ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
▶တညင်းသီး ကြိုက်သူများအတွက်...ဖြေဆေး
🔸ဒေါက်တာ ခင်မောင်လွင်၏ ဟောပြောချက်တွင် တညင်းသီးကို ဓာတ်ခွဲ သုတေသန ပြုကြည့်သောအခါ လူကို အကျိုးပြုသည့် မည်သည့် အဟာရမျှမပါဝင်ဟု ဆိုသည်။
၎င်းတွင် ပါဝင်သော ဖန်ချောင်းကဲ့သို့သော ကလာပ်စည်း များသည် ကျောက်ကပ်တွင် သွားပိတ်နိုင်သဖြင့် အန္တရာယ်ရှိသည်။
🔸ကျောက်ကပ် ပျက်စီးစေနိုင်သည်။ စားသင့်သည့် အသီးမဟုတ်။ အတိုင်းအတာ မရှိ။ လုံးဝ မစားသင့်သော အသီးမျိုးဖြစ်သည်ဟု တင်ပြထားသည်။
သို့သော် တညင်းသီးကို မြန်မာတို့ စားသုံးခဲ့သည်မှာ နှစ်ပေါင်း ၂၀ဝ ကျော်ခဲ့ပြီဟု သိရှိရသည်။
🔸တညင်းသီးကို ကြိုက်သူများ အတွက် တင်ပြလိုသည်မှာ မြန်မာ့ရိုးရာ ဆေးပညာရှု့ထောင့်များအရ စေးထန် ပျစ်ချွဲသော အာပေါအာဗန္ဓရ အစာဖြစ်သည်။
အာကာသကို ပျက်စေသဖြင့် အပေါက်အခေါင်းများကို ပိတ်စေနိုင်သော အစာဖြစ်သည်။ ထိုအစာကိုစားလျှင် အာကာသပွင့်စေတတ်သော အစာနှင့်တွဲဖက်စားသင့်သည်။
🔸တညင်းသီးပြုတ်ကို တို့စရာများအဖြစ် စားလျှင်အဖြေဓာတ်အဖြစ် ရှောက်ရွက်အနည်းငယ်ကို တို့စားပေးပါ။
ပိတ်သော အာကာသဓာတ်ကို ပြန်ပွင့်အောင် ကူညီပေးနိုင်သည်။ တညင်းသီး ပြုတ်လျှင် သကြား အနည်းငယ်နှင့် ရှောက်ရွက် ထည့်ပြီးပြုတ်ပါ။
🔸နူးလွယ်ပြီး အဖန်ဓာတ်၊ အစေးဓာတ်လျော့နည်း စေသည်။ တညင်းသီးကိုရင့်သည့် အသီးရှောင်ပြီးနုသော အသီးများကို ထက်ခြမ်းခွဲပြီး ဖန်ပုလင်းတွင် ထည့်ပြီး ဆားရည်စိမ်ထားပါ။
အာကာသ ပိတ်ခြင်း၊ ကျောက်ကပ်တွင် အစေးဓာတ်ပိတ်ဆို့ခြင်းမှ ကာကွယ်နိုင်ပါသည်။ ထမင်းစားသောအခါ ကြိုက်တတ်၍ တညင်းသီးများများ စားမိလျှင်ဖြစ်စေ၊ တညင်းသီး အုန်းနို့ဆမ်းစားမိလျှင်ဖြစ်စေ၊
🔸စားပြီးပြီးချင်း သံပုရာဖျော်ရည် တစ်ခွက်သောက်ပေးပါ။ အဆိပ်မတက်စေနိုင်သော အဖြေဓာတ်ဖြစ်ကြောင်း တင်ပြလိုက် ရပေသည်။
ကိုရီးယားစာ အသည်းစွဲလေးတို့အတွက်
မြေအိုးထမင်းပူပူလေး(bibimbap) 🍚🇰🇷
