ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းအနေဖြင့် အရှေ့ပိုင်း ဒွန်းဘက်စ်ဒေသတခုလုံးကို စွန့်လွှတ်ရန်၊ နေတိုးအဖွဲ့(NATO)သို့ ဝင်ရောက်မည့် ရည်မှန်းချက်များကို စွန့်လွှတ်ရန်၊ ကြားနေရန်နှင့် နိုင်ငံအတွင်း အနောက်တိုင်းတပ်ဖွဲ့များကို လက်မခံရန် တောင်းဆိုလျက်ရှိကြောင်း ရုရှားအစိုးရ ထိပ်ပိုင်းတာဝန်ရှိသူများနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်သုံးခုက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
ရုရှားနှင့် အမေရိကန်ကြား လေးနှစ်ကျော်ကြာကာလအတွင်း ပထမဆုံးထိပ်သီးဆွေးနွေးပွဲအဖြစ် ရုရှားသမ္မတသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အလက်စကာတွင် ဩဂုတ် ၁၅ ရက်က တွေ့ဆုံခဲ့သည်။ သုံးနာရီကျော်ကြာ အစည်းအဝေး တလျှောက်လုံးနီးပါးတွင် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး အပေးအယူလုပ်၍ ရနိုင်မည့်ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။
