Ama Hone changed his profile picture
12 w

image
Ama Hone shared a post  
124 yrs - Translate

12 w

တစ်ချိုက လူကောင်းတွေပါ
ဒါပေမဲ့ ကျွန်တော်နဲ့တော့ အဆင်မပြေဘူး။

image

နင်ပဲ ခေါ်သွားလိုက်တော့

image
12 w - Translate

တစ်ချိုက လူကောင်းတွေပါ
ဒါပေမဲ့ ကျွန်တော်နဲ့တော့ အဆင်မပြေဘူး။

image
12 w - Translate

ဖရဲအသီးထွားဖို့လိုက်နာရမည့်အချက်၉ချက်🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉
=======================
၁။ စိုက်ပင်အရွက် ၃-၄ ရွက်ထွက်ချိန်တွင် ထိပ်ညွန့်ကို ဖြတ်ပေးပါ။🤗
၂။ အတက် ၃-၄ ကိုင်း မွေးပါ။ အပင်ခြေမှ ၃ ပေအကွာ အဆစ် ၁၃-၁၄ ဆစ်တွင် အသီးဖမ်းပါ။👌
၃။ ကျန်သော အတက်များကို ဖဲ့ပေးပါ။ အသီးဖမ်းပြီးချိန် အတက်မဖဲ့ရပါ။👈
၄။ အဆစ် ၂၇-၂၈ တွင် ဖရဲညွန့်ကို ဖြတ်ပေးပါ။နွယ်ကိုင်းများကို တစ်ခုနှင့်တစ်ခု မထပ်အောင် ဖြန့်ချထားပေးရမည်။👌
၅။ တစ်ပင်တွင် သီးလုံးတစ်လုံးယူမှသာ အသီးကြီးထွားမည်။ 💚
၆။ ဖရဲ အဖိုပွင့်နှင့် အမပွင့် ဝတ်မှုန်ကူးရာတွင် သဘာဝအားဖြင့် ပျားပိတုန်းများဖြင့်သာ ဝတ်မှုန်ကူးသည်။ 😇
၇။ ဝတ်မှုန်ကူးခြင်း မပြည့်စုံပါက အသီး မတင်ခြင်း၊ အသီးပုံပျက်ခြင်းများ ဖြစ်တတ်သည်။😍
၈။ ဝတ်မှုံကူးခြင်းသည် နံနက် ၆ နာရီမှ ၈ နာရီအတွင်းသာဖြစ်၍ အမပွင့်သည် ၂ ရက်သာ ဝတ်မှုန် လက်ခံနိုင်သည်။👍
၉။ လူနှင့် ဝတ်မှုန်ကူးပေးခြင်းကို နံနက် ၆ နာရီမှ ၈ နာရီအတွင်း ကောင်းစွာ ပွင့်နေသော အဖိုပွင့်ကို အမပွင့်ပေါ် မျက်နှာချင်းဆိုင် အပ်ပြီး လှည့်ပေးရမည်။ အမပွင့် တစ်ပွင့်လျှင် အဖိုပွင့် ၃ ပွင့်နှုန်း ပြုလုပ်ပေးပါ။😻

