14 w - Translate

#ပြည်တွင်းသတင်း
◼မော်လမြိုင်ရှိဘုန်းတော်ကြီးကျောင်းများတွင် လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များမထားရှိရန် နစက ညွှန်ကြား
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းတို့တွင် လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များစီးနင်းခြင်း၊ လက်ဝယ်ထားရှိခြင်းမရှိစေရန် နစက၏ မွန်ပြည်နယ်အစိုးရအဖွဲ့က မြို့နယ်သံဃနာယကထံသို့ ယမန်နေ့(ဇွန် ၄ ရက်) က ညွှန်ကြားထားကြောင်းသိရသည်။
"ဖမ်းနေတာတော့နေ့တိုင်းပဲ။ တော်တော်များများလည်းမိတယ်။ အစီးရေတော့မသိဘူး။ လူမှုကူညီရေး ားလည်းမရဘူးဖမ်းတယ်။ ဘုန်းကြီးကားလည်းဖမ်းတာပဲ။ အခုဆိုရင်မော်လမြိုင်မြို့ထဲမှာကားတွေ၊ ဆိုင်ကယ်တွေ သွားလားမှုမရှိတော့ပဲလမ်းရှင်းနေတယ်" ဟု မော်လမြိုင်မြို့မှဒေသခံတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ဝန်းသိုမြို့နယ်တွင်လည်း လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးခြင်းများရှိကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင်လည်း လိုင်စင်မဲ့ကားများ ဝယ်ရောင်းပြုလုပ်ခြင်းကို ဖမ်းဆီးစစ်ဆေးခြင်းများရှိကြောင်း ဒေသတွင်းသတင်းများအရသိရသည်။
ပြီးခဲ့သည့်မေလ ၂၀ ရက်တွင် နစကဥက္ကဋ္ဌ ကတိုင်းနှင့်ပြည်နယ်အလိုက် လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များစီးနင်းခြင်းကို ဖော်ထုတ်အရေးယူရန်၊ နံပါတ်ပြားအတု၊ လိုင်စင်အတုပြုလုပ်ခြင်းများမှာလည်း အခွန်အခများစွာနစ်နာသကဲ့သို့ လုံခြုံရေးအတွက် အခက်အခဲများဖြစ်စေသောကြောင့် ဖော်ထုတ်အရေးယူရန်ပြောဆိုခဲ့ပြီး ယခုဇွန်လ ၁ ရက်တွင်ရန်ကုန်အပါအဝင်တိုင်းနှင့်ပြည်နယ်အလိုက် လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကို စတင်ဖမ်းဆီးလျက်ရှိကြောင်းသိရသည်။
သတင်း - ပိုင်လေး

