့်တတ်ဖို့ လိုပါတယ်။
အိမ်ရှင်က စိတ်ကြည်နေလား။ မီးကရော လာရဲ့လား။ ကိုယ်တွေသွားကြည့်မယ့် အချိန်မှာ သူ့အိမ်က ကျနော်နဲ့ ရွယ်တူ သူငယ်ချင်းတွေ အိမ်စာလုပ်ပြီးရဲ့လား။ ဘာညာပေါ့ဗျာ။ ကိုယ်ကြည့်ချင်တဲ့ ဇာတ်ကားခွေကို မုန့်ဖိုးထဲက အိတ်စိုက်ပြီး ခိုးကူးခွေဆိုင်ကနေလည်း ဝယ်ထားရသေးတယ်။
ဇာတ်ကားခွေ ယူပြီးသွားလည်း တန်းကြည့်ရတာမျိုး ရှိပေမယ့် ရှားတယ်။ သွားကြည့်မယ့်အိမ်ကလူတွေ ကြည့်ချင်တာမရှိမှ ကိုယ့်အခွေကိုယ် ကြော်ငြာဝင်ခွင့်ရတာ။ ကိုယ့်ယူလာတဲ့ အခွေ မကြည့်ရလည်း ကျနော်ကတော့ သူတို့ ထိုးထားတဲ့အခွေ ဝင်ကြည့်လိုက်တာပဲ။ မဟုတ်လည်း အိမ်မှာ ဘာမှ ကြည့်စရာမှ မရှိတာ။
ရုပ်ရှင်ဆိုရင် ဘာလာလာ ဒေါင်းတတ်တဲ့ အကျင့်ကြောင့် genre တော်တော်များများကို ကြည့်တတ် ခံစားတတ်သွားတယ် ပြောရမှာပဲ။ ရုပ်ရှင်တင်မကဘူး သူငယ်ချင်းတစ်ယောက်အိမ်မှာ သွားကြည့်တုန်းကဆို ကိုယ်တွေကြည့်ချင်တဲ့ Ben 10, ပါဝါရိန်းဂျားဘာညာ မကြည့်ရသေးခင် သူ့အစ်ကို လူပျိုကောင်ဖွင့်တဲ့ ပူစူးရဲ့ သီချင်းခွေကို အစဆုံး နားထောင်ပြီး စောင့်ရသေးတာ။
တချို့အိမ်တွေမှာကျ အဒေါ်အရွယ် (အဲ့တုန်းကအနေနဲ့ဆို) တွေ ရှိတော့ ကိုရီးယားစီးရီးပဲ ကြည့်ကြတာ။ သူတို့နဲ့ကျ ကိုယ်တွေကြည့်ချင်တဲ့ နိုင်ငံခြားခွေတွေ မကြည့်ရဘူး။ သူတို့ကြည့်နေတဲ့ ကိုရီးယားစီးရီး ဝင်ကြည့်ချင်ကြည့် မကြည့်နိုင်ဂျောင်းရုံပေါ့။
တခါတလေ လည်စရာအိမ်မရှိမှ အဲ့လိုအိမ်ကိုရွေးတာ။ ကိုရီးယားစီးရီးတွေကိုလည်း အဲ့အရွယ်တုန်းက ကြိုက်မှမကြိုက်တတ်သေးတာကိုး။ ဂျူမုံတို့ အက်ရှင်ပါတဲ့ စီးရီးလေးတွေဆိုရင်တော့ ဝင်ကြည့်ဖြစ်တယ်။
အဆိုးထဲကအကောင်း ပြောရရင်တော့ သူတို့နဲ့ကြည့်ရင် အချိန်အကန့်အသတ်ရယ်လို့ မရှိဘဲ မီးလာသလောက် သို့ အိမ်ကပြန်လာမခေါ်မချင်း ကြည့်ရတာပဲ။ တိုက်တန်းနစ် ဇာတ်ကားကိုလည်း သူတို့ကြောင့်ပဲ စကြည့်ဖူးခဲ့တယ် ထင်တယ်။
ကိုယ်ယူလာတဲ့ ဇာတ်ကားခွေကို တန်းကြည့်ခိုင်းတဲ့ သဘောကောင်းတဲ့ အိမ်တွေလည်း ရှိတယ်။ သူတို့ဆီမှာကျ ကိုယ်နဲ့ရွယ်တူ ကလေးမရှိတော့ ကြိုက်တဲ့ခွေ ထိုးကြည့်လို့ရတယ်။ အဲ့အိမ်မှာကျ တစ်ခုရှိတာက အချိန်ပိုတွေပေါနေတဲ့ အဖိုးကြီးတစ်ယောက် ရှိတာပဲ။