ကိုရီးယားအစားအသောက်တွေလို့ပြောလိုက်တာနဲ့ မပါမဖြစ် မြည်းစမ်းသင့်တဲ့ထဲက 𝐌𝐫.𝐂𝐡𝐞𝐟 ရဲ့ Bibimbap လေးက
🥒သန့်ရှင်းလတ်ဆတ်တဲ့ မှို၊သခွါးသီး၊မုန်လာဥနီပဲပင်ပေါက် စတဲ့အသီးအနှံတွေ
🥓အဆီနည်းပြီး အရသာသေချာနှပ်ထားတဲ့ အသား
🍳ကြက်ဥ နဲ့ ထမင်းသုပ်ရဲ့အသက် 고추장 (Gochujang) sauce တို့ကို ပေါင်းစပ်ထားတဲ့ ကလေး၊ လူကြီး ကြိုက်ကြတဲ့ မီနူးလေးပါ
Authentic korean taste စစ်စစ်လေးကိုမှ မြည်းစမ်းလိုရင်တော့ နီးစပ်ရာဆိုင်ခွဲမှာ မှာယူသုံးဆောင်ကြည့်လိုက်တော့နော်
Let me be your Chef👨🍳
With Loves♥️♥️♥️
𝐌𝐫.𝐂𝐡𝐞𝐟 𝐂𝐚𝐟𝐞' & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 𝐆𝐫𝐨𝐮𝐩
မြစိမ်းပြာကမာရွတ်-နုနုရည်(အင်းဝ)
အမျိုးသားစာပေဝတ္ထုရှည်ဆုရ(Book Review📚)
‘မနက်ခင်းနိုးရင် ခိုကလေးများတို့ရယ်’
ခိုကလေးတွေဆိုတာ ကန်ထရိုက်တိုက်ကျဉ်းကျဉ်းလေးထဲမှာ နေနေရတဲ့ ရန်ကုန်မြို့နေသူတို့ကိုပြောတာပါ
မြစိမ်းပြာလမ်းသွယ်ထဲမှာရှိတဲ့ တိုက်အမှတ်၂၂၂သုံးထပ်တိုက်ကြီးမှာ မိသားစုငါးစုနေကြတယ်။တစ်ယောက်နဲ့တစ်ယောက်ပုံစံမတူကြဘူး။ဘဝအမျိုးမျိုး ခံစားချက်အထွေထွေပေါ့။
ခိုကလေးတွေက မနက်ခင်းဆိုထကြရပြီ။စားဖို့သောက်ဖို့အတွက်ပြင်ဆင်ရပြီ။တိုက်ခန်းကျဉ်းကျဉ်းလေးမှာ တစ်ယောက်နဲ့တစ်ယောက်မတိုက်မိအောင် ရှောင်တိမ်းရင်းရေကိုအချိန်နဲ့ချိုးရတယ်။အိမ်သာကိုလုတက်ရတယ်
မိသားစုဝင်များတဲ့သူတွေ တိုက်ခန်းကျဉ်းကျဉ်းလေးမှာစုပြုံအိပ်ကြရတယ်။တကယ်လို့များ မီးပျက်ပြီဆို တစ်တိုက်လုံးမီးသွေးနဲ့တည်ရလို့ မီးခိုးငွေ့တွေမွှန်ကုန်ကြပြီ။
ရန်ကုန်လိုမြို့ကြီးမှာ တိုက်ခန်းနဲ့နေနိုင်တဲ့သူတွေကို သေဌေးလို့ခေါ်ကြသတဲ့။အဲ့လိုရှည်မျောမျောတိုက်ခန်းကျဉ်းကျဉ်းလေးပိုင်ဖို့တောင် လတ်နဲ့ဦးသက်ဦးတို့ကအရစ်ကျလေးခါခွဲသွင်းရတယ်။ကျပန်းကျူရှင်ဆရာဖိုးအောင်နဲ့မယ်အေးတို့မိသားစုက မဝယ်နိုင်သေးလို့ တစ်နှစ်စာချုပ်နဲ့ဌားရတယ်။မြေပိုင်တဲ့သူတွေ အန်တီမေရီတို့ကျတော့ ကန်ထရိုက်ဆွဲပြီး တိုက်ခန်းဌားစားတာပေါ့လေ။
