41 w - Translate

New Arrival
Grade A မြန်မာ့သ‌ဘာဝကျောက်စိမ်း Green Jade အဝိုင်းပြားလေးကို စိန်လေးတွေနဲ့ကာရံထားသော "Dazzling Green Jade Necklace "

image
image
image
41 w - Translate

ခလေးလေးတွေ နေလောင်မှာစိုးလို့ နေလောင်ကာဖုံးထားပေးတာ 🤭

image
image
image

ထိုင်းမှာ ကျွဲကောခြံထဲ ပုန်းနေတဲ့ မြန်မာ ၇၀ အဖမ်းခံရ

စက်တင်ဘာ ၁၄

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်ထဲမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇၀ ကို သစ်သီးခြံတစ်ခြံထဲမှာ ဖမ်းမိတယ်လို့ ထိုင်းသတင်းဌာနတွေက ရေးသားထားပါတယ်။

အဲဒီမြို့နယ်ထဲမှာပဲ ရေနစ်သေဆုံးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဦးရဲ့ အလောင်းတွေကို အာဏာပိုင်တွေက တွေ့ခဲ့ပြီးတဲ့နောက်တစ်ရက်မှာ အခုဖမ်းဆီးမှု ထပ်ထွက်ပေါ်လာတာပါ။

အမျိုးသား ၄၈ ဦးနဲ့ အမျိုးသမီး ၂၂ ဦးကို ဒေသခံတွေ စိုက်ပျိုးထားတဲ့ ကျွဲကောသီးခြံတစ်ခုမှာ ပုန်းနေတာကနေ တွေ့ရှိတာဖြစ်ပြီး တရားဝင် အထောက်အထားတွေလည်း မရှိကြဘူးလို့ သတင်းက ဆိုပါတယ်။

ဒါ့ကြောင့် သူတို့ကို ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ တရားစွဲထားတယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေက ဆိုပါတယ်။

ဆန်ကလာဘူရီမြို့နယ်ထဲမှာပဲ ပြီးခဲ့တဲ့စက်တင်ဘာ ၁၂ ရက်တုန်းကလည်း ရွှေ့ပြောင်းလုပ် သား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ခဲ့ကြပါတယ်။

Credit - BBC Burmese

#သတင်းဟင်လေးအိုးကြီး

imageimage

မြောက်ဒဂုံမှာ ဘေလီတံတားပေါ်ကနေ လက်ချင်းကြိုးချည်ပြီး ခုန်ချသွားတဲ့ စုံတွဲကို ရုပ်အလောင်းအဖြစ် ပြန်တွေ့

စက်တင်ဘာ ၁၄

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ဘေလီတံတားပေါ်ကနေ လက်ချင်းကြိုးချည်ပြီး ပုစွန်တောင်ချောင်းထဲ ခုန်ချသွားတဲ့ စုံတွဲရုပ်အလောင်းကို စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းမှာ တွေ့ရှိတယ်လို့ ဝန်းရံမှူး လူမှုကူညီရေးအဖွဲ့ကနေ သိရပါတယ်။

သေဆုံးခဲ့သူတွေဟာ စက်တင်ဘာလ ၁၂ ရက်မှာ တံတားပေါ်ကနေ ခုန်ချခဲ့တယ်လို့ မျက်မြင်တွေကနေတဆင့် သိခဲ့ရတယ်လို့လည်း ကူညီရေးအဖွဲ့က ပြောပါတယ်။

သေဆုံးခဲ့ကြသူတွေဟာ အသက် ၂၆ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတွေတို့ဖြစ်ပြီး အလောင်းတွေကို ကပ်လျက် ပြန်တွေ့တာခဲ့ရတာလို့လည်းဆိုပါတယ်။

" ကျောပိုးအိတ်နဲ့ ဖုန်းတွေကို တံတားပေါ် ထားခဲ့ပြီး ခုန်ချသွားတာလို့ မျက်မြင်တွေက ပြောတယ်။ အလောင်းတွေကိုတော့ ခုန်ချခဲ့တဲ့ နေရာနားမှာပဲတွေ့တာ။ အလောင်းပေါ်လာလို့ လှေသမားတွေက လှေနဲ့ဆွဲထားလိုက်တာ"လို့ ဝန်ရံမှူး လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

သူတို့ ရုပ်အလောင်းတွေကို အလောင်းသယ်အိတ်ထဲတည့်ပြီး မြောက်ဥက္ကလာပမြို့နယ် ဆေးရုံကို ပရဟိတအဖွဲ့တွေက ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ကလည်း မြောက်ဒဂုံနဲ့ သင်္ဃန်းကျွန်းအစပ်က ငမိုးရိပ်တံတားပေါ်ကနေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ယောက် ငမိုးရိပ်ချောင်းထဲ ခုန်ချမှုဖြစ်ခဲ့ပါတယ်။

ခုန်ချခဲ့တဲ့အမျိုးသမီးဟာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

အဲဒီမတိုင်ခင် ပြီးခဲ့တဲ့တစ်ပတ်လောက်တုန်းကလည်း လက်ရှိပျောက်ဆုံးနေဆဲ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူဟာ ငမိုးရိပ်တံတားပေါ်ကနေ ခုန်ချမှုဖြစ်ခဲ့ပြီး အမျိုးသားဖြစ်သူကိုလည်း ရှာဖွေလို့ မတွေ့သေးဘူးလို့ ဝန်းရံမှူး လူမှုကယ်ဆယ်ရေးကနေ သိရပါတယ်။

