#ခရမ်းချဉ်သီးထောင်းစပ်စပ်လေး??
🥰 ကိုင်းခရမ်းချဥ်သီးကိုမီးဖုတ်ထားပါ

🥰 ကြက်သွန်ဖြူနဲ့ငရုပ်သီးစိမ်းလေးလှော်

🥰ငပိမီးကင်ထားပါ
ပြီးရင် ရောထောင်းပါ

😜 အရသာအတွက် ဆား အချိုမုန့်လိုတာထည့်ပါ

🥰 ငရုပ်သီးအကျက်မုန့် လေးကြိုက်ရင်ထပ်ထည့်ပါ

😀 နောက်ဆုံး နံနံပင် လေးညှပ်ထည့်ပြီးပဲဆီလေးဆမ်းပြီးရပါပြီရှင်
အရမ်းကြိုက် တဲ့အထောင်းလေး❤

Crd

image

တည်ငြိမ်ခြင်းဆိုတာဟာလည်း ကျွန်တော်တို့ ဘဝတွေအတွက် တကယ့်ကို အခရာကျတဲ့အချက် ဖြစ်ပါတယ် ။
ကျွန်တော့်ရဲ့အပျော်ရွှင်ဆုံးနဲ့ အလုပ်ဖြစ်ဆုံးအခိုက်အတန့်တွေဟာလည်း အဲဒီတည်ငြိမ်ခြင်းနဲ့ လက်ရှိအခိုက်အတန့် တွေမှာ တည်ရှိခြင်းကနေသာ လာတာဖြစ်လို့ပါပဲ ။
တည်ငြိမ်ခြင်းဆိုတဲ့နေရာမှာ အလျင်စလိုဖြစ်ခြင်း ၊ အာရုံပျက်ပြားခြင်းတို့လို အရာတွေမပါဘူး ။ တည်ငြိမ်ခြင်းဆိုတာဟာ ကျွန်တော့်ကိုယ်ကျွန်တော် ၊ ကျွန်တော့် ပတ်ဝန်းကျင် ၊ ချစ်ရသူ ၊ သူငယ်ချင်းမိတ်ဆွေ ၊ မိသားစုစတာတွေနဲ့လည်း ချိတ်ဆက်ပေးနိုင်စွမ်းရှိတယ် ။
ဒီနေ့ခေတ်ကမ္ဘာကြီးဟာ ဆူညံသံတွေ အရမ်းများလာပါတယ် ။ မောပန်းစရာတွေ ပေါလာတယ် ။ အတွေးလွန်မှုတွေ ခေတ်စားလာတယ် ။ ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ ခဏလေးရပ်သင့်ရင် ရပ်ဖို့ ၊ အခိုက်အတန့်ကို ခံစားဖို့ ၊ ချစ်ရသူတွေကို ပြန်ကြည့်ပေးဖို့ ၊ ငါဘယ်လောက်ရောက်ခဲ့ပြီးလဲ ငါ ဘယ်လောက်ဆက်သွားရဦးမှာလဲဆိုတာတွေကို တွက်ချက်ကြည့်ဖို့ ၊ တည်ငြိမ်ဖို့ ပစ္စုပ္ပန်မှာ အတတ်နိုင်ဆုံးနေထိုင်နိုင်ဖို့ စတာတွေကို ကြိုးစားကြဖို့ လိုပါတယ်။
နိုင်ဦး - ၁၁၉

