Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဒေါ်နယ်ထရန့်နှင့် ပူတင်တို့၏ ဆွေးနွေးပွဲ အလာစကာစစ်စခန်းတစ်ခု၌ ကျင်းပမည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ရုရှား သမ္မတပူတင်တို့၏ ထိပ်သီးဆွေးနွေးပွဲကို အလာစကာပြည်နယ် စစ်အခြေစိုက်စခန်းတစ်ခု၌ ကျင်းပမည်ဖြစ်ကြောင်း အမေရိကန်မီဒီယာများက ဩဂုတ် ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အလာစကာပြည်နယ်အန်းကားရိတ်မြို့အနီး တည်ရှိသော အယ်လ်မင်ဒေါ့ဖ်-ရစ်ချက်ဆင်အမည်ရှိ အဆိုပါပူးတွဲစစ်အခြေစိုက်စခန်းသည် စစ်အေးတိုက်ပွဲကာလအတွင်း ဆိုဗီယက်ပြည်ထောင်စုကို တုံ့ပြန်ရာတွင် အထူးအရေးပါခဲ့သော ပူးတွဲအခြေစိုက်စခန်းဖြစ်ပြီး ယနေ့ခေတ်တွင်လည်း အရေးပါနေဆဲဖြစ်သည်။
အယ်လ်မင်ဒေါ့ဖ်-ရစ်ချက်ဆင် ပူးတွဲစစ်အခြေစိုက်စခန်း၌ လက်ရှိအချိန်တွင် အက်ဖ်-၂၂ ရေဒါကိုယ်ယောင်ဖျောက် တိုက်လေယာဉ်များ အပါအဝင် အမေရိကန်လေတပ်၏ အဓိကစစ်လေယာဉ်အုပ်စုများ တပ်စွဲထားသည်။
အမေရိကန် စစ်အခြေစိုက်စခန်းတစ်ခု၌ ရုရှားသမ္မတပူတင်ကိုလက်ခံတွေ့ဆုံခြင်းဖြင့် ဆန္ဒပြပွဲများ၏ နှောင့်ယှက်မှုကိုရှောင်ရှားနိုင်မည်ဖြစ်သလို သမ္မတဒေါ်နယ်ထရန့်အတွက်လည်း အမေရိကန်စစ်အင်အားကို ပြသနိုင်မည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတပူတင်တို့ သုံးနှစ်ကျော်ကြာ ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက်ဩဂုတ် ၁၅ ရက်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။
အဆိုပါဆွေးနွေးပွဲ၌ ၎င်းတို့ပါဝင်မှုမရှိသည့်အတွက် ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့်ရလဒ်များမှာ ရုရှားနိုင်ငံအကြိုက် ရလဒ်များဖြစ်နေမည့်အရေးကို ယူကရိန်းနှင့် ဥရောပနိုင်ငံများက စိုးရိမ်လျက်ရှိသည်။
ရိုက်တာ
Florida Gov. Ron DeSantis announced on Thursday that his administration is opening a new immigration detention facility dubbed "Deportation Depot," that will be located at the Baker Correctional Institution in Sanderson, Florida.
The announcement of the new facility in north Florida comes one month after the state opened a detention center in the Everglades known as "Alligator Alcatraz," pictured here.
Read more: https://abcnews.visitlink.me/OUY-ir
WK Kellogg Co. has announced that it will stop using artificial dyes in its breakfast cereals by the end of 2027, according to a statement from the company.
The maker of Froot Loops, Apple Jacks, Frosted Flakes and Rice Krispies, just to name a few, said that they are evolving their portfolio of cereals “to provide consumers with more of what they want and need — such as whole grains and fiber and less of what they don’t.”