image

#ရှမ်းပဲပုတ်ထောင်း
❀ ❀ ❀
ရှမ်းပြည်အလွမ်းပြေရှမ်းပဲပုတ်လေးထောင်းဖြစ်ပါတယ်။ ထောင်းနည်းကတော့တနေ၇ာနဲ့တနေ၇ာသိပ်မကွဲကြဘဲတချို့ကခ၇မ်းချဉ်သီးကိုပြုတ်ပြီးထောင်းလေ့ရှိပါတယ်။မီးကင်ထောင်းခြင်းဖြင့့်အနံ့အ၇သာပိုမိုပြီးပြည့်စုံစေမှာဖြစ်ပါတယ်။ပဲပုတ်ထောင်းတခွက်ပါ၇င်ထမင်းဝိုင်းမှာတခြားဟင်းကောင်းမပါဘဲလည်းထမင်းမြန်စေမဲ့ဟင်းရံတခွက်ဖြစ်မှာအသေချာပါဘဲရှင်။
လိုအပ်သောပစ္စည်း
***********
ခရမ်းချဉ်သီး - ၅လုံး
ရှမ်းပဲပုတ် - ၃ချပ်
ကြက်သွန်ဖြူ - ၅မြောင်း
ငရုပ်သီး စိမ်းနီ - ဆယ်တောင့်
ဆား - လ္ဘက်ဇွန်းတဝက်
ဟင်းခပ်မှုန့် - အနည်းငယ်
နံနံပင် - အနည်းငယ်
ဆီ - ၃ဇွန်း
ပြုလုပ်နည်း
******
(၁)ခရမ်းချဉ်သီးကိုရေဆေးပြီးမီးဖုတ်ထားပါ။
(၂)ရှမ်းပဲပုတ်ကိုလည်းမီးကင်ထားပါ။
(၃)ငရုပ်သီးစိမ်းကြက်သွန်ဖြူကိုမွှေးလာသည်ထိကင်ထားပါ။ လှော်ထားလည်းရပါတယ်။
(၄)အားလုံးအဆင်သင့်ဖြစ်ပါကငရုပ်ဆုံတွင်ကြက်သွန်ဖြူငရုပ်သီးနှင့်ရှမ်းပဲပုတ်တို့ကိုအရင်ထောင်းပါ။
(၅)ပြီးလျှင်ခရမ်းချဉ်သီးမီးကင်ထားသည်ကိုအခွံသင်ထည့်ပြီးသာသာထောင်းပါ။
(၆)အရသာဖြည့်စွက်ပါ။ခရမ်းချဉ်သီးကြေညက်ပါကအ၇သာအပေါ့အငံမြည်းကာပန်းကန်တွင်ထည့်ပါ။
(၇)နံနံပင်သေးသေးစိတ်ထည့်ပြီးဆီစမ်းပါ။ သမအောင်မွေပြီးနှစ်သက်ရာသီးနှံအတို့အမြုတ်ဖြင့်တွဲဖက်ကာထမင်းဝိုင်းတွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။

image
12 w - Translate

positive energy for august 🌸✨
Aquarius ♒️, Sagittarius ♐️Capricorn ♑️, Libra ♎️, Virgo ♍️ , Pisces ♓️
- လအစပိုင်းမှာတော့ ဒီ signs တွေက ကံသိပ်မကောင်းနေသလိုမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ လအဆုံးပိုင်းရောက်လာတာနဲ့တဖြေးဖြေး ပိုမိုပြီးကောင်းတဲ့အရာလေးတွေရရှိလာပါလိမ့်မယ်🫶🕯️
- ဖြေထားတဲ့စာမေးပွဲ results စောင့်နေတဲ့သူတွေအတွက် ရလဒ်ကောင်းတွေရဖို့များတယ်။မဖြေရသေးတဲ့သူတွေကတော့ အဖျက်လေးတွေများလို့ ဂရုပိုစိုက်ပေးပါ🦋🕯️
- စီးပွါးရေး ၊အလုပ်ကိုင်ကိစ္စတွေနဲ့ပက်သက်ပြီး ဆုံးဖြတ်ချက် ကြီးကြီးမားမားချရတာမျိုးရှိလာနိုင်ပေမဲ့ အဆင်ပြေပါလိမ့်မယ်။မိမိရွေးချယ်မူ မှန်ကန်ပါလိမ့်မယ်။🧿
- ငွေကြေးကံကတော့ ဒီလ အဆုံးပိုင်းလောက်မှာ ကံမြင့်နေတဲ့အတွက် ထီတို့ ၊2D၊3D ပေါက်တာမျိုးရှိတတ်ပါလိမ့်မယ်။🔮📿
- လတ်တလောတော့ စိတ်pressure များတာတွေ ၊လုပ်ရမယ့်အရာတွေအတွက်ခေါင်းခဲနေတာမျိုး Stress များနေတာမျိုးတွေတွေ့ရတယ်။🎈🪞
- ကျန်းမာရေးက physical ပိုင်း ထိခိုက်တာမျိုးတော့သိပ်မတွေ့ရပေမဲ့စိတ်ဓတ်ကျနေတာမျိုး အထီးကျန်တာမျိုးလေးတွေဖြစ်တတ်ပါတယ်။🎐
- Relationship သမားတွေကတော့ ဒီကာလမှာ ကတောက်ကဆတွေများတာ တယောက်နဲ့တယောကအထင်လွဲတာတွေရှိတတ်ပါတယ်။💕
- Single လေးတွေကတော့ ဒီလ အဆုံးပိုင်းလောက်မှာ စန်းပွင့်တာမျိုးဖြစ်တတ်ပါတယ်။🤍🫶
- ကိုယ့်အနေနဲ့စိတ်ပူနေတဲ့ကိစ္စတချို့ အဆင်ပြေသွားပါလိမ့်မယ် claim this 🦋
- ပုတီး စိတ်ပေး ကိုယ်တတ်နိုင်တဲ့အလှူသေးသေးလေးတွေလုပ်ပေးပါ📿
- ခရီးထွက်ပြီး အနားယူသင့်ပါတယ်🤍