image
33 w - Translate

၂၀၁၃ ခုနှစ်တုန်းက အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်တဲ့ ယီမန်ယွမ် (Ye Mengyuan) ဟာ ဆန်ဖရန်စစ္စကိုလေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ Asiana Flight 214 လေယာဉ်ပျက်ကျမှု ကနေ အသက်ရှင်ခဲ့ပါတယ် ဒါပေမဲ့ ကံဆိုးစွာဘဲလေယာဉ်ပျက်ကျပြီး မကြာခင်မှာ အခင်းဖြစ်ပွားရာနေရာကို ရောက်လာတဲ့ မီးသတ်ကားတစ်စီးနဲ့ တိုက်မိပြီး ေxသဆုံးသွားခဲ့ရပါတယ်
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှာ Asiana Airlines Flight 214 ဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြိုကနေ ဆန်ဖရန်စစ္စကိုကို ပျံသန်းလာပြီး ဆန်ဖရန်စစ္စကို အပြည်ပြည်ဆိုင်ရာလေဆိပ် (SFO) မှာ ဆင်းသက်စဉ် မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ် လေယာဉ်ဟာ ပြေးလမ်းပေါ်ဆင်းပြီးနောက် မီးလောင်ကျွမ်းခဲ့ပါတယ် ဒီဖြစ်ရပ်ကြောင့် လူသုံးဦး ေxသဆုံးခဲ့ပြီး ၁၈၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်
ယီမန်ယွမ် ဟာ လေယာဉ်ပျက်ကျမှုကနေ အသက်ရှင်ခဲ့ပြီး လေယာဉ်ထဲကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ် ဒါပေမဲ့ သူမဟာ လေယာဉ်ရဲ့ အတောင်ပံနားမှာရှိနေစဉ် ရှုပ်ထွေးနေတဲ့ အခြေအနေတွေကြားမှာ ရောက်ရှိလာတဲ့ မီးသတ်ကားတစ်စီးနဲ့ မတော်တဆတိုက်မိခဲ့ကာ ကွယ်လွန်သွားခဲ့ရပါတယ် ဒီဖြစ်စဉ်ဟာ အလွန်ဝမ်းနည်းဖွယ်ရာ ကံဆိုးမှုတစ်ခုဖြစ်ပြီး လူတစ်ယောက်ရဲ့ ရှင်သန်ပုံဟာ အချိန်ခဏအတွင်းမှာ ပြောင်းလဲနိုင်တယ်ဆိုတာကိုဖော်ပြနေပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image
33 w - Translate

"Bubble Boy" လို့ လူသိများကြတဲ့ David Vetter ဟာ ကိုယ်ခံအားစနစ် လုံးဝမရှိတဲ့ ရှားပါးမျိုးရိုးဗီဇချိုယွင်းမှုနဲ့ မွေးဖွားခဲ့ပါတယ် သူ့ကို အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ပိုးမွှားတွေရန်ကနေ ကာကွယ်ဖို့အတွက် သူ့တစ်သက်တာလုံး လုံးဝပိုးသန့်စင်ထားတဲ့ ပလတ်စတစ်ပူဖောင်းထဲမှာ နေခဲ့ရပါတယ် ၁၂ နှစ်တာကာလပတ်လုံး David ဟာ ဒီပလတ်စတစ်ပူဖောင်းထဲမှာ ပိတ်လှောင်ခံခဲ့ရပြီး အခြားလူသားတစ်ဦးကို မထိတွေ့နိုင်ခဲ့သလို ပြင်ပကမ္ဘာကိုလည်း တွေ့ကြုံခံစားခွင့်မရခဲ့ပါဘူး
ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေတွေကြားကနေ David ဟာ အသက်ရှင်သန်ဖို့အတွက် အားတင်းပြီးနေခဲ့ရပါတယ် ဒါပေမဲ့လည်း သူဟာ အရိုးခြင်ဆီအစားထိုးကုသမှု မအောင်မြင်ပြီးနောက် ၁၂ နှစ်သားအရွယ်မှာဘဲကွယ်လွန်ခဲ့ရပါတယ် ဒါပေမဲ့ သူ့ကြောင့် ဖြစ်ပေါ်လာတဲ့ ဆေးပညာဆိုင်ရာ တိုးတက်မှုတွေကတော့ ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image
33 w - Translate

Kung Food (2018)

