22 ပတ် - ဘာသာပြန်ပါ။ - Youtube

ပျံကျကူလီ

22 ပတ် - ဘာသာပြန်ပါ။

အိမ်ကလူတွေနဲ့မှ မတည့်ရင် အပြင်လူတွေနဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံမလဲတဲ့ ။

အမလေးးးး သုံးဆယ့်တစ်ဘုံလုံးနဲ့ မဟာမိတ်ပါနော် ။ အိမ်ကလူတွေနဲ့ပဲ ကွက်ပီး ပြသနာတက်နေတာ 🫩

image

မိမိကို ဘာက ပျော်ရွှင်စေတာလဲ
Me;

image
22 ပတ် - ဘာသာပြန်ပါ။

ပစ္စည်းတွေရဲ့ တန်ဖိုးကို
ပျောက်သွားမှ သိလိမ့်မယ်။

ရေတစ်ခွက်ရဲ့ တန်ဖိုးကို
ရေဆာတဲ့အချိန်မှ သိလိမ့်မယ်။

ထမင်းတစ်နပ်ရဲ့ တန်ဖိုးကို
ဗိုက်ဆာမှ သိလိမ့်မယ်။

လူတစ်ယောက်ရဲ့ တန်ဖိုးကို
အဲ့လူမရှိတော့မှ သိမယ်။

💭

ဒူးနာ၊ ဂေါက် (Gout) ရောဂါ၊ ခြေထောက်နာ၊ အဆစ်အမြစ်နာ၊ ခါးနာ၊ ခြေဖနှောက်နာ၊ ခြေဖဝါးရောင်ရမ်းခြင်းနှင့် ခြေထောက်ဆွဲခြင်းတို့ကို ဖြစ်စေတဲ့ သွေးထဲက ယူရစ်အက်ဆစ်တွေကို သန့်စင်ပေးတဲ့ စပါးလင်လက်ဖက်ရည်.....။

ပြုလုပ်နည်း.....
စပါးလင် ၄-၅ ပင်ကို ရေ ၂ လီတာနဲ့ ရောပြီး ဆူပွက်လာတဲ့အထိပြုတ်ပါ။ ဆူပွက်လာပြီးဆိုရင် မီးလျှော့ပြီး ၁၅ မိနစ်လောက်ကြာအောင် ဆက်တည်ထားပါ။ (တည်ထားစဥ် အိုးအဖုံးကို လုံးဝဖွင့်မကြည့်ရ။) ၁၅ မိနစ်ပြည့်ရင် မီးပိတ်ပြီး အအေးခံထားပါ။

အသုံးပြုနည်း.......
ရေအစား တစ်ပတ်လောက် သောက်သုံးပေးပါ။
ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ အားလုံးကို ဖယ်ရှားပေးပြီး နာကျင်မှုတွေ လုံးဝပျောက်ကင်းသွားပါလိမ့်မည်။

အရမ်းထိရောက်ပါတယ်။ စပါးလင်က တခြားဘယ်အရာနဲ့မှ မတူအောင် ကောင်းမွန်ပါတယ်။

image
22 ပတ် - ဘာသာပြန်ပါ။

ဝက်သားနှပ် ငရုတ်သီးငပိထောင်းကြော် ပြုလုပ်နည်း...။
(Nam Prik Pao Moo) အကြာကြီးသိမ်းထားနိုင်သော ဟင်း

ဗိုက်ဆာတဲ့အခါ ဒါမှမဟုတ် အလျင်လိုတဲ့အခါမျိုးမှာ စားဖို့အတွက် ဝက်သား ငရုတ်သီးငပိကြော်ကို ကြိုလုပ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင် ကြက်ဥပြုတ်ရယ်၊ ဟင်းသီးဟင်းရွက်နည်းနည်းရယ်နဲ့တင် အရမ်းစားလို့ကောင်းတဲ့ ထမင်းတစ်နပ် ဖြစ်နေပါပြီ။ 🌶️🥣

ငရုတ်သီးငပိထောင်းအတွက် ပါဝင်ပစ္စည်းများ.....
* ငရုတ်သီးအ​ခြောက် အတောင့်ကြီး - အတောင့် ၃၀
* တရုတ်ကြက်သွန်ဖြူ - ၆ လုံး
* ကြက်သွန်နီ - ၁၅ လုံး
* ပုစွန်ငပိ - စားပွဲတင်ဇွန်း ၂ ဇွန်း
* ဝက်သားအကြေ - ၁၅၀ ဂရမ်

အရသာအတွက် ပါဝင်ပစ္စည်းများ.......
* မန်ကျည်းမှည့်အနှစ် - စားပွဲတင်ဇွန်း ၇ ဇွန်း
* ထန်းလျက် - စားပွဲတင်ဇွန်း ၈ ဇွန်း
* ငါးငံပြာရည် - စားပွဲတင်ဇွန်း ၃ ဇွန်း
ကြိုက်နှစ်သက်ရာ အရသာကို မြည်းစမ်းပြီး ချိန်ညှိထပ်ထည့်နိုင်ပါတယ်။ အစပ်၊ အငန်၊ အချဉ်၊ အချို အရသာတွေ ရရှိနေရပါမယ်။ ဟင်းခတ်မှုန့်လည်း ကြိုက်သလောက် ထည့်လို့ရပါတယ်။