အကောင်းဆုံးဖြစ်အောင်ပဲ
ကျွန်တော်တို ကြိုးစားရမယ် ။
ဒါပေမဲ့
အကောင်းဆုံးတွေချည်း ဖြစ်လာလိမ့်မယ်လိုတော့
ကျွန်တော်တို အရမ်းကြီး မျှော်လင့်ထားလိုမရဘူး ။
ဘဝဆိုတာ
မရေရာခြင်းတွေထဲမှာ ရှင်သန်နေထိုင်ရတာမို
လောကဓံ အကောင်း ၊ အဆိုးကိုလည်း
လက်ခံ ၊ ရင်ဆိုင်နိုင်ဖို လိုပါတယ် ။

image
12 w - Translate

လူ့ပေါက်ပန်း မဖြစ်စေနဲ့...
ပေါက်ပန်းဖြူဖွင့်က သူ့မှာ
အဆင်းဘဲရှိတာ အချင်းမရှိဘူး
ဒါကြောင့် သူ့ဟာ
လှပတဲ့ ပန်းဖြစ်ပင်မဲ့
ဘာရနံ့မှ မရှိတော့ ဘယ်သူကမှ
ပန်းလို မသုံးပြုကြဘူး...
အဲလိုဘဲ လူဆိုတာ...
ဘယ်လောက်ဘဲ ရုပ်ရည်ချောမောလှပါစေ
သူ့ရဲ့ ပင်ကိုယ် စရိုက်အကျင်းမကောင်းရင်
ဘယ်သူကမှ မိတ်ဆွေ လို့ မသ-တ်မှတ်ချင်ကြဘူးလေ...
အဲဒါကြောင့် ကိုယ့်ရဲ့ ဘဝကို
လူ့ပေါက်ပန်း မဖြစ်အောင်
ကြိုးစားရမယ်.....

