1 နှစ် - ဘာသာပြန်ပါ။

🔹(22.7.2025) ရက်နေ့က JOIM Website ပေါ်ကနေ ကုမ္ပဏီများက ခေါ်ယူခဲ့သော Urgent လိုအပ်နေသော Jobs Vacancies လေးများကို Photo တစ်ခုချင်းစီရဲ့ အောက်မှာဖော်ပြပေးထားပါတယ်..🔹
🔹ဘယ်လိုအလုပ် လျှောက်ရမလဲ . . . ❓
အောက်ပါ Link မှ တဆင့် Apply now နေရာတွင် လျှောက်ထားရမယ့် E-mail, Viber Contact တို ကို ကြည့်ရှုပြီး လျှောက်ထားနိုင်ပါသည်။
#company_direct_job_sharing
#joim_team
#job_opportunities_in_myanmar

image
1 နှစ် - ဘာသာပြန်ပါ။

🔹(22.7.2025) ရက်နေ့က JOIM Website ပေါ်ကနေ ကုမ္ပဏီများက ခေါ်ယူခဲ့သော Urgent လိုအပ်နေသော Jobs Vacancies လေးများကို Photo တစ်ခုချင်းစီရဲ့ အောက်မှာဖော်ပြပေးထားပါတယ်..🔹
🔹ဘယ်လိုအလုပ် လျှောက်ရမလဲ . . . ❓
အောက်ပါ Link မှ တဆင့် Apply now နေရာတွင် လျှောက်ထားရမယ့် E-mail, Viber Contact တို ကို ကြည့်ရှုပြီး လျှောက်ထားနိုင်ပါသည်။
#company_direct_job_sharing
#joim_team
#job_opportunities_in_myanmar

imageimage
+4

Financial Independence ငွေရေးကြေးရေး အမှီအခို ကင်းမှုရရှိရင်တော့ ဘဝမှာ စိတ်အေးလက်အေးနေရမှာပါ။
လုပ်သင့်တဲ့အချက်သုံးချက်ကတော့ -
၁။ မိမိကိုယ်ကို ရင်းနှီးမြှုပ်နှံပါ ။ စာအုပ်တွေဖတ် ၊ ဆွေးနွေးပွဲတွေတက်ပြီး မိမိနဲ့ရည်မှန်းချက်တူ အောင်မြင်ပြီးသားသူတွေဆီကနေ သင်ယူပါ ။
၂။ မိမိရဲ့ဝင်ငွေကို မြှင့်တင်ပါ။ ဝင်ငွေနည်းရင် ငွေစုရတာ ပိုကြာပါတယ်။ ရသမျှအကုန်မသုံးဘဲ ချွေတာပါ။ ချွေတာခြင်းက ချမ်းသာစေမှာ မဟုတ်ပေမဲ့ လိုအပ်ချိန်တွေမှာ မိမိလက်ထဲ ငွေရှိစေတယ် ။ အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အထောက်အကူပေးတယ် ။ ဒါကြောင့် ပိုက်ဆံကို မလိုအပ်ဘဲ ဖြုန်းတာထက် ချွေချွေတာတာ စုဆောင်းပါ
၃။ ဝင်ငွေရဲ့ ၂၀-၅၀ ရာခိုင်နှုန်းကို စုဆောင်းရင်းနှီးမြှုပ်နှံပြီး တိုးပွားအောင်လုပ်ပါ ။

image
1 နှစ် - ဘာသာပြန်ပါ။

၁၉၇၈ ခုနှစ် အောက်တိုဘာလတုန်းက အသက် ၂၀ အရွယ် ဩစတြေးလျလေယာဉ်မှူး ဖရက်ဒရစ်ဗယ်လင်တိတ် (Frederick Valentich) ဟာ ဩစတြေးလျ ကုန်းမကြီး နဲ့ တက်စ်မေးနီးယား (Tasmania) ကြားက ဘတ်စ်ရေလက်ကြား (Bass Strait) ပေါ်မှာ လေယာဉ် မောင်းနှင်နေရင်း ပျောက်ဆုံးသွားခဲ့ပါတယ်

