လှချင်တိုင်းလှနေပါတဲ့နောင်ခလှိုင်ရေဂူ
ဘားအံကိုညနေပိုင်းရောက်လာရင်ပဲဖြစ်ဖြစ်🚌
ကြာအင်းတောင် ဇွဲကပင်တောင်တက်ပြီးရင်ပဲဖြစ်ဖြစ် ⛰
ဘားအံကနေ ၁၀ မိနစ်ခန့်သာသွားရတဲ့နောင်ခလှိုင်ရေဂူမှာရေကူးဖို့မမေ့ပါနဲ့ 😊
အထူးသဖြင့် တခြားနယ်ကသူတွေချိုးကိုချိုးသင့်ပါတယ်
မိုးရေတွေကိုထပ်တလဲလဲစစ်ပြီးကျလာတဲ့ကျောက်စက်ရေတွေမို့
အေးမြလန်းဆန်းသန့်ရှင်းနေတာတော့အမှန်ပါပဲ 👍
သူမကိုချစ်တဲ့ကျွန်တော့အချစ်လိုပေါ့ 😁
ရေကူးဝရင်လည်းဗိုက်ဆာရင် ကျောက်ကလပ်ဘုရားမှာဝင်ဆွဲလို့လည်းရပါသေးတယ် 🍛
သိပ်လှတဲ့သဘာဝတရားမို့ လှအောင်ပဲထားထားတာအကောင်းဆုံးပါ
အဆင့်အတန်းမြင့်တဲ့သူတွေဆိုရင်အမှိုက်မပြစ်ပါဘူး 😊
သဘာဝတရားကိုမချစ်ရင်သဘာဝတရားကလည်းကျွန်တော်တို့ကိုစွန့်ခွာသွားပါလိမ့်မယ်...
သူမကတော့ မပြောတတ်ဘူးဗျာ 😞
#thuyatituktuk
#hpaantrip
#kayinstate
#သွားမယ်တည်းမယ်
