#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အမေရိကန်နှင့် ကျင်းပမည့် ကုန်သွယ်ရေးဆွေးနွေးပွဲ တရုတ်ဒုတိယဝန်ကြီးချုပ် ဟီလီဖန်း တက်ရောက်မည်
ဗြိတိန်နိုင်ငံ၌ကျင်းပမည့် ဒုတိယအကျော့တရုတ်-အမေရိကန် ကုန်သွယ်ရေးဆွေးနွေးပွဲများ၌ တရုတ်ဒုတိယဝန်ကြီးချုပ် ဟီလီဖန်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
တရုတ်-အမေရိကန်နှစ်နိုင်ငံ ကုန်သွယ်ရေးဆွေးနွေးပွဲ တက်ရောက်ရေးအတွက် ဒုတိယဝန်ကြီးချုပ်ဟီလီဖန်းအနေဖြင့်ဇွန် ၈ ရက်မှ ဇွန် ၁၃ ရက်အထိဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
တရုတ်ဒုတိယဝန်ကြီးချုပ် ဟီလီဖန်းသည် ယခုနှစ်မေလအတွင်းကျင်းပခဲ့သော တရုတ်-အမေရိကန် ကုန်သွယ်ရေးဆွေးနွေးပွဲ ပထမအကျော့တွင် တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်သည်။
လန်ဒန်၌ကျင်းပမည့် ဒုတိယအကျော့ကုန်သွယ်ရေးဆွေးနွေးပွဲတွင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်နှင့် ကုန်သွယ်ရေးဝန်ကြီး ဟိုးဝပ်လပ်နစ်ခ်တို့က ဦးဆောင်မည်ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်တရုတ်သမ္မတ ရှီကျင်ပင်းတို့အကြား ဇွန် ၅ ရက်တွင် ဖုန်းခေါ်ဆိုဆွေးနွေးခဲ့ပြီးနောက် ဒုတိယအကျော့နှစ်နိုင်ငံ ကုန်သွယ်ရေးဆွေးနွေးပွဲများကိုကျင်းပရန် တရုတ်နှင့်အမေရိကန်ပြည်ထောင်စုတို့က စီစဉ်ထားခြင်းဖြစ်သည်။
ရိုက်တာ

image

·
#ငါးသေတ္တာ ကို စားမြိန်အောင် ဒီလို #ငါးပိချက် လေး ချက်စားကြည့်ပါ 😋😋
(ထမင်းကုန် တို့စရာဟင်းသီးဟင်းရွက်တွေကို မြန်မြန်ကုန်စေတဲ့ အရသာရှိပြီး ထမင်းမြိန်တဲ့ ဟင်းတစ်မျိုးပါ) 😋
ပြုလုပ်နည်း.......
* ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဆီအနည်းငယ်ထည့်ပါ။
* နှုတ်နှုတ်ဆိတ်ထားတဲ့ ကြက်သွန်ဖြူ ၅၀ ဂရမ်ကို ထည့်ပြီး
မွှေးလာတဲ့အထိ ဆီသတ်ပါ။
* ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ၅၀ ဂရမ်ကို ထည့်ပြီး
နှစ်မျိုးလုံးကို မွှေးပြီး ရွှေဝါရောင်သန်းလာတဲ့အထိ
အတူတူဆီသတ်ပါ။
* ငါးသေတ္တာ ၂ ဘူး ထည့်ပြီး အားလုံးရောသမအောင်မွှေပြီး
ငါးသေတ္တာတွေကို ကြေသွားအောင် ချေပေးပါ။
* ပြီးရင် ပါဝင်ပစ္စည်းများအားလုံးကို ထည့်ပါ။
- မန်ကျည်းမှည့်အနှစ် စားပွဲဇွန်း ၂ ဇွန်း
- ငရုတ်သီးမှုန့် စားပွဲဇွန်း ၂ ဇွန်း
- ငါးငံပြာရည် စားပွဲဇွန်း ၁ ဇွန်း
- သကြားဖြူ စားပွဲဇွန်း ၁ ဇွန်း
- အချိုမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
* ပါဝင်ပစ္စည်းအားလုံးကို မီးအေးအေးလေးနဲ့
သမအောင် ရောမွှေပါ။
* အရသာမြည်းကြည့်ပြီး လိုအပ်တာကို ထပ်ထည့်နိုင်ပါတယ်။
* ငါးပိချက်အနှစ်ရအောင် မီးအေးအေးလေးနဲ့
ပိုပြီးပျစ်လာအောင် ခနလောက် တည်ထားပေးပါ။
* သံပရာရည် စားပွဲဇွန်း ၁ ဇွန်း
(ဒါမှမဟုတ် နှစ်သက်ရာပမာဏ) ထည့်နိုင်ပါသည်။
* နှစ်သက်ရာ ငရုပ်သီးအစိမ်း/အနီတောင့် အနည်းငယ်ထည့်ပါ။
ပြီးရင် ပန်းကန်လုံးထဲ ခပ်ထည့်ပြီး ပူပူနွေးနွေးထမင်းဖြူနဲ့ လတ်ဆတ်တဲ့ ခရမ်းချဉ်သီး၊ သခွားသီး၊ နံနံပင် ဒါမှမဟုတ် နှစ်သက်ရာ တို့စရာ ဟင်းသီးဟင်းရွက်တွေနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။
အရမ်းလိုက်ဖက်ပြီး အရသာရှိပါတယ်။
ထမင်းအိုးက ကုန်ပြန်ပြီး.........!😁