လေယာဉ်ပျံသန်းနေစဉ်အတွင်း ဗယ်လင်တိတ် က မဲလ်ဘုန်းလေကြောင်းထိန်းချုပ်ရေးကို ရေဒီယိုနဲ့ အဆက်အသွယ်လုပ်ပြီး သူ့လေယာဉ်ပေါ်မှာ ဝဲပျံနေတဲ့ အမျိုးအမည်မသိပျံသန်းနေတဲ့အရာဝတ္ထု (UFO) တစ်ခုအကြောင်း သတင်းပို့ခဲ့ပါတယ်

သူက အဲ့ဒီအရာဝတ္ထုမှာ တောက်ပတဲ့ မီးလုံးလေးလုံးပါပြီး ပုံမှန်မဟုတ်ဘဲ မြန်မြန်ဆန်ဆန် ရွေ့လျားနေတယ်လို့ ပြောပြခဲ့ပါတယ် သူ့ရဲ့ နောက်ဆုံးအသံလွှင့်မှုမှာ ထိတ်လန့်စရာကောင်းတဲ့ စကားတစ်ခွန်းပါပြောခဲ့ပါတယ် “ဒါ လေယာဉ်တစ်စီး မဟုတ်ဘူး”လို့ ပြောပြီး မကြာခင်မှာပဲ ရေဒီယိုအဆက်အသွယ် ပြတ်တောက်သွားခဲ့ကာ ထူးဆန်းတဲ့ သတ္တုသံတွေပဲ ကြားခဲ့ရပါတယ်

အဲ့လိုဖြစ်ပြီးနောက် ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေခဲ့ပေမဲ့လည်း ဗယ်လင်တိတ်နဲ့ လေယာဉ်ကို ဘယ်လိုမှ ရှာမတွေ့ခဲ့ပါဘူး သူ့ရဲ့ ပျောက်ဆုံးမှုက ဩစတြေးလျရဲ့ အရှုပ်ထွေးဆုံး လေကြောင်းလျှို့ဝှက်ဆန်းကြယ်မှုတွေထဲက တစ်ခုအဖြစ် ကျန်ရှိနေပါတယ်

image
1 နှစ် - ဘာသာပြန်ပါ။

အသက် ၅၄ နှစ်အရွယ် ဂျပန်အမျိုးသားတစ်ဦးဖြစ်တဲ့ ဟီရိုတာကာဆိုင်တို (Hirotaka Saito) ဟာ သူ့ရဲ့ ကုမ္ပဏီကို ပိတ်ခဲ့တဲ့အပြင် သူ့ရဲ့ဇိမ်ခံကား Ferrari ကို ပါရောင်းချပြီး ခွေးတွေအတွက် ခိုလှုစရာနေရာတစ်ခုတည်ဆောက်ခဲ့ပါတယ်

သူ့ရဲ့ဒီစိတ်ကူးဟာ ပုဂ္ဂိုလ်ရေးအရ နက်ရှိင်းတဲ့ အဖြစ်အပျက်တစ်ခုကနေ ပေါ်ပေါက်လာတာပါ လွန်ခဲ့တဲ့ ၁၂ နှစ်က ဆိုင်တို ဟာ ငွေကြေးအခက်အခဲ ကြုံတွေ့ခဲ့ရပြီး သူ့ကိုယ်သူ အဆုံးစီရင်ဖို့ စီစဉ်ခဲ့ပါတယ် ဒါပေမဲ့ သူ့ရဲ့ အိမ်မွေးခွေးလေးက တံခါးဝမှာ ရပ်နေပြီး သူ့ကို အပြင်ထွက်ခွင့် မပြုခဲ့ပါဘူး အဲ့ဒီကနေသူဟာ ခွေးလေးတွေအပေါ် ချစ်ခင်စိတ်ပိုဖြစ်သွားပြီး ခွေးတွေကိုစောင့်ရှောက်နိုင်မဲ့ ဂေဟာတစ်ခုဖန်တီးဖို့စိတ်ကူးရသွားတာပါ