image
14 w - Translate

#အုန်းချိုမွှေးစိုက်ပျိုးနည်း?????
အုန်းချိုမွေး ၁ပင် ၂၅၀၀၀
၁၀ပင် ၂၄၀၀၀၀
ရာဈေး ၂၂၀၀၀
နယ်မြို့များငွေလွှဲဝင်ပြီးနှစ်ရက်အတွင်းကားဂိတ်ကတဆင့်ပစ္စည်းပို့ပေးပါတယ်
မန်းလေးမြို့တွင်းအိမ်ရောက်ငွေ ခြေ
ပို့ခရှိပါမယ် နယ်ဝေးကားတင်ပေးပါတယ်
ခြံလိပ်စာ
မန္တလေး မြို့မြောက်ပြင်
GTC ကျောင်းအနီး လျှစ်စစ်ဓက်ခွဲရုံရှေ့
ဆက်သွယ်ရန်
( 09442729921
09426667590 )
ငွေလွဲအကောက်
09678554270 (KPZPAY WAVE )
U PHYO ZAW SOE
ပန်းပျိူးလက် မှ ခုနမ်ပါတ် ၃ခုဘဲကိုင်ပါတယ်
တစ်ခြားဖုန်းနှင့်ဆက်သွယ်ငွေလွဲခိုင်းခြင်း
ပန်းပျိူးလက် မဟုတ်ကြောင်း သတိပေးပါရစေ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ကျွန်တော်လေ့လာမိသလောက် စိုက်ပျိုးသောနည်းဖြစ်ပါသည်။အမြင်မတူသူများဆရာများကျော်သွားပေးပါ�စိုက်ပျိုးနည်းမေးသော ဝါသနာတူမောင်နှမများအားရည်ရွယ်တင်ဆက်ပေးခြင်းဖြစ်ပါသည်။
-------------------
#အုန်းပင်တပင်နှင့်တပင် 5မီတာ(16 ပေ)ခြားစိုက်မည်ဆိုလျှင် တဧကအပင် 160 စိုက်ပျိုးနိုင်ပါသည်။
#စိုက်ခင်းတွင် မြေကျွင်းအား အုန်းပင်ချစိုက်ရတဲ့အကျယ်သာသာတူးပါ (ဥပမာ တောင်ဆုပ်ခန့်) အုန်းသီးလုံးအား မျက်နှာပြင်မြှုပ်မစိုက်ရပါ။အုန်းသီး၏3ပုံ1ပုံဖော်စိုက်ပါ။
#ကျွင်းအောက်ခြေတွင် နွားချေးဆွေးခြောက်ခံစိုက်လျှင်ပိုကောင်းပါသည်။နွားချေးဆွေးခြောက်နှင့်တူးစွထားသောမြေအားအုန်းပင်ပတ်လည်ပြန်ဖို့ပြီးရေဝအောင်လောင်းပါ။ရေအစိုဓာတ်အကြာကြီးနေစေရန်ကောက်ရွေးခြောက်များဖုံးအုပ်စိုက်ပျိုးနိုင်ပါသည်။
#အုန်းပင်အား နေထွက်ရာဘက်သို့ 45 ဒီဂရီစောင်း၍စိုက်ပျိုးပါ။အသက်ကြီးလာတဲ့အခါအပင်အ‌ပေါ်သို့ရှည်မတက်စေရန်အတွက်ပါ။
#3လတကြိမ် နွားချေး/ကြက်ချေး/သစ်ရွက်ခြောက်/စပါးမီးသွေး တစစီရောပြီးအပင်အရင်းနှင့်ခွာပြီးမြေကိုတူးဆွထည့်ပေးရပါမည်။အပင်ပတ်ပတ်လည် ကျင်းပေါက်တွေတူးပြီးမြေဩဇာထည့်ပေးလျှင်ပိုကောင်းပါသည်။ကိုဝေယံဦး ဝမ်းတွင်းမြို့
#မြေကြီး၏ရေစုပ်အားပေါ်မူတည်၍ရေပေးရပါမည်။ပထမတကြိမ်ရေအဝလောင်းပါ။2ရက်3ရက်နေလျှင်မြေကြီးအားကလော်ကြည့်ပါ။ရေအစိုဓာတ်ရှိလျှင်လောင်းစရာမလိုပါ။ရေအစိုဓာတ်နည်းသွားသောရက်အကြာကိုသတ်မှတ်ပြီးဘယ်နှစ်ရက်တကြိမ်ရေလောင်းမယ်ဆိုတာသတ်မှတ်ရပါသည်။
#အုန်းပင်အရွက်များကိုလုံးဝဖြတ်မပေးရပါ။အရွက်သည်‌အပင်အတွက်မြေဩဇာချက်လုပ်ပေးပါသည်။အရွက်နည်းလျှင်အစာချက်နည်းပြီးအပင်အတက်နှေးနိုင်ပါသည်။အပင်အရင်း၌ရှိသောအလတ်ခြောက်များကိုလည်းမဖယ်ရပါ။အပင်ရဲ့အစိုဓာတ်ကိုထိန်းထားပေးပါသည်။ရေနှင့်မြေဩဇာပုံမှန်ပေးမယ်ဆိုလျှင် 2နှစ်ခွဲ 3နှစ်တွင်အသီးစတင်သီးပါမည်။
#ဖားခုံစနစ်စိုက်တာပိုကောင်းပါသည်။အရွက်တွေမထပ်တော့ပါ။ပထမတစ်တန်းကို16ပေခြားစိုက်ပျိုးပြီးဒုတိယတန်းအားချန်ထားပါ။တတိယတန်းကို ပထမတန်းနှင့်အတည့်စိုက်ပါ။ကြားချန်ထားခဲ့သော ဒုတိယတန်းအား ပထမတန်း နှင့်တတိယတန်းအလည်ကြားတွင်စိုက်ပျိုးပါ။ကိုဝေယံဦး
#အုန်းချိုမွှေးကို ပျိုးအိတ်တွင်3လခန့်ပျိုးပြီးမှစိုက်ခင်းတွင်မြေချစိုက်တာပိုကောင်းပါသည်။ပျိုးအိတ်တွင်နွားချေးတဆ မြေပွတဆ စပါးခွံတဆ စပါးမီးသွေးတဆ ရောစပ်ပြီးထည့်ရပါမည်။
#အုန်းသီးပင်ပေါက်အလုံးဖင်ကို ပျိုးအိတ်တဖက်ဖက်တွင်ကပ်ရပါမည်။အမြစ်အလည်တွင်ရှိစေရန်ဖြစ်ပါသည်။အုန်းပင်အား45ဒီဂရီစောင်းထည့်ပြီးမျက်နှာပြင်ဖော်ထားပါ။အပင်အရင်းမမြုပ်ရပါ။ပျိုးအိတ်တွင်ထည့်ထားသောအုန်းချိုမွှေးပျိုးပင်များအားတရက်တခါရေမှန်မှန်လောင်းပေးပါ။ကိုဝေယံဦး
#စိုက်ကျင်းနုတ်ခမ်းတွင် အုန်းပျိုးပင်ပျိုးအိတ်အားချပြီး ပျိုးအိတ်ဖင်ကိုစက်ဝိုင်းပုံဖွင့်ပါ။ထို့နောက်စိုက်ကျွင်းတွင်ချစိုက်မြေအနည်းငယ်ဖို့ပြီးကျန်နေသောပျိုးအိတ်အပေါ်ပိုင်းအားအပေါ်သို့ဆွဲမဖြတ်ထုက်ပစ်ပါ။
Credit မူလဆရာကြီးများအားလုံး🙏🙏🙏
#စိုက်ပျိုးရေးဝါသနာရှင်များအားလုံး စိုက်ပျိုးသမျှသီးနှံများဖြစ်ထွန်းအောင်မြင်ကြပါစေ။ကျန်းမာကြပါစေ။ကပ်ဘေးအပေါင်းမှကင်းဝေးကြပါစေ။
🌴ပျိုးပင်များ လိုအပ်ပါက ဆက်သွယ်ဝယ်ယူနိုင် ပါသည်။
#မိတ်ဆွေများအတွက် အိမ်တိုင် ယာအရောက် ပို့ဆောင်ပေးပါတယ် ခင်ဗျာ 🍀
#ယိုးဒယားတိုက်ရိုက်အုန်းချိုမွှေး 3နှစ်စသီး ပျိုးအိတ်တွင်အသင့်ထိန်းထားပြီးအမြစ်ကြပျိုးပင်များ။
�ပုံပါအတိုင်းအမြင့် 2ပေအထက်
ပျိုးအိပ်တွင်‌မြေဆွေးဖြင့်အသင့်နှပ်ပေးထားလို့ရောက်တာနှင့်ချက်ခြင်းတန်းစိုက်ပျိုးနိုင်ပါသည်။
မစိုက်အားလျှင်လဲပျိုးအိပ်လေးနှင့်အကြာကြီးနှပ်ထားပေးလို့ရပါတယ် CRD ပေးပါတယ်