သူကလည်း လူကြီးဆိုတော့ ပျင်းရှာတော့ ကျနော်ကြည့်တဲ့ ဇာတ်ကားခွေတွေကို မပျင်းမရိ လိုက်ကြည့်ရှာတယ်။ ကြည့်နေရင်းနဲ့ နားမလည်တာရှိရင်လည်း ကိုယ်နားလည်သလို ရှင်းပြရသေးတာ။ အဲ့ဒီ့တုန်းက အခွေတိုင်း Mm sub ပါတာမျိုးမဟုတ်၊ ပါခဲ့ရင်လည်း စုံစုံလင်လင်ထိုးပြတာမျိုး မဟုတ်တော့ ရှင်းပြရတာ တိုင်ပတ်တယ်။ အဲ့အိမ်မှာ Narnia 1 & 2 ကြည့်ခဲ့ဖူးတာ အမှတ်ရမိတယ်။
ကျနော့်အဖွားရဲ့ ဘော်ဒါအိမ်ကို လိုက်လည်ပြီး ကြည့်တုန်းကကျတမျိုး။ အဲ့အိမ်မှာ ကလေးမလေး တစ်ယောက်ရှိတော့ မိန်းကလေးတွေကြည့်တဲ့ ကာတွန်းဇာတ်လမ်းတွေပဲ ကြည့်ရတာ။ သူ့အိမ်မှာ ဗိုလ်ဆိုတော့ ဘာမှအတွန့်မတက်ရဲဘူး။
အဲ့ကလေးမကြည့်တဲ့ lilo & sitich, စင်ဒရဲလား,စနှိုးဝှိုက်, ရေသူမလေး အေရီရယ်, တင့်ကာဘဲလ် စသဖြင့် အဲ့လိုဇာတ်ကားမျိုးတွေပဲ လိုက်ကြည့်ရတာ။ အလည်လိုက်ရင်းနဲ့ ကြုံမှဝင်ကြည့်ဖြစ်တဲ့အိမ်ပေါ့။
ယောက်ျားလေးဆိုတော့ အဲ့ဇာတ်ကားတွေဆို မကြိုက်တတ်တာမဟုတ်ပေမယ့် အာသီသ သိပ်မတွေ့လှပါဘူး။ ဒီကြားထဲ ကလေးမက စိတ်အခန့်မသင့်ရင် ရှင်းရှင်းရဲ့ မှိုလိုပေါက် သီချင်းခွေကြီးထည့်ပြီး ထကသေးတာကိုး။
အိမ်တကာ လျှောက်လည်ပြီး ဇာတ်ကားကြည့်တာ ဝါရင့်လာတော့ ဘယ်ဇာတ်ကား ကြည့်ချင်ရင် ဘယ်အိမ်ကို ဘယ်အချိန်သွားသင့်တယ်ဆိုတာပါ သိလာတယ်။ စည်းကမ်းကြီးတဲ့ အိမ်တွေဆို ပါးစိပါးစပ် သိပ်များတယ်။ တခါတလေ အခန့်မသင့်ရင် ကိုယ်တွေပါ စာဝင်ကျက်ရတာမျိုး အိမ်အလုပ်လေး ကူလုပ်ပေးရတာမျိုးပါရှိတယ်။
နောက်ပြီး ဘယ်အိမ်ဖြစ်ဖြစ် ခဏခဏသွားပြီး ခွေထိုးခိုင်းရင် အစပိုင်းမှာ ကောင်းပေမယ့် နောက်ပိုင်းကျ အနည်းနဲ့အများ ငြိုငြင်လာတာများတယ်။ ကိုယ်တွေက ကလေးဆိုတော့လည်း ကိုယ်ကြည့်ချင်တာပဲသိပြီး လူကြီးကိစ္စတွေကို နားမလည်တတ်တာ မသိတတ်တာတွေရှိချင်လည်း ရှိမှာပေါ့။
တချို့အိမ်တွေ ပွစိပွစိ ပြောလာလည်း မသိချင်ယောင်ဆောင်နေလိုက်တာများတယ်။ တအားကို ရုပ်ပေါက်လာရင်တော့လည်း ထပ်မသွားဖြစ်တော့တာပေါ့။ ကျနော်ကတော့ ဖီးလ်ဖြစ်တာတွေ ဒရာမာချိုးတာတွေ သိပ်လည်း ခံစားမနေတတ်ပါဘူး။