သူဟာ ဝမ်ဖရီး (Wansfree) လို့ခေါ်တဲ့ ကယ်ဆယ်ရေးစခန်းကို ရှိဇူအိုကာ (Shizuoka) ခရိုင်၊ ယာအိဇု (Yaizu) မှာ တည်ထောင်ခဲ့ပြီး အဲ့ဒီမှာ ခွေးတွေကို ကြိုးချည်နှောင်ခြင်းမရှိဘဲ လွတ်လွတ်လပ်လပ်သွားစေကာ ဂရုစိုက်စောင့်ရှောက်လျက်ရှိပါတယ် အခုဆိုရင် ခွေးအကောင် ၄၀ နဲ့ ကြောင် ၈ ကောင်တို့ရဲ့ အိမ်ဖြစ်နေပြီး ၂၀၂၈ ခုနှစ်မှာ ခွေးအကောင် ၃၀၀ အထိ စောင့်ရှောက်နိုင်ဖို့ မျှော်မှန်းထားပါတယ်

image
1 နှစ် - ဘာသာပြန်ပါ။

ကြွက်သား တည်ဆောက်ဖို့ မရှိမဖြစ် လိုအပ်တဲ့ ဖြည့်စွက်စာ Supplement ၁၅ မျိုး
ဘယ်အချိန် သောက်ရမလဲဆိုတာပါ အသေးစိတ်ရှင်းပြထားပါတယ်။
-1. Creatine (5g) - လေ့ကျင့်ခန်းလုပ်ပြီး (After workout)
-2. Whey Protein - လေ့ကျင့်ခန်းလုပ်ပြီး (After workout)
-3. Zinc - အိပ်ယာမဝင်ခင် မိနစ် 30 (30 mins before sleep)
- 4. Omega-3 (3g) - အစားအစာနဲ့အတူ (With meals)
-5. Vitamin D3 - မနက်စာ မစားခင် (Before first meal)
- 6. Magnesium - အိပ်ယာမဝင်ခင် မိနစ် 30 (30 mins before sleep)
- 8. Ashwagandha (500mg) - အိပ်ယာမဝင်ခင် (Before sleep)
- 8. Calcium (200mg) - အိပ်ယာမဝင်ခင် မိနစ် 30 (30 mins before sleep)
-9. Citrulline (5g) - လေ့ကျင့်ခန်းမလုပ်ခင် (Pre-workout)
-10. EAAs (20g) - လေ့ကျင့်ခန်းလုပ်နေစဉ် (During workout)
-11. Beta-Alanine (5g) - လေ့ကျင့်ခန်းမလုပ်ခင် (Pre-workout)
-12. CoQ10 (100mg) - မနက်စာနဲ့အတူ (With breakfast)
-13. Multivitamin (1 dose) - ပထမဆုံး အစားအစာနဲ့အတူ (With first meal)
-14. Phosphatidylserine - အိပ်ယာမဝင်ခင် (Before sleep)
-15. Follow Me - ကျွန်တော်တို့ကို Follow လုပ်ခြင်း 😜
မှတ်ချက်။ ဒီ supplement တွေဟာ ကြွက်သားတည်ဆောက်မှုကို အထောက်အကူပြုပေမယ့်၊ သင့်ခန္ဓာကိုယ်နဲ့ ကိုက်ညီမှုရှိမရှိ သိရဖို့ ဆရာဝန် ဒါမှမဟုတ် အာဟာရပညာရှင်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။
ကျန်းမာကြပါစေ။