image

#သွေးတိုးရောဂါ ဘာလို့ဖြစ်ရလဲ?
သွေးဟာ အရည် ဖြစ်တယ်အရည်ရဲ့ သဘောတရား အရ မြင့်ရာကနေ နိမ့်ရာကို စီးဆင်းတယ်
ခန္ဓာကိုယ်ထဲမှာကျတော့ နိမ့်ရာကနေ မြင့်တဲ့ဦးခေါင်းလို နေရာမျိုးကို စီးဖို့လေပန့်လို ဝါယောဓါတ် လေဓါတ်က ကူညီပေးတယ်
အဲတော့ ဝါယောဓါတ်မကောင်းတဲ့ သူတွေဟာလေတွေက တအားတွန်းကန်ပြီးတော့ လေဖြတ် လေငန်း လေရောဂါတွေ ဖြစ်ရတယ်
Tik Tok မှာ မထင်မှတ်ဘဲ တွေ့လိုက်ရတဲ့ပြည်သူကို ကျန်းမာရေး အသိပေးနေတဲ့ဆရာမကြီး တစ်ယောက်ရဲ့ HE စကားတွေပါ
တကယ်တော့အဲဒါဟာ ဆောက်တလွဲပါ
သွေးထဲမှာ လေဆိုတာ ရှိလို့မရပါမယုံတဲ့သူရှိရင် လေ ၅၀ စီစီလောက် ကိုယ့် သွေးကြောထဲ ကိုယ်ထိုးထည့်ကြည့်လိုက်ပါ
သွေးတိုးဆိုတာကို ပြောရင်သွေးပေါင်ချိန်ဆိုတာ ကို ပထမ နားလည်ရပါမယ်
သွေးပေါင်ချိန်ရင် အပေါ်သွေး အောက်သွေးဆိုပြီး ပြောကြပါတယ်
နှလုံးက ဖိညှစ်နေတဲ့ အချိန်သွေးလွှတ်ကြောတွေထဲမှာ ရှိနေတဲ့ သွေးဖိအားကိုတိုင်းတာဟာ အပေါ်သွေး ဖြစ်ပြီး
နှလုံး ပြန်ဖြေလျော့တဲ့ အချိန်မှာ တိုင်းတာဟာအောက်သွေးဖြစ်ပါတယ်
ပုံမှန် သွေးပေါင်ဟာ ၁၂၀/၈၀ လို့သတ်မှတ်ပါတယ်
120-29 ကို သွေးတိုး အစ လို့သတ်မှတ်ပြီး
130-39 ကို Stage 1 Hypertension
140-180 ကို Stage 2 Hypertension လို့သတ်မှတ်ပြီး
180 အထက်ကို Hypertensive crisis လို့ သတ်မှတ်ပါတယ်
နောက်ထပ် အလွယ်ခွဲရင်
အသက်အရွယ်ကြောင့် တိုးတဲ့ သွေးတိုးနဲ့
အသက်ငယ်ငယ်နဲ့ တိုးတဲ့ သွေးတိုး ဆိုပြီး ခွဲလို့ရပါတယ်
အများအားဖြင့် အသက်အရွယ်ရလာတဲ့ အခါလူတွေရဲ့
နေထိုင်စားသောက်မှုအပေါ်မူတည်ပြီး သွေးကြောနံရံတွေမှာ CHolestrol လို့ခေါ်တဲ့
အဆီတွေ ကပ်လာတတ်ပါတဲ့
အဲဒါကြောင့် သွေးကြောနံရံတွေဟာ မာကျောလာပြီး
အတွင်း cavity ဟာ ကျဉ်းလာတဲ့ အတွက်
ကျဉ်းနေတဲ့ ပိုက်ထဲ သွေးဖြတ်စီးဆင်းဖို့အတွက်
နှလုံးဟာ ဖိညှစ်ရတာကြောင့်
သွေးဖိအား မြင့်တက်လာရခြင်း ဖြစ်တယ်
သွေးတိုးတာကြာလေ နှလုံးက ဖိညှစ်လေ သွေးကြောနံရံတွေကဖိအားခံရလေနဲ့
တချိန်မှာ ပြင်းထန်တဲ့ ဖိအားကြောင့် သွေးကြော
ပေါက်ထွက်သွားတဲ့အခါ ဦးနှောက်သွေးကြောပေါက်တယ်ဆိုတာတွေ ဖြစ်လာပါတယ်
အဲလိုမှ မပေါက်ဘဲ သွေးကြောနံရံက
အဆီခဲ‌တွေကြောင့် သွေးကြောပိတ်သွားပြီး
သွေးမရောက်တော့တာမျိုး
ကျဉ်းနေတဲ့ သွေးကြောမှာ သွေးခဲလေးတွေ သွားပိတ်တာမျိုးကို
လေဖြတ် လေငန်းဆွဲတယ် လို့ ခေါ်ကြတယ်
ပြီးတော့
အသက်ငယ်ငယ်နဲ့ တိုးတဲ့သွေးတိုးတွေဟာ ‌underlying ရောဂါ
အကြောင်းအရင်းတစ်ခုခု ရှိနေတတ်ပါတယ်
မျိုးရိုးလိုက်တာ မွေးရာပါ ကျောက်ကပ် မကောင်းတာ
ဟိုမုန်း ချို့တဲ့တာ များတာ
အဝလွန်တာ စတဲ့ ရောဂါ အခြေခံတစ်ခုခု ရှိနေတတ်ပါတယ်
သွေးတိုးအမျိုးအစားနဲ့ အဆင့်ပေါ်မူတည်ပြီး ကုသပုံတွေ မတူသလို
သွေးတိုးဟာ ပျောက်အောင်လဲ ကုလို့မရပါ
ကိုယ်လိုချင်တဲ့ Target blood pressure
ရောက်အောင် ထိန်းညှိရင်း
သွေးတိုးရဲ့ နောက်ဆက်တွဲ ရောဂါတွေဖြစ်တဲ့ နှလုံးပျက် လေဖြတ်
ကျောက်ကပ်ပျက် တာတွေ မြန်မြန်ဖြစ်မသွားအောင်ဘဲ ကုရတာပါ
အဲလိုကုဖို့အတွက် လူနာဟာ ဆေးနဲ့ ဆရာတွေကိုဘဲ
အားကိုးလို့မရသလို
ဖြည့်စွက်ဓါတ်ဆာဘယ်လောက်ကောင်းကောင်း
ကျန်းမာတဲ့ စားသောက်နေထိုင်ပုံ ကိုယ်လက်ကျန်းမာရေးလှုပ်ရှားမှုနဲ့
ဆောင်ရန် ရှောင်ရန်တွေကိုလဲ မှန်ကန်တဲ့ source တွေကနေ
သေသေချာချာ သိထားဖို့လိုပါတယ်။

image