◼ အမေရိကန်နှင့်တရုတ်ကြား ယာယီကုန်သွယ်ရေးသဘောတူညီမှုရက်ပေါင်း ၉၀ သက်တမ်းတိုး
တိုးမြှင့်ထားသော အခွန်အကောက်များ အသက်ဝင်လာရန် နာရီပိုင်းအလိုမှာပင် အမေရိကန်နှင့်တရုတ်တို့က ၎င်းတို့ကြားက ယာယီကုန်သွယ်‌ရေးသဘောတူညီမှုကို နိုဝင်ဘာလ ၁၀ ရက်နေ့အထိ သက်တမ်းတိုးလိုက်သည်။
ယခုနှစ်အစောပိုင်း က ကြေညာထားခဲ့သည့် ရာခိုင်နှုန်း ၁၀၀ ကျော် သော အခွန်များကို နောက်ထပ် ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားလိုက်ကြောင်း ကမ္ဘာ့အကြီးဆုံး စီးပွားရေးနှစ်နိုင်ငံ က ပူးတွဲကြေညာချက်တစ်ရပ်တွင် ပြောသည်။
ပြီးခဲ့သည့်လ နှစ်ဖက်ဆွေးနွေးမှုများမှာလည်း အပြုသဘောဆောင်သည်ဟု နှစ်ဖက်စလုံးက ပြောကြားပြီး အဆုံးသတ်ခဲ့သည်။
နှစ်နိုင်ငံစလုံး က သဘောတူညီမှုကို ဆက်ထိန်းရန် တွန်းအားပေးကြမည်ဖြစ်ကြောင်း တရုတ်ထိပ်တန်းညှိနှိူင်းရေးမှူးက ထိုစဉ်ကပြောကြားခဲ့သည်။
အမေရိကန်အရာရှိများကမူ သမ္မတ‌ဒေါ်နယ်ထရန့် ထံ မှ နောက်ဆုံး ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း ပြောကြားခဲ့ကြသည်။
အခွန်ကောက်ဆိုင်းငံ့မှုသက်တမ်းတိုးသော သမ္မတရုံး အမိန့်ကို ဒေါ်နယ်ထရန့် က ယမန်‌နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။
ယင်းနှင့်အတူ အမေရိကန်က တရုတ်ကုန်ပစ္စည်းများအပေါ် ချမှတ်ထားသော အခွန် ၁၄၅ ရာခိုင်နှုန်းအား ဆိုင်းငံ့ထားမည်ဖြစ်ကာ တရုတ်ကလည်း အမေရိကန် ကုန်ပစ္စည်းများအပေါ် ချမှတ်ထားသည့် ၁၂၅ ရာခိုင်နှုန်းအခွန်ကို ရပ်တန့်ထားမည်ဖြစ်သည်။
မူလ သဘောတူညီချက်အရ အမေရိကန်က တရုတ်ကုန်ပစ္စည်းများကို အခွန် ၃၀ ရာခိုင်နှုန်းစည်းကြပ်မည်ဖြစ်ကာ တရုတ်က အမေရိကန်ကုန်းပစ္စည်းများကို အခွန် ၁၀ ရာခိုင်နှုန်း ဆက်ကောက်မည်ဖြစ်သည်။
အဆိုပါ သက်တမ်းတိုးခြင်းနှင့်အတူ ကုန်သွယ်ရေးမညီမျှများကို ကုစားရေး နှင့် မမျှတ သောကုန်သွယ်ရေးအလေ့အထ များနှင့်ပတ်သက်၍ ဆွေးနွေးမှုများလုပ်ရန် အချိန်ပိုရမည်ဖြစ်ကြောင်း အိမ်ဖြူတော် က ပြောသည်။
၂၀၂၄ ခုနှစ်အတွင်း တရုတ်နှင့်ကုန်သွယ်မှုတွင် အမေရိကန်ဘက်က ဒေါ်လာ ၃၀၀ ဘီလီယံ လိုငွေပြခဲ့ကြောင်းလည်း အိမ်ဖြူတော် က ပြောကြားပြီး ကုန်သွယ်ဖက် အားလုံးကြားတွင် အများဆုံးပမာဏဖြစ်သည်။
ဆွေးနွေးပွဲများတွင် အမေရိကန်ကုန်ပစ္စည်းတင်ပို့သူများက တရုတ်ဈေးကွက်ကို ပိုမိုလက်လှမ်းမီရေး နှင့် အမျိုးသားလုံခြုံရေး နှင့် စီးပွားရေးကိစ္စများကို ဖြေရှင်းရေးတို့လည်း ရည်မှန်းထားကြောင်း အိမ်ဖြူတော် ထုတ်ပြန်ချက်က ဖော်ပြသည်။
တရုတ်နှင့် အမေရိကန်နှစ်ဖက်စလုံးအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းမှာ လမ်းကြောင်းမှန်ဖြစ်ကြောင်း နှင့် ဖိနှိပ်မှု ၊ ထိန်းချုပ်မှုများက ‌‌ရေလိုက်လွဲသွားစေမည် ဖြစ်ကြောင်း ဝါရှင်တန်မြို့တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
သတင်း-ရဲမင်း
ကိုးကား-BBC
#နိုင်ငံတကာသတင်း