1 နှစ် - ဘာသာပြန်ပါ။

အမိုက်စား "Toned" ဖြစ်တဲ့ ခန္ဓာကိုယ်ရဖို့ Cardio ချည်း လုပ်မနေနဲ့
အမျိုးသမီးတွေရေ... တကယ်လှပတဲ့၊ အချိုးကျတဲ့ (toned) ခန္ဓာကိုယ်မျိုးကို Cardio ချည်း လုပ်နေလို့ မရဘူးနော်။ အလွန်အကျွံ လေ့ကျင့်တာက ဖောရောင်တာ၊ ရောင်ရမ်းတာ၊ ပြီးတော့ skinny-fat (ပိန်ပေမယ့် ဗိုက်ပူပြီး အဆီရှိနေတာ) ဖြစ်စေနိုင်တယ်။
ပင်ပန်းနွမ်းနယ်တာမရှိဘဲ ခန္ဓာကိုယ်လှပဖို့ အကောင်းဆုံးနည်းလမ်း ၁၀ ခုထဲက ၄ ခုကို ဒီမှာမျှဝေပေးလိုက်ပါတယ်👇
1. Cardio အလွန်အကျွံလုပ်ခြင်းက Cortisol မြင့်တက်စေပြီး ရောင်ရမ်းမှုinflammation နဲ့ အဆီစုတာကို ဖြစ်စေတယ်။
လေ့ကျင့်ခန်းပုံစံကို strength training (အလွယ်ပြောရရင် ဝိတ်မခြင်း) နဲ့ ချိန်ညှိပါ။ ဒါမှ ကြွက်သားတွေ ပြန်တည်ဆောက်ပြီး ဟော်မုန်းတွေကို သဘာဝအတိုင်း ပြန်လည်ကောင်းမွန်စေမှာပါ။
2. နာတာရှည် ရောင်ရမ်းမှုတွေက ကြွက်သားအလှကို
ဖုံးကွယ်ထားပြီး ခန္ဓာကိုယ်ကို ဖောရောင်စေတယ်။
- အရွက်စိမ်းတွေ၊ နနွင်း (turmeric) နဲ့ Omega-3s တွေလိုမျိုး anti-inflammatory (ရောင်ရမ်းမှုကျစေတဲ့) အစားအစာတွေကို အဓိကထား စားပေးပါ။
3. အလွန်အကျွံ လေ့ကျင့်တာက စွမ်းအင်ကုန်ခမ်းစေပြီး ဇီဝကမ္မဖြစ်စဉ် (metabolism) ကို နှေးစေကာ အဆီတွေကို ပိတ်လှောင်ထားသလို ဖြစ်စေတယ်။
-အနားယူတဲ့ရက်တွေကို ထည့်သွင်းပြီး အရည်အသွေးမြင့် အိပ်စက်ခြင်းကို ဦးစားပေးပါ။ ဒါမှ ခန္ဓာကိုယ် ပြန်လည်အားဖြည့်ဖို့နဲ့ ဟော်မုန်းမျှတဖို့ အထောက်အကူပြုပါလိမ့်မယ်။
4. တကယ့်ကို အဆီကျခြင်းဆိုတာ ဘဝတစ်ခုလုံးကို ပြောင်းလဲစေတာပဲ။ယုံကြည်မှု (confidence)၊ စွမ်းအင် (energy) နဲ့ ဟော်မုန်းကျန်းမာရေး (hormone health) ကိုပါ တိုးမြှင့်ပေးတယ်။ ကယ်လိုရီတွေ ဒါမှမဟုတ် treadmill ပေါ်မှာ နာရီပေါင်းများစွာ လောင်ကျွမ်းဖို့ထက် ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း အဆီလောင်ကျွမ်းနိုင်စွမ်းကို ပြန်လည်စတင်ဖို့ အရေးကြီးတယ်။
ဒီအချက်လေးတွေကို လိုက်နာမယ်ဆိုရင် အရမ်းကိုမှလိုချင်နေတဲ့ "toned" ခန္ဓာကိုယ်အလှကို ပင်ပန်းစရာမလိုဘဲ ပိုင်ဆိုင်နိုင်မှာပါ။
online ပေါ်ကမျှဝေမှုတိုင်းကယေဘူယျဆန်ပါတယ်။ကိုယ့်အတွက်
အကျိုးရှိမဲ့အရာကိုရှာဖွေအသုံးချနိုင်ပါစေ။

