❝မိတ္ထီလာမှာ သတ်ဖြတ်ခံထားရတယ်လို့ ယူဆရတဲ့ စွန့်ပစ်ရုပ်အလောင်းတွေ့ရှိ❞

စက်တင်ဘာ ၁၆

သတ်ဖြတ်ခံထားရတယ်လို့ ယူဆရတဲ့ စွန့်ပစ်ရုပ်အလောင်းတစ်ခုကို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ နန်းတောင်ကုန်းရပ်ကွက်နယ်မြေ၊ နန်းတော်ကုန်း ရှင်းလင်းဆောင်အရှေ့ဘက် ကန်စပ်နေရာကနေ ဒီကနေ့ စက်တင်ဘာ ၁၅ ရက်၊ မနက်ပိုင်းမှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

သေဆုံးသူဟာ အသက် ၃၀ အရွယ်ခန့်ရှိတဲ့ အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပြီး သူ့ရဲ့ ရင်ဘတ်၊ နောက်ကျောနဲ့ လက်တို့မှာ ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာအများအပြားကိုတွေ့ရှိရသလို အဲဒီရုပ်အလောင်းကို စောင်နဲ့ထုပ်ပိုးကာ စွန့်ပစ်ထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီရုပ်အလောင်းကို လမ်းသွားလမ်းလာတွေက တွေ့ရှိခဲ့ကြလို့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာကြောင့် တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးတဲ့အခါ သေဆုံးသူဟာ အနီးအနားရပ်ကွက်မှာ နေထိုင်သူမဟုတ်ကြောင်း စစ်ဆေးသိရှိရပေမယ့် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ ဘယ်မှာနေထိုင်တယ်ဆိုတာတို့ကို မသိရသေးတဲ့အတွက် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image
41 w - Translate

Reference 😍

image
41 w - Translate

Reference 😍

image
41 w - Translate

Reference 😍

image
41 w - Translate

Reference 😍

image
41 w - Translate

Reference 😍

image
41 w - Translate

Reference 😍

image
41 w - Translate

Reference 😍

image
41 w - Translate

Reference 😍

imageimage
+5
41 w - Translate

ဘဝမှာ…
အရေးအကြီးဆုံးက
မိဘကိုလုပ်ကျွေးဖို့အချိန်မှီခဲ့ဖို့နဲ့
ကိုယ့်ကိုချစ်ပေးနေတဲ့သူတွေကို
ပြန်လည်တန်ဖိုးထားတတ်ဖို့ဟာ
အရမ်းကိုအရေးကြီးပါတယ်
သိတတ်မှုတတန်ဖိုး
နည်းတာ၊များတာအရေးမကြီးပါဘူး
လုပ်ပေးနိုင်တာလေးတွေနဲ့...ပံ့ပိုးပေးရင်း
နောင်တတွေကင်းရပြီး
အချိန်တွေမှီခဲ့ဖို့ကသာ အရေးပါတာပါ။ ♥🍀

image