ကိုယ်ကြည့်ချင်တာ ကြည့်ရဖို့အရေးကြီးတာ။ မင်းတို့အိမ်က ဖွင့်မပြဘူးလား။ ရတယ် နောက်တအိမ်ပြောင်းကြတာပေါ့။ အဲ့လိုပျော်ပျော်ပဲ နေလာတာ။
လူကြီးတွေ ပွစိပွစိပြောလည်း ပြောပါစေပေါ့။ ကိုယ်တွေက သူတို့အိမ်သွားပြီး တက်ကြည့်နေတာကိုး။ မဟုတ်လည်း အိမ်မှာ အပြောခံနေကျ။ ကိုယ့်ကြောင့် လာလည်တဲ့အိမ်ကကောင်ပါ အဆူခံရတယ် ထင်ရင်တော့ ကလေးချင်း အားနာလို့ ထပ်မသွားတော့ဘူး။
=

image
1 နှစ် - ဘာသာပြန်ပါ။

Sydney Sweeney သရုပ်ဆောင်မယ့် လက်ဝှေ့ ရုပ်ရှင် ‘CHRISTY’ ထဲက First Look

image
1 နှစ် - ဘာသာပြန်ပါ။

#predatorbadlands မှာတွေ့ရမယ့် Elle Fanning New Looks ဖြစ်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Devil Wears Prada 2 ရဲ့ First Look ပုံထွက်ရှိ
ဇူလိုင် ၂၂ရက်၊ ၂၀၂၅။
ပရိသတ်တွေ အချိန်အကြာကြီးစောင့်မျှော်နေရတဲ့ The Devil Wears Prada ရဲ့ နောက်ဆက်တွဲရုပ်ရှင် The Devil Sells Prada ရဲ့ ပထမဆုံးပုံရိပ်တွေကို Universal Pictures က ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ မင်းသမီး Anne Hathaway, Meryl Streep နဲ့ Emily Blunt တို့က သူတို့ရဲ့ နာမည်ကျော်ဇာတ်ကောင်တွေအဖြစ် ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းဟာ ပထမကားအပြီး ၁၈ နှစ်အကြာမှာ Andy Sachs (Anne Hathaway) က Miranda Priestly (Meryl Streep) ရဲ့ ပြိုင်ဘက်ဖြစ်လာတဲ့အကြောင်းကို အဓိကထားရိုက်ကူးထားတာပါ။ Andy ဟာ အောင်မြင်တဲ့ online မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ The Plunge ကို တည်ထောင်သူဖြစ်လာပြီး၊ Miranda ရဲ့ Runway မဂ္ဂဇင်းကို ဝယ်ယူဖို့ ကြိုးစားရာကနေ သူတို့နှစ်ယောက်ကြားက အားပြိုင်မှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Emily Charlton (Emily Blunt) ကတော့ Andy ရဲ့ မဂ္ဂဇင်းမှာ အလုပ်ပြန်ဝင်လာပြီး Miranda ကို ရင်ဆိုင်ရာမှာ ကူညီပေးမှာ ဖြစ်ပါတယ်။
