Part_1
ဆောင်းတွင်းမှာအသားအရေလှပစေမယ့်ဆီးချိုသမားများစားလို့ရတဲ့အသီးအနှံများ
#crd_to_owner_with_respect??

Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Part_1
ဆောင်းတွင်းမှာအသားအရေလှပစေမယ့်ဆီးချိုသမားများစားလို့ရတဲ့အသီးအနှံများ
#crd_to_owner_with_respect??
Part_1
ဆောင်းတွင်းမှာအသားအရေလှပစေမယ့်ဆီးချိုသမားများစားလို့ရတဲ့အသီးအနှံများ
#crd_to_owner_with_respect??
Part_1
ဆောင်းတွင်းမှာအသားအရေလှပစေမယ့်ဆီးချိုသမားများစားလို့ရတဲ့အသီးအနှံများ
#crd_to_owner_with_respect??
Part_1
ဆောင်းတွင်းမှာအသားအရေလှပစေမယ့်ဆီးချိုသမားများစားလို့ရတဲ့အသီးအနှံများ
#crd_to_owner_with_respect??
ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက အမှုထမ်းရာထူး ၁၂၀ ကျော်ခန့်ဖို့ ရှိပါတယ် .. #အလုပ်အကိုင်အခွင့်အလမ်း
#govjob
အဝတ်ကော်ပုံးပေါ် ဖယောင်းတိုင်မီးထွန်းရာမှ နေအိမ်မီးလောင်မှု တာမွေမြို့နယ်တွင် ယနေ့နံနက်အစောပိုင်းတွင် ဖြစ်ပွား
ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ) ရပ်ကွက်၊ (၁၅၅)လမ်းတွင် ယနေ့ ဇန်နဝါရီလ ၂၇ ရက်ကူးပြောင်းစ နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က အဝတ်ကော်ပုံးပေါ်တွင် ဖယောင်းတိုင် မီးထွန်းရာမှ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုမှာ အလျား ပေ ၂၀၊ အနံ ပေ ၄၀ သွပ်မိုး၊အုတ်ကာ၊ ပျဥ်ခင်း ၂ ထပ်နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ်အပေါ်ထပ်နှင့် အဝတ်အထည်များ၊ အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုမှာ ၁၈ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၇ စီး၊ ရေသယ်ယာဥ် ၂ စီး၊ အထောက်အကူပြုယာဥ် ၁ စီး၊ သန္ဓေအရန် ၈၀ ကျော်ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးကို တာမွေမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး
မြန်မာ့နိုင်ငံရေးပြဿနာသည် ပြည်တွင်းမှာပဲ ဖြေရှင်း၍ရဟု ပြော
ဇန်နဝါရီ ၂၇
မြန်မာ့နိုင်ငံရေးပြဿနာအား ပြည်တွင်းမှာပင် ဖြေရှင်း၍ရကြောင်း ပြည်သူ့ပါတီ(PP) ဥက္ကဋ္ဌ ဦးကိုကိုကြီး က ပြောသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီ များ၏ အလုပ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃၊ ၂၄ ရက်နေ့များတွင် နေပြည်တော်ရှိ တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှု အခြေအနေနှင့် ပတ်သက်ပြီး ဦးကိုကိုကြီးက ရန်ကုန်မြို့ရှိ သူ၏ ရုံးခန်းမှာ သတင်းစာ ရှင်းလင်းပွဲလုပ်၍ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးကိုကိုကြီးက “ကျနော်တို့ လေ့လာမှုအရတော့ နိုင်ငံရေးပြဿနာဟာ ပြည်တွင်းမှာပဲ ဖြေရှင်းလို့ရတယ်၊ နောက်ဆုံး ကျနော်တို့ အနီးဆုံးပြောရရင် တောင်အာဖရိက ANC ရဲ့ ရုံးခွဲတွေက