image
14 w - Translate

ကြက်မောက်စိုက်ပျိူးနည်း
===============
ကြက်မောက်လူတိုင်းလိုလို ကြိုက်နှစ်သက်ပြီးသိကြပါတယ်
ဈေးကွက်လဲအလွန်ကောင်းမွန်ပါတယ်
စီးပွားဖြစ်စိုက်ပျိုးပါက ဈေးကွက်ဝင်တဲ့မျိုးကိုရွေးစိုက်ဖို့လိုအပ်ပါတယ်
ကြက်မောက်သုံးမျိုးရှိပါတယ် တောကြက်မောက်တော့မပြောတော့ပါဘူး
ပန်းရောင်ကြက်မောက်
ရွှေဝါရောင်ကြက်မောက်
အနီရောင်ကြက်မောက်
အရောင်နဲ့ဘဲခွဲပြောပေးပါမယ်
ကြက်မောက်ပူအိုက်စိုစွတ်တဲ့ရာသီဥတုကို ကြိုက်နှစ်သက်ပါတယ်
မြန်မာနိုင်ငံ နေရာတော်တော်များများဖြစ်ထွန်းပါတယ်
အပူချိန် ၂၅°C ကနေ ၃၅°Cအတွင်းကောင်းစွာဖြစ်ထွန်းပါတယ်
မြေအစို ဓာတ် 70 ကနေ 80အတွင်းကို ကြိုက်နှစ်သက်တဲ့အပင်မျိုးဖြစ်ပါတယ်
အပွင့်ပွင့်ချိန် တစ်ခိုင်မှာ ပြိုင်တူတစ်ညီထဲမပွင့်တာကြောင့်
အသီးမှည့်ချိန်လဲ နည်းနည်းဟနေပါလိမ့်မယ် မှည့်တာကိုအရင်ကြည့်ပြီးခူးစွတ်ရပါမယ်
မြေဆီးကို ပထမပိုင်း npkညီမျှတူးကြွေးပေးပါ သဘာဝမြေသြဇာလဲကျွေးနိုင်ပါတယ် ရေကိုတပါတ်၂ကြိမ်သို့မဟုတ်၃ကြိမ်ပေးသင့်ပါတယ်
၁၁လပိုင်း၁၂လပိုင်းလောက်မှာအပွင့်ထွက်ပါတယ်
Zawgyi
ကြက်မောက်စိုက်ပျိုးနည်း
===============
ကြက်မောက်လူတိုင်းလိုလို ကြိုက်နှစ်သက်ပြီးသိကြပါတယ်
စျေးကွက်လဲအလွန်ကောင်းမွန်ပါတယ်
စီးပွားဖြစ်စိုက်ပျိုးပါက စျေးကွက်ဝင်တဲ့မျိုးကိုရွေးစိုက်ဖို့လိုအပ်ပါတယ်
ကြက်မောက်သုံးမျိုးရှိပါတယ် တောကြက်မောက်တော့မပြောတော့ပါဘူး
ပန်းရောင်ကြက်မောက်
ရွှေဝါရောင်ကြက်မောက်
အနီရောင်ကြက်မောက်
အရောင်နဲ့ဘဲခွဲပြောပေးပါမယ်
ကြက်မောက်ပူအိုက်စိုစွတ်တဲ့ရာသီဥတုကို ကြိုက်နှစ်သက်ပါတယ်
မြန်မာနိုင်ငံ နေရာတော်တော်များများဖြစ်ထွန်းပါတယ်
အပူချိန် ၂၅°C ကနေ ၃၅°Cအတွင်းကောင်းစွာဖြစ်ထွန်းပါတယ်
မြေအစို ဓာတ် 70 ကနေ 80အတွင်းကို ကြိုက်နှစ်သက်တဲ့အပင်မျိုးဖြစ်ပါတယ်
အပွင့်ပွင့်ချိန် တစ်ခိုင်မှာ ပြိုင်တူတစ်ညီထဲမပွင့်တာကြောင့်
အသီးမှည့်ချိန်လဲ နည်းနည်းဟနေပါလိမ့်မယ် မှည့်တာကိုအရင်ကြည့်ပြီးခူးစွတ်ရပါမယ်
မြေဆီးကို ပထမပိုင်း npkညီမျှတူးကြွေးပေးပါ သဘာဝမြေသြဇာလဲကျွေးနိုင်ပါတယ် ရေကိုတပါတ်၂ကြိမ်သို့မဟုတ်၃ကြိမ်ပေးသင့်ပါတယ်
၁၁လပိုင်း၁၂လပိုင်းလောက်မှာအပွင့်ထွက်ပါတယ် crd