တိုက်ခန်းနေသူတွေရဲ့မီးဒုက္ခ၊ရေဒုက္ခ၊အင်္ဂတမခိုင်တဲ့တိုက်ခန်းလေးပေါ်မှာနေရတဲ့ သူတို့ရဲ့ပူပန်မှုတွေ၊နေစရာတိုက်ခန်းတိုက်ခန်းလေးမရှိတော့ရင်ဖြင့် ဘယ်မှာသွားနေရမလဲဆိုတဲ့ စိုးရိမ်သောကတွေတွေ့ရတယ်
ရန်ကုန်မြို့ရဲ့မွန်းကျပ်မှုတွေကို မြင်ရတိုင်း အညာကိုပဲ လွမ်းနေရတဲ့ဖိုးဘတင်ကြီးကလည်းချစ်ဖို့ကောင်းတယ်။ရန်ကုန်နဲ့အညာဟာ မတူရေးချမတူဘူး။ရန်ကုန်မှာအရေးကြီးတာ အဆန်မဟုတ်ဘူး။ဟန်တဲ့။အညာကလူတွေက ထမင်းကျွေးချင်ကြသလောက် ရန်ကုန်ကသူတွေက ထမင်းတစ်နပ်ကျွေးဖို့ဝန်လေးကြတယ်တဲ့။ဟုတ်နေသလားတော့မသိဘူး။ရန်ကုန်မှာက အိမ်ရှိလူဦးရေနဲ့ကွက်တိချက်တာဆိုတော့ အပိုတော့မရှိလောက်ဘူး။အုန်းထမင်းချက်ပုံကအစ မလိုင်လုံးအဆုံးရန်ကုန်နဲ့အညာမတူတာကို သေချာလေးအသေးစိတ်ပြောသွားတာ တကယ်သဘောကျဖို့ကောင်းတယ်။
သမီးတွေကို နောက်နှစ်ကျောင်းကောင်းမှာ မထားနိုင်တော့မှာစိုးတဲ့ မယ်အေးရဲ့ပူပန်မှုကလည်းမသေးလှဘူး။အပြိုင်အဆိုင်များတဲ့ ရန်ကုန်မြို့ကြီးမှာ ဘယ်သူမဆိုကိုယ့်သားသမီးကို အကောင်းတကာ့အကောင်းဆုံးကျောင်းမှာဘဲထားချင်ကြတာပေါ့။ဒါပေမယ့် ပြိုင်ဆိုင်မှုတွေနောက်ငွေအားကမလိုက်နိုင်တော့တဲ့အခါ ဘယ်တတ်နိုင်ပါတော့မလဲလေ။
ဘယ်လောက်ပဲ အကြွေးတွေပတ်လည်ဝိုင်းနေပါစေ၊ထောင်ကျနေရင်တောင်မှ လောကဓံကိုအပြုံးမပျက်ရင်ဆိုင်တတ်တဲ့ ကိုလူပျော်ကြီးကိုဝင်းအောင်လိုမျိုးစိတ်ဓာတ်မျိုးတစ်ခါတလေထားတတ်ဖို့လိုတယ်။ဘဝဆိုတာ တွေးပူနေလည်းဘာမှထူးတာမဟုတ်ပါဘူး။ဖြစ်လာမှ ရဲရဲကြီးရင်ဆိုင်လိုက်ကြတာပေါ့။
ဘဝသရုပ်ဖော်စာပေပီသစွာ မနက်လေးနာရီကနေစပြီး ညအထိတိုက်ခန်းနေလူတန်းစားတွေရဲ့ဘဝအမောတွေ၊ရုန်းကန်ရပုံတွေ၊စိုးရိမ်သောကတွေ၊တစ်တိုက်တည်းနေသူချင်းကြည့်မရဖြစ်ပုံ၊ကူညီရိုင်းပင်းကြပုံလေးတွေကို စိတ်ဝင်စားဖွယ်၊ချစ်စဖွယ်ရေးသားခဲ့တာပါ။
ဆရာမ နုနုရည်(အင်းဝ)က ‘မြစိမ်းပြာကမာရွတ်’စာအုပ်နဲ့ ၁၉၉၃ခုနှစ်မှာ အမျိုးသားစာပေဝတ္ထုရှည်ဆုရခဲ့တာပါ။