တစ်ကမ္ဘာလုံးမှာရှိတယ်၊ သို့သော် ဖြေရှင်းတာသည် နယ်လ်ဆင်မင်ဒဲလားလို လူမျိုး၊ ပြည်တွင်းမှာ အကျဥ်းကျခံ ထောင်ကျခံပြီးတော့ ရုန်းကန် လှုပ်ရှားတဲ့ သူတွေကပဲ အဆုံးအဖြတ်ကို ပေးတယ်၊ အဲတာက နိုင်ငံတကာဖြစ်စဥ်ပဲ၊ ဗမာပြည်နိုင်ငံရေး ပြဿနာ ကို ဝါရှင်တန်ဒီစီကနေ ဖြေရှင်းလို့မရဘူး၊ ပါရမီကနေ ဖြေရှင်းလို့မရဘူး၊ ဒူဝါလရှီးလက ပြည်တွင်း ပြန်လာကြပါ ဆိုတာ ဘာကိုဆိုလိုတာလဲဆိုတော့ နိုင်ငံရေးအဆုံးအဖြတ်က ပြည်တွင်းမှာ ရှိတယ်လို့ဆိုလိုတာ၊ အဲတော့ ကျနော် တို့ ပြည်တွင်းနိုင်ငံရေး အင်အားစုတွေကသာလျှင် နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်တယ်၊ ကျန်တဲ့သူတွေက Pressure ဖိအားပေးတဲ့ Mentalism မျိုး အစရှိသဖြင့် သံတမန်ရေး၊ စီးပွားရေး၊ ကန့်ကွက်ပါ၊ ရှုတ်ချပါ၊ သူတို့ကို ပိတ်ဆို့ပါ ဆိုတာမျိုးလောက်ပဲ လုပ်နိုင်တယ်၊ လက်တွေ့နိုင်ငံရေး ဖြေရှင်းမှုက ပြည်တွင်းမှာပဲရှိတယ်” ဟု ပြောသည်။
အစိုးရအဖွဲ့ဝန်ကြီးများ အနေဖြင့် ပြည်တွင်းတွင် အင်အားပြန်လည်တည်ဆောက်ရန် NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။
NSPNC နှင့် နိုင်ငံရေးပါတီများ အလုပ်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ခြင်း ကိစ္စရပ်များ အပါအဝင် ဆွေးနွေး သဘောတူညီချက် ၄၃ ချက်အား လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ သဘောတူညီချက်များအနက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အား အခြေခံသည့် ပြည်ထောင်စုအဖြစ် ဖွဲ့စည်းတည်ထောင်သည်ဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် သဘောတူဆုံးဖြတ်နိုင်ခဲ့ ကြောင်း သိရသည်။
ထို့ပြင် ဒီမိုကရေစီတွင် အပြန်အလှန် ထိန်းကြောင်းမှုသည် အရေးကြီးကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတို့အား သမာသမတ်ကျကျ လွတ်လပ်စွာ ဖွဲ့စည်းရပ်တည်နိုင်ရေးကိုလည်း ဆွေးနွေးသဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်လမ်းကြောင်းပေါ်တွင် ခိုင်မာသည့် ပါတီများအား ပြည်သူများအနေဖြင့် ထောက်ခံ အားပေးရန် လိုအပ်ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
ဦးကိုကိုကြီးက “ဒါကြောင့်မို့လို့ ကျနော်တို့ ပြည်တွင်းနိုင်ငံရေး အားကောင်းလာအောင် ပြည်သူတွေရော အားလုံး က အားပေးထောက်ခံမှ ဒီမိုကရေစီ အင်အားစု အားကောင်းလာမှာ၊ နိုင်ငံရေးပါတီ အင်အားစု အထဲမှာလည်း အယူအဆ အမျိုးမျိုး နောက်ခံအမျိုးမျိုးနဲ့ ဖွဲ့စည်းထားကြတာ၊ မှတ်ပုံတင်ထားကြတာ၊ အဲတော့ ကျနော်တို့က ဒီမိုကရေစီလမ်းကြောင်း၊ ဖက်ဒရယ်လမ်းကြောင်းပေါ်မှာ ခိုင်မာတဲ့ ပါတီတွေ၊ ပြည်သူတွေက ထောက်ခံအားပေးဖို့ လိုတယ်၊ သဘောထားကွဲလွဲမှု ဆိုတာကတော့ ရှိမှာပေါ့ဗျာ၊ တစ်စုတစ်ဖွဲ့ချင်း၊ တစ်ယောက်ချင်း၊ သို့သော် ကျနော် တို့ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးကို ယုံယုံကြည်ကြည်နဲ့ ကြိုးပမ်းဆောင်ရွက်မယ် ဆိုရင်တော့ ပြည်သူတွေဘက် ကလည်း ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးပေါ်မှာ တစိုက်မတ်မတ် ဆောင်ရွက်တဲ့ ပါတီတွေကို ထောက်ခံအားပေးဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်” ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လက်နက်ကိုင်များ အနေဖြင့် လက်နက်စွန့်ကြရန်၊ လက်နက်ကိုင် တိုက်ခိုက်ရေးနည်းဖြင့် မိမိဆန္ဒကို တောင်းဆိုခြင်းအား လိုက်လျောမည် မဟုတ်ကြောင်း၊ ရွေးကောက်ပွဲဝင်၍ လွှတ်တော်အတွင်းကနေ မိမိဆန္ဒကို တရားဥပဒေအရ တောင်းဆိုကြရန် ပြောကြား
ထားသည်။
မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒမှန်ကို ထုတ်ဖော်နိုင်သည့် လွတ်လပ်ပြီး တရားမျှတသော အထွေထွေရွေးကောက်ပွဲ အား မဖြစ်မနေ ကျင်းပပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။
ပုံ - ဦးကိုကိုကြီးကို တွေ့ရစဉ်
#centralnewsnaypyitaw
**ပိုးတုံးလုံးဖြစ်လာတဲ့ Oppo Reno 13 Review**
Oppo Reno 13 က Oppo ရဲ့ နောက်ဆုံးထုတ် flagship ဖုန်းတစ်လုံးဖြစ်ပြီး၊ ဒီဇိုင်း၊ performance နဲ့ camera quality တွေမှာ အရမ်းကို ထူးခြားတဲ့ အားသာချက်တွေ ရှိပါတယ်။ ဒီ Review မှာတော့ Oppo Reno 13 ရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကို ကြည့်လိုက်ရအောင်ပါ။
**(Design)**
Oppo Reno 13 ရဲ့ ဒီဇိုင်းက အရမ်းကို premium ဖြစ်တယ်။ ဖုန်းရဲ့ ကိုယ်ထည်က slim ဖြစ်ပြီး၊ လက်ထဲမှာ ကိုင်ရတာ သက်တောင့်သက်သာ ရှိတယ်။ ဖုန်းရဲ့ back panel က glossy finish နဲ့ ပြုလုပ်ထားတာကြောင့် လှပပြီး fingerprint လည်း များများ မကပ်ပါဘူး။ ဖုန်းရဲ့ ဘေးဘက်မှာ power button နဲ့ volume buttons တွေ ပါဝင်ပြီးတော့၊ USB-C port နဲ့ speaker grille တွေလည်း ပါပါတယ်။
** (Display)**
သူ့ရဲ့ display မှာawmh 6.7-inch AMOLED display ပါဝင်ပြီး၊ resolution က Full HD+ ဖြစ်ပါတယ်။ ဖန်သားပြင်က ကြည်လင်ပြီး၊ အရောင်တွေကို တောက်ပစွာ ပြသပေးနိုင်ပါတယ်။ HDR10+ support ပါဝင်တာကြောင့်၊ video ကြည့်တဲ့အခါမှာ အရမ်းကို ရုပ်လုံးကြွပြီး စွဲမက်ဖွယ် ကောင်းပါတယ်။ ဖန်သားပြင်က 90Hz refresh rate ကို support လုပ်ထားတာကြောင့်၊ scrolling နဲ့ gaming တွေမှာ smooth ဖြစ်ပါတယ်။
**(Camera)**
Oppo Reno 13 ရဲ့ camera setup က အရမ်းကို စွမ်းပါတယ်။ ဖုန်းမှာ 50MP ရှေ့မျက်နှာပြင် camera နဲ့ 64MP ပင်မကင်မရာ၊ 8MP ultra-wide camera နဲ့ 2MP macro camera တို့ ပါဝင်ပါတယ်။ ပင်မကင်မရာက low-light condition မှာလည်း ဓာတ်ပုံတွေကို ရှင်းလင်းစွာ ရိုက်ကူးပေးနိုင်ပါတယ်။ Ultra-wide camera ကလည်း ကျယ်ပြန့်တဲ့ ရှုခင်းတွေကို ဖမ်းယူရာမှာ အရမ်းကို အသုံးဝင်ပါတယ်။ ဗီဒီယိုရိုက်တဲ့အခါမှာလည်း 4K resolution နဲ့ ရိုက်ကူးနိုင်ပြီး၊ stabilization ကောင်းတာကြောင့် ဗီဒီယိုတွေကို smooth ဖြစ်စေပါတယ်။
