26 ပတ် - ဘာသာပြန်ပါ။

ဒီ Resort လေးကလည်း နံနံဂျား သွားစရာမလိုအောင် စွဲဆောင်နေပြန်ပါပြီ 🥲❤️

သီတင်းကျွတ်ပိတ်ရက် မှာဘယ်ခရီးတေသွားဖို့
စီစဉ်ပီးပီလဲ .......🤔

‎🛖🍄 သီတင်းကျွတ် ပိတ်ရက်တေနှင့်အတူ တောင်ပေါဒေသ​လေးမှာ အပန်းဖြေဖို့ အတွက် ရန်ကုန်, မန်းလေး မှ"ကလော - ညောင်ရွှေ အင်းလေး ခရီးစဉ်" 🥰🥰

‎အင်းလေး ဘယ်မှာတည်းမလဲ?
‎Khaung Daing ဘက်က အလှဆုံး 💕😍 Resort လေးရဲ့ သေသပ်လှပတဲ့ဖန်တီးမှုနဲ့အတူ စိတ်ကြည်နူးစေပြီး 😋 Relaxation Mood ကို အပြည့်အဝခံစားနိုင်မယ့် အခန်းတွင်းဒီဇိုင်းလေးတွေနဲ့.... ❤️
‎(အရှေ့မှာ အင်း‌လေးကန်.... အနောက်မှာ တောင်တန်းတွေနဲ့ Paradise လေးတခုလိုမျိုး) ခံစားပြီးတည်းခိုရမယ်နော်

‎ကလောမှာ တည်းခိုရမယ့်နေရာကတော့ ...
‎🏡 Hotel Building တွေကအစ Stylish ကျပြီး အခန်းတွင်း သပ်ရပ်သန့်ရှင်းမှု အပြည့်နဲ့ စိတ်ကျေနပ်မှုပြည့်ဝစွာ တည်းခိုနိုင်မယ့် ဟိုတယ်လေး 😎
‎❄️ အေးစိမ့်နေအောင်ချမ်းတဲ့ ကလောမြို့ရဲ့ အရသာကို လည်း ပြည့်ပြည့်ဝဝ ခံစားနိုင်မယ့် ဟိုတယ်လေးမှာပါနော် ❤️

‎လည်ပတ်မယ့်နေရာလေးတွေကို တချက်ကြည့်ရအောင်...
‎🌲ကလော ခရီးစဉ်တွင် 🌲
‎🌳 ဒေသ ရိုးရာအစားအသောက်တွေပေါတဲ့
‎"ကလောစျေး"🍲🍲
‎🌳 နှစ်ပေါင်း ( ၅၀၀ ) ကျော်သက်တမ်းရှိ မဟာမုနိ နှီးဘုရား
‎🌳 ကလော ရွှေဥမှင်လှိုဏ်ဂူ
‎🌳 ကလော ဟိုတယ် ( Kalaw Heritage Hotel )
‎🌳 နှစ်တစ်ရာကျော် သက်တမ်းရှိ အီတလီချာချ့်( Kalaw Italy Church )
‎🌳 ကလော နာရီစင် ( Kalaw Tower )
‎🌳 ကလော မောမြေဦး ပန်းခြံ
‎🌳 နှစ်တစ်ရာကျော်သက်တမ်းရှိ ကလောဘူတာ
‎🌳 နှစ်တစ်ရာကျော် သက်တမ်းရှိ ကိုလိုနီအိမ်များ
‎🌳 ကလော တောင်ပေါ်ရှုခင်းသာ ဟိုတယ် ( Kalaw Hill Top Villa Hotel )
‎🌳 သိမ်တောင်ပေါ်မှ ကလောမြို့ ရှုခင်းကြည့်
‎🌳 New Simple Life Cafe / Cafe Kalaw / Monaco Cafe / Coffee Corner / Gloria Cafe / Kalaw-Ish Cafe Bar & Restaurant / Bistro 29 Kalaw Bar & Restaurant / Hi Snack & Bar / Red House Bar & Restaurant ( လူကြီးမင်းကြိုက်နှစ်သက်ရာဆိုင် )

‎🎄 ကလောမြို့ပြင် လည်ပတ် မည့် နေ ရာ များ
‎⛰️အိုးစည်‌ တောင် ..
‎⛰️ဗျိုက်‌ ‌တောင်..
‎🏞 ‌မြင်းမထိဂူ ..
‎🏞 ရေယောင်းမviewpoint.......

