12 ပတ် - ဘာသာပြန်ပါ။

အပိုင်းလိုက် ရွေးကောက်ပွဲများကျင်းပပြီး ရလဒ်များထုတ်ပြန်ပြီးမှသာ လွှတ်တော်ခေါ်ယူရမည်
********************
(ပြည်တွင်း) ဩဂုတ် ၂၀
အပိုင်းလိုက် ရွေးကောက်ပွဲများ ကျင်းပပြီး ရလဒ်များ ထုတ်ပြန်ပြီးမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေ( ၂၀၀၈ ခုနှစ် ) ပုဒ်မ ၁၂၃ ပါ ပြဋ္ဌာန်းချက်နှင့် အညီ လွှတ်တော်ခေါ်ယူရမည်ဟု ရွေးကောက်ပွဲ ကော်မရှင်မှပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၁၈ – ၈ – ၂၀၂၅ ရက်စွဲပါ ကြေညာချက် အမှတ် ( ၅၅/၂၀၂၅ ) ဖြင့် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက် ( တနင်္ဂနွေနေ့ )တွင် စတင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ဆက်လက် ကျင်းပပြုလုပ်မည့် အပိုင်းလိုက် နေ့ရက်များကိုလည်း ထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း သတ်မှတ်ကြေညာခဲ့ပြီးဖြစ်၍ ကြေညာချက်နှင့်အညီ ဆောင်ရွက်မည်ဟုလည်း ပြောဆိုထားသည်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဗင်နီဇွဲလားနိုင်ငံအနီးသို့ စစ်သင်္ဘောသုံးစင်း အမေရိကန်အစိုးရ စေလွှတ်ထား
လက်တင်အမေရိက မူးယစ်ဂိုဏ်းများပြဿနာကို ဖြေရှင်းရေး အတွက် ဗင်နီဇွဲလားနိုင်ငံ ကမ်းရိုးတန်းအနီး ကမ်းလွန်ရေပြင်သို့ အမေရိကန်အစိုးရက စစ်သင်္ဘောများ စေလွှတ်ထားကြောင်း ဩဂုတ် ၁၈ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
အမေရိကန်အစိုးရက စေလွှတ်ထားသော ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘောသုံးစင်းသည် လာမည့် ၃၆ နာရီအတွင်း ဗင်နီဇွဲလား ကမ်းလွန်သို့ ရောက်ရှိမည်ဖြစ်ကြောင်း အမေရိကန်အစိုးရသတင်းအရင်းအမြစ်များက ဩဂုတ် ၁၈ ရက်တွင် ပြောကြားထားသည်။
လက်တင်အမေရိက မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများ ပြဿနာ ကို ဖြေရှင်းရာတွင် စစ်အင်အားကိုအသုံးပြုရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆန္ဒရှိနေသည်။ အမေရိကန် အစိုးရသည် လက်တင်အမေရိကအခြေစိုက် မူးယစ်ဂိုဏ်းများကို နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားပြီးဖြစ်သည်။
သမ္မတဒေါ်နယ်ထရန့်၏ လက်တင်အမေရိက မူးယစ်ဂိုဏ်းများပြဿနာဖြေရှင်းရေးအစီအစဉ်တွင် အမေရိကန်ရေတပ်သားနှင့် မရိန်းတပ်ဖွဲ့ဝင် ၄ဝဝဝ ခန့် ပါဝင်နိုင်ကြောင်း သိရသည်။
သမ္မတဒေါ်နယ်ထရန့် အစိုးရအဖွဲ့သည် မက္ကဆီကိုနိုင်ငံမှ ဆီနာလို အာ မူးယစ်ဂိုဏ်းအပါအဝင် လက်တင်အမေရိက မူးယစ်ဂိုဏ်းများနှင့် ဗင်နီဇွဲလားအခြေစိုက် ထရန်ဒီအာရာဂွာအမည်ရှိ ဒုစရိုက်အဖွဲ့တစ်ဖွဲ့တို့ကို ယခုနှစ်ဖေဖော်ဝါရီလအတွင်း နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသည်။
ရိုက်တာ

