42 w - Translate

တိုင်ဖုန်း မုန်တိုင်း Kajiki ကြောင့် ဗီယက်နမ်တွင် လူ သိန်းနှင့် ချီ ရွှေ့ပြောင်း၊ ထိုင်းတစ်နိုင်ငံလုံး အရေးပေါ် ပြင်ဆင်ထားရန် အမိန့်ထုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။
အားပြင်းလာတဲ့ တိုင်ဖုန်းမုန်တိုင်း ကာဂျီကီ (Kajiki) ကြောင့် ဗီယက်နမ် နိုင်ငံတွင် လူပေါင်း ၅ သိန်း ကျော် အရေးပေါ် ရွှေ့ပြောင်းထားပြီး ထိုင်းနိုင်ငံ ခရိုင် အားလုံးကို အရေးပေါ် ပြင်ဆင်မှု လုပ်ရန် ပြည်ထဲ‌ရေး ဝန်ကြီးက အမိန့်ထုတ်ထားသည်။
ဗီယက်နမ်နိုင်ငံ Thanh Hoa၊ Quang Tri၊ Hue နှင့် Da Nang ဒေသများရှိ လူများ အရေး ပေါ် ရွှေ့ပြောင်း ထားပြီး ကမ်းလွန်ပင်လယ်ပြင်တွင် လှေသင်္ဘောများ သွားလာခြင်းမပြုရန် ဗီယက်နမ် အစိုးရက အကြံပြုထားသည်။
ဗီယက်နမ် လေကြောင်း (Vietnam Airlines) က လာမည့် ရက်များအတွင်း အနည်းဆုံး လေယာဉ် ခရီးစဉ် ၂၂ ခုကို ဖျက်သိမ်းထားလိုက်သည်။
ဒီကနေ့ ဩဂုတ်လ ၂၅ ရက် မနက် ခန့်မှန်းချက်တွေ အရ တိုင်ဖွန်း ကာဂျီကီဟာ ဗီယက်နမ် အလယ်ပိုင်း ဒါနန်းမြို့ရဲ့ မြောက်ဘက် ရေမိုင် ၂၀၀ ကျော် အကွာမှာ ရောက်ရှိနေပါတယ်။ မုန်တိုင်းအတွင်း လေတိုက်ခတ်နှုန်းမှာ တနာရီလျှင် ၁၆၅ ကီလိုမီတာ (၉၅မိုင်) နှုန်းရှိနေပြီး ပင်လယ်ရေလှိုင်း အမြင့်သည် ၉.၄ မီတာ (၃၁) ပေအထိ မြင့်နိုင်သည်ဟု ဆိုသည်။ ဗီယက်နမ် နိုင်ငံကို မုန်တိုင်း Kajiki က ဩဂုတ်လ ၂၅-၂၆ ရက်များတွင် ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။
ဗီယက်နမ် ဝန်ကြီးချုပ် Pham Minh Chinh က စစ်ဒေသ အမှတ် ၄ ဌာနချုပ်ကို အမိန့်ပေး ဌာန အဖြစ် လွှဲအပ်လိုက်ပြီး စိုက်ပျိုးရေး၊ ကာကွယ်ရေး၊ နဲ့ အစိုးရ ဌာနများ ကို အစည်းအဝေး ခေါ်ယူပြီး အရေးပေါ် အစီအစဉ်များကို သုံးသပ် အတည်ပြုခဲ့သည်။
တရုတ် မိုးလေဝသ ဌာန၏ တိုင်းတာချက်များအရ မုန်တိုင်းသည် ဟိုင်နန်ကျွန်း တောင်ဘက် ကမ်းခြေ တလျောက် ဖြတ်သွားပြီး မုန်တိုင်းအားကောင်းလာကာ ဗီယက်နမ်ကို ဝင်ရောက်သွားမည်ဟု ခန့်မှန်းထားသည်။ မုန်တိုင်းလမ်းကြောင်းမှာ ဗီယက်နမ် နိုင်ငံမှ တဆင့် လာအို နိုင်ငံသို့ ဝင်ရောက်ပြီး ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် မြောက်ပိုင်းနှင့် မြန်မာနိုင်ငံသို့ ဝင်ရောက်သွားနိုင်သည်ဟု ခန့်မှန်းထားသည်။
တချိန်တည်းမှာပင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်ပြီး သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ချရေး အမျိုးသား ညွန်ကြားမှု စင်တာ ဒါရိုက်တာလည်း ဖြစ်သည့် Phumtham Wechayachai က ခရိုင် ၇၆ ခုလုံးမှ အုပ်ချုပ်ရေးမှူးများကို ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ချရေး ဌာနနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်ရန် အမိန့်ပေးထားပြီဟု ပြောသည်။
ခရိုင်တိုင်းတွင် ဌာနစုံ ပူးပေါင်း “စစ်ဆင်ရေး ရုံး” များ ဖွင့်လှစ်ထားပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်သွားမည်ဟု ဆိုသည်။
ကာကွယ်ရေး လုပ်ငန်းများအဖြစ် ရေဘေးသင့်သူများကို ဘေးကင်းဇုံသို့ ရွှေ့ပြောင်းခြင်း၊ အစားအစာနှင့် အခြေခံ လိုအပ်ချက်များဖြည့်စည်းခြင်းတို့ကို ပြင်ဆင်ထားပြီး ရေထွက်လမ်းကြောင်းများကို ရှင်းလင်းထားမည် ဖြစ်သည်။
ဧရာမ ဆိုင်းဘုတ်ကြီးများနှင့် အထပ်မြင့် အဆောက်အဦများရှိသော ခရိုင်များတွင် ၎င်းတို့၏ ကြံ့ခိုင်မှုကို ပိုင်ရှင်များနှင့် ပူးပေါင်း စစ်ဆေးရန်လည်း အစိုးရ ဌာနများကို ညွန်ကြားထားသည်။
တရုတ်နိုင်ငံရှိ ပင်လယ်ကမ်းခြေ အပန်းဖြေ စခန်းမြို့ဖြစ်သော Sanya တွင် အနီရောင် အဆင့် သတိပေးချက် ထုတ်ပြန်ထားပြီး ခရီးသွားနေရာများ အားလုံးကို ပိတ်ထားလိုက်ကာ ဆောက်လုပ်ရေး လုပ်ငန်းများအပါအဝင် လုပ်ငန်းများနှင့် လူထု သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကိုလည်း ပိတ်ထားလိုက်သည်။
#crd