‎ကလော မှ ညောင်ရွှေ ( အင်းလေး ~ မိုင်းသောက် ) သို့ နေ့ချင်းပြန် လည်ပတ်လို့ရမယ့် '' ကလော ~ အင်းလေး ~ မိုင်းသောက် ခရီးစဉ် '' နေရာလေးတွေပါ
‎🚣‍♂️🖼️ သီခေါင်တောင် View Point
‎🚣‍♂️🖼️ ဘဝသံသရာတံတား
‎🚣‍♂️🖼️ ရွှေရန်ပြေ ခံတပ်စေတီ
‎🚣‍♂️🖼️ ဖေါင်တော်ဦးဘုရား
‎🚣‍♂️🖼️ အလိုတော်ပေါက်ဘုရား
‎🚣‍♂️🖼️ ရွှေထည် ငွေထည်ဆိုင် ( ပန်းထိမ် လုပ်ငန်း )
‎🚣‍♂️🖼️ ယက္ကန်းရုံ ( အင်းရိုးရာ အထည်များ )
‎ကယန်း (ပဒေါင်) ရိုးရာပစ္စည်း၊ ဂျပ်ခုတ်လုပ်ငန်း
‎🚣‍♂️🖼️ မိုင်းသောက်တံတား
‎🚣‍♂️🖼️ MOT Love Cafe (Bicycles House )

‎ပါဝင်တဲ့ ဝန်ဆောင်မှုတွေကတော့ --
‎✔ Express Air-con အသွားအပြန် //
‎✔ 3stars Hotel တွင် နှစ်ညတာ တည်းခိုခွင့်
‎✔ Buffet Breakfast (ဘူဖေး)
‎✔ ကလော ညောင်ရွှေ-အင်းလေး အထင်ကရ နေရာများအား လည်ပတ်ရန် Air-con ကား ( Saloon,Alphard / HiAce )
‎✔ ကားဂိတ်အကြို/အပို့။
‎✔ ယာဉ်မောင်းအတွေ့အကြုံရှိ၊photoရိုက်ကျွမ်းကျင်
‎Driving guide။

‎🏡Package For Booking
‎📱09 976999282
‎📱09 952918893
‎ဆက်သွယ်ရမယ့် လိပ်စာနံပါတ်တွေကို ss ရိုက်ထားလေနော်
‎ပြန်ရှာရတာမခက်တော့ဘူးပေါ့... 😘
__________________
‎⭐ ပြည်တွင်း ကားလက်မှတ်၊ လေယာဉ်လက်မှတ် (Flight Ticket)၊ ဟိုတယ်၊ ခရီးစဉ်နှင့် ကားအငှားဝန်ဆောင်မှုများအတွက်လည်း စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ။
#package #inle #hupin #inle_khaung_daing #resort #pinpin #kalaw #crd_photo

