13 w - Translate

Good morning
#donovan#myspace#morning

image
Helarri shared a post  
124 yrs

13 w

ရန်ကုန် တောင်ဥကာလာပမြို့နယ်ထဲမှာရှိတဲ့ ကော်ဖီဆိုင်လှလှလေး☕️
ချစ်စရာဒီကော်ဖီဆိုင်လေးကို
လတိုင်းလိုလိုရောက်ဖြစ်ခဲ့တယ်☕️
တကယ်လည်းဆိုင်အပြင်ဆင်လေးကအစချစ်စရာလေးပါ ဆိုင်တဆိုင်လုံးအစိမ်းရောင်အလှတွေနဲ့လွှမ်းမိုးထားတယ်💚
စိတ်ကိုအေးချမ်းစေတဲ့ Cafe ဆိုင်လေးGreen House Cafe & Lounge 🍃☕️
ဒီဆိုင်ရဲ့decorationတွေလှတာအပြင် ဒီဆိုင်မှာက coffee တွေရော မုန့်တွေရောအရမ်းစားကောင်း၊ အရမ်းကြိုက်တာရော ဒီဆိုင်ကိုလာထိုင်တိုင်းPizzaအမြဲမှာစားဖြစ်တယ် ကြိုက်လဲကြိုက်တယ် ဒီတစ်ခါတော့
တစ်ခါမှမစားဖူးသေးတဲ့Cheesy Quesadillas ပြောင်းစာ:ဖြစ်တယ်😋🤍
ကော်ဖီကောင်းကောင်းရယ်၊မြန်မာ့ရိုးရာအစာ:အစာအပြင် European food ရော Mexican food တွေပါရတယ်နော်
ကော်ဖီဆိုင်လှလှလေးမှာထိုင်ပြီးသာယာတဲ့တေးသီချင်းသံနဲ့အတူ သူငယ်ချင်းတွေနဲ့ဒီဆိုင်မှာလာChillကြည့်ဖို့ recommendပေးတယ်❤️
ချစ်သူ၊ခင်သူတွေနဲ့အတူဒီဆိုင်မှာဒိတ်လို့အကောင်းဆုံးနေရာလေး🍀
☕️ကော်ဖီဆိုင်ထဲမှာ Chill ရင်း ဓာတ်ပုံလေးတွေရို၊က်ကြမယ်
☕️ကော်ဖီ၊ ‌အအေး နဲ့ တွဲစားစရာ တွေလည်းရတယ် ဒါတင်မကဘဲ နေ့လယ်ထမင်းစာ:ချိန်ရောက်လာရင်လည်း အဆင်ပြေမယ့် menu လေးတွေကိုရှိပါတယ်
ဆိုင်လေးက နှစ်ထပ်ဆိုင်လေးပါအပေါ်ထပ်အောက်ထပ်ဆိုပြီးရှိတယ်
အောက်ထပ်အဝင်ဝလေးမှာ ချစ်စရာစာပွဲခုံလေးတွေနဲ့ ကော်ဖီလာသောက်သူတွေအတွက်တော့ဓာတ်ဖမ်:လို့ကောင်းတဲ့နေရာလေးပေါ့📷
❤️ဝန်ဆောင်မှုပိုင်းမှာလည်း ဝန်ထမ်းတွေက အပြုံးပြုံးချိုချိုလေးတွေနဲ့ဖော်ရွေကြတယ်
🍃မင်မင်သွားထိုင်ခဲ့တဲ့ဆိုင်မို့
တစ်ခါလောက်တော့လာထိုင်ကြည့်နော်❤️
ဆိုင်လိပ်စာ - ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်၊ အမှတ် (593)၊ (5) ရပ်ကွက်၊ သုမင်္ဂလာလမ်းမကြီး။
⏰ Opening Hours: 9am - 10pm
📞 For Reservations : 09 944 222 666