image
14 w - Translate

22h ·
👉 သင်္ဘောအဖိုပင်မှ အမပင်ပြောင်းနည်း 👈😱
- သင်္ဘောပင် အဖိုပင်ကနေ အမပင်ဖြစ်အောင် ပြုလုပ်နည်း အဆင့်ဆင့်ကို ဝေမျှပေးလိုက်ပါတယ်။ ☺
၁။ သင်္ဘောအဖိုပင်ကို အပင်ရင်းမှ တစ်တောင်ခန့်ချန်ပြီး ဖြတ်ထားပေးပါ။
၂။ အမကိုင်း ထည့်ဆက်မှာဖြစ်တဲ့အတွက် ၂လက္မခန့် အကွဲကြောင်း လှီးဖြတ်ပေးထားပါ။
၃။ အမကိုင်းကို တစ်ထွာကျော်ခန့် အပေါ်ပိုင်း လှီးဖြတ်ယူပေးပါ။ အမအပင်ပေါက်ကို ထည့်ဆက်နိုင်သလို အမပင်ကြီးတွေမှ ကိုင်းတက်တွေကို ဖြတ်ယူပြီး ထည့်ဆက်လို့လဲရပါတယ်။
၄။ အရင်းပိုင်းကို အင်္ဂလိပ်အက္ခရာ "V"ပုံစံ နှစ်ဖက်အပြားချွန်ပေးပါ။
၅။ အောက်ခံအဖိုပင် အကွဲကြောင်းထဲ ထည့်ဆက်ပေးပြီး တိပ်နဲ့ကြပ်စည်းပေးထားပါ။
၆။ နေရောင်တိုက်ရိုက်မထိတွေ့ဖို့နဲ့ ရေမဝင်စေဖို့ ပလတ်စတစ်အိတ်နဲ့ ဖုံးအုပ်ထားပေးပါ။
၇။ ၁၅ရက်ကျော်လောက်ဆို အညွန့်တက်တွေထွက်လာရင် ကိုင်းဆက်တာ အောင်မြင်ပါတယ်။
ဒါဆိုရင်တော့ အဖိုပင်ကနေ အမပင်ပြောင်းလဲသွားပြီး ပုပုလေးနဲ့ သီးစေမှာပဲ ဖြစ်ပါတယ်။

image

ခရမ်းချဥ်သီး ပန်ထွေဖျော်နည်း.....။ 🍅😋
ပါဝင်ပစ္စည်းများ........
- ခရမ်းချဥ်သီး
- ငရုတ်သီးစိမ်းအညှာခြွေ
- ကြက်သွန်ဖြူ တို့ကို ရေဆေးပြီး မီးကင်
- စိမ်းစားငပိအနည်းငယ် မီးကင်
ပါဝင်ပစ္စည်းများအားလုံး မီးကင်ပြီးရင်
ခရမ်းချဥ်သီး ကို အခွံနွှာ
ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတွေကို
ကြိတ်စက်ထဲ ဆားထည့်ပြီး ကြိတ်
(ကြိတ်စက်မရှိလဲ ခရမ်းချည်သီးလေးတွေကို ဇွန်းလေးနဲ့ခြေပီးဖျော်လည်းရတယ်။ ​ငရုတ်သီး၊ ကြက်သွန်ဖြူလေးတွေကို ငရုပ်ဆုံလေးနဲ့ထောင်းပြီးမှဖျော်ထားတဲ့ခရမ်းချည်သီးထဲကိုထည့်ပီးမွှေ)
နံနံပင် ပါးပါးလှီးထည့်ပြီး ကိုယ်ကြိုက်တဲ့
အသီးနှံတွေနဲ့ တွဲစားလို့ရပါပြီး ခင်ဗျာ.....။ 😋
ဦးနိုင်ကတော့အရမ်းကြိုက်......😋
ငါးရံ့ခြောက်ဖုတ်/အမဲကြော်တို့နဲ့ ထမင်းပူပူလေးနဲ့ဆို
အာဂပါးစပ်လူဖြစ်ရကြိုးနပ်ပေါ့ ဗျာ.....။ 😋
Credit..... ဦးနိုင်