ဇာတ်လမ်းအကြောင်းလေးကတော့ပေါင်ဟာဆိုရင် အပူပေးပြီးပေါင်းထားတဲ့ပေါင်မုန့်လေးဖြစ်ပြီးတော့ အမြဲတမ်းဟီးရိုးတစ်ယောက်ဖြစ်လာဖို ကမ္ဘာကြီးကိုကယ်တင်ဖိုအတွက်ဆိုပြီးပဲ တွေးနေတဲ့သူဖြစ်ပါတယ် ဒါနဲ့တစ်ရက်မှာတော့သူ့ရဲ့ဆရာဖြစ်သူက အပြင်လောကကြီးကိုစူးစမ်းပြီး မကောင်းတဲ့သူတွေကိုနှိမ်နင်းဖိုအတွက်ဆိုပြီး ပေါင်လေးကိုအပြင်ကိုလွှတ်လိုက်ပါတယ်
ဒီလိုနဲ့စူပါပေါင်လေးဟာပင်လယ်ထဲကိုထွက်မယ့်သင်္ဘောကြီးတစ်စီးပေါ်ကိုလိုက်ပါလာခဲ့တာပေါ့
ဖြစ်ချင်တော့စူပါပေါင်လေးစီးလာတဲ့သင်္ဘောကိုပင်လယ်ဓားပြတွေကဝင်ပြီးတော့တိုက်ခိုက်ပါတော့တယ် အမြဲတမ်းဟီးရိုးတစ်ယောက်
သူရဲကောင်းဖြစ်ချင်နေတဲ့ပေါင်အတွက် လူစွမ်းကောင်းဖြစ်ဖိုအခွင့်အလမ်းရလာတယ်ပြောရမှာပေါ့
ပေါင်မုန့်လေးဖြစ်တဲ့ပေါင်ဟာမကောင်းတဲ့သူတွေကိုဘယ်လိုတိုက်ခိုက်သွားမလဲ
သူဖြစ်ချင်တဲ့သူရဲကောင်းအဖြစ်ကိုရောက်ရှိနိုင်မှာလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကာတွန်းကားကောင်းလေးဖြစ်ပါတယ်

