ဓားခုတ်မှုကျုးလွန်ခဲ့သည့် ၉၉၉ ဂိုဏ်းခေါင်းဆောင်နှစ်ဦးကို လူသတ်ရန်ကြိုးပမ်းမှု အပါအဝင် ပြင်းထန်သော စွဲချက်များဖြင့် အရေးယူမည်ဟု ထိုင်းရဲတပ်ဖွဲ့ပြောဆို

စက်တင်ဘာ ၂၄

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆန်ကမ်ဖိုင်ရပ်ကွက်၌ စက်တင်ဘာလ ၁၆ ရက်၊ ညပိုင်းက ဓားခုတ်မှုကျုးလွန်ခဲ့သည့် ၉၉၉ ဂိုဏ်းခေါင်းဆောင် အိုက်တော့ပ် နှင့် စိုင်းအိုက်မောင် (ခေါ်) အမ် ဆိုသူတို့ကို လူသတ်ရန် ကြိုးပမ်းမှု အပါအဝင် ပြင်းထန်သော စွဲချက်များဖြင့် အရေးယူမည်ဖြစ်ကြောင်း ထိုင်း ရဲတပ်ဖွဲ့က ယနေ့ စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း ချင်းမိုင်သတင်းဖော်ပြမှုအရ သိရသည်။

အလားတူ ကျန်ပါဝင်သူများကိုလည်း ဝိုင်းဝန်းတိုက်ခိုက်မှု၊ ဓားပြအဖွဲ့အဖြစ် စုဝေးမှု၊ လက်နက်များ ကိုင်ဆောင်မှုများဖြင့် စွဲချက်တင် အရေးယူမည်ဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့ (၅) မှ ကော်မရှင်နာချုပ် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးက ပြောကြားသည်။

အဆိုပါ ဓားခုတ်မှုကျုးလွန်ခဲ့သည့် ၉၉၉ ဂိုဏ်းတွင် ဆိုင်ကယ်အစီး ၂၀ နှင့် လူ ၃၀ ခန့်ပါဝင်ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က ဂိုဏ်းခေါင်းဆောင် အိုက်တော့ပ်နှင့် စိုင်းအိုက်မောင် (ခေါ်) အမ် ဆိုသူတို့အပါအဝင် မြန်မာနှင့်ရှမ်းလူငယ် အဖွဲ့ဝင် ၁၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် ၁၂ ဦးကိုလည်း အမြန်ဆုံးဖမ်းဆီးနိုင်ရန် ခြေရာခံနေကြောင်း ချင်းမိုင်သတင်းက ဖော်ပြသည်။

ယင်း ၉၉၉ ဂိုဏ်းဝင် ရှမ်းနှင့်မြန်မာလူငယ်များသည် ချင်းမိုင်နှင့် ဘန်ကောက်တို့တွင် နေထိုင်ကြကာ အလုပ်သမားများအဖြစ် အလုပ်လုပ်ကိုင်ကြသူများဖြစ်ကြပြီး Line မှတဆင့် အုပ်စုဖွဲ့ ဆက်သွယ်၍ ပြစ်မှုများကျူးလွန်းခြင်းဖြစ်သည်ဟု ပေါ်ပေါက်ခဲ့သလို အဖွဲ့ဝင်အများစုသည် အနက်ရောင် သို့မဟုတ် ဟူဒီအင်္ကျီများ ဝတ်ဆင်ကြကြောင်းလည်း ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image

Java sparrow ( ဂျာဗားစာကလေး)
" ဦးခေါင်း ဆိုတာ ငုံ့ခံနေဖို့ မဟုတ်ဘူး။ ငုံ့ နေဖို့ မဟုတ်ဘူး။ ဦးခေါင်းဆိုတာ စဥ်းစားတွေးခေါ် တတ်ဖို့ ၊ အမှန် အမှား ၊ ဓမ္မ အဓမ္မ ကို ဝေဖန်ပိုင်းခြားတတ်ဖို့.... မျှော်လင့်ချက် ခိုင်ခိုင်ထားပြီး ယုံကြည်ရာ အရောက်လှမ်းနိုင်ဖို့...
ငါတို့..
ဦးခေါင်း ကို မော့ ထားကြဆို့ ။

image

ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင် ၄၉၀၀ ကျော် အမည်စာရင်းတင်သွင်းထား

စက်တင်ဘာ ၂၄

လာမည့် ဒီဇင်ဘာ လ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလတို့က ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄၉၆၃ ဦး၏ အမည်စာရင်းများကို တင်သွင်းခဲ့ကြသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ယနေ့ စက်တင်ဘာလ ၂၃ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါ နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းကို စက်တင်ဘာ ၈ ရက်နေ့မှ ၂၂ ရက်နေ့အထိသက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအသီးသီးတွင် အမည်စာရင်းတင်သွင်းခဲ့ကြခြင်းဖြစ်သည်။

UEC ၏ ထုတ်ပြန်ချက်အရ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီ ၆ ပါတီအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းစုစုပေါင်း ၁၀၁၈ ဦးဖြင့် အများဆုံးတင်သွင်းထားသည်။