image
38 w - Translate

◼ သံလွင်နှင့်စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေ
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိသံလွင်မြစ်ရေနှင့် ပဲခူးတိုင်းမဒေါက်မြို့ရှိ စစ်တောင်းမြစ်ရေသည် ယနေ့ (ဩဂုတ် ၁၂ ရက်) နံနက်ပိုင်းအချိန်တိုင်းတာချက်အရ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။
သံလွင်မြစ်ရေသည်ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက်တစ်ပေကျော်လွန်နေပြီ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အထက်နှစ်ပေခွဲခန့်ကျော်လွန်နေကြောင်း မိုးဇလကအသိပေးထားသည်။
"သံလွင်မြစ်ရေက စိုးရိမ်ရေအမှတ်ကျော်နေတယ်။ လက်ရှိလည်းအနိမ့်ပိုင်းရပ်ကွက်တွေမှာရေမကျ သေးဘူး။ ပြီးခဲ့တဲ့ဇူလိုင် ၂၉ ရက်ကဖြစ်တဲ့အခြေနေတော့မရောက်ဘူး။ သွားလာလို့ရတယ်။ အိမ်ထဲတွေရေမရောက်သေးဘူး။ ရေတက်လာရင် အချိန်မီကူညီပေးဖို့ဒေသခံအသင်းတွေပေါင်းပြီး အလှည့်ကျစောင့်ကြည့်နေပါတယ်" ဟု ဘာအံမြို့ရှိလူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ဘားအံမြို့နယ်နှင့်မဒေါက်မြို့အတွင်း မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေး လွတ်ရာနေရာများသို့ အချိန်မီရှောင်ရှားနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - ဘာအံမြို့၌ရေကြီးရေလျှံခြင်းများဖြစ်ပေါ်စဉ်(ယခင်ဓာတ်ပုံ)
#ပြည်တွင်းသတင်း