1 နှစ် - ဘာသာပြန်ပါ။

အသက်ရှည်ဖို့ လူတွေ သိပ်သတိမထားမိတဲ့ နေ့စဉ် အလေ့အကျင့် ၃ ခု
လူတော်တော်များများက အသက်ရှည်ကျန်းမာဖို့ဆိုရင် ခက်ခဲတဲ့အရာတွေ လုပ်မှရမယ်လို့ ထင်ကြတယ်။ တကယ်တော့ ရိုးရှင်းတဲ့ နေ့စဉ်အလေ့အကျင့်လေးတွေက မထင်မှတ်ထားလောက်အောင် အကျိုးပြုပါတယ်။ ဒီ ၃ ချက်က လူတွေ သိပ်ဂရုမစိုက်မိတဲ့၊ ဒါပေမယ့် အသက်ရှည်ကျန်းမာရေးအတွက် အရမ်းအရေးကြီးတဲ့ အလေ့အကျင့်တွေပါပဲ
1. ခြေလှမ်း 10,000 လျှောက်ခြင်း
နေ့တိုင်း လမ်းလျှောက်တာက သင့်ခန္ဓာကိုယ်ကို လှုပ်ရှားစေပြီး သွေးလည်ပတ်မှုကောင်းစေတယ်။ နှလုံးကျန်းမာရေးအတွက်လည်း အကောင်းဆုံးပဲ။ အဆစ်အမြစ်တွေကိုလည်း သန်မာစေတာပေါ့။ ရိုးရှင်းပေမယ့် အကျိုးအများကြီးရှိတယ်
2. ၈ နာရီ အိပ်စက်ခြင်း
အိပ်ရေးဝဖို့က ခန္ဓာကိုယ်အတွက် အားပြန်ဖြည့်တင်းတာ၊ ဆဲလ်တွေ ပြန်လည်ပြုပြင်တာ၊ ဟော်မုန်းတွေကို မျှတအောင် ထိန်းညှိပေးတာတွေအတွက် မရှိမဖြစ်လိုအပ်တယ်။ အိပ်ရေးမဝရင် စိတ်ဖိစီးမှုတွေ များလာပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်။
3. နှာခေါင်းနဲ့ အသက်ရှူခြင်း
ပါးစပ်နဲ့ အသက်ရှူတာထက် နှာခေါင်းနဲ့ အသက်ရှူတာက ပိုပြီး ကျန်းမာရေးအတွက် ကောင်းမွန်တယ်။ နှာခေါင်းက လေကို စစ်ထုတ်ပေးတယ်၊ အပူချိန်ကို ချိန်ညှိပေးတယ်၊ အစိုဓာတ်ကို ထိန်းပေးတယ်။ ဒါ့အပြင် nitric oxide ထုတ်လုပ်မှုကိုလည်း အားပေးပြီး သွေးလည်ပတ်မှု၊ ဦးနှောက်လုပ်ဆောင်ချက်တွေကိုပါ ကူညီပေးနိုင်တယ်။
ခန္ဓာကိုယ်ရဲ့ biology က တသမတ်တည်း လုပ်ဆောင်တာကို အမြဲဆုပေးတယ်။ ဒီတော့ ဒီအလေ့အကျင့်လေးတွေကို နေ့တိုင်း ပုံမှန်လုပ်ပေးရင်း ကျန်းမာပျော်ရွှင်တဲ့ အသက်ရှည်ဘဝကို ပိုင်ဆိုင်လိုက်ပါ။