image
13 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ချင်းမိုင်တွင် ကြောင်ကို ရေမြောင်းထဲကန်ချခဲ့သော မြန်မာတစ်ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင်အိပ်နေသော ကြောင်တစ် ကောင်ကိုရေမြောင်းထဲကန်ချခဲ့သော မြန်မာနိုင်ငံသားတစ်ဦးကို ဇွန် ၆ ရက် ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။
ပြီးခဲ့သော ဇွန် ၁ ရက် နံနက် ၂နာရီခန့်က အသက်(၁၉)နှစ်အရွယ် ကိုကျိုင်စိုင်းအမည်ရှိမြန်မာနိုင်ငံသား တစ်ဦးအပါအဝင် မြန်မာနိုင်ငံသား နှစ်ဦးသည် ရေမြောင်းဘေး လမ်းလျှောက်လာစဉ် လမ်းဘေးအိပ်နေသော ကြောင်တစ်ကောင်ကို ကိုကျိုင်စိုင်းက ရေမြောင်းထဲသို့ ကန်ချလိုက်သည်ကို ဗီဒီယိုမှတ်တမ်းအရ သိရသည်။
ယင်းဖြစ်စဉ်ကို CCTV မှတ်တမ်းတွင်ရိုက်မိထားပြီး ထိုင်းနိုင်ငံ သားကြောင်ပိုင်ရှင်က လူမှုကွန်ရက်ပေါ်သို့တင်လိုက်ရာမှ လူအများကြား ဝေဖန်မှုများမြင့်လာပြီး ကြောင်ပိုင်ရှင်က ဇွန် ၂ ရက်တွင် ရဲစခန်းသို့ တိုင်ချက်ဖွင့်ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများမှတစ်ဆင့် ခြေရာခံစစ်ဆေးရာမှ ကိုကျိုင်စိုင်းကို နေထိုင်ရာအခန်းထဲတွင်ဖမ်းဆီးခဲ့ပြီး ရဲစခန်းသို့ခေါ်ယူမေးမြန်းခဲ့ကာ ယင်းညတွင် ကိုကျိုင်စိုင်းတို့ သူငယ်ချင်းနှစ်ဦးသည် လမ်းလျှောက်လာစဉ် ကြောင်ကိုမြင်ရ၍ကျီစယ်လိုသဖြင့် ရေမြောင်းထဲကန်ချမိခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။ လက်ရှိတွင် ကိုကျိုင်စိုင်းကို တိရစ္ဆာန်ညှဉ်းပန်းမှုဖြင့် အမှုဖွင့်ထားကြောင်း သတင်းတွင်ဖော်ပြထားသည်။