imageimage
+12
Helarri shared a post  
124 yrs

14 w

အိပ်မပျော်သူများအတွက် ပူစီနံရွက်
အိပ်မပျော်တဲ့ မိတ်ဆွေများအတွက် ကျွန်မလုပ်နေကျဆေးနည်းလေး ပေးပါရစေ။
အိပ်ဆေးသောက်အိပ်ခြင်းဟာ ရေရှည်မှာ မကောင်းပါဘူး။ ဒီနိုင်ငံမှာဆို အိပ်ဆေး လုံးဝ မပေးပါဘူး။ အရင်ကတော့ နွားနို့ပူပူလေးကို မအိပ်ခင် နာရီဝက်လောက်အလိုမှာ သောက်လိုက်ပြီးမှ အိပ်ရင် အိပ်ပျော်တယ်ဆိုလို့ သောက်ကြည့်ပါတယ်။ မဆိုးပါဘူး။ ဒါပေမယ့် နွားနို့သိပ်မကြိုက်တတ်တဲ့ ကျွန်မအတွက် သိပ်အဆင်မပြေပါဘူး။
ဒါနဲ့ အညာမှာနေတဲ့ မွေးသမိခင်ကို မေးရတော့တာပေါ့။ သမီးရေ အိပ်မပျော်ရင် ရေနွေးထဲကို ပူတီနာအရွက် ၅ ရွက် ၆ ရွက်ကို ထည့်ပြီး ခပ်နွေးနွေးလေး အနေအထားရောက်ရင် သောက်ပြီး အိပ်ယာထဲ ဝင်လိုက်ပါတဲ့။ ခဏနေရင် အိပ်ပျော်သွားလိုက်မယ်တဲ့။
တကယ်ကို အဟုတ် အိပ်ဆေးကောင်းလေးပါ။ အခုတော့အိမ်မှာ ပူတီနာကို အခင်းဖြစ်အောင်စိုက်ထား လိုက်ပါတော့တယ်။ သြော် နောက်တစ်ခုက ပူတီနာ အရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်းကျစေပါတယ်တဲ့။
🥰 ပူစီနံအရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်း ကျစေပါတယ်တဲ့။
မိတ်ဆွေများ လိုသလို အသုံးပြုနိုင်ကြပါစေ.....
အိန္ဒိယ အစားအစာတွေထဲမှာရော အတို့အမြုပ် အနေနဲ့ပါ စားနိုင်တဲ့ ပူစီနံ စားရုံနဲ့ လေ့ကျင့်ခန်းတွေ ထူးထူး ထွေထွေ သိပ်လုပ်စရာ မလိုပဲ ကိုယ်အလေးချိန် ကောင်းကောင်း လျော့ချနိင်ပါတယ်။ ပူစီနံက သင့်ကို ဘယ်လို ကျန်းမာရေး ကောင်းကျိုးတွေ ဖြစ်စေပါသလဲ။
(၁) အစာကြေစေတယ်
- ခံတွင်းကိုလည်း ရှင်းစေတယ်၊ အစာကိုလည်း ကြေစေတယ်၊ အစာမာ စားတာ များရင်၊ ဒါမှမဟုတ် အစာမကြေ ဖြစ်နေရင် ပူစီနံ နည်းနည်းလောက် စားပေးရုံနဲ့ အစောကြေ အဆင်ပြေစေပါလိမ့်မယ်။
(၂) အာရုံကြော အားကောင်းစေတယ်၊ ခေါင်းကိုက်ပျောက်ကင်းစေတယ်
- ပူစီနံကို ပုံမှန် စားသုံးပေးခြင်းက အာရုံကြော အားကောင်းစေတာ တွေ့ရသလို ခေါင်းကိုက်နေချိန်မှာလည်း စားသုံးပေးမယ် ဆိုရင် ပူစီနံရဲ့ အနံ့ကြောင့် ခေါင်းကိုက်ပျေက်ကင်းစေတာ တွေ့ရပါတယ်။
(၃) ချွဲကျစေတယ်၊ ချောင်းဆိုးပျောက်စေတယ်