image
42 w - Translate - Youtube

အဟမ်းအဟမ်း - ဒွေး၊ နန္ဒာလှိုင် - မြန်မာဇာတ်ကား စ / ဆုံး

42 w - Translate

စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေကို အမြန်ဆုံးလျှော့ချပေးနိုင်မယ့် အသက်ရှူနည်းလမ်း

အသက်ရှူနည်းလမ်း အသုံးပြုပြီး အာရုံကြောစနစ်ကို ပုံမှန်ဖြစ်အောင် ချိန်ညှိနိုင်တယ်လို့ စတန်းဖို့ဒ်တက္ကသိုလ်မှ အာရုံကြောသိပ္ပံပညာရှင်တွေက ဖော်ပြခဲ့ကြပါတယ်။

၅ စက္ကန့်သာ ကြာမြင့်မယ့် အသက်ရှူနည်းလမ်းဟာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်မယ့် အမြန်ဆုံးနည်းလမ်းဖြစ်တယ်လို့လည်း သူတို့က ဆိုပါတယ်။ ဒီနည်းလမ်းကတော့ လေကို နှာခေါင်းကနေ ၂ ကြိမ်ဆက်တိုက် ရှူသွင်းပြီး ပါးစပ်ကနေ တဖြည်းဖြည်းချင်း ပြန်ရှူထုတ်တဲ့ ပုံစံပါပဲ။ လေကို ၂ ကြိမ်ဆက်တိုက် ရှူသွင်းရာမှာ ပထမအကြိမ်ကို အားပါးတရ ရှူသွင်းပြီး နောက်တစ်ကြိမ်ကို တတ်နိုင်သလောက် ထပ်ရှူသွင်းရမှာပါ။ အဆုတ်ထဲမှာ ပြည့်နေတဲ့ လေအိတ်ကို ပိုပြန့်ကားအောင် လုပ်လိုက်တာကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်တွေကို ပိုထွက်စေပါတယ်။

ဒီလို လုပ်ခြင်းအားဖြင့် နှလုံးခုန် နှေးစေပြီး ခန္ဓာကိုယ် အကြောအခြင်တွေ လျော့ပါးစေတာကြောင့် အချိန်တိုအတွင်း စိတ်တည်ငြိမ် အေးချမ်းစေပါတယ်။ ဒီအသက်ရှူနည်းကို နေ့စဉ်နေ့တိုင်း ၅ မိနစ်ကြာ လုပ်ခြင်းအားဖြင့် စိတ်ဖိစီးမှုတွေ လျှော့ပါးစေပြီး စိတ်ကြည်လင်မှု ပိုအားကောင်းစေတယ်လို့ Cell Reports Medicine စာစောင်မှာ ဖော်ပြပါတယ်။