Read more: https://abcnews.visitlink.me/iZxDD-
◼ ငြိမ်းချမ်းရေးအတွက်ပူတင်အသင့်ဖြစ်ပြီဟုယုံကြည်ကြောင်းနှင့်ဇီလန်စကီးပါဝင်လာရန်မျှော်လင့်ကြောင်း ထရန့်ပြော
ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က အသင့်ဖြစ်နေပြီဟု ၎င်းအနေဖြင့် ယုံကြည်သော်လည်း ငြိမ်းချမ်းရေးအတွက်ဆိုလျှင် ယူကရိန်းခေါင်းဆောင်လည်း ပါဝင်သည့် ဒုတိယအစည်းအဝေးတစ်ရပ် လိုအပ်နိုင်ကြောင်း ရုရှားသမ္မတနှင့် သောကြာနေ့ အလာစကာ ထိပ်သီးဆွေးနွေးပွဲမတိုင်မီတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ပြောကြားသည်။
အနာဂတ်တွင် ယူကရိန်းအား ထပ်မံ တိုက်ခိုက်မှုဖြစ်ပေါ်လာစေနိုင်သည့် သဘောတူညီချက်မျိုး အမေရိကန်-ရုရှားထိပ်သီးတွေ့ဆုံပွဲမှ ထွက်ပေါ်မလာစေရေး သေချာစေရန် ယူကရိန်းသမ္မတ ဇီလန်စကီး နှင့် ဥရောပမဟာမိတ်များက ယခုသီတင်းပတ်အတွင်း အထူးကြိုးပမ်းခဲ့ကြသည်။
“ သမ္မတ ပူတင် က ငြိမ်းချမ်းရေးယူမယ်လို့ ထင်ပါတယ်။ သမ္မတ ဇီလန်စကီးလည်း ငြိမ်းချမ်းရေးယူမယ်လို့ ထင်ပါတယ်။ သူတို့ နှစ်ယောက် အဆင်ပြေမလား ကြည့်ကြတာပေါ့။” ဟု ဒေါ်နယ်ထရန့်က အိမ်ဖြူတော်တွင် သတင် းထောက်များအား ပြောကြားသည်။
ထိပ်သီးဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲမှု ထွက်ပေါ်လာနိုင်ခြေကို ထရန့်က လျှော့ပေါ့ပြောဆိုပြီး အခြားခေါင်းဆောင်များပါ ပါဝင်မည့် ဒုတိယအစည်း အဝေးတစ်ရပ် လိုအပ်နိုင်ကြောင်း ပြောဆိုသည်။
“ကောင်းမွန်တဲ့ တွေ့ဆုံမှုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ပိုပြီးအရေးကြီးမှာက ဒုတိယအစည်းအဝေးဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်အပါအဝင် သမ္မတပူတင်၊ သမ္မတ ဇီလန်စကီးတို့နဲ့ အစည်းအဝေးလုပ်သွားပါမယ်၊ ဥရောပခေါင်းဆောင်တွေ ပါချင်လည်း ပါမယ် ၊ မပါရင်လည်း မပါနိုင်ဘူး။ ကျွန်တော်လည်း မသိဘူး။” ဟု ထရန့် က ဆက်ပြောသည်။
အမေရိကန်နိုင်ငံ၊ အလာစကာပြည်နယ်၊ အန်ကာရေ့ချ်မြို့၌ ထရန့်နှင့် အစည်းအဝေး အတွက် ပြင်ဆင်ရင်း ရုရှားသမ္မတ က ၎င်း၏ ဝန်ကြီးများ၊ လုံခြုံရေးအရာရှိများနှင့် တွေ့ဆုံစည်းဝေးခဲ့သည်။