image

#ကုလားပဲလုံးသုပ် ( သက်သက်လွတ် ) မစားဘူးသေးရင် လုပ်စားကြည့်ပါ 😋😋
***************************
သက်သက်လွတ်စားသုံးသူများအတွက်
အသားဓါတ်ပါဝင်တဲ့ ပဲသုပ်နည်း တင်ပေးလိုက်ပါတယ်။
အသီးအရွက်ချည်းပဲစားပီး ပဲ,အာလူး မစားတဲ့အခါမွာ
မူးမိုက္တာ,နားအူတာတွေ ဖြစ်တတ်ပါတယ်။
ကုလားပဲလုံးသုပ်မှာ ကုလားပဲလုံး,ကုလားပဲဆန်,
အာလူး,ခရမ်းချဉ်သီး,ဂေါ်ဖီများ ပါဝင်တာကြောင့်
လိုအပ်တဲ့ အသားဓါတ္ကို ရရှိစေမှာ ဖြစ်ပါတယ်။
သုပ်နည်းကို ရိုးရှင်းလွယ်ကူအောင် ရေးပေးထားပါတယ်။
_________________________________________________
ပါဝင် ပစ္စည်းများ
***************
ကုလားပဲဆန်,ကုလားပဲလုံး,အာလူး
ဒံပေါက် မဆလာ,ကရဝေးရွက်,ကြက်သွန်ဖြူ/နီ
ဆား,အရသာမှုန့်
ခရမ်းချဉ်သီး,ဂေါ်ဖီ,နံနံပင်,ပူစီနံ,ကြက်သွန်နီ,ငရုတ်သီးစိမ်း
မကျီးရည်
_________________________________________________
ပြင်ဆင်ထားရန်
**************
ကုလားပဲဆန်( ပြုတ်ပီးထောင်းထားပါ )
ကုလားပဲလုံး ( နူးအောင် ပြုတ်ပီး ရေစစ်ထားပါ )
အာလူး ( အခွံနွှာပီး အတုံးတုံးထားပါ )
ကြက်သွန်ဖြူ/နီ ထောင်းထားပါ။
ရေ( ဟင်းရည် အပျစ်အကျဲလိုသလို ချိန်ထည့်ပါ)
_________________________________________________
ချက်ကြရအောင်
****************
ချက်မယ့်အိုးထဲကို ပြင်ဆင်ထားတာတွေ ထည့်ပါမယ်။
ကုလားပဲဆန်,ကုလားပဲလုံး,အာလူး,ကြက်သွန်ဖြူ/နီ
ဒံပေါက် မဆလာ,ကရဝေးရွက်, ဆား,အရသာမှုန့်
ရေ
အားလုံးထည့်ပီး အာလူးနူးတဲ့အထိ တည်ရပါမယ်။
( အာလူး နူးရင်တော့ စားသုံးလို့ရပါပီ )
_________________________________________________
ပွဲပြင်ကြရအောင်
***************
စားမယ့်ပန်းကန်ထဲကို
အာလူး နဲ့ ကုလားပဲလုံးပြုတ်များ ထည့်ပီး
ခရမ်းချဉ်သီး,ဂေါ်ဖီ,ကြက်သွန်နီ,
နံနံပင်,ပူစီနံ,ငရုတ်သီးစိမ်း,မကျီးရည်တို့ကို
မိမိနှစ်သက်တဲ့ ချဉ် ငံ စပ် အရသာအတိုင်း ချိန်ဆထည့်ပီး
ကုလားပဲလုံးသုပ်လေး စားသုံးနိုင်ပါပီ။
_________________________________________________
က်မ ချက်တဲ့ အချိုးအစားကတော့
******************************
ကုလားပဲဆန်( နို့ဆီဗူး ၁ လုံး )
ကုလားပဲလုံး ( နို့ဆီဗူး ၁ လုံး )
အာလူး ( ၅ လုံး )
ရေ ( တစ္လီတာ )
ဒံပေါက် မဆလာ ( လဖက်စားဇွန်း ၂ ဇွန်း )
ကရဝေးရွက် ၅ ရွက်
ကြက်သွန်ဖြူ ၂ လုံး / ကြက်သွန်နီ ၂ လုံး
ဆား ( လဖက်စားဇွန်း ၁ ဇွန်း အမောက် )
အရသာမှုန့် ( လဖက်စားဇွန်း ၁ ဇွန်း )
အိုးခ်ခါနီးမွာ မိမိနှစ်သက်တဲ့အရသာကို မြည်းပီးမှ
လိုရာထပ်ပြင်နိုင်ပါတယ်။

image
13 w - Translate

Pop star Jessie J has been diagnosed with breast cancer. The singer shared the news, stating that she has "early stage breast cancer."
https://www.goodmorningamerica.....com/culture/story/j

image

JLo ရဲ့ musical ရုပ်ရှင် \ Kiss Of The Spider Woman \ Trailer.