Anne Hathaway က ဒီဇာတ်ကောင်ကို ပြန်လည်သရုပ်ဆောင်ရတာနဲ့ပတ်သက်ပြီး "Andy Sachs ဟာ ကျွန်မအတွက် အမြဲတမ်း နေရာတစ်ခုရှိနေမယ့် ဇာတ်ကောင်ပါ" လို့ ပြောကြားခဲ့ပါတယ်။ Meryl Streep ကလည်း "Miranda လို ဇာတ်ကောင်မျိုးက သင့်ကို ဘယ်တော့မှ တကယ်အလွတ်မပေးပါဘူး" လို့ ရုပ်ရှင်ပြန်ရိုက်ဖြစ်တဲ့အပေါ် သူ့ရဲ့အမြင်ကို မျှဝေခဲ့ပါတယ်။
ဒီရုပ်ရှင်မှာ Hathaway, Streep နဲ့ Blunt တို့အပြင် မင်းသားသစ်အနေနဲ့ The Idea of You မှာ ပါဝင်ခဲ့တဲ့ Nicholas Galitzine ကလည်း ပါဝင်လာမှာဖြစ်ပြီး၊ သူက The Plunge မဂ္ဂဇင်းရဲ့ ဆိုရှယ်မီဒီယာမန်နေဂျာအဖြစ် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
The Devil Sells Prada ရုပ်ရှင်ကို လာမယ့်နှစ် နွေရာသီ​ မေလ ၂ရက်မှာ ရုံတင်ပြသဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Brandon Routh က ‘SUPERMAN’ ကြည့်ရင်း သုံးခါတောင် ငိုမိတယ်လို့ပြောပါတယ်။
"ကျွန်တော် အရမ်းကြိုက်တယ်။ David သရုပ်ဆောင်တဲ့ပုံကလည်း အံ့သြစရာပါပဲ။ ကျွန်တော် အနည်းဆုံး သုံးခါတောင် ငိုမိလိုက်တယ်…
Lois နဲ့ Clark တို့ရဲ့ တိုက်ခန်းထဲမှာ စကားပြောတဲ့အခန်းတွေ၊ မိသားစုဆန်ဆန် အပိုင်းတွေက ကျွန်တော့််ရင်ထဲ တကယ်ထိခဲ့တယ်လို့ပြောပါတယ်။
နောက်တစ်ခေါက်လည်း ထပ်ကြည့်ဦးမယ်လို့ဆိုပါတယ်။”
Brandon Routh ကတော့ Superman Return မှာသရုပ်ဆောင်ခဲ့တဲ့ Superman တစ်ဦးဖြစ်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

📸✨ Mini Selfie Fill Light – မိမိရဲ့ဓာတ်ပုံတွေကို ပိုမိုတောက်ပစေဖို့!
စျေးနုန်း ၁၂၀၀၀ကျပ်။
ဖုန်းနဲ့ကွန်ပျူတာမှာ တပ်ဆင်လွယ်ပြီး၊ ဓာတ်ပုံ၊ ဗီဒီယို၊ live, vlog, video call အတွက် အထူးသင့်လျော်တဲ့ mini LED light ဖြစ်ပါတယ်။
🔆 ထူးခြားချက်များ
💡 3 မျိုးအလင်းအရောင် – မိမိပတ်ဝန်းကျင်နဲ့ ကိုယ်တိုင်ကြိုက်နှစ်သက်မှုအတိုင်းရွေးချယ်နိုင်
🌗 အလင်းအတောက်ချိန်ညှိနိုင် – မီးနည်းတဲ့နေရာမှာတောင် ပုံရိပ်ရှင်းလင်း
📎 Clip-on Design – ဖုန်း/လပ်တော့မှာ တပ်ဆင်ရလွယ်ကူ
🔋 Rechargeable Battery – USB Type-C ဖြင့် အားသွင်းနိုင်၊ မကြာခဏအသုံးပြုနိုင်
👜 Pocket Size – အိတ်ထဲထည့်သယ်သွားလို့ရတဲ့အရွယ်အစား
📌 ဘာကြောင့်ဝယ်သင့်လဲ?