ဒီအသက်ရှူနည်းကို ပုံမှန်လုပ်သူတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ခံစားချက်တွေကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်စွမ်း ရှိတယ်လို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလထုတ် Cell Reports Medicine စာစောင်မှာ ဖော်ပြထားပါတယ်။

အထိခိုက် မခံနိုင်ရင်
ချစ်တယ် မခေါ်ဘူးဘေဘီ

မင်းထက် သက္ကရာဇ်စောပြီး
ဒဏ်ရာရော ကြယ်ပြာလေးရော
အရင်မြင်ခဲ့တဲ့လူပါ...။

–မြကျေး

48 ဧည့်ဝတ်ကျေသောဆိုင်ရှင်

42 w - Translate

ပေးထားတဲ့ကတိကို (၁၃) နှစ်လုံးလုံး စောင့်ထိန်းခဲ့တဲ့ ကောင်လေး

လွန်ခဲ့တဲ့ (၁၃) နှစ်ကျော်က ဂျော်ဂျီယာပြည်နယ် Brumswick High School ကျောင်းက လေးနှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ ထူးခြားတဲ့အရာတစ်ခုကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲလက်စ် ခွန်ဒါ (Alex Kunda) ဆိုတဲ့ ကောင်လေးက မူကြိုတက်ကတည်းက တစ်ရက်မှ ကျောင်းမပျက်ခဲ့ဖူးဘူးလို့ ဆိုပါတယ်။

အဲဒီကောင်လေး လေးတန်းရောက်တဲ့အခါမှာ မိဘတွေဖြစ်တဲ့ အာလန် (Arlene) နဲ့ ပရီစတန် (Preston) တို့က သူတို့ရဲ့သားလေးက ကိုယ့်ကိုယ်ကို အရမ်းဖိအားတွေပေးနေတယ်လို့ ထင်တာကြောင့် သူ့ကို ခဏတဖြုတ် အပန်းဖြေစေဖို့ Disney World ကို ခေါ်သွားဖို့ လုပ်ခဲ့ကြပါတယ်။ “သောကြာနေ့မှာ ကျွန်မတို့တွေ သူ့ကို ကျောင်းရဲ့အပြင်ကို ခေါ်ထုတ်ဖို့ လုပ်နေခဲ့ပါတယ်။ သားက ငြင်းခဲ့တယ်”လို့ အာလန်က ပြောပြခဲ့ပါတယ်။

အဲလက်စ်က ၂၀၀၆ခုနှစ်မှာ အသည်းရောင်ရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ သူ့ရဲ့အစ်မ မီရန်ဒါ (Miranda) ကို ကျောင်းမှန်မှန်တက်မယ်လို့ ကတိပေးခဲ့ဖူးတာကြောင့် ကျောင်းတစ်ရက်မှ မပျက်ခဲ့တာပါပဲ။ “ဒါက သူ့ကို ပေးခဲ့တဲ့ တစ်ခုတည်းသော ကတိပါပဲ။ ကျွန်တော် သူနဲ့ လူချင်းတွေ့ပြီး နောက်ထပ်ကတိတွေ မပေးနိုင်တော့ပါဘူး။ ဒါကြောင့် ကျွန်တော် ပေးခဲ့တဲ့ကတိကို တည်ဖို့ ဆက်လက်လုပ်ဆောင်နေခဲ့တာပါ”လို့ အဲလက်စ်က ပြောခဲ့ပါတယ်။

မီရန်ဒါက ကျောင်းကို ချစ်တာကြောင့် ပထမတန်းကတည်းက တစ်ရက်မှ ကျောင်းမပျက်ခဲ့ပါဘူး။ သူ သေဆုံးမယ့်နေ့ မရောက်ခင်ထိပါပဲ။ သူ့ရဲ့ကျောင်းတက်မှန်တဲ့ဆုကို သူ့ရဲ့မောင်လေး အဲလက်စ်ဆီကို ပေးအပ်ခဲ့ပါတယ်။ အစ်မအတွက် ကျောင်းမှန်မှန်တက်တော့မယ်။ ကျောင်းတက်မှန်တဲ့ဆုရအောင် လုပ်မယ်လို့ အဲလက်စ်က သူ့ကို ပြောပြခဲ့ကြောင်း သူ့ရဲ့ဖခင် ပရီစတန်က ဆိုပါတယ်။