1 နှစ် - ဘာသာပြန်ပါ။

Combat Wombat (202

မက်ဂီဒစ်ဂီစ်ဆို wombat တစ်ကောင်ဟာ သူ့ရဲ့ချစ်သူ ဘရက်ဒလေဆိုတဲ့သူနဲ့အတူတကွနေထိုင်ရင်း တစ်နေ့မှာ သူတိုအလုပ်လုပ်တဲ့မြေကျင်းနေရာပြိုကျပြီး ချစ်သူကိုဆုံးရှုးလိုက်ရပါတယ်သူဟာသူ့ချစ်သူမရှိတော့တဲ့နောက်မှာ တနေ့တနေ့ သူချစ်သူကိုရှာဖိုကြိုးစားလိုက်
စားသောက်ဖိုအတွက်သူများဆီကခိုးယူလိုက်နဲ့ ဘဝကိုဖြစ်သလိုဖြတ်သန်းနေခဲ့ပါတယ်သူတိုမြေကျင်းပြိုကျတုန်းက ကယ်ပေးခဲ့တဲ့ Hero Flightless Feather ဆိုသူကိုလည်းမုန်းတီးနေခဲ့ပါတယ်။ ဘာလိုမုန်းတီးခဲ့လဲဆိုတာရယ် ဘယ်လိုအကြောင်းအရာတွေကြောင့် စူပါဟီးရိုးတွေကိုမယုံကြည်တဲ့ သူမဟာလည်း နောက်ပိုင်းမှာ စူပါဟီးရိုးဖြစ်လာခဲ့တာလဲဆိုတာကို သိချင်ရင်တော့ ဒီကားလေးထဲမှာပဲ ဆက်လက်ကြည့်လိုက်ပါ

🕯👻ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

👻🕯ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1936

image
1 နှစ် - ဘာသာပြန်ပါ။

နဂါးငွေ့တန်း ဂလက်ဆီရဲ့ ဗဟိုရှိ ဧရာမ တွင်းနက်ကြီးရဲ့ ပုံရိပ်
ဥရောပတောင်ပိုင်း နက္ခတ္တဗေဒ စောင့်ကြည့်လေ့လာရေးစခန်း (European Southern Observatory) က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ Event Horizon တယ်လီစကုပ်ဟာ နဂါးငွေ့တန်း ဂလက်ဆီရဲ့ ဗဟိုမှာရှိတဲ့ ဧရာမ တွင်းနက်ကြီးရဲ့ ပုံရိပ်ကို ပထမဆုံးအကြိမ်အဖြစ် ရိုက်ကူးနိုင်ခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေဟာ နေကနေ အလင်းနှစ် ၂၇,၀၀၀ ကွာဝေးတဲ့ Sagittarius A လို့ခေါ်တဲ့ မှိန်ဖျော့ဖျော့ ရေဒီယိုလှိုင်း ထုတ်လွှတ်ရာနေရာဟာ နဂါးငွေ့တန်း ဂလက်ဆီရဲ့ ဗဟိုနဲ့ တိုက်ဆိုင်နေပြီး အဲဒီနေရာမှာ တွင်းနက်ကြီး တည်ရှိနေတာကို တွေ့ရှိခဲ့ပါတယ်။
လေ့လာတွေ့ရှိမှုတွေကို ၂၀၁၇ ခုနှစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး Sagittarius A ပတ်လည်က ဓာတ်ငွေ့တွေရဲ့ တောက်ပမှုနဲ့ ဖွဲ့စည်းပုံတွေဟာ လျင်မြန်စွာ ပြောင်းလဲနေတာကြောင့် အချက်အလက်တွေကို ပြုပြင်ဖို့ ၅ နှစ်ကြာ အချိန်ယူခဲ့ရပါတယ်။ ဒီတွေ့ရှိချက်က နဂါးငွေ့တန်း ဂလက်ဆီရဲ့ ဗဟိုမှာ တွင်းနက်ကြီး တည်ရှိနေတယ်ဆိုတာကို နောက်ဆုံးမှာ သက်သေပြနိုင်ခဲ့ပါတယ်။
#အင်္ဂါဂြိုဟ် #လကမ္ဘာ #သိပ္ပံ #ထူးဆန်းထွေလာ #ဂျူပီတာဂြိုဟ် #ကမ္ဘာ #science

image