- ချောင်းဆိုးပျောက်ဆေး အများစုမှာ ပူစီနံရဲ့ ဓါတ်ကို ထည့်သွင်း ထုတ်လုပ်ထားတာ တွေ့နိုင်သလို အနည်းငယ် ပူရှိန်တဲ့ ဓါတ်ကြောင့် ချွဲကျစေသလို ချောင်းဆိုလည်း ပျောက်ကင်းစေတာ တွေ့ရပါတယ်။
(၄) ပန်းနာရင်ကျပ်လည်း သက်သာစေနိုင်တယ်
- အများဆုံးသော ပန်းနာရင်ကျပ် သမားတွေရဲ့ လက်စွဲတော် အစားအစာလည်းဖြစ်၊ အကောင်းဆုံး စားသုံးသင့်တဲ့ အရွက်က ပူစီနံပါ၊ လည်ချောင်းရှင်းပြီး အသက်ရှုလမ်းကြောင်း ကောင်းမွန်စေတာ တွေ့ရပါတယ်။
(၅) မိခင်များ နို့ထွက်ကောင်းစေတယ်
- နို့တိုက်မိခင်တွေ နို့ထွက်ကောင်းစေချင်တယ် ဆိုရင်လည်း ပူစီနံ အနည်းငယ် ပုံမှန် စားသုံးပေးသင့်ပါတယ်။ နို့ထွက်အားကောင်းလာစေနိုင်ပါတယ်။
(၆) အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တယ်
- ပူစီနံရွက်ထဲမှာ ပါရှိတဲ့ ပူရှိန်တဲ့ ဓါတ်ဟာ သွေးထဲက အဆီခဲတွေကို ဖယ်ရှားပေးနိုင်ပြီး အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။
(၇) အသားရေစိုပြေစေတယ်
- အရွယ်ကို ပုံမှန် စားသုံးပေးခြင်းက အရေပြားကို စိုစွတ် အေးမြစေတယ်၊ စိုပြေစေတယ်၊ နေပူဒဏ် ခံနိုင်စေတယ်၊ ပူစီနံနဲ့ ဖော်စပ်ထားတဲ့ အရေပြား လိမ်းဆေးတွေက အရေပြား ကူးစက်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။
(၈) သတိမေ့ခြင်းကို သက်သာစေနိုင်တယ်
- အသက်အရွယ် ကြီးမားလာခြင်း အတွက်ရော စိတ်ဖိစီးမှု များခြင်းကြောင့် သတိမေ့ခြင်းကို ပူစီနံက ကာကွယ်ပေးနိုင်တာ၊ သက်သာစေနိုင်တာ တွေ့ရပါတယ်။
(၉) ကိုယ်အလေးချိန် မှန်စေတယ်
- အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်အလေးချိန် များနေသူတွေ၊ အ၀လွန်နေသူတွေကိုလည်း သွေးထဲက အဆီတွေဖယ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန် မှန်ပြီး ပိန်စေနိုင်တာလည်း တွေ့ရပါတယ်။
(၁၀) ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်တယ်
- အထိရောက်ဆုံး ကာကွယ်မှု ပေးနိုင်တာ မဟုတ်ပေမယ့် နောက်ဆုံး လေ့လာတွေ့ရှိချက်တွေ အရတော့ ကင်ဆာဖြစ်စေမယ့် ဆဲလ်တွေ ဖြစ်တည်မှုနဲ့ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓါတ်က ကူညီ တိုက်ဖျက်ပေးနိုင်တာတွေ့ရပါတယ်