ချဥ်ဖတ်အစုံ ပြုလုပ်နည်း........။
မုန်လာချဉ်ဖတ် လုပ်နည်း....
မုန်လာဥ ၅ လုံးကို လှီးဖြတ်ထားပါ။
ရှာလကာရည် အကြမ်းပန်းကန် ၁ လုံး
ရေ အကြမ်းပန်းကန် ၃ လုံး
ဆား ထမင်းစားဇွန်း ( ဇွန်း တစ်ဝက် )
သကြား ထမင်းစားဇွန်း ( ဇွန်း တစ်ဝက် )
အားလုံးရောဖျော်ပီး မုန်လာဥမြုပ်အောင် ထည့်ထားပါ။
၁ ညသိပ်ပီးရင် စားလို့ရပါပြီး။
ပိုးတီကြိုက်ရင်တော့ ပိုးတီလှီးပီးမှ စိမ်စားလို့ရပါတယ်။
ပဲတီချဉ်ဖတ် လုပ်နည်း......
ရေတစ်လီတာ
ရှာလကာရည် ထမင်းစားဇွန်း ၅ ဇွန်း
ဆား ထမင်းစားဇွန်း ၁ ဇွန်း
သကြား ထမင်းစားဇွန်း တစ်ဝက်
အားလုံး ရောမွှေထားတဲ့ အချဉ်ရည်ထဲကို
ပဲပင်ပေါက်ကို ရေဆေးပီး ထည့်စိမ်လိုက်ပါ။
(ပဲပင်ပေါက်ကို အချဉ်ရည်ထဲ မြုပ်အောင်စိမ်ပီး
အဖုံးအုပ်ထားပေးပါ) တစ်ညသိပ်ပီးရင် စားလို့ရပါပြီး....။
ကြောင်လျှာသီးချဉ်ဖတ် လုပ်နည်း.........
ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထားပါ။
ကြောင်လျှာသီးကို မထူမပါးလှီးပီး ပုလင်းထဲထည့်ပါ။
ဆားထည့်ပီး ဆန်ဆေးရည်အပေါ်ယံ အရည်ကြည်ထည့်ပါ
ရေပေါ် ပေါလောပေါ်မနေအောင် ပုလင်းဝမှာ
ငှက်ပျောရွက်ကို ကျစ်ကျစ်ခေါက်ပီး ဖိထည့်ပါ
ပုလင်းအဖုံးကို ပိတ်ထားပေးပါ
သုံး လေးရက်ကြာရင် ချဉ်ဖတ်ရပါပီ
ဘာချဉ်ဖတ်ပဲလုပ်လုပ်
ရေပေါ် ပေါလော ပေါ်မနေစေပဲ
ရေထဲမြုပ်နေအာင် ပုလင်းဝမှာ
ငှက်ပျောရွက်ကို ကျစ်ကျစ်ခေါက်ပီး ဖိထည့်ထားပေးပါ
ဟင်္ဂလာချဉ်ဖတ် လုပ်နည်း........
ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထား၍
ဆန်ဆေးရည်အပေါ်ယံ အရည်ကြည်ထည့်ပီး ဆားထည့်မွှေပါ။
ဟင်္ဂလာရွက်များကို ရေစင်ကြယ်စွာဆေးပီး
ဆန်ဆေးရည်ထဲမှာ ထည့်စိမ်ထားပါ။
ဟင်္ဂလာချဉ် ဖြစ်လာပါလိမ့်မယ်
အရောင်ဝါချင်ရင်တော့
ချဉ်ဖတ်စိမ်တဲ့အခါ နနွင်းအနည်းငယ် ထည့်စိမ်ပေးပါ။
မဝါချင်ရင်တော့ ထည့်ဖို့ မလိုပါဘူး။
(နောက်တစ်နည်း)
ဟင်္ဂလာရွက်များကို ရေစင်ကြယ်စွာဆေးပီး
ထမင်းမာမာနှင့် ဆားသင့်တော်အောင် ဖြူးထည့်ကာ
စဉ့်အိုး (သို့) ဇလုံထဲတွင် သိပ်ထားရင် ဟင်္ဂလာချဉ်ရပါပြီး။
တမာချဉ်ဖတ်လုပ်နည်း တမာချဉ် လုပ်နည်း.......
တမာချဉ်ဖတ်နဲ့ တမာချဉ်ဆိုပီး ၂ မျိုးရှိပါတယ်။
အခါးကြောက်တတ်သူများအတွက်
တမာချဉ်ဖတ်လုပ်နည်းကို အရင်ပြောပြပါမယ်နော်.....