image

◼ ဇီလန်စကီးနှင့်ဆွေးနွေးပွဲကိုရုရှားမတင်မကျပြောဆို ၊ ပူတင်က သဘောတူညီမှုယူချင်မှယူမည်ဟု ထရန့် သတိပေး
ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ရုရှားနှင့်ယူကရိန်းခေါင်းဆောင်နှစ်ဦး တွေ့ဆုံ ဆွေးနွေးကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ထပ်လောင်းတိုက်တွန်း ပြောကြားချိန်မှာပင် ပူတင်နှင့် ဇီလန်စကီး ဆွေးနွေးပွဲ ဖြစ်လာနိုင်သည့်အပေါ် ကရင်မလင် က မတင်မကျပြောကြားသည်။
အမေရိကန်သမ္မတ က ဗလာဒီမာပူတင်နှင့် ပြီးခဲ့သည့်သီတင်းပတ်တွင် အလာစကာ၌ တွေ့ဆုံခဲ့ပြီး ယခုသီတင်းပတ်တွင် ဇီလန်စကီးနှင့် ဥရောပခေါင်း‌ဆောင်ခုနစ်ဦး အား အိမ်ဖြူတော်တွင် တွေ့ခဲ့ပြီးနောက် နှစ်ဖက်ဆွေးနွေးရန် တွန်းအားပေးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ရုရှား-ယူကရိန်းပဋိပက္ခမှာ ဖြေရှင်းရန်ခက်ခဲနေကြောင်း နှင့် ရုရှားသမ္မတက စစ်ပွဲအား အဆုံးသတ်ရန် စိတ်မဝင်စားခြင်းလည်း ဖြစ်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဝန်ခံခဲ့သည်။
“ ရှေ့လာမယ့် သီတင်းပတ်အနည်းငယ်မှာ ကျွန်တော်တို့ သမ္မတ ပူတင်အကြောင်း သိလာရပါလိမ့်မယ်။ သူက သဘောတူညီချက် မယူချင်တာလည်း ဖြစ်နိုင်ပါတယ်။” ဟု ဒေါ်နယ်ထရန့်က ယမန်နေ့တွင်ပြောကြားသည်။
ထိုသို့ ဖြစ်လာခဲ့ပါက ပူတင်အနေဖြင့် ခက်ခဲသောအခြေအနေနှင့်ရင်ဆိုင်ရမည် ဖြစ်ကြောင်း အသေးစိတ်များကို မဖွင့်ဟဘဲ ဒေါ်နယ်ထရန့်က ပြောသည်။
ယူကရိန်းနှင့်တိုက်ရိုက်ဆွေးနွေးပွဲ စိတ်ကူးကို ၎င်းအနေဖြင့် လမ်းဖွင့်ထားကြောင်း ရုရှားသမ္မတ က ဒေါ် နယ် ထရန့်အား တနင်္လာနေ့တွင် ပြောကြားခဲ့သော်လည်း နောက်တစ်နေ့တွင် နိုင်ငံခြား‌ရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က အဆိုပါမရေရာသော ကတိကဝတ်ကို ထပ်မံလျှော့ပေါ့ပြောကြားခဲ့သည်။
ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုအတွက် တဖြည်းဖြည်း ပြင်ဆင်သွားရမည် ဖြစ်ကြောင်း၊ ကျွမ်းကျင်သူများအဆင့်နှင့် စတင်ပြီးနောက် အခြားလိုအပ်သောအဆင့်များကိုလည်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ကရင်မလင် က မကြာခဏပြောကြားခဲ့သည့် ပုံစံအတိုင်း လက်ဗ်ရော့က ထပ်မံပြောကြားသည်။
