အာဖဂန်နစ္စတန်မှာ အင်တာနက်နဲ့ တယ်လီဖုန်းဆက်သွယ်ရေးတွေ ပြန်ရ
ကဘူးလ်၊ အောက်တိုဘာ-၂-၂၀၂၅
အာဖဂန်နစ္စတန်မှာ တနင်္လာနေ့ကတည်းက နိုင်ငံတဝန်မှာ ပိတ်ထားတဲ့ အင်တာနက်နဲ့ တယ်လီဖုန်းဝန်ဆောင်မှုတွေ ပြန်လည်ရရှိနေပြီလို့ ဒေသခံတွေနဲ့ သတင်းဌာနတွေက ပြောပါတယ်။
တာလီဘန်ကြားဖြတ်အစိုးရဟာ အကျင့်ပျက်အပြုအမူများကို ဟန့်တားဖို့ ရည်ရွယ်ပြီး စက်တင်ဘာလလယ်ကတည်းက အချို့ပြည်နယ်တွေမှာ ဖိုက်ဘာအင်တာနက်ချိတ်ဆက်မှုတွေကို ဖြတ်တောက်ပြီး အင်တာနက်အသုံးပြုခွင့်ကို ပိတ်ပင်ဖို့ စတင်လုပ်ဆောင်ခဲ့ပါတယ်။
တနင်္လာနေ့မှာတော့ နိုင်ငံတဝန်း တားမြစ်ပိတ်ပင်မှုတွေကို တိုးချဲ့လိုက်ပုံပြီး ကဘူးလ်လေဆိပ်မှာ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရကာ နိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ်တွေလည်း ထိခိုက်ခဲ့ရပါတယ်။
အင်တာနက်နဲ့ တယ်လီဖုန်းလိုင်းတွေ ပြန်လည်ရရှိတာနဲ့ပတ်သက်ပြီး တာလီဘန်တို့က မှတ်ချက်ပေးခြင်းမရှိပါဘူး။ ဒါပေမယ့် အင်တာနက်ပေါ်မှာ ညစ်ညမ်းကြောင်းအရာတွေနဲ့ အခြားအကြောင်းအရာတွေကိုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေခဲ့ပါတယ်။
အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂအကူအညီပေးရေးမစ်ရှင်ကလည်း စီးပွားရေးလုံခြုံရေးကို ခြိမ်းခြောက်မှုတွေကို ကိုးကားပြီး ဝန်ဆောင်မှုတွေကို အမြန်ပြန်လည်စတင်ဖို့ တောင်းဆိုထားပါတယ်။
ဘေးအန္တရာယ်ကျရောက်ချိန်တွေမှလည်း ဆက်သွယ်ရေးစနစ်ဟာ အရေးကြီးလိုအပ်တယ်လို့ ဆိုပါတယ်။ အင်တာနက်နဲ့ တယ်လီဖုန်းလိုင်း ဖြတ်တောက်မှုတွေအပေါ် လူ့အခွင့်အရေးအဖွဲ့တွေက အာဖဂန်ကို အုပ်ချုပ်နေတဲ့ တာလီဘန်အဖွဲ့ကို ဝေဖန်မှုတွေရှိနေပါတယ်။