တမာချဉ်ဖပ် လုပ်နည်း.......
ဆန်ဆေးရည်ငှဲ့ပီး ၁ ည သိပ်ကာ အချဉ်ခံထားပေးပါ။
ဆား,နနွင်း နဲနဲ,မကျီးသီး,ရေ အားလုံးရောထည့်ပီး ကျိုပါ
ရေဆူလာတဲ့အခါ တမာရွက်နုများထည့် ပီး၂ မိနစ် ပြုတ်ပါ။
ပီးရင် ရေစင်စင်ဆေးပီး ရေအေးထဲ ၁ နာရီ ထည့်စိမ်ထားပါ။
တမာရွက်ပြုတ်များကို ရေစစ်ထားလိုက်ပီးနောက်
ချဉ်ဖတ်တည်မယ့်အိုးထဲ ရေစစ်ထားတဲ့ တမာရွက်များ ထည့်ပါ။
အချဉ်ခံထားတဲ ဆန်ဆေးရည် လောင်းထည့်ပါ။
ဆား သင့်ရုံသာ ထည့်ပီး မွှေလိုက်ပါ
တမာရွက်ပြုတ်များ ဆန်ဆေးရည်ထဲ မြုပ်နေပါစေ
ပီးရင် အဖုံးအုပ်ထားလိုက်ပါ။
၂ ညသိပ်ပီးရင် တမာချဉ် မွှေးမွှေးလေး ရပါပြီး....။
(ခါးပေါ့ ချဉ်ချဉ်လေးနဲ့ စားကောင်းတဲ့ တမာချဉ်ဖတ်ပါ)
(နောက်တစ်နည်း)
တမာရွက်နုများကို ဇီးသီးနဲ့ ပြုတ်ပီး ရေစစ်ထားပါ။
အိုးထဲထည့်ပီး ဆားအနည်းငယ်ထည့်ပီး အဖုံးအုပ်ထားပါ။
၂ ရက် ၃ ရက်ခန့် အချဉ်တည်ပီးရင် တမာချဉ် ရပါပြီး.....။
တမာချဉ် လုပ်နည်း.........
ဆား,နနွင်း နဲနဲ,မကျီးသီး,ရေ အားလုံးရောထည့်ပီး ကျိုပါ။
ရေဆူလာတဲ့အခါ တမာရွက်နုများထည့် ပီး၂ မိနစ် ပြုတ်ပါ။
ပီးရင် ရေစင်စင်ဆေးပီး ရေအေးထဲ ၁ နာရီ ထည့်စိမ်ထားပါ။
တမာရွက်ပြုတ်များကို ရေစစ်ထားလိုက်ပီးနောက်
မကျည်းရည်ထဲ ၁ နာရီခန့် ထည့်စိမ်ထားလိုက်ပါ။
တမာချဉ် ရပါပြီး.....။
ကတက်ချဉ်ဖတ် လုပ်နည်း.......
ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထား၍
ဆန်ဆေးရည်အပေါ်ယံ အရည်ကြည်ထည့်ပီး ဆားထည့်မွှေပါ။
ကတက်ရွက်များကို ရေစင်ကြယ်စွာဆေးပီး
ဆန်ဆေးရည်ထဲမှာ ထည့်စိမ်ထားပါ။
ကတက်ချဉ် ဖြစ်လာပါလိမ့်မယ်
အရောင်လှချင်ရင်တော့
ချဉ်ဖတ်စိမ်တဲ့အခါ နနွင်းအနည်းငယ် ထည့်စိမ်ပေးပါ။
(နောက်တစ်နည်း)
ကတက်ရွက်များကို ရေစင်ကြယ်စွာဆေးပီး
ထမင်းမာမာနှင့် ဆားသင့်တော်အောင် ဖြူးထည့်ကာ
စဉ့်အိုး( သို့ ) ဇလုံထဲတွင် သိပ်ထားရင် ကတက်ချဉ်ရပါပြီး။
ကန်စွန်း ချဉ်ဖတ် ပြုလုပ်နည်း......
ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထားပီးနောက်
အပေါ်ယံ အရည်ကြည်များ သွန်ချပီး ဆားထည့်မွှေပေးပါ။
ကန်စွန်းရိုးနဲ့ အရွက်များကို ရေစင်ကြယ်စွာဆေးပီး
ထို ဆန်ဆေးချဉ်ရည် ထဲမှာ ထည့်စိမ်ထားပါ။
၂ ရက်ကြာရင် ကန်စွန်းချဉ်ဖတ် ဖြစ်လာပါလိမ့်မယ်။