“တိုက်ရိုက်ဆွေးနွေးနိုင်မယ့်အခွင့်အရေးကို ဘယ်သူကမှ ပယ်ချမထားပါဘူး။ ဒါပေမယ့်လည်း ဒါဟာ မည်ကာမတ္တ တွေ့ဆုံလိုက်တယ် ဆိုတာမျိုးလည်း မဖြစ်သင့်ပါဘူး။” ဟု ကုလသမဂ္ဂဆိုင်ရာ ဒုတိယရုရှားသံအမတ်ကြီး ဒီမီထရီပိုလီယန်စကီး က ဘီဘီစီသတင်းဌာနအားပြောကြားသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင်ပြုလုပ်ခဲ့သော ဆွေးနွေးမှုများမှနေ၍ စစ်ပွဲ၏ရှုပ်ထွေးမှုများ နှင့် မော်စကိုနှင့်ကိဗ်ကြားက ကွာဟချက်ကြီးမားကြောင်း ကို ဒေါ်နယ်ထရန့်တစ်ယောက် ပိုမိုနားလည်လာပုံရကြောင်း ဘီဘီစီသတင်းက ဖော်ပြသည်။
မျှော်လင့်ချက်များ ပုံအောခဲ့ကြသော အပစ်အခတ်ရပ်စဲရေးကို သဘောတူရန် ထရန့်က ပူတင်အား မဆွဲဆောင်နိုင်ဖြစ်ခဲ့ပြီးနောက် ရုရှားနှင့်ယူကရိန်းတို့ အမြဲတမ်းငြိမ်းချမ်းရေး သဘောတူညီချက်ရရှိ‌ရေး လုပ်ဆောင်သင့်သည်ဟု ကန်သမ္မတက ယခုအခါပြောကြားလာခဲ့သည်။
တစ်ဖက်တွင်လည်း ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိလာခဲ့ပါက ယူကရိန်းအတွက် ငြိမ်းချမ်းရေး အာမ ခံချက်များက အရေးပါကြောင်း ဥရောပခေါင်းဆောင်များက ဒေါ်နယ်ထရန့် ယုံကြည်အောင် လုပ်ဆောင်နိုင်ခဲ့ကြကာ ယင်းအတွက် ကြိုတင် ဆွေးနွေး ပြင်ဆင်မှုများ ရှိလာခဲ့သည်။
အပစ်အခတ်ရပ်စဲမှု သို့ မဟုတ် ငြိမ်းချမ်းရေးသဘောတူညီမှုရရှိလာခဲ့ပါက ‌ဥရောပက ယူကရိန်းသို့ တပ်ဖွဲ့များ စေလွှတ်ပေးပြီး အမေရိကန်က လေကြောင်းမှ ကူညီပေးနိုင်ကြောင်း ဒေါ်နယ်ထရန့် က ယမန်နေ့တွင်ပြောကြားခဲ့ပြီး အမေရိကန်တပ်ဖွဲ့များ စေလွှတ်ရေးကိုမူပယ်ချခဲ့သည်။
ပြင်သစ်နှင့် ယူကေတို့ ဦးဆောင်သော စိတ်တူကိုယ်တူ မဟာမိတ်အဖွဲ့ကလည်း စစ်ပွဲရပ်တန့်သွားပါက ယူကရိန်းသို့ စေလွှတ်နိုင်မည့် ငြိမ်းချမ်း‌ရေးအာမခံတပ်ဖွဲ့ ဖွဲစည်းရန် အစီအစဉ်များ ခိုင်မာလာစေရန် လုပ်ဆောင်နေကြသည်။
ထိုအ‌တောအတွင်းမှာပင် မစ္စတာပူတင် က ငြိမ်းချမ်းရေးလမ်း လျှောက်လှမ်းမည်လား ဆိုသည်ကို သံသယရှိကြောင်းလည်း ဥရောပ‌‌ခေါင်းဆောင်များက ပြောကြားကြသည်။
ရုရှားသမ္မတ က ငြိမ်းချမ်း‌‌ရေးယူရန် စိတ်အားထက်သန်သလားဆိုခြင်းအပေါ် အကြီးမားဆုံးသံသယ ရှိကြောင်း ပြင်သစ်သမ္မတ မက်ခရွန်ကပြောကြားသည်။
မစ္စတာပူတင်အား ယုံကြည်စိတ်ချနိုင်ခြင်းမှာ အလွန်ရှားပါးကြောင်း နှင့် ဇီလန်စကီး နှင့် အစည်း အဝေးဖြစ်ပေါ်လာနိုင်ခြေကိုလည်း ယုံမှားသံသယရှိနေကြောင်း ဖင်လန်သမ္မတ အလက်ဆန်းဒါးစတပ်ဗ်ကလည်း ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-BBC
#နိုင်ငံတကာသတင်း

