10 w - Translate

ဟာဘင် နိုင်ငံတကာ ရေခဲ နဲ့ နှင်းပန်းပုပွဲတော် (Harbin International Ice and Snow Sculpture Festival) ဟာ ကမ္ဘာပေါ်မှာ အထူးခြားဆုံးနဲ့ အခမ်းနားဆုံး ပွဲတော်တွေထဲက တစ်ခုဖြစ်ပါတယ်
ဟာဘင်မြို့ (Harbin) ဟာ တရုတ်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ဟေလုံကျန်း (Heilongjiang) ပြည်နယ် ရဲ့ မြို့တော်ဖြစ်ပြီး ဆိုက်ဘေးရီးယားဒေသ ရဲ့ လေအေးတွေ ဝင်ရောက်တဲ့အတွက် ဆောင်းရာသီမှာ အလွန်အေးပါတယ် ဒီလိုအေးတဲ့ ရာသီဥတုဟာ ဧရာမ ရေခဲပန်းပုတွေ တည်ဆောက်ဖို့နဲ့ ထိန်းသိမ်းဖို့အတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်တစ်ခုလည်းဖြစ်ပါတယ်
ညဘက် ရောင်စုံမီးတွေ ထွန်းထားတဲ့ အောက်မှာ ဧရာမ ရေခဲနန်းတော်တွေ ၊ မျှော်စင်တွေ နဲ့ တံတားတွေဟာ ပွဲတော်ရဲ့ အဓိက ပုံရိပ်တွေဖြစ်ပါတယ် အဲ့လိုပြုလုပ်ဖို့အတွက် ရေခဲတုံးကြီးတွေကို အနီးအနားရှိ စုန်ဟွာမြစ် (Songhua River) ကနေ ယူပြီး အင်အားသောင်းနဲ့ချီတဲ့ အင်ဂျင်နီယာတွေ နဲ့ အနုပညာရှင် တွေက ရက်သတ္တပတ်အနည်းငယ်အတွင်း အပြီးသတ် တည်ဆောက်ကြပါတယ်
ပန်းပုတွေရဲ့ အရွယ်အစားဟာ အလွန်ကြီးမားပြီး အချို့မျှော်စင်တွေဟာ ၁၄ ထပ်အဆောက်အအုံ လောက်အထိ မြင့်မားပါတယ် ဧည့်သည်တွေအတွက် ရေခဲလျှောစီး စတဲ့ စီးနင်းစရာတွေနဲ့ ဖျော်ဖြေရေးပွဲတွေလည်းရှိပါတယ်
ပွဲတော်ဟာ နှစ်စဉ် ဇန်နဝါရီ ၅ ရက် မှာ တရားဝင် စတင်ဖွင့်လှစ်ပြီး ဖေဖော်ဝါရီလနှောင်းပိုင်း အထိသာ ရာသီဥတုပေါ်မူတည်ပြီး ကြာရှည်ခံပါတယ် ဒီလို ၂ လ တာကာလအတွင်း ဒီပွဲတော်ကို ကျင်းပနိုင်ဖို့ ကုန်ကျစရိတ်ကတော့ ဒေါ်လာ သန်း ၁၀၀ အထိ ရှိပါတယ်
နွေဦးကာလရောက်တာနဲ့ အဆောက်အအုံတွေ အကုန်လုံးဟာ အရည်ပျော်ပျက်စီး သွားပြီး နောက်နှစ်မှာတော့ ဒီဇိုင်းအသစ် နဲ့ ပြန်လည်တည်ဆောက်ရပါတယ် ဒီလို ရုပ်ဝတ္ထုအရ ပျက်စီးလွယ်မှုကဘဲ ပွဲတော်ကို ပိုပြီး တန်ဖိုးရှိစေပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image