ရန်လိုမှုများနှင့်ပဋိပက္ခကိုရပ်တန့်ပြီး ယခုပဋိပက္ခတွင်ပါဝင်သော သက်ဆိုင်သူအားလုံးနှင့် သဘောတူညီချက်များရရှိရေးအတွက် အမေရိကန်က အားကြိုး မာန်တက်နှင့် ရိုးသားသောကြိုးစားမှုများ လုပ်ဆောင်နေသည်ဟု ထင်မြင်ကြောင်း ရုပ်သံမှပြောကြားသော မှတ်ချက်များတွင် ပူတင်က ဆိုသည်။
အကယ်၍ ရှေ့လာမည့်အဆင့်များတွင် မဟာဗျူဟာမြောက် ထိုးစစ်လက် နက်ကြီးများ ထိန်းချုပ်ရေး နယ်ပယ်တွင်ပါ သဘောတူညီချက်များ ရရှိခဲ့ပါက ၎င်းတို့နှစ်နိုင်ငံကြား ၊ ဥရောပနှင့် ကမ္ဘာကြီးအတွက်ပါ ရေရှည်ငြိမ်းချမ်းရေး အ ခြေအနေများ ဖန်တီးရန် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ပူတင် က ပြောသည်။
ထရန့်နှင့်တွေ့ဆုံချိန်တွင် လုံခြုံရေးနှင့်ပတ်သက်၍ ကျယ်ပြန့်သော ဆွေးနွေးမှုတစ်စိတ်တစ်ပိုင်းအဖြစ် နျူကလီးယားလက်နက်ထိန်းချုပ်ရေးကိုပါ ရုရှားက ဆွေးနွေးသွားနိုင်ကြောင်းလည်းပူတင်၏ မှတ်ချက်များက ပြသနေသည်။
သမ္မတပူတင်နှင့် ထရန့်သည် ရုရှားနှင့်အမေရိကန်ကြား ကြီးမားသောအလား အလာရှိသည့် စီးပွားရေးဆက်ဆံမှု အကြောင်းကို ဆွေးနွေးသွားနိုင်ကြောင်းလည်း ကရင်မလင်အရာရှိကြီးတစ်ဦး က ပြောသည်။
နျူကလီးယားလက်နက်ထိန်းချုပ်ရေးတိုးတက်မှု သို့မဟုတ်လည်း စီးပွားရေးဆက်စပ်ကိစ္စများဖြင့် ပူတင်က ထရန့်အား ယူကရိန်းကိစ္စမှ အာရုံလွဲသွားအောင် လုပ်ဆောင်သွားနိုင်ကြောင်း အကဲဆတ်သော အကြောင်း အ ရာကြောင့် အမည်မဖော်လိုသည့် အရှေ့ဥရောပ အရာရှိကြီးတစ်ဦး က ရိုက်တာသတင်းဌာနအား ပြောကြားသည်။
“ထရန့်အနေနဲ့ ရုရှားတို့ အရူးလုပ်တာ မခံရဖို့ မျှော်လင့်ပါတယ်။ ဒါတွေအားလုံး အန္တရာယ်များတယ်ဆိုတာ သူသိပါတယ်။” ဟု အဆိုပါအရာရှိကြီးကပြောကြားပြီး ရုရှားတို့၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ တားဆီးပိတ်ဆို့မှုအသစ်များကို ရှောင်လွှဲနိုင်ရေး နှင် လက်ရှိတားဆီးပိတ်ဆို့မှုများ ဖယ်ရှားမှုရရေး ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း
နော်တင်ဟမ်ဖောရက်အသင်းဟာ မန်စီးတီးတောင်ပံတိုက်စစ်ကစားသမား James McAtee ကိုခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပီဖြစ်ပါတယ်