imageimage
+5

image

😾

image

ဘယ်လို​နေ​နေ မခံဘူး 🤣
Crd

image
26 ပတ် - ဘာသာပြန်ပါ။

ဇနီးသည်အတွက် ကင်ဆာကုသဖို့ ရက်ချိန်းယူပြီးအပြန် ခဲခြစ်ထီ ဒေါ်လာ ၅၀၀၀၀၀ ပေါက်ခဲ့တဲ့ အမျိုးသား
အိုဟိုင်းယိုးပြည်နယ်က အမျိုးသားတစ်ဦး (အမည်ကို လူသိရှင်ကြားမဖော်ပြ)ဟာ သူ့ဇနီးဖြစ်သူ ကင်ဆာကုသမှုခံယူဖို့ ရက်ချိန်းယူအပြီး အိမ်အပြန်လမ်းက ကုန်စုံဆိုင်တစ်ခုမှာ ရပ်ပြီး ခဲခြစ်ထီထိုးဖြစ်ခဲ့ပါတယ်။ အဲ့ဒီအမျိုးသားက ၅ ဒေါ်လာတန် ခဲခြစ်ဒီလက်မှတ် ၂ စောင်ကို ယူခဲ့ဖို့ လုပ်တဲ့အချိန် တစ်စောင်ပဲ ကျန်တော့တဲ့ Best of 7's ခဲခြစ်ထီလက်မှတ်တစ်စောင်ကို တွေ့ခဲ့ပါတယ်။ အဲ့ဒါကြောင့် ၁၀ ဒေါ်လာတန် Best of 7's ခဲခြစ်ထီကို ရွေးချယ်ခဲ့ပါတယ်။
သူ အိမ်ပြန်ရောက်တော့ သူ ဝယ်ခဲ့တဲ့ ခဲခြစ်ထီက ဒေါ်လာ ၅၀၀၀၀၀ တန် ဆုကြီးပေါက်သွားခဲ့လို့ သူ တအံ့တဩဖြစ်ခဲ့ရပါတယ်။ အခွန်ဖြတ်တောက်အပြီး သူ ထီ ဆုငွေ ဒေါ်လာ ၃၆၀၀၀၀ ရရှိသွားခဲ့ပါတယ်။ သူ အခုလို ထီပေါက်တာကို မယုံကြည်နိုင်ဖြစ်နေတုန်းပါပဲ။ အိပ်မက်လို့ ထင်နေတုန်းပါ။ သူ့ဇနီးဖြစ်သူကလည်း ထီပေါက်တဲ့အကြောင်းကြားတော့ အစက မယုံခဲ့ပါဘူး။ ရယ်စရာပြောတယ်လို့ ထင်ခဲ့တာပါ။ Ohio Lottery App နဲ့ ထီလက်မှတ်ကို Scan ဖတ်ပြီး သက်သေပြလိုက်မှ ဇနီးဖြစ်သူက ယုံကြည်သွားခဲ့တာပါ။
အဲ့ဒီအမျိုးသားဟာ ထီလက်မှတ်ရွေးရင် နောက်ဆုံးအတန်းက ထီလက်မှတ်ကို ရွေးရတာကြိုက်တယ်။ အလယ်မှာရှိတဲ့ ထီလက်မှတ်ကိုလည်း ဝယ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးအတန်းက ထီလက်မှတ်ကို အကြိုက်ဆုံးပါပဲလို့ ပြောပါတယ်။ သူ့ရဲ့ထီဆုငွေက ကောင်းချီးတစ်ခုပါပဲ။ သူတို့မိသားစုက ဇနီးဖြစ်သူကင်ဆာရောဂါအတွက် ဆေးကုသစရိတ်အကုန်အကျများနေတာကို ရင်ဆိုင်နေခဲ့ရပြီး အခုဆို ထီဆုငွေတချို့နဲ့ ဆေးကုစရိတ်ပေးနိုင်ပြီ။ ဇနီးဖြစ်သူ ပြန်သက်သာလာတဲ့အခါကျ အတူတူပျော်ရွှင်ရမယ့် အရာတစ်ခုခုလုပ်ဖို့ မျှော်လင့်နေတယ်လို့ သူက ဆိုထားပါတယ်။