** (Performance)**
Oppo Reno 13 မှာ MediaTek Dimensity 9000 chipset ပါဝင်ပြီး၊ RAM က 8GB/12GB options တွေ ရှိပါတယ်။ ဒီ chipset က gaming နဲ့ multitasking တွေမှာ အရမ်းကို စွမ်းပါတယ်။ PUBG, Call of Duty လို heavy games တွေကို high settings နဲ့ ကစားနိုင်ပါတယ်။ ဖုန်းရဲ့ software က ColorOS 13 ဖြစ်ပြီး၊ Android 13 ကို အခြေခံထားတာကြောင့် user-friendly ဖြစ်ပါတယ်။
**(Battery)**
Oppo Reno 13 မှာ 4500mAh ဘက်ထရီ ပါဝင်ပြီး၊ 65W fast charging ကို support လုပ်ထားတာကြောင့်၊ ဖုန်းကို 30 မိနစ်အတွင်း 100% အထိ အားသွင်းနိုင်ပါတယ်။ ဘက်ထရီကလည်း တစ်နေ့လုံး အသုံးပြုနိုင်တဲ့ စွမ်းဆောင်ရည် ရှိပါတယ်။
**အားသာချက်များ**
- Premium design နဲ့ slim body
- ကြည်လင်တောက်ပသော AMOLED display
- စွမ်းရည်မြင့် camera setup
- Smooth performance နဲ့ gaming experience
- မြန်ဆန်သော fast charging
### **အားနည်းချက်များ**
- No wireless charging support
- IP rating မပါဝင်ခြင်း
Oppo Reno 13 က mid-range ဈေးနှုန်းနဲ့ flagship-level features တွေကို ပေးစွမ်းနိုင်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဒီဇိုင်း၊ စွမ်းဆောင်ရည်၊ နဲ့ camera quality တွေမှာ အရမ်းကို ထူးခြားတဲ့ အားသာချက်တွေ ရှိပါတယ်။ ဒါကြောင့် Oppo Reno 13 ကို ဝယ်ယူဖို့ စဉ်းစားနေတဲ့သူတွေအတွက် ရွေးချယ်စရာ ကောင်းတစ်ခု ဖြစ်ပါတယ်။
Sunray*fallen* Soldier *(2025)
အက်ရှင်ကြမ်းကြမ်းစစ်ကားအသစ်
ဇာတ်လမ်းထဲမှာပါတဲ့ အက်ရှင်ခန်းတစ်ချို့က John Wick လိုလိုပါပဲ။အသစ်ထွက်ရှိလာတဲ့ Action Drama ကားသစ်လေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းလေးအကြောင်းပြောပြရရင် စစ်ပြန်အဖိုးကြီးနဲ့စရမှာပဲ။ စစ်ဆိုတာပါဝင်ခဲ့ရသူအဖို့ ပြင်ပဒဏ်ရာမဟုတ်ရင် အတွင်းပိုင်းစိတ်ဒဏ်ရာရခဲ့သူတွေကြီးပါပဲ။
အဲ့လိုပဲ စစ်သားဟောင်းကြီးကစစ်အတွင်းမှာသူ့မိတ်ဆွေတွေအသက်ဆုံးပါးခဲ့ရတာသူ့ကြောင့်ပါဆိုပြီး အမြဲခံစားနေခဲ့မိလို့ တပ်ကထွက်ပြီးတာတောင် စိတ်ကုထုံးဆရာဝန်နဲ့ပြနေရသူပေါ့။ အတိတ်ကအရိပ်အမည်းကြီးကသူ့နောက်လိုက်လို့ပြေးနေရချိန် သူ့မိသားစုကိုတောင်ဂရုမစိုက်နိုင်ဖြစ်ခဲ့ရသူပေါ့။
ဂရုမစိုက်မိ၊အချိန်မပေးမိနိုင်ရာကနေ တစ်ရက်သူ့သမီးဖြစ်သူက ကောင်လေးနဲ့အတူဘိန်းသုံးရင် သူ့သမီးဖြစ်သူဆုံးပါးသွားတော့တယ်။ သမီးအရင်းဖြစ်သူဆုံးတဲ့အခါမှပဲ စစ်သားကြီးလဲစိတ်တွေကိုပြန်စုစည်းပြီး သမီးသေဆုံးရတာသူ့ကောင်လေးကြောင့်ဖြစ်ရမယ်ဆိုပြီး လက်စားချေဖို့လုပ်ပါတော့တယ်။
ဒါပေမယ့် ကိစ္စကအဲ့လောက်ရိုးရှင်းခဲ့ပါဘူး။ သူ့သမီးရဲ့ချစ်သူကောင်လေးဟာ တကယ့်ဘိန်းရာဇာကြီးရဲ့သားဖြစ်နေတဲ့အခါ.....
#credit