image

နောက်ဆုံးတကွက်ကအသက်???

ငယ်စဉ်ကတည်းက ရိုးသားဖြူစင်ခဲ့

12 ပတ် - ဘာသာပြန်ပါ။

Salary Range: Negotiation
https://joimyanmar.com/job/detail/24864

◾️Junior Sales - Yangon
Company: 2L Industrial Company Limited
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24635

◾️Sorter - Yangon
Company: RG Logistics Company Limited
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/24790

image
12 ပတ် - ဘာသာပြန်ပါ။

◾️M&E Assistant - Yangon
https://www.joimyanmar.com/job/detail/24922
◾️Student Affair Assistant - Yangon
https://www.joimyanmar.com/job/detail/24823
◾️Student Affair Supervisor - Yangon
https://www.joimyanmar.com/job/detail/24822
◾️Education Consultant Supervisor - Yangon
https://www.joimyanmar.com/job/detail/24794
◾️Student Affair Assistant - Yangon https://www.joimyanmar.com/job/detail/24793
◾️Senior Admin Associate - Yangon https://www.joimyanmar.com/job/detail/24792
◾️Sale Associate - Yangon
https://www.joimyanmar.com/job/detail/24731
◾️Admin Staff - Yangon
https://www.joimyanmar.com/job/detail/24728
◾️Photographer / Videography - Yangon https://www.joimyanmar.com/job/detail/24727

image

အဖွားကြည့်ရတာ စက်ဘီးအတူစီးခဲ့ဖူးတဲ့
ငယ်ချစ်ဦးကိုသတိရနေသလိုပဲ 😅

image
12 ပတ် - ဘာသာပြန်ပါ။

#စမူဆာပြုလုပ်နည်း
-----------------------------------
နေ့လည်စာ အစာပြေ လုပ်စားနိုင်မယ့် စမူဆာကြော်လေးပါ။ အိန္ဒိယစတိုင် အာလူး၊ ကြက်သွန်နီကို အစားသွပ်ထားပြီ အရသာ ခပ်စပ်ရှိန်ရှိန်လေးနဲ့ စားလို့ အရမ်းကောင်းပါတယ်။ စမူဆာ လုပ်ပုံအဆင့်ဆင့်ပါ ထည့်သွင်းထားတာမို့ လုပ်စားရ လွယ်ကူမှာပါ။
-----------------------------------
ပါ၀င်ပစ္စည်းများ

ကော်ပြန့်ရွက် – ၈ရွက်
ကြက်သွန်နီ – ၂ခွက်စာ (ပါးပါးလှီးပါ)
အာလူး – ၅လုံး (နူအောင်ပြုတ်ပြီ အတုံးသေးများ တုံးထားပါ)

မှတ်ချက် ။ ။ ကြက်သွန်နီနှင့် အာလူး အချိုးအစား တူညီသည်..
ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ဇီယာမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
မဆလာ – စားပွဲတင်ဇွန်း ၁ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
-----------------------------------
ပြုလုပ်နည်း

၁။ အရင်ဆုံး ဇလုံ တစ်ခုထဲတွင် အစာသွပ်ရန် ပါ၀င်ပစ္စည်းများ ဖြစ်သော (ကြက်သွန်နီ၊ အာလူး၊ ငရုတ်သီးမှုန့်၊ ဇီယာမှုန့်၊ နံနံပင်၊ မဆလာ၊ ဆား) တို့ကို ရောနုယ်ထားလိုက်ပါ။

၂။ ကော်ပြန့်ရွက် တစ်ရွက်ကို ထပ်ပိုင်းပိုင်းလိုက်ပါ။

၃။ ပြီနောက် ထပ်ပိုင်းပိုင်းထားသော ကော်ပြန့်ရွက် အောက်နားကို ရေစွပ်ပေးပါ။

၄။ ပြီမှ ကော်ပြန့်ရွက်ကို ပြောင်းပြန်လှန်ပြီ ပုံတွင် ပါသည့်အတိုင်း တြိဂံပုံ ကန်တော့ ဖြစ်အောင် ခေါက်ပေးသွားပါ။

၅။ ပြီလျှင် ကော်ပြန့်ရွက်ထဲသို့ စမူဆာအတွက် အစာသွပ်ရန် နုယ်ထားသော အာလူး၊ ကြက်သွန်နီများကို အစာသွပ်ပေးပါ။

၆။ ပြီနောက်မှ ကန်တော့အပေါ်နားကို ရေစွပ်ပြီ တြိဂံပုံဖြင့်အောင် ပိတ်လိုက်ပါ။

ရ။ ပြီမှ ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် စမူဆာများကို အညှိရောင်သန်းသည်အထိ ထည့်ကြော်ပေးပါ။

၈။ ထို့နောက် စမူဆာကြော် များကို ဇကာဖြင့် ပြန်ဆယ်ပြီ အရသာရှိစွာသုံးဆောင် လို့ရပါပြီ…