အဲလက်စ် သိရှိလိုက်တဲ့အရာအားလုံးက သူ့ရဲ့အကောင်းဆုံးသူငယ်ချင်းဖြစ်တဲ့ သူ့အစ်မ မရှိတော့တာပါပဲ။ အဲလက်စ်က သူ့အတွက် တစ်ခုခုလုပ်ပေးချင်ခဲ့ပါတယ်။ အခု (၁၃) နှစ်အကြာမှာ သူ့ရဲ့ကတိကို တည်အောင် လုပ်နိုင်သွားခဲ့ပါပြီ။

သူတို့ကလေးတွေ အချင်းချင်း အဲဒီလောက်ချစ်မယ်လို့ မထင်ခဲ့ကြောင်း၊ အသက် (၄) နှစ်အရွယ်မှာတောင် အဲလက်စ်က လုပ်ဆောင်နိုင်ခဲ့တဲ့အကြောင်း၊ တစ်စုံတစ်ယောက်ကို လေးစားဂုဏ်ပြုတာနဲ့ပတ်သက်ပြီး အဲလက်စ် သိခဲ့တဲ့အကောင်းဆုံးနည်းက ဂုဏ်ယူစရာကောင်းတဲ့အရာတစ်ခုခုကို လုပ်ဖို့ဖြစ်ကြောင်း အဲလက်စ်ရဲ့မိဘတွေက ပြောပြသွားခဲ့ပါတယ်။

Ref: “A 4-year-old made a promise to his sister after she died. He kept it for 13 years”