ဆရာမကဘဝသရုပ်ဖော်စာပေတွေကို ရေးသားရာမှာ နာမည်ကြီးတာမို့ အထူးတလည်ညွှန်းစရာတော့မလိုပါဘူး။ဒီစာအုပ်လေးကနေတစ်ဆင့် တိုက်ခန်းနေလူတန်းစားတို့ရဲ့ဘဝတွေ၊ခိုအိမ်လေးထဲမှာနေရင်း ရုန်းကုန်နေရမှုတွေကို ခံစားဖတ်ရှုနိုင်မှာဖြစ်ပါတယ်။လူ့ဘဝတွေကို သိချင်ရင် အပြင်ထွက်ပြီးလေ့လာမှမဟုတ်ပါဘူး။စာအုပ်တွေဖတ်ရင်းလည်း သိနိုင်ပါတယ်။လူ့သဘာဝသရုပ်ဖော်တာတွေကို ပီပီပြင်ပြင်ခံစားကြည့်ချင်တယ်ဆိုရင်တော့ ဆရာမနုနုရည်(အင်းဝ)ရဲ့စာအုပ်တွေကိုဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်နော်💛💛
ဝက်သားသရက်သီးသနပ်ချက်
လိုအပ်တာတွေက
-ဝက်သား အဆီအသားတွဲရက် ၃၀သား
-သရက်သီးသနပ် အသေးတစ်ထုပ် (သူဇာမြိုင်သရက်သီးသနပ်_
ကြက်သွန်နီ ၄လုံး
-ကြက်သွန်ဖြူ ၅မွှာ
-ဂျင်းထောင်းပြီးသား အနည်း
-အရောင်တင်မှုန့် ထမင်းစားဇွန်း ၁ဇွန်း
-နနွင်း အနည်း
ဆား အနည်းငယ်
-အသားမှုန့် လိုသလောက်
ငံပြာရည်အနည်း
ချက်ပြတ်နည်း
ဝက်သားများကို အနေတော်တုံးပြီး ဂျင်း၊ ဆား၊ အသားမှုန့်တို့ဖြင့်ဆုပ်နယ်ပြီး အသားထဲအရသာဝင်နေပါစေ။
ကြက်သွန်နီ၊ ဖြူ ဂျင်းတို့ကို အရောင်တင်မှုန့်နဲ့ရောထောင်းထားပါ။ အိုးတလုံးထဲမှာ ဝက်သား၊ ထောင်းထားသော ကြက်သွန်အရော နနွင်းစတာတွေကို ဆီနဲနဲ ဖြင့် လုံးကာ အသားအရောင်ပြောင်းလာသည်အထိ ဆီပြန်လာအောင်လုံးပေးပါ။ ပြီးမှအသားကို ရေကို မမြုပ်တမြုပ်ထဲ့ပြီး အဖုံးအုပ်တည်ပေးပါ။
ဆား ၊အသားမှုန်၊ ငံပြာရည် တို့ကတော့ လိုသလောက် ထဲ့နိုင်ပါတယ် အသားမနူးမချင်း ရေကိုအနဲငယ်စီထဲ့ကာ အဖုံးအုပ်တည်ရင်းအသားနူးလာပြီးဆီပြန်လာရင် အရသာအပေါ့အငံမြည်းကာမိမိစိတ်ကြိုက်အရာသာရပါက သရက်သီးသနပ်ကို ထဲ့ပြီး ရောပေးနိုင်ပါပြီရှင်။
ဒါဆိုရင် အရသာရှိတဲ့ မအီသောဝက်သားသရက်သီးသနပ်ဟင်းလေးရပါပြီ
Credit: Danuphyu Daw Saw Yee London
Photo credit
ဟင်းချက်နည်းကောင်းများလေ့လာနိုင်ရန် pageကို like & followလုပ်ထားပါ။