image

ပုဇွန် သခွားသီး ရခိုင်သုပ်စပ်စပ်လေး သုပ်နည်း.....😋
သခွားသီးသုပ်အရည်ရွှဲရွှဲလေးကို ထမင်းဖြူလေးနဲ့စား အရမ်းကိုစားကောင်းပါတယ်။
သခွားသီးကိုရေဆေး နှစ်ခြမ်းခွဲ အလယ်ကအစေ့လေးတွေထုပ်ပြီးခြစ်ထားပါ။ နုနုလေးဆို အစေ့တွေ ထုပ်စရာတောင်မလိုပါဘူး။
ကြက်သွန်နီ နှစ်လုံးလောက်ကို ပါးပါလေးလှီးပြီး ရေဆေးထားပါ။
ပုဇွန်လှော်ပြီး အခွံခွာထားပါ။
စိမ်းစားငပိ မီးဖုတ်ထားပါ။
ငရုပ်သီးစိမ်း ကိုယ်အစပ်စားနိုင်သလောက် လှော်ထားပါ။
ပြီးရင် စိမ်းစားငပိနဲ့ ငရုပ်သီးစိမ်းလေးကို ရောထောင်းပါ။
အရသာအတွက် လိုအပ်တဲ့ ဆား၊ အချိုမှုန့် သို့မဟုတ် ကြက်သားမှုန့်ကို တခါတည်းထည့်ထောင်းပါတယ်။
လှော်ထားတဲ့ ပုဇွန်တဝက်လောက်ကိုလည်း ရောထောင်းလိုက်ပါတယ်။
ကျန်တဲ့တဝက်က အကောင်လိုက်ထည့်ပါမယ်။
ပြီးရင် ခြစ်ထားတဲ့သခွားသီးထဲကို ထောင်းထားတာတွေထည့်၊ ကြက်သွန်နီပါးပါလှီးထားတာနဲ့ ပုဇွန်တွေထည့်ပြီးရင် သုပ်ပါ။
အချဥ်ကြိုက်ရင် သံပုရာသီးလေးညှစ်ထည့်ပါ။
နောက်ဆုံးအရသာလေးမြည်းကြည့်ပြီး ကိုယ်လိုသလောက်ရပြီးဆို ပင်စိမ်းလေးညှပ်ထည့်ပြီးရင် စားကောင်းတဲ့ သခွာသီးရခိုင်သုပ်စပ်စပ်လေး ရပါပြီးရှင့်......။ 😋