image

ကြက်သွန်နီကို နေ့တိုင်းစားရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်လဲ...?
​ပြောရရင်တော့ အကျိုးကျေးဇူးတွေ အများကြီးပါပဲ။ ကြက်သွန်နီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) တွေပါဝင်တာကြောင့် နှလုံးကို ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို ကျစေသလို သွေးလည်ပတ်မှုလည်း ပိုကောင်းလာစေပါတယ်။
​ဒါ့အပြင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ရောင်ရမ်းမှုကို လျော့ကျစေကာ ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးတာကြောင့် ဖျားနာတာတွေ ပိုမိုမြန်ဆန်စွာ သက်သာလာနိုင်ပါတယ်။
​အရေးအကြီးဆုံးကတော့ ကြက်သွန်နီမှာ အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေကို အားဖြည့်ပေးတဲ့ အမျှင်ဓာတ် (fiber) ပါဝင်တာကြောင့် အစာခြေစနစ်ကို ပိုမိုအားကောင်းစေပါတယ်။ တချို့ သုတေသနတွေကတော့ ကြက်သွန်နီက တချို့သော ကင်ဆာရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
​ဒါ့အပြင် ကြက်သွန်နီက အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကိုလည်း ကူညီပေးပါတယ်။ ဘာလို့လဲဆိုတော့ ကြက်သွန်နီက သွေးလည်ပတ်မှုကို ပိုကောင်းလာအောင် ကူညီပေးတာကြောင့် နှလုံးနဲ့ သွေးကြောတွေအပြင် လိင်အင်္ဂါကိုပါ သွေးရောက်ရှိမှု ပိုမိုကောင်းမွန်လာပြီး သဘာဝအတိုင်း ကြံ့ခိုင်မှုကို တိုးလာစေပါတယ်။ တချို့သုတေသနတွေမှာတော့ ကြက်သွန်နီက အမျိုးသားတွေရဲ့ Testosterone ဟော်မုန်းပမာဏကိုပါ တိုးမြှင့်ပေးနိုင်တယ်လို့ ဆိုပါတယ်။
​ဒါပေမဲ့ သတိထားရမှာကတော့ ကြက်သွန်နီအစိမ်းကို အများကြီး စားရင် လေပွတာမျိုး၊ ပါးစပ်နံ့ပြင်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သွေးကျဲဆေးတွေ သောက်သုံးနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။
​တစ်နေ့ကို ကြက်သွန်နီ တစ်ခြမ်းကနေ တစ်လုံးအထိ စားသုံးတာက အသင့်တော်ဆုံးပါပဲ။ အသုပ်ထဲထည့်စားတာ၊ ကြော်စားတာ ဒါမှမဟုတ် ဟင်းချိုထဲမှာ ထည့်ချက်စားတာမျိုး လုပ်နိုင်ပါတယ်။ ရိုးရိုးရှင်းရှင်း ကြက်သွန်နီလေးကနေ အကျိုးကျေးဇူးတွေကတော့ တကယ်ကို မရိုးသားပါဘူး။

image
26 ပတ် - ဘာသာပြန်ပါ။

ကြောင်လေးတွေ ဗိုက်အောင့်တတ်လား❓
ကြောင်လေးတွေလည်း လူတွေလိုပဲ ဗိုက်နာ၊ ဗိုက်အောင့်တတ်ကြပါတယ်။
သူတို့ရဲ့ခံစားနေရတာကို စကားနဲ့မပြောနိုင်ပေမယ့် ဒီလိုလက္ခဏာတွေနဲ့ ပြတတ်ပါတယ်။
➡️ ဗိုက်ကို ထိခိုက်မိမှာစိုးသလိုမျိုးအနေအထားနဲ့ ကွေးနေတတ်တယ်၊
➡️ နာနေလို့ ပုံမှန်ထက်ငြိမ်ငြိမ်လေးနေတတ်ပြီး မသက်မသာ ညည်းညူနေတတ်တယ်။
➡️ အန်မယ်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်မယ်။
➡️ အစာ မစားဘဲ‌နေမယ်၊ ရေတောင်မသောက်တော့ဘဲနေမယ်။
➡️ ဗိုက်က သာမန်ထက်တင်းပြီး ဖောင်းနေမယ်။
➡️ အထိမခံဘူး၊ စိတ်ဆိုးလွယ်မယ်။
သင့်ကြောင့်လေးကဒီလိုလက္ခဏာတွေပြပြီး မူမမှန်ဘူးလို့ ခံစားရရင် အမြန်ဆုံး တိကုဆရာဝန်နဲ့သေချာပြသပါ။
ဗိုက်အောင့်တယ်ဆိုတာက ဖြစ်တတ်တဲ့ သာမန်နားမကျန်းမှုဆိုပေမယ့်
တစ်ခါတစ်ရံ အန္တရာယ်များတဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါများရဲ့ လက္ခဏာ ဖြစ်နေနိုင်တာကြောင့်ပါ။