😍ကြည့်ရန်နှိပ်ပါ👇

t.me/animezatcar/353

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image

UFO မဟုတ်တဲ့ ဥက္ကာခဲ သို့ 3I /ATLAS
ပြီးခဲ့တဲ့ လပိုင်းအတွင်းက နေအဖွဲ့အစည်းပြင်ပ အာကာသ ကနေ နေအဖွဲ့အစည်း အတွင်းကို ဝင်ရောက်လာတဲ့ 3I/ATLAS လို့ နာမည်ပေးထားတဲ့ Comet တစ်ခုအကြောင်းကို ကျွန်တော်တို့ MASES မှာ ဖော်ပြခဲ့ပြီးပါပြီ။
အခုရက်ပိုင်းအတွင်းမှာ ဒီသတင်းကိုပဲ တစ်ချို့မီဒီယာတွေက ဒါဟာ Alien Ship တစ်မျိုးဖြစ်တယ်ဆိုပြီး Harvard က astrophysicist တစ်ယောက်ဖြစ်တဲ့ Avi Loeb ဆိုတဲ့ သူက ပြောလာတယ်ဆိုပြီး သတင်းတွေ ထွက်လာပါတယ်။
(Mizzima လို သတင်းဌာနတွေပါ ဖော်ပြလာတော့ သို့လောသို့လောတွေ ဖြစ်လာကြပြီး page မှာလာမေးကြပါတယ်။)
အတိုပြောရရင်တော့ ဒီ 3I/ATLAS လို့အမည်ပေးထားတဲ့ ဥက္ကာခဲက တကယ်တော့ ကြယ်တံခွန် (comet) တစ်ခုပါ။
ဒီသတင်းကိုစဖြန့်တဲ့ Avi Loeb က သူ့အရင် အရှေ့က Interstellar object တွေကိုလည်း Alien UFO တွေလို့ ပြောဖူးပါတယ်။
အထင်ရှားဆုံးကတော့ ၂၀၁၇ ခုနှစ်မှာ နေအဖွဲ့အစည်းထဲကို ဝင်ရောက်လာခဲ့တဲ့ 'Oumuamua' လို ဥက္ကာခဲ ကနေစပြီးအခုလို ဆက်တိုက်ပြောနေတာဖြစ်ပါတယ်။သူပြောနေတာ ပြောတာပဲရှိပြီး သက်သေမပြနိုင်ပါဘူး။Hypothesis သက်သက်သာဖြစ်ပါတယ်။
'Oumuamua' ဟာလည်း ပုံသဏ္ဌာန် ထူးခြားတာ၊ ကြယ်တံခွန် အမြီးမပါဘဲ အရှိန်ရွေ့လျားတာ စတဲ့အချက်တွေကြောင့်စစပိုင်းတုန်းကတော့ သိပ္ပံပညာရှင်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
ဒါပေမယ့် နောက်ဆုံးမှာတော့
'Oumuamua' ဟာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ဥက္ကာပျံ (သို့မဟုတ်) ကြယ်တံခွန်တစ်မျိုးသာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်အများစုက ကောက်ချက်ချခဲ့ကြပြီး Alien Ship မဟုတ်ဘူးဆိုတာကို အတည်ပြုခဲ့ပြီးပါပြီ။
ပါမောက္ခ Avi Loeb ကိုယ်တိုင်က Alien လို့ခေါ်တဲ့ ဂြိုဟ်သားရှိတယ်ဆိုတာကို အရမ်းယုံကြည်ပြီး အဲ့အတိုင်းဖြစ်စေချင်နေတဲ့သူတစ်ယောက် ဖြစ်ပါတယ်။
အရင်တုန်းက Pacific ocean ထဲမှာ alien tech တွေရှိတယ်ဆိုပြီး research အဖွဲ့တစ်ခုကိုဦးဆောင်ပြီးလုပ်ဖူးပါတယ် ဒါပေမယ့် သူပြောသလို နှစ်တော်တော်ကြာတဲ့ အထိ သက်သေ မတွေ့တာကြောင့် အဖွဲ့ပျက်သွားပါတယ် ။အခုတစ်ခါ တစ်စခန်းထလာတာမျိုးပါ။
ဒါကြောင့် သူ့ရဲ့အဆိုပြုချက်တွေဟာ လက်တွေ့သိပ္ပံအချက်အလက်တွေနဲ့ ကိုက်ညီမှုမရှိတာမျိုးတွေ ရှိနေပါတယ်။
နက္ခတ္တသိပ္ပံပညာရှင်အများစုကတော့ 3I/ATLAS ဟာ ကြယ်တာရာကြားကနေ ဝင်ရောက်လာတဲ့ သဘာဝဥက္ကာပျံ (natural comet) တစ်ခုအဖြစ်ပဲ သုံးသပ်ကြပါတယ်။ သူ့ရဲ့ ရွေ့လျားနှုန်းနဲ့ လမ်းကြောင်းဟာ ထူးခြားနေတယ်ဆိုပေမဲ့ comet တွေရဲ့သဘာဝ ကြောင့် ဖြစ်ရတာ ဖြစ်နိုင်ခြေပိုများပါတယ်။
ဥက္ကာပျံတွေမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ်လို မတည်ငြိမ်တဲ့ ရေခဲတွေ ပါဝင်တာကြောင့်နေအနားနီးလာတဲ့အချိန်မှာ သူတို့ရဲ့ အမြန်နှုန်းပြောင်းလဲသွားတာမျိူး ဖြစ်နိုင်ချေရှိပါတယ်။
အခုလို နောက်ပြီးတော့ NASA နဲ့ တစ်ခြားspace agency တွေ ယုံကြည်ရတဲ့ သိပ္ပံပညာရှင်တွေက 3I/ATLAS ကို ဥက္ကာခဲတစ်ခုလို့ပဲ တစ်ညီတစ်ညာတည်း ကောက်ချက်ချထားပါတယ်။
ပြီးတော့ သူ့ကို နေ့တိုင်းစောင့်ကြည့်နေတဲ့ ပညာရှင်တွေအများကြီးရှိနေတာကြောင့် တစ်ခုခုထူးခြားတာနဲ့ ကျွန်တော်တို့သိရမှာပါ။
အခုခေတ် မီဒီယာလောကမှာ Clickbait လို့ခေါ်တဲ့ ခေါင်းစဉ်ကို စဖတ်လိုက်ချင်းမှာဖတ်ချင်အောင် ဆွဲဆောင်မှုရှိတဲ့ သတင်းတွေဟာ အရမ်းပေါများလာပါတယ်။
ဒီလိုသတင်းတွေဟာ လူတွေရဲ့ စိတ်ဝင်စားမှုကို ချက်ချင်းဆွဲဆောင်နိုင်ပေမဲ့ အချက်အလက်မှန်ကန်မှုမှာတော့ အရမ်းအားနည်းနိုင်ပါတယ်။
သိပ္ပံပညာရဲ့ အခြေခံမူတစ်ခုကတော့ "Falsifiable" (မှားကြောင်းပြသနိုင်ခြင်း) ဖြစ်ပါတယ်။ ဆိုလိုတာက သိပ္ပံနည်းကျ သီအိုရီတစ်ခုဟာ မှန်ကန်တယ်လို့ အတည်ပြုဖို့အတွက် စမ်းသပ်မှုတွေ၊ လေ့လာမှုတွေကနေတစ်ဆင့် မှားကြောင်းပြသလို့မရမှသာ အမှန်တရားအဖြစ်လက်ခံနိုင်တာမျိုးပါ။
လက်ရှိအချိန်အထိ 3I/ATLAS ကို Alien Ship လို့ သတ်မှတ်ဖို့ ခိုင်မာတဲ့ သိပ္ပံနည်းကျ အထောက်အထား ဘာတစ်ခုမှ မရှိသေးပါဘူး။ သိပ္ပံပညာရှင်အများစုက ဒါဟာ သဘာဝအတိုင်းဖြစ်တည်နေပြီး နေအဖွဲ့အစည်းတွင်းကိုဝင်လာနေတဲ့ ကြယ်တံခွန်တစ်လုံးပဲလို့ အတည်ပြုထားပါတယ်။