image

◼ ယူကရိန်းကိုယ်တိုင် အနာဂတ်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိရမည်ဟု ဥရောပခေါင်း‌ ဆောင်များပြောကြား
ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ယခုသီတင်းပတ်နှောင်းပိုင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်ပြုလုပ်မည့် ထိပ်သီးတွေ့ဆုံမှု၌ ၎င်းတို့၏ လုံခြုံရေးအကျိုးစီးပွားများကို ကာကွယ်ရန် ဥရောပသမဂ္ဂခေါင်းဆောင်များက အမေရိကန်သမ္မတ ‌ဒေါ်နယ်ထရန့်အား ပန်ကြားခဲ့ကြသည်။
၎င်းတို့အား ဖိတ်ကြားခဲ့ခြင်းမရှိသော သောကြာနေ့ အစည်းအဝေးအပေါ် လွှမ်းမိုးမှုတချို့ ထည့်သွင်းရန် ဥ‌ရောပက ကြိုးစားနေပြီး အဆိုပါ တွေ့ဆုံမှု၌ ယူကရိန်းပါဝင်မည်လား ဆိုသည်မှာလည်း ရှင်းရှင်းလင်းလင်းမရှိ‌သေးပေ။
စစ်ပွဲအဆုံးသတ်ရေးအပေါ် သမ္မတ ပူတင် က အလေးအနက်ရှိသလား ဆိုသည်ကို ၎င်းအနေဖြင့် လေ့လာလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။
သို့ရာတွင် ရုရှားက ထိန်းချုပ်ထားသော နယ်မြေအချို့ကို ယူကရိန်းက စွန့်လွှတ်သွားရမည်ဖြစ်ကြောင်း ပြောကြားခြင်းဖြင့် ထရန့်က အမေရိကန်မဟာမိတ်တချို့အား စိတ်ပျက်စေခဲ့သည်။
နယ်မြေအလဲအလှယ်လုပ်ခြင်းကို ရုရှားဘက်ကလည်း လက်သင့်ခံရမည်ဟု ထရန့်ကပြောကြားခဲ့သော်လည်း ပူတင်ဖက် က လိုက်လျောမည်လားဆိုခြင်းမှာ ရှင်းရှင်းလင်းလင်းမရှိ‌ပေ။
ယူကရိန်းနိုင်ငံသားများက ၎င်းတို့၏ အနာဂတ်ကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိရမည်ဖြစ်ကြောင်း နှင့် သံတမန်ရေးဖြေရှင်းမှုတစ်ရပ်သည် ယူကရိန်းနှင့် ဥရောပအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း ဥရောပနိုင်ငံ ၂၆ နိုင်ငံ အကြီးအကဲများက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားသည်။
အပစ်အခတ်ရပ်စဲထားခြင်း သို့မဟုတ် တိုက်ခိုက်မှုများလျှော့ချထားခြင်း အခြေအနေအောက်တွင်သာ အဓိပ္ပာယ်ပြည့်ဝသောဆွေးနွေးညှိနှိုင်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း ၊ သံတမန်ရေးဖြေရှင်းချက်တစ်ရပ်သည် ယူကရိန်းနှင့် ဥရောပ၏ လုံခြုံရေးအကျိုးစီးပွားများကို ကာကွယ်ပေးရမည် ဟု မိမိတို့ ယုံကြည်ပါကြောင်း ဥရောပခေါင်းဆောင်များက ဆက်လက်ပြောကြားသည်။
တနင်္လာနေ့ညနေပိုင်းတွင် သဘောတူခဲ့ကြပြီး ယနေ့ နံနက်တွင် ထုတ်ပြန်ခဲ့သော သဘောတူညီချက်အား ဟန်ဂေရီနိုင်ငံမှလွဲ၍ ကျန်အီးယူအဖွဲ့ဝင် ၂၆ နိုင်ငံစလုံး က ထောက်ခံချက်ပေးခဲ့ကြကြောင်း သိရသည်။
တစ်ဖက်တွင်လည်း အပစ်အခတ်ရပ်စဲမှုရရှိရန် ယူကရိန်းက နယ်မြေများ စွန့်လွှတ်ပေးရန် ကတိပြုရမည်ဟူသော စိတ်ကူးကိုလည်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပယ်ချထားသည်။
ဒေါ်နယ်ထရန့်ကမူ နယ်မြေအလဲအထပ် လုပ်ခြင်းများ ပါဝင်မည်ဖြစ်ကြောင်း ယမန်နေ့ကပင် ထပ်မံပြောကြားခဲ့သည်။
သောကြာနေ့ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်နိုင်ငံပိုင် အလက်စကာပြည်နယ်တွင် ကျင်းပမည်ဖြစ်ကာ ယင်းနယ်မြေမှာ ၁၈၆၇ ခုနှစ်တွင် ဇာဘုရင် ဒုတိယအလက်ဇန်းဒါး က အမေရိကန်ထံ ရောင်းချလိုက်ချိန်အထိ ရုရှားကိုလိုနီဖြစ်ခဲ့သော ဒေသ ဖြစ်သည်။
သတင်း-ရဲမင်း
ကိုးကား-FRANCE 24
#နိုင်ငံတကာသတင်း