📷 ပုံရိပ်တွေကို ပိုမိုတောက်ပစေပြီး professional look ရရှိစေပါတယ်
💻 အိမ်မှာဖြစ်စေ၊ ရုံးမှာဖြစ်စေ – Zoom call, online class, content creation အတွက်အထူးသင့်တော်
🧳 ခရီးသွားရင်းတောင် သယ်သွားလွယ်
📦 ပါဝင်သောအရာ – 1 x Mini LED Light
🎨 အရောင် – ပုံတွင်ဖော်ပြထားသည့်အတိုင်း
📐 အရွယ်အစား – ပုံတွင်ဖော်ပြထားသည့်အတိုင်း
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
www.shop.com.mm/shop/zaycho
#minifilllight #selfielight #ledlight #vlogaccessories #videocalllight #contentcreatortools #myanmarshop #onlineshoppingmyanmar

image
1 နှစ် - ဘာသာပြန်ပါ။

📸✨ Mini Selfie Fill Light – မိမိရဲ့ဓာတ်ပုံတွေကို ပိုမိုတောက်ပစေဖို့!
စျေးနုန်း ၁၂၀၀၀ကျပ်။
ဖုန်းနဲ့ကွန်ပျူတာမှာ တပ်ဆင်လွယ်ပြီး၊ ဓာတ်ပုံ၊ ဗီဒီယို၊ live, vlog, video call အတွက် အထူးသင့်လျော်တဲ့ mini LED light ဖြစ်ပါတယ်။
🔆 ထူးခြားချက်များ
💡 3 မျိုးအလင်းအရောင် – မိမိပတ်ဝန်းကျင်နဲ့ ကိုယ်တိုင်ကြိုက်နှစ်သက်မှုအတိုင်းရွေးချယ်နိုင်
🌗 အလင်းအတောက်ချိန်ညှိနိုင် – မီးနည်းတဲ့နေရာမှာတောင် ပုံရိပ်ရှင်းလင်း
📎 Clip-on Design – ဖုန်း/လပ်တော့မှာ တပ်ဆင်ရလွယ်ကူ
🔋 Rechargeable Battery – USB Type-C ဖြင့် အားသွင်းနိုင်၊ မကြာခဏအသုံးပြုနိုင်
👜 Pocket Size – အိတ်ထဲထည့်သယ်သွားလို့ရတဲ့အရွယ်အစား
📌 ဘာကြောင့်ဝယ်သင့်လဲ?
📷 ပုံရိပ်တွေကို ပိုမိုတောက်ပစေပြီး professional look ရရှိစေပါတယ်
💻 အိမ်မှာဖြစ်စေ၊ ရုံးမှာဖြစ်စေ – Zoom call, online class, content creation အတွက်အထူးသင့်တော်
🧳 ခရီးသွားရင်းတောင် သယ်သွားလွယ်
📦 ပါဝင်သောအရာ – 1 x Mini LED Light
🎨 အရောင် – ပုံတွင်ဖော်ပြထားသည့်အတိုင်း
📐 အရွယ်အစား – ပုံတွင်ဖော်ပြထားသည့်အတိုင်း
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
www.shop.com.mm/shop/zaycho
#minifilllight #selfielight #ledlight #vlogaccessories #videocalllight #contentcreatortools #myanmarshop #onlineshoppingmyanmar

image