image

ချဥ်ဖတ်အစုံ ပြုလုပ်နည်း........။
မုန်လာချဉ်ဖတ် လုပ်နည်း....
မုန်လာဥ ၅ လုံးကို လှီးဖြတ်ထားပါ။
ရှာလကာရည် အကြမ်းပန်းကန် ၁ လုံး
ရေ အကြမ်းပန်းကန် ၃ လုံး
ဆား ထမင်းစားဇွန်း ( ဇွန်း တစ်ဝက် )
သကြား ထမင်းစားဇွန်း ( ဇွန်း တစ်ဝက် )
အားလုံးရောဖျော်ပီး မုန်လာဥမြုပ်အောင် ထည့်ထားပါ။
၁ ညသိပ်ပီးရင် စားလို့ရပါပြီး။
ပိုးတီကြိုက်ရင်တော့ ပိုးတီလှီးပီးမှ စိမ်စားလို့ရပါတယ်။
ပဲတီချဉ်ဖတ် လုပ်နည်း......
ရေတစ်လီတာ
ရှာလကာရည် ထမင်းစားဇွန်း ၅ ဇွန်း
ဆား ထမင်းစားဇွန်း ၁ ဇွန်း
သကြား ထမင်းစားဇွန်း တစ်ဝက်
အားလုံး ရောမွှေထားတဲ့ အချဉ်ရည်ထဲကို
ပဲပင်ပေါက်ကို ရေဆေးပီး ထည့်စိမ်လိုက်ပါ။
(ပဲပင်ပေါက်ကို အချဉ်ရည်ထဲ မြုပ်အောင်စိမ်ပီး
အဖုံးအုပ်ထားပေးပါ) တစ်ညသိပ်ပီးရင် စားလို့ရပါပြီး....။
ကြောင်လျှာသီးချဉ်ဖတ် လုပ်နည်း.........
ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထားပါ။
ကြောင်လျှာသီးကို မထူမပါးလှီးပီး ပုလင်းထဲထည့်ပါ။
ဆားထည့်ပီး ဆန်ဆေးရည်အပေါ်ယံ အရည်ကြည်ထည့်ပါ
ရေပေါ် ပေါလောပေါ်မနေအောင် ပုလင်းဝမှာ
ငှက်ပျောရွက်ကို ကျစ်ကျစ်ခေါက်ပီး ဖိထည့်ပါ
ပုလင်းအဖုံးကို ပိတ်ထားပေးပါ
သုံး လေးရက်ကြာရင် ချဉ်ဖတ်ရပါပီ
ဘာချဉ်ဖတ်ပဲလုပ်လုပ်
ရေပေါ် ပေါလော ပေါ်မနေစေပဲ
ရေထဲမြုပ်နေအာင် ပုလင်းဝမှာ
ငှက်ပျောရွက်ကို ကျစ်ကျစ်ခေါက်ပီး ဖိထည့်ထားပေးပါ
ဟင်္ဂလာချဉ်ဖတ် လုပ်နည်း........
ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထား၍
ဆန်ဆေးရည်အပေါ်ယံ အရည်ကြည်ထည့်ပီး ဆားထည့်မွှေပါ။
ဟင်္ဂလာရွက်များကို ရေစင်ကြယ်စွာဆေးပီး
ဆန်ဆေးရည်ထဲမှာ ထည့်စိမ်ထားပါ။
ဟင်္ဂလာချဉ် ဖြစ်လာပါလိမ့်မယ်
အရောင်ဝါချင်ရင်တော့
ချဉ်ဖတ်စိမ်တဲ့အခါ နနွင်းအနည်းငယ် ထည့်စိမ်ပေးပါ။
မဝါချင်ရင်တော့ ထည့်ဖို့ မလိုပါဘူး။
(နောက်တစ်နည်း)
ဟင်္ဂလာရွက်များကို ရေစင်ကြယ်စွာဆေးပီး
ထမင်းမာမာနှင့် ဆားသင့်တော်အောင် ဖြူးထည့်ကာ
စဉ့်အိုး (သို့) ဇလုံထဲတွင် သိပ်ထားရင် ဟင်္ဂလာချဉ်ရပါပြီး။
တမာချဉ်ဖတ်လုပ်နည်း တမာချဉ် လုပ်နည်း.......
တမာချဉ်ဖတ်နဲ့ တမာချဉ်ဆိုပီး ၂ မျိုးရှိပါတယ်။
အခါးကြောက်တတ်သူများအတွက်
တမာချဉ်ဖတ်လုပ်နည်းကို အရင်ပြောပြပါမယ်နော်.....
