အရိုးပါး၊ အရိုးပွ၊ အရိုးကြွပ်ဆတ်တာ၊ ဒူးခေါင်းမကောင်းတာ၊ အဆစ်အမြစ်ကိုက်ခဲတာ စတဲ့ ပြဿနာရှိသူတွေ ဒီနည်းကို စမ်းကြည့်သင့်ပါတယ်။
အပတ်တိုင်း တစ်ကိုကို ၂-၃ ကြိမ် ပုံမှန်သောက်သုံးသူတွေဟာ ၁ လအတွင်း သိသိသာသာ သက်သာလာတာကို တွေ့ရှိရပြီး ဆရာဝန်တွေပါ အံ့ဩခဲ့ရပါတယ်။
ပါဝင်ပစ္စည်းများ.......
* ဆိတ်ဖူးဥ - ၂၀၀ ဂရမ် (၂ ကျပ်ခန့်)
* ရေသန့် - ၃၀၀ မီလီလီတာ
* ပျားရည် + သံပရာရည် အနည်းငယ်
(သောက်ရလွယ်ကူစေရန် မထည့်လဲရ)
ပြုလုပ်နည်း...
၁။ ဆိတ်ဖူးဥမြစ်ကို သေချာဆေးကြောပြီး အတုံးသေးလေးတွေ လှီးပါ။
၂။ ဖျော်စက်ထဲထည့်ပြီး ရေ ၃၀၀ မီလီလီတာ ထည့်ကာ သေချာနူးညံ့အောင် ကြိတ်ပါ။
၃။ ဆန်ခါဖြင့် စစ်ပါ။ အရည်ကိုသာ ယူပြီး အရသာ ခါးသွားနိုင်တဲ့အတွက် အရမ်းကြီး မညှစ်ပါနဲ့။
၄။ မသောက်ခင် ဆိတ်ဖူးအရည်ကို ရေသန့်အနည်းငယ်နဲ့ ရောပြီး ပျားရည်နဲ့ သံပရာရည် အသင့်အတင့် ထည့်ပါ။
သောက်သုံးနည်း......
* တစ်နေ့လျှင် ၁-၂ ဖန်ခွက် သောက်ပါ။
* တစ်ပတ်လျှင် ၂-၃ ရက် သောက်ပါ။
* ၁ လ ဆက်တိုက် လုပ်ဆောင်ပါ။
လက်တွေ့ စမ်းသောက်သူများဟာ အရိုးသိပ်သည်းဆ ကောင်းလာပြီး အဆစ်အမြစ်ကိုက်ခဲမှု သက်သာလာကြောင်း တွေ့ရပါတယ်။
မှတ်ချက်။ ။
အသက်ကြီးသူများ သို့မဟုတ် ဒူးခေါင်းနှင့် အရိုးပါးခြင်း ပြဿနာရှိသူများအတွက် သင့်လျော်ပါသည်။
နေ့တိုင်း ဆက်တိုက် မသောက်သင့်ပါ။ ရက်ခြားပြီး သောက်ပါ။
သန့်ရှင်းပြီး ဓာတုပစ္စည်းကင်းစင်သော ဆိတ်ဖူးဥ အစိုကို ရွေးချယ်ပါ။