image
Helarri shared a post  
124 yrs

13 w

ရုရှားမင်းသမီးအန်နာစတေးရှားရဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်ကို ပြန်လည်သရုပ်ဖော်ထားတဲ့ Animation
ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

Anastasia (1997)

Animated movie တစ်ပုဒ်အနေနဲ့
IMDb 7.1 အထိ ရထားတယ်ဆိုကတည်းက ခေသူလက်ရာတော့မဟုတ်လှ
ပါဘူး။ ၂၀ရာစုအစောပိုင်း ဥရောပတိုက်ရဲ့ ယဉ်ကျေးမှုတွေအပါအဝင် Russia နဲ့
France၊ Moscow နဲ့ Paris ကြားက ပထဝီဝင်ဆိုင်ရာ ဆက်နွယ်နေမှုတွေကို
လှပစွာသရုပ်ဖော်ရိုက်ကူးထားတဲ့ Musical/ Adventure ရုပ်ရှင်အမျိုးအစား လေးပါ။
ရုရှားတော်လှန်ရေးကာလမှာ တော်ဝင်မျိုးနွယ်အများအပြား သွေးချောင်းစီးခဲ့
စဉ်က ထွက်ပြေးလွတ်မြောက်လာနိုင်သူရယ်လို ကောလဟာလနဲ့ နာမည်ကျော်တဲ့
မြိုစားမင်းသမီး Anastasia Nikolaevna ရဲ့ ဘဝစွန့်စားခန်းကို Bluth၊ Fox နဲ့
20th Century Studios တိုက တစ်ဖန်ပြန်လည်စိတ်ကူးပုံဖော်ထားပြီး အကယ်
ဒမီဆုပေါင်းများစွာအတွက် ဆန်ကာတင်နိုင်ခဲ့ကာ ဝင်‌ငွေသန်း ၁၄၀ ကျော်အထိ
ရရှိခဲ့တာပဲဖြစ်ပါတယ်။” စပ်စပ်စုစုမေးတယ်လိုတော့ ထင်လိမ့်မယ် ဒါပေမယ့် နန်းတော်ဝင်စီးခံရတုန်းက
ဘယ်လိုလွတ်လာခဲ့တာလဲ ” ၊ ” လက်ဖက်ရည်ကို ဘယ်လိုလေးမှကြိုက်တတ်လဲ ” ….
ဒီမေးခွန်းတွေကို မှန်‌အောင်ဖြေနိုင်ဖို ကြိုးစားကြတဲ့ မိန်းကလေးတွေ ဒုနဲ့ဒေးပေါ့။
နန်းတော်ကြီးတစ်ခုလုံး အမဲဖျက်ခံခဲ့ရတဲ့ညမှာ ထွက်ပြေးလွတ်မြောက်သွားသူ
နှစ်ဦးပဲရှိပါတယ်။ ဘွားတော်ဘုရင်မကြီးဟာ အတူထွက်ပြေးလာပြီး ခရီးဆုံးအထိ
အတူမလိုက်နိုင်ခဲ့သူ မြေးမလေးကို ရှာနေတယ်ဆိုတဲ့ သတင်းက ဆုကြေးငွေဆယ်
သန်းကြောင့် ဟိုးလေးတကျော်ကျော်ပါပဲ။ စားဖိုဆောင်မင်းစေဘဝနဲ့ ကြီးပြင်းလာပြီး
တော်လှန်ရေးကြောင့် လမ်းဘေးရောက်ခဲ့ရတဲ့ Dimitri ရဲ့အကြံအတိုင်း ပဲရစ်က
ဘွားတော်ဘုရင်မကြီးကို အယုံသွင်းဖို Anastasia နေရာမှာ သရုပ်ဆောင်ပေးနိုင်မယ့်
မိန်းကလေးတစ်ယောက်ကို ရှာဖွေနေကြရင်း … အတိတ်မေ့နေတဲ့ Anya ဆိုသူ မိဘမဲ့
ကောင်မလေးနဲ့ ဆုံဖြစ်တဲ့အခါ …. ချောင်းကိုရှာရင်း မြစ်ကိုတွေ့ပါတော့တယ်။

🌼🏖ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🏖🌼ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1950