မှတ်ချက် ။ ။ ပိုမို ကြွပ်ရွ စေချင်လျှင် ကြော်ထားသော စမူဆာများကို ၅မိနစ် အအေးခံပြီမှ နောက်တစ်ခါ ဆီဖြင့် ထပ်ကြော်ပေးပါ။

image
12 ပတ် - ဘာသာပြန်ပါ။

မန္တလေးမှာရှိတဲ့ အမျိုးတွေအတွက် SPA ကောင်းကောင်းလေးတစ်ခုကိုညွှန်ပေးချင်ပါတယ်နော်🩷
အသားရည်လေးကိုလဲထိန်းသိမ်းမယ် အချိန်တိုအတွင်းမှာ ကြည်လင် Glow လေးလဲဖြစ်လန်းလန်းဆန်းဆန်းနဲ့ relax ဖြစ်စေမယ့်နေရာလေး
🩷🍀
ဆိုင်အပြင်ဆင်ကလည်းမြင်တဲ့အတိုင်းပါပဲချစ်စရာလေးရယ်⛺
မန္တလေးမှာ SPA & Massage ကောင်းကောင်းရှာနေတဲ့ချစ်တို့အတွက်
ချစ်ရတယ့်မိသားစုတွေ သူငယ်ချင်းတွေနဲ့ အတူ အေးအေးဆေးဆေး အနားယူချင်တယ်ဆိုတော့ ဒီဆိုင်လေးက အရမ်းအဆင်ပြေမှာပါနော် 🩷
တင်းနေသမျှ အကြောတွေ ဖြေလျှော့ပေးမယ့်နေရာလေး
Royal Cozy Spa🙋🏻
🙋🏻အလုပ်တွေနဲ့ပင်ပန်းလာခဲ့သမျှ
Royal Cozy Spaတွေ့ရင်လုံးဝအဆင်ပြေသွားစေရမယ်နော်🤗
ညောင်းညာကိုက်ခဲနေတဲ့ မိတ်ဆွေများ အေးအေးဆေးဆေးလေးအနားယူဖို့ ဘယ်ကိုသွားရမှာလေးဆိုရင် Royal Cozy Spaလေးရှိပါတယ်နော်💆
Spaဆိုတာ အညောင်းအညာပြေဖို့ ဇိမ်ခံရုံ သပ်သပ် မဟုတ်ဘူးနော်🤗
ကျန်းမာရေး အတွက် ကောင်းကျိုးအများကြီးရှိတာမို့ မိမိခန္ဓာ ကိုယ် ကျန်းမာ သန်စွမ်းပေါ့ပါးဖို့အချိန် အများကြီးအချိန်ပေးစရာမလိုပါဘူးနော်🤗
(၈)လပိုင်းတစ်လလုံး(၂၀%)off
ပရိုမိုးရှင်းရှိတယ်နော်🤗
အေးအေးဆေးဆေးအနိပ်ခံပြီးတော့သက်တောင့်သက်သာအနားယူလိုက်ပါ ဆိုင်မှာလည်းဆူညံသံမရှိပဲ အနားယူလို့ကောင်းတဲ့နေရာလေးတစ်နေရာ🍀
နှိပ်ပေးတဲ့ဝန်ထမ်းလေးတွေကလည်း အရမ်းစေတနာပါပါတယ် သေချာလေးService ပေးတာမို့ညောင်းညာကိုက်ခဲနေပြီဆိုရင် ဒီဆိုင်လေးကိုလှမ်းခဲ့ဖို့recommend ပေးပါတယ်နော်
ချစ်သူ ခင်သူ မိသားစုတွေ သူငယ်ချင်း မိတ်‌‌ဆွေများနဲ့ အတူ💆🏻‍♀️အနားယူအပန်း‌‌ဖြေဖို့ နေရာလေးရှာနေတယ်ဆိုရင် မန္တလေးမြို့မှာရှိတဲ့Royal Cozy Spa ဆိုင်လေးကို သတိရလိုက်နော်🤗
Royal Cozy Spa
ဆိုင်မှာရနိုင်တဲ့ဝန်ဆောင်မှုများအောက်ပါပုံနဲ့တကွတင်ပြပေးထားတယ်နော်😍
69လမ်း၊107×108ကြား
ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။
ဆက်သွယ်ရန်ဖုန်း
09751383848
09420010023

image