image
38 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ဘတ်စကားအတွင်း ပုန်းအောင်းလိုက်ပါလာသည့် မြန်မာများ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ
ဘတ်စကားအတွင်း ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံ သား ၁၁ ဦး ထိုင်းနိုင်ငံတွင်ဖမ်းဆီးခံရကြောင်း ဩဂုတ် ၁၁ ရက် ထိုင်း သတင်းများ၏ ရေးသားဖော်ပြချက်အရ သိရသည်။
ထိုင်းနိုင်ငံ ကန်ဖိုင်ဖက်ပြည်နယ် ခလွန်ကလွန်းရှိ အဝေးပြေး အမှတ်(၁)လမ်းပေါ်တွင် ဘတ်စကားတစ်စီးအတွင်း ပုန်းအောင်းလိုက်ပါ လာသည့် မြန်မာနိုင်ငံသား ၁၁ ဦး ပါဝင်သော ၁၆ ဦးအဖွဲ့ကို ထိုင်းဗဟို စုံစမ်းစစ်ဆေးရေးဗျူရို(CI အဝေးပြေးရဲတပ်ဖွဲ့ခွဲက ဩဂုတ် ၁၁ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း သတင်းတွင် ဖော်ပြထားခြင်း ဖြစ်သည်။
အဆိုပါ တရားမဝင် ရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် ဘတ်စကားသည် သတ်မှတ်ထားသည့်မှတ်တိုင်မဟုတ်ဘဲခရီးသည်များအား တင်ဆောင်နေသည်ကို မသင်္ကာဖွယ် တွေ့ရှိခဲ့ခြင်းကြောင့် တာဝန်ရှိသူများက စစ်ဆေးရန် ရပ်တန့်စေခဲ့ရာ ယင်းဘတ်စကား ကားအတွင်း၌ ထိုင်းနိုင်ငံသားယာဉ်မောင်းအမျိုးသားနှင့် ကားအောက်ခန်းရှိ ခရီးသည်ထိုင်ခုံများအောက်တွင် ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၁ ဦးနှင့် တရုတ်နိုင်ငံသား ငါးဦးတို့ကို တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို(CI အဝေးပြေးရဲတပ်ဖွဲ့ခွဲက ထုတ်ပြန်ထားသည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CI အဝေးပြေးရဲတပ်ဖွဲ့ခွဲ၏ အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသား ၁၁ ဦးသည် မှတ်ပုံတင် စာရွက်စာတမ်းနှင့် နိုင်ငံကူးလက် မှတ်များ မပါရှိကြောင်း သိရသည်။ ထို့ပြင် တရုတ်နိုင်ငံသား ငါးဦးမှာလည်း နိုင်ငံကူးလက်မှတ် နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးနေကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်ဟု ဆို သည်။
အဆိုပါ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား ယာဉ်မောင်းတစ်ဦး၊ မြန်မာနိုင်ငံသား ၁၁ ဦးနှင့် တရုတ်နိုင်ငံသားငါးဦး စုစုပေါင်း ၁၆ ဦးတို့အား ဥပဒေအရအရေးယူရန် သက်သေခံကားနှင့်အတူ ခလွန်ကလွန်းရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
Source; Nation Thailand

image
38 w - Translate

Hello everyone.

38 w - Translate

Tattoo ideas

image
38 w - Translate

Tattoo ideas

image
38 w - Translate

Tattoo ideas

image
38 w - Translate

Tattoo ideas

image
38 w - Translate

Tattoo ideas

image