တမာချဉ်ဖပ် လုပ်နည်း.......
ဆန်ဆေးရည်ငှဲ့ပီး ၁ ည သိပ်ကာ အချဉ်ခံထားပေးပါ။
ဆား,နနွင်း နဲနဲ,မကျီးသီး,ရေ အားလုံးရောထည့်ပီး ကျိုပါ
ရေဆူလာတဲ့အခါ တမာရွက်နုများထည့် ပီး၂ မိနစ် ပြုတ်ပါ။
ပီးရင် ရေစင်စင်ဆေးပီး ရေအေးထဲ ၁ နာရီ ထည့်စိမ်ထားပါ။
တမာရွက်ပြုတ်များကို ရေစစ်ထားလိုက်ပီးနောက်
ချဉ်ဖတ်တည်မယ့်အိုးထဲ ရေစစ်ထားတဲ့ တမာရွက်များ ထည့်ပါ။
အချဉ်ခံထားတဲ ဆန်ဆေးရည် လောင်းထည့်ပါ။
ဆား သင့်ရုံသာ ထည့်ပီး မွှေလိုက်ပါ
တမာရွက်ပြုတ်များ ဆန်ဆေးရည်ထဲ မြုပ်နေပါစေ
ပီးရင် အဖုံးအုပ်ထားလိုက်ပါ။
၂ ညသိပ်ပီးရင် တမာချဉ် မွှေးမွှေးလေး ရပါပြီး....။
(ခါးပေါ့ ချဉ်ချဉ်လေးနဲ့ စားကောင်းတဲ့ တမာချဉ်ဖတ်ပါ)
(နောက်တစ်နည်း)
တမာရွက်နုများကို ဇီးသီးနဲ့ ပြုတ်ပီး ရေစစ်ထားပါ။
အိုးထဲထည့်ပီး ဆားအနည်းငယ်ထည့်ပီး အဖုံးအုပ်ထားပါ။
၂ ရက် ၃ ရက်ခန့် အချဉ်တည်ပီးရင် တမာချဉ် ရပါပြီး.....။
တမာချဉ် လုပ်နည်း.........
ဆား,နနွင်း နဲနဲ,မကျီးသီး,ရေ အားလုံးရောထည့်ပီး ကျိုပါ။
ရေဆူလာတဲ့အခါ တမာရွက်နုများထည့် ပီး၂ မိနစ် ပြုတ်ပါ။
ပီးရင် ရေစင်စင်ဆေးပီး ရေအေးထဲ ၁ နာရီ ထည့်စိမ်ထားပါ။
တမာရွက်ပြုတ်များကို ရေစစ်ထားလိုက်ပီးနောက်
မကျည်းရည်ထဲ ၁ နာရီခန့် ထည့်စိမ်ထားလိုက်ပါ။
တမာချဉ် ရပါပြီး.....။
ကတက်ချဉ်ဖတ် လုပ်နည်း.......
ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထား၍
ဆန်ဆေးရည်အပေါ်ယံ အရည်ကြည်ထည့်ပီး ဆားထည့်မွှေပါ။
ကတက်ရွက်များကို ရေစင်ကြယ်စွာဆေးပီး
ဆန်ဆေးရည်ထဲမှာ ထည့်စိမ်ထားပါ။
ကတက်ချဉ် ဖြစ်လာပါလိမ့်မယ်
အရောင်လှချင်ရင်တော့
ချဉ်ဖတ်စိမ်တဲ့အခါ နနွင်းအနည်းငယ် ထည့်စိမ်ပေးပါ။
(နောက်တစ်နည်း)
ကတက်ရွက်များကို ရေစင်ကြယ်စွာဆေးပီး
ထမင်းမာမာနှင့် ဆားသင့်တော်အောင် ဖြူးထည့်ကာ
စဉ့်အိုး( သို့ ) ဇလုံထဲတွင် သိပ်ထားရင် ကတက်ချဉ်ရပါပြီး။
ကန်စွန်း ချဉ်ဖတ် ပြုလုပ်နည်း......
ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထားပီးနောက်
အပေါ်ယံ အရည်ကြည်များ သွန်ချပီး ဆားထည့်မွှေပေးပါ။
ကန်စွန်းရိုးနဲ့ အရွက်များကို ရေစင်ကြယ်စွာဆေးပီး
ထို ဆန်ဆေးချဉ်ရည် ထဲမှာ ထည့်စိမ်ထားပါ။
၂ ရက်ကြာရင် ကန်စွန်းချဉ်ဖတ် ဖြစ်လာပါလိမ့်မယ်။