#centralnewsnaypyitaw

image
image
image
image

မန္တလေးမြို့မှာ မိုးများပြီး ရေကြီးနေ

စက်တင်ဘာ ၁၄

မန္တလေးမြို့မှာ စက်တင်ဘာ ၁၃ ရက်ညပိုင်းကနေ ဒီနေ့ နေ့လယ်ပိုင်းအထိ မိုးသည်းသည်းထန်ထန် ရွာတာကြောင့် မြို့တွင်း ရပ်ကွက်အချို့မှာ ရေကြီးရေလျှံတွေ ဖြစ်နေတယ်လို့ မန္တလေးမြို့ခံက ပြောပါတယ်။

မန္တလေးမြို့ထဲက ၃၀ နဲ့ ၃၅ လမ်း ကနေ ၆၆ လမ်းအထိ၊ ၂၉ လမ်း မှာရှိတဲ့ အောင်တော်မူ ဘုရားဝန်းထဲမှာလည်း ရေကြီးနေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အောင်တော်မူဘုရား ဖူးခွင့်လည်း ယာယီပိတ်ထားပါတယ်။

#centralnewsnaypyitaw

image
image
image

ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲ ကစားပြီးချိန်တွင် ကိုယ်တိုင် ၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြလုပ်ထားနိုင်ပြီး အသင်းကို ရလဒ်ကောင်းများရအောင် စွမ်းဆောင်ပေးနိုင်နေတဲ့ ဘုန်းမောက်အသင်းရဲ့ ဂါနာတိုက်စစ်မှူး Antoine Semenyo

Credit Photo

#sbdsports

image

အမေရိကန်နဲ့မဟာမိတ်တွေ ပူးတွဲစစ်ရေး လေ့ကျင့်မှု မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ စက်တင်ဘာ ၁၄

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေရှိလာမယ်လို့ မြောက်ကိုရီးခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက သတိပေးလိုက်ပါတယ်။

တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ဟာ မြောက်ကိုးရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကြောင့် လေတပ် ၊ ရေတပ်နဲ့ ဆိုက်ဘာ စစ်ဆင်ရေးစွမ်းရည်တွေ အဆင့်မြှင့်တင်ဖို့ အတွက် စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ Freedom Edge နှစ်စဉ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်မယ်လို့ တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်ထားပါတယ်။

“ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတဝိုက်မှာ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က မှားယွင်းတဲ့ လုပ်ရပ်တွေအတွက် နောက်ဆက်တွဲအကျိုးဆက်တွေ ကြုံတွေ့ရမယ်” လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကြောင့် လာမယ့် သီတင်းပတ်မှာ "Iron Mace" စစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ပြုလုပ်ဖို့ စီစဉ်ထားကြောင်း တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြထားပါတယ်။

ရန်လိုတဲ့ ပြည်ပတပ်ဖွဲ့အတွေအနေနဲ့ တန်ပြန်အရေးယူမှုတွေ ပိုမိုလုပ်ဆောင်မယ်လို့ မြောက်ကိုရီးယားက သတိပေးထားပါတယ်။ အမေရိကန် မဟာမိတ်တွေရဲ့ စစ်ရေလေ့ကျင့်မှုတွေကို မြောက်ကိုရီးယားကတော့ ကျူးကျော်ဖို့ ပြင်ဆင်နေတယ်လို့ စွပ်စွဲထားပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကတော့ ဒါဟာ ကာကွယ်မှုအတွက်သာ ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ မြောက်ကိုရီးယားဟာ ရုရှားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နေပြီး မကြာသေးမီကလည်း ဟွာဆောင် -၂၀ တိုက်ချင်းပစ်ဒုံးကျည်အတွက် ဒုံးအင်ဂျင်တခုကို နောက်ဆုံးအဆင့် စမ်းသပ်ခဲ့ပါတယ်။

Ref:Reuters
Photo: Reuters

#သတင်းဟင်းလေးအိုးကြီး

image
41 w - Translate

ဒီတစ်ခါသူက လူရိုးလူဖြောင့်ဆိုတာ မယုံနိုင်ဘူးဖြစ်နေတယ်🫢🫢

image
41 w - Translate

ကြည်လင်သောကျောက်ရည်နှင့်18K ရွှေရည်‌ပေါင်းစပ်မူက ပျိုမေတို့အတွက်လှပစေမယ့် "18K Icy White" Jade Pendant

image
image
image

ယနေ့ည ကစားမည့် ဗလင်စီအသင်းနဲ့ပွဲစဉ်တွင် Lamine Yamal ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ဘာစီလိုနာနည်းပြ Hansi Flick အတည်ပြု

နိုင်ငံတကာပွဲစဉ်များကြောင့် ပွဲပန်းမှုဒဏ်ကို ခံစားနေရပြီး Yamal ကို အနည်းငယ်အနားမပေးခဲ့တဲ့ စပိန်လက်ရွေးစင်တာဝန်ရှိသူများအပေါ် Hansi Flick မကြည်မလင်ဖြစ်နေ

Credit Photo

#ဘောလုံးသတင်းစုံ

image