ပြုလုပ်နည်း....... ⛳️
၁။ ငရုတ်သီးအခြောက်တောင့်တွေကို အရမ်းမမဲအောင် လှော်ပါ။ အရောင်မဲသွားရင် စားချင်စရာမကောင်း ဖြစ်သွားနိုင်ပါတယ်။ ပြီးရင် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့ကို နူးအိလာတဲ့အထိ လှော်ပါ။

၂။ လှော်ထားတဲ့ ငရုတ်သီးတွေကို ညက်နေအောင် ထောင်းပါ။ ပြီးရင် လှော်ထားတဲ့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့ကို ထည့်ပြီး သမအောင် ထောင်းပါ။ အားလုံး ရောသွားပြီဆိုရင် ပုစွန်ငပိကို ထည့်ပြီး ထပ်ထောင်းပါ။ ငရုတ်သီးထောင်းက အရမ်းပြစ်နေတယ်ဆိုရင် ရေနည်းနည်း ထည့်နိုင်ပါတယ်။

၃။ ဒယ်အိုးထဲ ဆီထည့်ပြီး ငရုတ်သီးထောင်းကို ဆီသတ်ပါ။ ငရုတ်သီးထောင်းက မွှေးလာပြီး ပုစွန်ငါးပိကျက်ပြီဆိုရင် ဝက်သားကြေကို ထည့်ပြီး ရောကြော်ပါ။

၄။ ဝက်သား နူးအိလာပြီဆိုရင် မန်ကျည်းမှည့်အနှစ်၊ ငံပြာရည်၊ ထန်းလျက်တို့နဲ့ အရသာနယ်ပါ။ အစပ်၊ အငန်၊ အချဉ်၊ အချို အရသာရှိအောင် မြည်းကြည့်ပါ။ ပြီးရင် မိမိနှစ်သက်ရာ အပြစ်အကျဲဖြစ်လာတဲ့အထိ ဆက်ပြီး မွှေကြော်ပါ။ ပြီးရင် မီးဖိုပေါ်ကနေချပြီး အအေးခံပါ။ အအေးခံပြီးရင် ပုလင်း ဒါမှမဟုတ် ဘူးထဲမှာ ထည့်သိမ်းထားလို့ရပါပြီ။ ဒါဆိုရင် ပြီးပါပြီ........။😋

image
23 ပတ် - ဘာသာပြန်ပါ။ - Youtube

Burmese Chicken Curry with Potato 🥔🥘 - 🇲🇲 Local Cuisine

ဦလေးကိုယ်တိုင်ကြုံခဲ့ရတဲ့ ဖြစ်ရပ်တခု #သရဲ#stories #mm#horror

23 ပတ် - ဘာသာပြန်ပါ။

ရင်ချင်းဆက်အမြွှာညီအစ်မ ရန်ကုန်ဟလ်ပင်ကလေးဆေးရုံကြီးသို့ ရောက်ရှိလာ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် မွေးဖွားခဲ့သည့် ရင်ချင်းဆက်အမြွှာညီအစ်မမှာ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ခံယူနိုင်ရန်အတွက် ရန်ကုန်ဟလ်ပင်ကလေးဆေးရုံကြီးသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကလေးနှင့်မိခင်တို့ ကျန်းမာလျှက်ရှိနေသည်ဟုဆိုသည်။

အဆိုပါ ရင်ချင်းဆက်အမြွှာညီအမကို ဇူလိုင် ၉ ရက် ည ၉ နာရီ ၄၂ မိနစ်အချိန်၌ အောင်မြင်စွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့ခြင်းလည်းဖြစ်ပြီး၊ ဘီးလင်းမြို့နယ်၊ ပိုင်ဒဝယ်ကျေးရွာတွင် နေထိုင်သည့် နော်ချောဂေဆိုသူအမျိုးသမီး၏ (၅) ကြိမ်မြောက်ကိုယ်ဝန်တွင် အဆိုပါ ရင်ချင်းဆက် အမြွှာညီအမကိုမွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

23 ပတ် - ဘာသာပြန်ပါ။

ဝက်အူချို ဟင်းချက်နည်း

ပါဝင်ပစည်း

ဝက်အူချိုကို ဆန်မူန့် ကောက့်ညင်းမူန့်နဲ့ သန့်အောင် နယ်ပြီးဆေးပါ
အူချို အူခါး ဘယ်လိုခွဲမလဲ ?

မဝယ်ခင် ဓားလေးနဲ့ဖောက့်ခိုင်းပါ အူထဲဝါနေရင် အူရင့်
အူထဲမှာဖြူနေရင် အူချို

ချက်ရန်အတွက် ဘာလိုအပ်လဲ
ကြက်သွန်ဖြူ
ကြက်သွန်နီ
ဂျင်း
ဆနွင်းမူန့်
ငရုတ်င်္သးအစိမ်းမူန့်
အသားမူန့်
ဆား
ငံပြာရည်
ပဲငံပြာရည်အနှောက့်
ဆီ
ရေ
စပါးလင် ပြုတ်တဲ့အခါမှာသုံးပါ မိနစ် ၄၀ လောက့်မီးအေးအေးနဲ့ ပြုတ်ပါ
မဆလာ ( မကြိုက်ပါက ) ပျင်းတော်သိမ်းရွက်သုံးပါ

အားလုံးကိုကျေးဇူးတင်ပါတယ်

Crd -

image