image
14 w - Translate

Gemini ♊️, Cancer ♋️, Sagittarius ♐️, Leo ♌️, Aries ♈️, Scorpio ♏️, Pisces ♓️
ဒီ sign တွေရဲ့ girl zodiac တွေက ဘလိုပုံစံလဲဆို ဆတ်ဆတ်ထိမခံဘူး ။နတ်ကိုးကွယ်သလိုပဲ စကားမှားတာနဲ့တွယ်ပြီပဲ စကားအမှားမခံ သေးသေးတင် မခံ အကြောမခံဘူး။စကားလေးတလုံးလာမတင်နဲ့ ပြန်ချေရမှ နေသာထိုင်သာရှိတာ မချေရရင်တသက်မကြေဘူး။
ဘယ်သူမှားမှား မကြေပေးဘူး သူ့တို့စမှားရင် သူများနဲ့ဆို မသိချင်ယောင်ဆောင်လိုက်တယ် ရည်းစားနဲ့ဆို ကိုကိုကလဲကွာပေါ့🥲

image
14 w - Translate

စိတ်ဒုက္ခအပြုံလိုက်ပေးပါတယ်ချင့်🥹
ကောင်းပြနေရင်တကယ်မချစ်ဘူး အာ့တာဟန်ဆောင်တာ🥲

image
14 w - Translate

ဒီလ ၁၀ရက်နေ့မှ တချို့ sign တွေ pluto retrograde ကနေလွတ်ကြမှာ🥲
Pluto တောင်မပြီးသေး Saturn ကဖင်ဝင်ချ အဲလေ ဝင်လာတာဆိုတော့🥹
နှစ်ခုစုံတဲ့ကာလမှာ သတိပိုထားပါ မတော်တဆလေးတွေ၊စိတ်မကြည်တာ၊ဒေါသထွက်လွယ်တာတွေဖြစ်တတ်တယ်🤒
မကောင်းတဲ့ retrograde တွေပဲအမြဲမတင်ချင်လို့ pluto ပြီးခါနီးမှလာပြောပြတာ😑