image
13 w - Translate

LATEST: The Los Angeles Police Department has declared all of downtown as an unlawful assembly, telling all demonstrators to leave the area immediately. Nearly 60 people have been arrested, according to the LAPD.
https://abcnews.go.com/US/live....-updates/la-immigrat

image

ခရမ်းသီးနှပ် ချက်နည်း😋😋
ခရမ်းသီးနှပ်ဆိုရင်အနှစ်လေးများများနဲ့ဆီပြန်နေမှ ခရမ်းသီးကိုနူးနေမှကြိုက်တယ်
ရေတွေနဲ့ကျန်နေရင်လုံးဝမကြိုက်ဘူး
ခရမ်းသီးကိုကိုယ်ကြိုက်သလိုလှီးပြီးဆားထည့်ထားတဲ့ရေထဲလှီးထည့်ပါ
ဆယ်မိနစ်လောက်နေရင်ရေဆေးချပြီးချက်မဲ့အိုးထဲထည့်ပါ
ကြက်သွန်နီ ကြီးကြီးလေးလုံးလောက်ကိုခပ်သေးသေးလေးတွေလှီးပါတယ်
လုံးချက်လေးချက်မှာဆိုတော့လှီးပြီးပဲထည့်ပါတယ်
ထောင်းလိုက်ရင်စိမ်းဆော်နံသလိုပါပဲ
ပြီးရင်ကြက်သွန်ဖြူနဲ့ပုဇွန်ခြောက်ငပိနည်းနည်း
အရောင်တင်မုန့် ကိုရောပြီးထောင်းပါ
ပြီးရင်ချက်မဲ့အိုးထဲရောထည့် နနွင်းလေးထည့်
အရသညအတွက်ကြက်သားမုန့်ဆား.ထည့်ပါ
ဆီကိုတော့နည်းနည်းပိုကဲထည့်ပါ.
ပြီးရင်အရသာတွေဝင်သွားအောင်နယ်ပေးပြီးဆုံဆေးရေလေးနည်းနည်းထည့်ပြီးအဖုံးလေးအုပ်ပြီးတည်ထားပါ
ရေကိုတခါတည်းအများကြီးမထည့်ပါဘူး
မီးနည်းနည်းနဲ့ပဲတည်ပါတယ်
ငရုပ်သီးစိမ်းနံ့ပျောက်လောက်မှအဖုံးလေးဖွင့်ပြီးအပေါ်အောက်လေးလှန်ပေးပါ
အဲ့လိုတည်နေရင်း နဲ့ခရမ်းသီးးမနူးသေးရင်ရေလေးနည်းနည်းထပ်ထည့်ပြီးဆီပြန်အောင်တည်ပါ
နောက်ဆုံးအရသာလေးမြည်းပြီးနံနံပင်လေးအုပ်ပြီးရပါပြီ

image
13 w - Translate

Former first lady Michelle Obama said she and her husband, Barack, respect their daughter Malia dropping her last name in professional projects — and praised how both of their daughters "want to be their own people."
https://abcnews.go.com/Politic....s/michelle-obama-mak

image