image

လေဖိအားနည်းရပ်ဝန်းအခြေအနေသတင်း
----------------------------------------
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်
==================================================
ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်း လာနိုင်ပြီး ထိုမှတစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ၊ နောက် ၄၈ နာရီ အတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

image
26 ပတ် - ဘာသာပြန်ပါ။

🙏ရပ်ပြစ်(၈)ပါး🙏
🌸🌸🌸🌸🌸🌸🌸

ဘုရားရှိခိုးတဲ့ အခါမှာ ရပ်ပြစ်ရှစ်ပါးမှ လွတ်ရာလွတ်ကြောင်းကို ဆုတောင်းကြတယ်။
ရပ်ပြစ်ရှစ်ပါး ဆိုတာ ဘာကို ပြောတာလဲ ?
ရပ်ပြစ်ရှစ်ပါး ဆိုတာ အပြစ်မကင်းတဲ့ အရပ်ရှစ်မျိုးကို ပြောတာပါ။ မဂ်ဖိုလ်ကို ရနိုင်ခွင့်မရှိတဲ့ အရပ်ရှစ်မျိုးလို့ နားလည်ရပါမယ်။
၁။ ငရဲ
၂။ တိရိစ္ဆာန်
၃။ ပြိတ္တာ
၄။ အသညဇော (ခေါ်) အရူပ ဗြဟ္မာဘုံ။
( ဗြဟ္မာ ဖြစ်တိုင်း ကောင်းတယ် မထင်နဲ့နော်။ )
၅။ ယဉ်ကျေးမှု ခေါင်းပါးတဲ့အရပ်, လူရိုင်းတွေ နေတဲ့အရပ်, ရတနာသုံးပါး မရှိတဲ့အရပ်, ဘုရား တရား သံဃာ မရှိတဲ့အရပ်ဟာ အပြစ်ရှိတဲ့ အရပ်မို့ မဂ်ဖိုလ်ရကြောင်းတရား ကင်းတယ်။
၆။ ဝိကလိနြဒိယ လို့ ခေါ်တဲ့ ပဋိသန္ဓေ နေကတည်းက ကျိုး, ကန်း, ဆွံ့အ, ဉာဏ်ရည်မမီလို့ လူစဉ်မမီတဲ့ ဘဝမှာ ဖြစ်ရတာလည်း အပြစ်ရှိတဲ့ အရပ်လို့ ခေါ်တယ်။
၇။ မိစ္ဆာဒိဋ္ဌိ မှားယွင်းတဲ့ အယူဝါဒကို ယုံကြည်စွဲလမ်းပြီး အယူမှားရဲ့ နောက်လိုက် ဖြစ်ရတာဟာလည်း မဂ်ဖိုလ်ရကြောင်း ကင်းဆိတ်လို့ ရပ်ပြစ်တစ်ပါးပါ ပဲ။
၈။ နောက်ဆုံး အချက်က -
ဗုဒ္ဓ သုညောတိဟောတုကော အရပ်တဲ့။
ဘုရား မရှိသော( မသိသော ) အချိန်မှာ တိဟိတ် ပဋိသန္ဓေနေသူဟာ အပြစ်ရှိတဲ့အရပ် ရောက်ရာ မည်တယ်။ ( နောင် သာသနာ ဆိတ်သုန်းသွားတဲ့ အဲ့ဒီအချိန်မှာ ပဋိသန္ဓေ နေရသော်လည်း မဂ်ဖိုလ် ရကြောင်း အကျင့်ကောင်းကို မရနိုင်, မသိနိုင်တော့လို့ ရပ်ပြစ်တစ်ပါးပါ ပဲ။ )
ဓမ္မမိတ်ဆွေ သူတော်ကောင်းတို့သည် ရစ်ပြစ်ရှစ်ပါးမှ လွတ်မြောက်ပြီး နိဗ္ဗာန်ကို ဘဝတိုတိုနှင့် ရောက်ရှိတော် မူကြပါစေ။

image
26 ပတ် - ဘာသာပြန်ပါ။

😋🧀🥪🥪🥪လုပ်နည်းပုံထဲမှာနော်🥪🥪🥪🥪
#

image