image
13 w - Translate

ထိုင်းမှာk plusအပိတ်ခံရသူများ သိရှိစေရန်
ဆင်းကတ်မှတ်ပုံတင်တုန်းက passport (ci)နဲ့ မှတ်ပုံတင်ထားရင် အပိတ်မခံရပါ
ဆင်းကတ်မှတ်ပုံတင်တုန်းက သူများpassportနဲ့သို့မဟုတ် ပန်းရောင်ကတ်နဲ့မှတ်ပုံတင်ထားရင်အပိတ်ခံရမည်၊ ပိတ်ခံရတဲ့အကြောင်းရင်းက ဘဏ်အကောင့်ဖွင့်တုန်းကသုံးထားတဲ့စာရွက်စာတမ်းနဲ့ဆင်းကတ်မှတ်ပုံတင်စာရွက်စာတမ်း မတူလို့ အပိတ်ခံရခြင်းဖြစ်သည်။
ဗီဇာသက်တမ်းဆက်ဖို့စောင့်ဆိုင်းနေသူများ ဘဏ်ရုံးကလုပ်ပေးသလား..အဖြေကလုပ်ပေးပါတယ်။
ပထမဦးဆုံး ကိုယ်သုံးနေတဲ့ဆင်းကတ်ရုံးကိုသွားပါ၊
မှတ်ပုံတင်အသစ်ပြန်တင်ချင်ပါတယ်လို့ပြောပေးပါ.
မိမိမှတ်ပုံတင်အသစ်ပြန်တင်ထားကြောင်း အထောက်ထား
စာရွက်တစ်ရွက်ထုတ်လာပေးမည်(ပုံမှာတင်ထားတဲ့စာရွက်)
အထောက်ထားစာရွက်ရပြီရင် ဘဏ်ရုံးကိုသွားပါ အပိတ်ခံရသောk plusကို ပြန်လည်ဖွင့်ပေးပါတယ်..၃ရက်စောင့်ပြီးမှ ပုံမှန်အသုံးပြုလို့ရပါမည်။
ဗီဇာသက်တမ်းကုန်နေလို့ မလုပ်ပေးဘူးဆိုရင် Central Chaengwattana ကိုလာခဲ့ပါ..
ရထားပန်းရောင်းလိုင်းPakkret, Nonthaburi 28ဘူတာ
ဆင်းကတ်ရုံးရော ဘဏ်ရုံး ၄ထပ်မှာရှိပါသည်။

image
Helarri shared a post  
124 yrs

13 w

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(ဩဂုတ် - ၁၄ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၃၅၇ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၈၉၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၇၅၀၀၀၀ ကျပ်
ဝယ်ဈေး ၇၇၁၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၃၅၀၀၀၀ ကျပ်
ဝယ်ဈေး ၇၃၁၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၆၃၀၀၀၀ ကျပ်
ဝယ်ဈေး ၇၅၉၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၂၃၀၀၀၀ ကျပ်
ဝယ်ဈေး ၇၁၉၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၉၀ ကျပ်
ဝယ်ဈေး - ၄၃၀၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၃၀ ကျပ်
ဝယ်ဈေး - ၃၃၆၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၁၃၅ ကျပ်
ဝယ်ဈေး - ၅၀၃၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၆.၀၅ ကျပ်
ဝယ်ဈေး - ၁၃၃.၃၃ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၄၅ ကျပ်
ဝယ်ဈေး - ၁၀၂၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၁၂ ကျပ်
ဝယ်ဈေး - ၆၀၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၉၄ ကျပ်
ဝယ်ဈေး - ၂၉.၃၅ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၀.၂၂ ကျပ်
ဝယ်ဈေး - ၄၉.၂၁ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၇ ကျပ်
ဝယ်ဈေး - ၃.၁၁ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၆၀ ကျပ်
ဝယ်ဈေး - ၅၈၄၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၇၅ ကျပ်
ဝယ်ဈေး - ၂၈၁၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၉၀ ကျပ်
ဝယ်ဈေး - ၃၁၂၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၅၉ ကျပ်
ဝယ်ဈေး - ၅၄၈ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၉၅ ကျပ်
ဝယ်ဈေး - ၁၁၇၁ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image
Donovan changed his profile picture
13 w