၎င်းနောက်တွင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်းစုစုပေါင်း ၆၉၄ ဦးဖြင့် ဒုတိယအများဆုံး တင်သွင်းထားသလို ပြည်သူ့ရှေ့ဆောင်ပါတီက ကိုယ်စားလှယ်လောင်း ၆၇၂ ဦးဖြင့် တတိယအများဆုံး တင်သွင်ထားသည်။

ထို့နောက် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)က ကိုယ်စားလှယ်လောင်း ၅၈၄ ဦး၊ ပြည်သူ့ပါတီက ၅၁၂ ဦးနှင့် မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ၄၂၈ ဦး တင်သွင်းထားသည်။

အလားတူ တိုင်းဒေသကြီး/ပြည်နယ် တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီ ၅၁ ပါတီတို့က စုစုပေါင်း ကိုယ်စားလှယ်လောင်း ၉၆၀ ဦးနှင့် တစ်သီးပုဂ္ဂလက ၉၅ ဦး တင်သွင်းထားသည်။

တင်သွင်းထားသည့် အဆိုပါ ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၄ ရက်နေ့အထိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအသီးသီး၌ စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

#centralnewsnaypyitaw

imageimage
1 y - Translate

ဟိုးရှေးရှေးတုန်းက နာရီကြီးနဲ့ပေါ့ကွယ်

image
1 y - Translate

မရမ်းကုန်းမြို့နယ် (၉)ရပ်ကွက်တွင် Wifi ကြိုးးတပ်ဆင်သော လူငယ်တစ်ဉီး ဓာတ်လိုက်​ေ-သဆုံး
ရန်ကုန်။စက်တင်ဘာ ၂၃.၂၀၂၅
ရန်ကုန်မြို့...မရမ်းကုန်းမြို့နယ် အမှတ်(၉)ရပ်ကွက် မြစပါယ်လမ်းတွင် စက်တင်ဘာ ၂၃ရက် နံနက် ၉း၀၀ အချိန်ခန့်.က Wifiကြိုးများအပေါ် လှေခါးထောင်ပြီး မောင်....................အသက် ၁၈ နှစ်..မှWifiကြိုးများတပ်ဆင်နေချိန် ဓာတ်လိုက်နေကြောင်းသတင်းရရှိခဲ့သည်။
သတင်းအရ မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့(ရန်ကုန်) အရေးပေါ်လူနာတင်ယာဥ်ဖြင့်..ရောက်ရှိခဲ့သော်လဲ .ဓာတ်လိုက်လူနာမှာဆုံပါးသွားခဲ့သည်။ သက်ဆိုင်ရာနှင့် မိသားစုများရောက်ရှိပြီး DeadBody ကို
လူမှုကူညီရေးအသင်း(ရန်ကုန်) နာရေး ယာဥ်ဖြင့်..မြောက်ဥက္ကလာပဆေးရုံ သို့
ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
🚨ယခုလို မိုးတွင်းကာလ Wifi ကြိုးများတပ်ဆင်နေကြသောညီအကိုများလျှပ်စစ်အန္တရယ်ကိုအထူးသတိထားပြီးလုပ်ဆောင်ကြဖို့အကြံပြုရင်း.........

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ ယာဉ်သွားလမ်းမကြီးပေါ်တွင် ပေ ၁၆၀ ကျော်နက်သော မြေတွင်းကြီးဖြစ်ပြီး ပြိုကျသွား
ရန်ကုန်၊ စက်တင်ဘာ ၂၄
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ Vajira ဆေးရုံ အထပ်မြင့်တိုက်တာများအကြား ယာဉ်သွားလမ်းမကြီးပေါ်တွင် ပေ ၁၆၀ ကျော် နက်သော မြေပြိုမှု ဖြစ်ပွားပြီး မြေတွင်းကြီး ဖြစ်ပေါ်သွားကြောင်း ထိုင်းမှ လာသော သတင်းများအရ သိရှိရသည်။
ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၁၃ မိနစ်အချိန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ Vajira ဆေးရုံရှေ့တွင် မီတာ ၅၀ ဝန်းကျင် (ပေအားဖြင့် ၁၆၄ ပေ ) အနက်ရှိသည့် မြေတွင်းကြီးအဖြစ် မြေပြိုကျမှုဖြစ်ပွားကြောင်း၊ လတ်တလော ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲ မြေများ ဆက်လက်ပြိုကျနေဆဲဖြစ်ကြောင်း ၊ ထိုင်းအာဏာပိုင်များက မြေပြိုရာ နေရာဝန်းကျင်ရှိ လမ်းများအားလုံးကို ယာယီပိတ်ပင်ထားလိုက်ကြောင်း သိရှိရသည်။
အဆိုပါ မြေပြိုသောနေရာသည် Samsen ရဲစခန်းရှေ့နှင့် Vajira ဆေးရုံရှေ့တွင် ဖြစ်ပွားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ မြေကြီးများ တအိအိကျွံ့ဝင်နေဆဲဖြစ်သည်ဟု ထိုင်းပြည်သူများက ဓာတ်ပုံ၊ ဗီဒီယိုများနှင့်တကွ လူမှုကွန်ရက်တွင် မျှဝေထားသည်။