image

တဏှာမျိုးစေ့နဲ့ဉာဏ်မျိုးစေ့
လောကမှာ ဇနီးမရှိတဲ့ပုဂ္ဂိုလ်က ဇနီးကို ရှာဖွေတယ်၊ ခင်ပွန်းမရှိသေးတဲ့ပုဂ္ဂိုလ်က ခင်ပွန်းကို ရှာမယ်ပေါ့၊ သားသမီးမရှိသေးတဲ့ပုဂ္ဂိုလ်က သားသမီးရှိအောင် ဖန်တီးမယ်။ ဒီကနေ့ စားစရာလေးတစ်ခုရှာတယ်၊ နောက်တစ်နေ့နောက်တစ်မျိုးစားဖို့ ရှာတယ်၊ ဘယ်အရာမှရှာလို့လက်စ မသတ်ဘူး၊ ဘယ်အချိန်ကျမှ ရှာလို့ဆုံးမှာလဲ..? သေမှပဲ ဆုံးတာပါပဲ။
ဒါတွေအားလုံးဟာ ဘာအတွက်ရှာတာလဲ။ သုခဝေဒနာလေးဖြစ်ဖို့၊ သားကိုကြည့်ပြီး သုခဝေဒနာဖြစ်တယ်၊ သမီးကိုကြည့်ပြီး သုခဝေဒနာ ဖြစ်တယ်၊ ပစ္စည်းကိုကြည့်ပြီး သုခဝေဒနာ ဖြစ်တယ်။ သုခဝေဒနာဆိုတာ စိတ်ချမ်းသာတာ၊ စိတ်အနေနဲ့ပြောရင် သောမနဿဝေဒနာ၊ ဒါက လောကီရှာဖွေခြင်းနော်။
မြတ်စွာဘုရားက ဘာကိုရှာစေချင်တာလဲ။ ငါဆိုတာကြီးကို ရှာစေချင်တာ၊ ငါဆိုတာ ဘာလဲ။ ပုဂ္ဂိုလ်သတ္တဝါဆိုတာ ဘာလဲ။ ဒါကို ရှာစေချင်တာ။ မိမိသန္တာန်မှာ ဘာသဘာဝတွေရှိသလဲ။ ခန္ဓာငါးပါးဆိုတဲ့ သဘာဝတွေရှိတယ်၊ ရုပ်သဘာဝဆိုတာ ရှိတယ်၊ နာမ်သဘာဝဆိုတာ ရှိတယ်၊ ရုပ်နာမ်သဘာဝတွေကိုတွေ့ရင် ပုဂ္ဂိုလ်သတ္တဝါ ငါဆိုတဲ့အစွဲ ကင်းသွားမယ်။
ပုဂ္ဂိုလ်သတ္တဝါ ငါစွဲကင်းသွားရင် သာယာတပ်မက်မှုတွေ ကင်းမယ်၊ သောက ပရိဒေဝတွေကင်းသွားမယ်၊ ဒါတွေကင်းသွားရင် စိတ်ချမ်းသာမယ်၊ ဒါလည်း သုခဝေဒနာနဲ့ခံစားတာပဲ။ ယောဂီတို့ စဉ်းစားကြည့်နော်၊ လောကီနည်းနဲ့ရှာလည်း သုခဝေဒနာ၊ ကိုယ့်ကိုယ်ကိုယ်ရှာလည်း သုခဝေဒနာ ဖြစ်တာရတာခြင်း တူနေပြီ။
ဒါပေမဲ့ အခြေအနေချင်းက မတူတော့ဘူး၊ အာရုံငါးပါးနဲ့ခံစားတဲ့ သုခဝေဒနာက တဏှာမျိုးစေ့ကို သာချပေးနိုင်တာ၊ ရုပ်နာမ်ကိုခံစားလို့ရတဲ့ သုခဝေဒနာက ဉာဏ်မျိုးစေ့ကို ချပေးတယ်။
ကိုယ့်ကိုယ်ကိုယ်ရှာတော့ ဘာနဲ့ရှာမှာလဲ။ သတိ၊ သမာဓိ၊ ပညာနဲ့ရှာတယ်။ သတိလေးကပ်ထားပြီးသမာဓိနဲ့စိုက်ကြည့်။ ပညာဆိုတဲ့ဆင်ခြင်နှလုံးသွင်းမှုနဲ့ကြည့်။ အဲဒီလိုရှာဖွေခြင်းသည် ကိုယ့်နည်းကိုယ့်ဟန်နဲ့ရှာလို့ မရနိုင်ဘူး။
ဘုရားနဲ့ပစ္စေကဗုဒ္ဓဆိုရင်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာတတ်ပါတယ်။ ရဟန္တာပုဂ္ဂိုလ်များအပါအဝင် သာဝကပုဂ္ဂိုလ်များဆိုရင်တော့ ရှာပုံရှာနည်းသိမှ ရှာလို့ရတယ်၊ပြောပြပေးတဲ့ပုဂ္ဂိုလ်ရှိမှ ရှာလို့ရတယ်။
အရှင်သာရိပုတ္တရာအလောင်း ဥပတိဿ၊ အရှင်အဿဇိမထေရ်မြတ်ကြီးရဲ့ တရားကိုနာလိုက်ရတဲ့အခါကြတော့ဓမ္မက တရား၊ သဘာဝက သဘော၊ ဓမ္မသဘာဝ - တရားသဘော၊ အဲဒီတရားသဘောကို ဘယ်မှာရှာ။ ဒီခန္ဓာကိုယ်ကြီးမှာ ရှာလိုက်တာပဲ။
အရှင်အဿဇိမထေရ်မြတ်ကြီးဆီက ဓမ္မဆိုတဲ့စကားလုံးကိုလည်း ကြားလိုက်ရော မျက်လုံးလေးမှိတ်ပြီး စဉ်းစားလိုက်တာနဲ့ ခန္ဓာကိုယ်ထဲမှာ ဓမ္မသဘာဝလေးတွေကို မြင်လိုက်တာပေါ့နော်။
စောစောတုန်းက ပုဂ္ဂလ၊ သတ္တ၊ အတ္တကိုသိထားတာ၊ အခု ဓမ္မကို သိသွားတာ၊ အဲဒီ အမှန်တရားကို သိသွားတာကိုတရားကို သိတယ်လို့ခေါ်တာ၊ ဒါကြောင့် တရားရှာကိုယ်မှာတွေ့လို့ ဒီလို ပြောကြတာပေါ့။
📌 ကျိုက္ကလော့ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ–ထေရဝါဒမိုးကုတ်ဓမ္မရိပ်သာ၊ လှည်းကူးမြို့
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်။

image

me...သူ့ မွေးနေ့မို့ လာခေါ်တာတဲ့အမေ

mother... မသွာ: ရဘူး
နင်က မွေးနေ့ပဲသွာ: သွာ: ၊မင်္ဂလာဆော- ၊ င်ပဲသွာ: သွာ: ၊ မုန့်စာ: ဖို့ ပဲသွာ: သွာ:
ပြ" န်လာရင် မူ: လာတာ

image
42 w - Translate - Youtube

Masha and the Bear 2023 ☔ Worm weather 🌧️🪱

image