image
Donovan changed his profile cover
13 w

image
13 w - Translate

သမိုင်းကို က​​ေမ္ဘာဒီယားပိုင်တယ် မြေကို ထိုင်းပိုင်တဲ့ ဖရဝိဟန်။
ဖရဝိဟန်ဆိုတာ ရှေးဟောင်း က​မ္ဘာဒီယား ဘုရားကျောင်းတခု၊ လက်ရာကအစ က​​ေမ္ဘာဒီယားက အန်ကောဝပ်ပုံစံနှင့် တူတယ်။
ကမ္ဘာ့လှည့်ခရီးသွားတွေဟာ ထိုင်းကနေတဆင့် ဝင်ရောက်ပြီး လည်လေ့ရှိတယ်။ က​​ေမ္ဘာဒီယားက ပိုင်တယ်ဆိုပေမယ့် အဲဒီနေရာကို ‌ေ​မ္ဘာဒီယားဖက်က သွားဖို့လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။ ထိုင်းဖက်က ပိုလွယ်တယ်၊ နယ်စပ်ဆိုပေမယ့် က​​ေမ္ဘာဒီယားဖက်ခြမ်းမှာ တောပဲရှိတယ်၊ ထိုင်းဖက်ခြမ်းမှာ ဆီးစကစ်မြို့ဆိုတာ ရှိတယ်။
ခရီးသွားလာရေးက အကျိုးအမြတ်ကို ထိုင်းကပဲ ရနေတယ်။ အခြေအနေအရ က​​ေမ္ဘာဒီယားက ဆိုင်သာဆိုင်တယ် မပိုင်ဘူးဖြစ်နေတယ်။
၂၀၀၈ ခုနှစ်က အဲဒီဘုရားကျောင်းကို ကမ္ဘာ့အမွေအနစ်ဝင်ဖို့ က​​ေမ္ဘာဒီယားက ကြိုစားချိန်မှာ ထိုင်းက ကန့်ကွက်လို့ ပြဿနာဖြစ်သေးတယ်။
အမှန်တော့ အဲဒီမြေကို က​​ေမ္ဘာဒီယားက ပိုင်ဆိုင်ကြောင်း ၁၉၆၂ ခုနှစ်ကတည်းက က​မ္ဘာ့ခုံရုံး ICJ က ဆုံးဖြတ်ခဲ့ပြီးသား။
ဒါပေမယ့် ထိုင်းနိုင်ငံရေးလောကမှာ ရိုးရာတခုရှိတယ်။ ပါတီအချင်းချင်း အာဏာလုကြလို့ တိုင်းသူပြည်သားတွေ အစိုးရအပေါ်မှာ စိတ်ပျက်လာပြီးဆိုရင်၊ မျိုးချစ်စိတ် ပြန်လည်နိုးထစေဖို့ ထိုင်း က​​ေမ္ဘာဒီယားနယ်စပ်က အဲဒီ ဖရဝိဟန်ကို ပြဿနာလုပ်လေ့ရှိတယ်။
၂၀၀၈ ခုနှစ်တုန်းကလည်း ရှပ်နီ ရှပ်ဝါတွေ အကြီးအကျယ် ပြဿနာတက်နေတုန်းက အဲဒီဘုရားကျောင်း နယ်မြေပိုင်ဆိုင်မှု ကိစ္စကို အချိန်ကိုက် ပြန်လည် တူးဆွခဲ့လို့ ထိုင်းဘုန်းကြီးတွေ နယ်စပ်အထိသွားပြီး မေတ္တာပို့ ဆန္ဒပြကြတယ်၊ ဘကြီးဘုန်းကြီးလည်း ပါတယ်။
လက်ရှိအချိန်မှာလည်း ထိုင်းနိုင်ငံရေးက မငြိမ်ဘူး။ ဒီတော့ နည်းဟောင်းကြီးအတိုင်း ပြည်သူတွေကို မျိုးချစ်စိတ်နှင့် ပြန်လည်ထိန်းချင်ပုံရတယ်။
ဒါပေမယ့် ဒီတကြိမ်မှာတော့၊ ပျက်ပျက် ပျက်ပျက်နှင့် နှာခေါင်းက သွေးထွက် ဆိုသလို၊ နှစ်ဖက် အစိုးရတွေရဲ့ ပြောင်းဝက ကျည်ထွက်ခဲ့ပြီး။
ဒီပြဿနာ ဒီမှာတင် မရပ်ရင်၊ ထိုင်းနိုင်ငံထဲမှာ သွေးချောင်းစီးဖို့ မြင်နေရတယ်။ က​​ေမ္ဘာဒီယား အလုပ်သမားတွေဟာ ထိုင်းနိုင်ငံထဲမှာ သိန်းနှင့်ချီပြီး ရှိနေတယ်။
ထိုင်းရောက် မြန်မာတွေလည်း ဆင်ခြင်ရမယ်။
Crd. Ven U Kundala

image
Donovan changed his profile cover
13 w

image