ပြောင်းရွှေ့ကြေးပေါင် 22သန်း+အပိုဆုကြေး ပေါင်8သန်း နီးပါး ပြန်လည်ဝယ်ယူခွင့်နှင့် တခြားအသင်းထံပြန်လည်ရောင်းချရင်ရရှိမဲ့ ရာခိုင်နှုန်းတွေနဲ့ မန်စီးတီးအသင်းကရောင်းချဖို့သဘောတူညီခဲ့တာဖြစ်ပီး ကစားသမားကလဲ ဖောရက်အသင်းကိုပြောင်းရွှေ့ဖို့သဘောတူညီခဲ့တာဖြစ်ပါတယ်။
သာဓုတောင် ဖြောင့်အောင်မခေါ်နိုင်ကြဘူး
-----------------
🙏သူတော်ကောင်းဖြစ်ချင်တယ်ဆိုရင်
နံနက်စောစောထ ဘုရားရှိခိုး
မေတ္တာပို့
အမျှဝေတယ်ဆိုတာ
သူတော်ကောင်းတွေရဲ့ အလုပ်ပဲ။
"🙏ဘုရားရှိခိုးပြီး
အမျှအတန်း ပေးဝေတဲ့ အခါမှာလဲ
အသံကျယ်ကျယ်နဲ့ အော်ပြီး တော့
အမျှအတန်းပေးဝေ ကြရမယ်" ။
"🙏စောစောထ ဘုရားရှိခိုးတာက
သုံးဆယ့်တစ်ဘုံသားတွေ၊ အထူးသဖြင့်
နာမ်သာရှိပြီး ရုပ်မရှိတဲ့ တမလွန်သားတွေ
တရားလာရောက်နာယူပြီး -
🙏အမျှအတန်း ခံယူ၊ သာဓုခေါ်နိုင်မှလည်း
ဘုံတွေ ဗိမာန်တွေ ရကြတာ၊
လူသူရှင်းလင်းတဲ့ ယခုလို စောစောအချိန်မှာလဲ
တရားနာလာနိုင်ကြတာ။
"🙏သူတို့ဟာ လူတွေနဲ့ အထိအတွေ့
မခံနိုင် ကြရှာဘူး၊
🙏ဒါကြောင့် လူသူရှင်းတဲ့ နံနက်စောစော မှာ
ဘုရားရှိခိုးသံ၊ အမျှအတန်းပေးဝေ
သံတွေကို လာရောက် နာယူကြရတာ။
"🙏လာရောက် နာယူကြတော့
သူတို့အတွက်
အကျိုးထူးတွေလဲ ရရှိကြတာ ပေါ့၊
🙏အမျှအတန်းဝေ သာဓုခေါ်တော့ တချို့
သာဓုတစ်ကြိမ်တည်းနဲ့ ခေါ်နိုင်တာရှိတယ်၊
🙏သာဓုခေါ်နိုင်တာနဲ့ ဘုံဗိမာန်တွေ
အစားအစာတွေ ရတယ်၊
🙏တချို့ မခေါ်နိုင်ဘူး၊ 'သာ' တစ်လုံးတည်း နဲ့
နှစ်ပေါင်းများစွာ နေရတယ်၊ 'ဓု' မရ သေးဘူး၊
🙏နှစ်တော်တော်ကြာမှ 'ဓု' ရတယ်၊ တချို့
'သာ' လဲ မခေါ်နိုင်၊ 'ဓု' လဲ မရနဲ့၊
🙏နှစ်ပေါင်းများစွာ အမျှပေးဝေသံ
နားထောင်ကြရတဲ့ ပြိတ္တာတွေ, ပရ
လောကသားတွေလဲ အများကြီးပဲရှိတယ်။
🙏အမျှအတန်းပေးဝေတဲ့အခါ
သာဓု ကို တစ်ခါတည်း ခေါ်နိုင်တာက
မနုဿလူသားပဲ ရှိတယ်ကွယ့်၊
🙏အမနုဿ ပရလောကသား ပြိတ္တာတွေ ကတော့
အမျှအတန်း ပေးဝေတိုင်း
သာဓု မခေါ်နိုင်ရှာကြဘူး၊
🙏ကုသိုလ်အလွန်ထူးမှ ချက်ချင်း သာဓု ခေါ်နိုင်တာ။
🙏မိုးညှင်းဆရာတော်ဘုရားကြီး🙏
CRD.............ဦးမြင့်ခိုင်
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်