image
33 w - Translate

From Hell (2001)

မင်းသားကြီး Johnny Depp ငယ်စဉ်က သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကားကောင်း တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်...

၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ From Hell ဆိုတဲ့သည်းထိတ်ရင်ဖို စုံထောက် ရုပ်ရှင်ကားဖြစ်ပါတယ်...

IMDb Rating 6.8 ထိ ရရှိထားပါတယ်...

Johnny Depp နဲ့ အတူ မင်းသမီး Heather Graham ပါ သရုပ်ဆောင်ထားပါတယ်...

ဇာတ်လမ်းပုံစံကတော့ ဒုစရိုက်မှုတွေ ကြီးစိုးတဲ့ မြိုတစ်ခုမှာရဲစုံထောက် နာမည်ကျော် အက်ဗာလိုင်း ဆိုတဲ့ လူတစ်ယောက်ရှိတယ်...

သူက ဘယ်လောက်ထိ နာမည်ကြီးလဲဆိုရင် သေနေတဲ့သူရဲ့အလောင်းကို ကိုင်ကြည့်ရုံနဲ့ လူသတ်မှုကို ခြေရာခံနိုင်ပါသတဲ့ စိတ်စွမ်းအင်လဲ ရှိပြီး လူသတ်မှုတွေ မဖြစ်ခင် ကြိုတင်အာရုံရတက်ပါတယ်...

သူက လူထူးလူဆန်းလို ဖြစ်နေပြီး မြိုနယ် ရဲတပ်ဖွဲရဲ့ အားကိုးရာလဲဖြစ်ပါတယ်...

ပုံစံ အရ ပြောရရင် မင်းသိင်္ခ ၀တ္တုထဲက ဆားပုလင်း နှင်းမောင် လိုပေါ့တစ်ရက်မှာတော့ အဲ့ဒီ မြိုသေးသေးလေးမှာ အမှုအခင်း ထူးထူးဆန်းဆန်းတစ်ခုဖြစ်ခဲ့ပါတယ်...

😍ကြည့်ရန်နှိပ်ပါ👇

t.me/yoteshinkyimal1/31

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
33 w - Translate

ဒီည Dinner Look မှာ
မြင်တွေ့ရတဲ့
Veena Praveenar ✨
Color of the Day
တနေကုန် အဖြူရောင်နဲ့ချေချတာနော်🤍
Queen of the Day ပါ Veena ရယ် 👑

image
33 w - Translate

ဒီည Dinner Look မှာ
မြင်တွေ့ရတဲ့
Veena Praveenar ✨
Color of the Day
တနေကုန် အဖြူရောင်နဲ့ချေချတာနော်🤍
Queen of the Day ပါ Veena ရယ် 👑

image
33 w - Translate

ဒီည Dinner Look မှာ
မြင်တွေ့ရတဲ့
Veena Praveenar ✨
Color of the Day
တနေကုန် အဖြူရောင်နဲ့ချေချတာနော်🤍
Queen of the Day ပါ Veena ရယ် 👑

image