Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နေ့စဉ်မိုးလေဝသသတင်း
-----------------------
(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
=========================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်း နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း“ရာဂါဆာ”(RAGASA)သည် အနောက်- အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ တရုတ်နိုင်ငံ၊ မကာအိုမြို့(Macao)၏ အရှေ့တောင်ဘက် ရေမိုင် ၇၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် ဒေသအလိုက်နှင့် ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင် ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ကလပ်ဂန္ထဝင်များရဲ့ လူသိရှင်ကြား ဝေဖန်နေမှုများက ယူနိုက်တက်အတွက် အကူအညီ မဖြစ်ကြောင်း စတားဟောင်းအဲရစ်ဆင် ပြောကြားလာ
စက်တင်ဘာ ၂၃
ယူနိုက်တက်စတားဟောင်းခရစ္စတီယန်အဲရစ်ဆင်က ကလပ်ဂန္ထဝင်များဖြစ်ကြတဲ့ ဂယ်ရီနဗီးလ်၊ ရွိုင်ကိန်းတို့ရဲ့ လူသိရှင်ကြား ဝေဖန်နေမှုများက ကလပ်အတွက် အကူအညီ မဖြစ်ကြောင်း ပြောကြားလာပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက အမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာ ရပ်တည်ခဲ့တဲ့ ရူဘင်အမိုရမ်ရဲ့ ယူနိုက်တက်ဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်တွင် ခက်ခဲစွာ စတင်နေရပြီး အမှတ်ပေးဇယားအဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။
ယူနိုက်တက်ကစားသမားဟောင်းများဖြစ်ကြတဲ့ ဂယ်ရီနဗီးလ်၊ ရွိုင်ကိန်းတို့ဟာ ရုပ်သံတွင် ဘောလုံးဝေဖန်ရေးသမားအဖြစ် အလုပ်လုပ်နေမှုနှင့်အတူ ယူနိုက်တက်အား အစဉ်သဖြင့် ဝေဖန်လာခဲ့ကြသူများလည်း ဖြစ်ပါတယ်။
ယခုအခါ အဲရစ်ဆင်က "ဒီကလပ် ဘယ်လောက်ကြီးမားတယ်ဆိုတာ မြင်နိုင်တယ်။ လူတွေ ဘယ်လောက်တောင် ဒီကလပ်မှာ ပါဝင်ချင်ကြသလဲ။ မီဒီယာအာရုံစိုက်ခံချင်ကြသလဲ။ အခု ယူနိုက်တက်ရဲ့အခြေအနေကို ပြောဆိုနေတာ ကလပ်ရဲ့ ပါဝါကြောင့်ပါ။ အမြင်ကို ပြောတယ်ဆိုပေမဲ့ ကလပ်အတွက် အပြုသဘောဆောင်တဲ့ ခံစားချက် မပါဘူး။ ပရိသတ်တွေက တီဗွီမှာ သူတို့ သူရဲကောင်းပြောသမျှ ထောက်ခံနေကြတော့ ကလပ်မှာရှိတဲ့ ကစားသမားတွေအတွက် အထောက်အပံ့ မဖြစ်ဘူး"လို့ ပြောကြားသွားပါတယ်။
အဲရစ်ဆင်ဟာ ယူနိုက်တက်တွင် ကစားစဉ်အတွင်း ခါရာဘောင်ဖလားနှင့် အက်ဖ်အေဖလားတို့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အဲရစ်ဆင်က အက်ဖ်အေဖလားနှင့် ခါရာဘောင်ဖလား ဆွတ်ခူးနိုင်မှုမှာ အခြားကလပ်များအတွက် ဂုဏ်ယူစရာ ဖြစ်ပေမဲ့ ယူနိုက်တက်အတွက်မူ ဂုဏ်ယူစရာ မဟုတ်ကြောင်းလည်း ဆိုသွားပါသေးတယ်။
#ဘောလုံးသတင်းစုံ
ဟုမ္မလင်းမြို့ နားမော်ရွာမှာ SNA နှင့် KIA-PDF တိုက်ပွဲဖြစ်
စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်စံပြကျေးရွာ၊ နားမော်ရွာမှာ ရှမ်းနီအမျိုးသား များတပ်မတော်(SNA)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)- PDF ပူးပေါင်းတပ်ဖွဲ့ကြား ၂၀၂၅ ခုနှစ်၊ စက်တင် ဘာ ၂၃ ရက်တွင် တိုက်ပွဲဖြစ်ပွားနေသည်။
နားမော်ကျေးရွာသည် ဥရုချောင်းနံဘေးရှိ နောင်ပိုအောင်စံပြကျေးရွာအနီးမှာ တည်ရှိပြီး ရှမ်းနီတိုင်းရင်းသားများ နေထိုင်လျက်ရှိသည်။
ထိုကျေးရွာကို KIA-PDF ပူးပေါင်းတပ်ဖွဲ့နှင့် SNA ကြား တစ်ဝက်စီ ထိန်းချုပ်ထားကြသည်။
အလားတူ နောင်ပိုအောင်စံပြကျေးရွာအနီးက လွှစင်ကုန်းကျေးရွာမှာလည်း KIA-PDF ပူးပေါင်းတပ်ဖွဲ့နှင့် SNA ကြား စစ်ဆိုင်ထားကြသည်။
လက်ရှိတွင် အဆိုပါ ကျေးရွာ ၂ ရွာလုံးသည် စစ်ပွဲကြောင့် ပျက်စီးသွားပြီး ဒေသခံများလည်း စစ်ပြေးရှောင်နေကြ ရသည်။
KIA သည် ဒေသတွင်း PDF များအား လက်နက်တပ်ဆင်ကာ ဟုမ္မလင်းမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ကြိုးပမ်း လျက်ရှိနေသည်။
ဟုမ္မလင်းမြို့ကို ရရှိရေးအတွက် KIA သည် ဒေသတွင်း PDF များနှင့်အတူ ရွှေပြည်အေးမြို့ဘက်ကနေ လည်း ကောင်း၊ နောင်ပိုအောင်စံပြကျေးရွာဘက်ကနေ လည်းကောင်း၊ တမူး-ကက်သာဘက်ကနေ လည်းကောင်း၊ မြင်သာဘက်ကနေလည်းကောင်း စသဖြင့် ပတ်လည်ဝိုင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
ဟုမ္မလင်းမြို့နှင့် အနီးရှိ ဗန်းမောက်မြို့ကိုတော့ KIA က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် တိုက်ခိုက် သိမ်းပိုက်ထားပြီးဖြစ်သည်။
ထို့ကြောင့် KIA-PDF သည် ဗန်းမောက်မြို့နှင့် ဟုမ္မလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပါက စစ်ကိုင်းတိုင်းဒေသကြီး အလယ်ပိုင်းကနေ အထက်ပိုင်းအထိ ထိန်းချုပ်နိုင်မည်ဖြစ်သလို အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ကိုလည်း ထိန်းချုပ်သွားနိုင်မည်ဖြစ်သည်။
ထို့နောက် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မြန်မာပြည်အလယ်ပိုင်းဒေသကိုလည်း ချိတ်ဆက်သွားနိုင်မည်ဖြစ် သည်။
ပုံ - KIA နဲ့ SNA တိုက်ပွဲဖြစ်နေတဲ့ နားမော်ရွာ မြေပုံကို တွေ့ရစဉ်
Credit - Central News Independence
#သတင်းဟင်းလေးအိုးကြီး
ရန်ကုန်နှင့် မန္တလေးတွင် တစ်ရက်အတွင်း ကျပ်သိန်း (၁၀၀၀)နီးပါးတန်ဖိုး စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တို့တွင် တစ်ရက်အတွင်း ငွေကျပ်သိန်း (၁၀၀၀)နီးပါးတန်ဖိုး စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်၊ မွန်းလွဲ (၂) နာရီ (၁၀) မိနစ်ခန့်က အင်းစိန်မြို့နယ်၊ မြို့သစ်(က/ခ) ရပ်ကွက်၊ (က/၄) လမ်းတွင်စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်သတင်းအရ လမ်းလျှောက်လာသော ဝင်းထွန်းအောင်(ခ)နောင်နောင်အား ရှာဖွေစစ်ဆေးခဲ့ရာ ကျပ်သိန်း(၅၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၅၀,၀၀၀) ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းနေ့၊ မွန်းလွှဲ (၃) နာရီခန့်ကလည်း မဟာအောင်မြေမြို့နယ်၊ ချမ်းမြေ့သာစည်မြောက်ရပ်ကွက်၊ ၈ဝ×၈၁ လမ်းကြား၊ ၄၂×၄၃ လမ်းကြားနေရှိ နေအိမ်တစ်လုံးကို ပူးပေါင်းအဖွဲ့ဝင်များသည် သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ အသက် (၄၈) နှစ်အရွယ် ကိုထွန်းအေးကို နေအိမ်အတွင်းမှ ငွေကျပ်သိန်း (၄၈၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၂၄,၀၀၀) ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့ကို သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
#centralnewsnaypyitaw
ထိုင်းနိုင်ငံ ဖူးခက်မြေအောက်လမ်းတွင် ကား ၁၅ စီး တိမ်းမှောက်
စက်တင်ဘာ - ၂၃
ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ ထိုင်းနိုင်ငံ ဖူးခက်ခရိုင် ဒါရာစမွတ်လမ်းဆုံရှိ မြေအောက်လမ်း အတွင်းကား ၁၅ စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိမ်းမှောက်ခဲ့တဲ့ကား ၁၅ စီး ပျက်စီးခဲ့ရပြီး သေဆုံးသူမရှိခဲ့ဘူးလို့ ကနဦး ထိုင်းသတင်းတွေက သတင်းရရှိထားပြီး ယာဉ်တိမ်းမှောက်မှုဖြစ်စဉ် တွေကြောင့် လူတစ်ဦး ရင်ဘတ်အောင့် ဒဏ်ရာရရှိခဲ့လို့ ဆေးရုံကိုပို့ဆောင်ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။
ကားများတိမ်းမှောက်ရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး Pol Wichit ရဲစခန်း က တာဝန်ရှိသူတွေနဲ့ ယာဉ်ထိန်းကွန်ရက်တွေက နေရာကိုသွားရောက် စစ်ဆေးတာတွေ ပြုလုပ်နေတယ်ပါတယ်။
လက်ရှိမှာ မြေအောက်လမ်းအတွင်း ယာဉ်အသွားအလာ ရှင်းလင်းနေပြီး ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နေရာကို ရှင်းလင်းဖို့ အချိန်ကြာမြင့်မှာဖြစ်လို့ လမ်းကိုယာယီပိတ်ထားကာ လမ်းအသုံးပြုသူတွေအနေနဲ့ လမ်းကြောင်းပြောင်းသွားဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။
နေ့စဉ်မိုးလေဝသသတင်း
------------------------
(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၄:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
=========================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းရိုးတန်းနှင့် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်း နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ”(RAGASA)သည် အနောက်ဘက်သို့ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ တိုင်ဖွန်းမုန်တိုင်း“ရာဂါဆာ”သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး ၂၄-၉-၂၀၂၅ ရက်နေ့တွင် တရုတ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းဒေသများကို ဖြတ်ကျော် ဝင်ရောက်နိုင်ပါသည်။ ထိုမှတစ်ဆင့် ၂၅-၉-၂၀၂၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကို အပူပိုင်းမုန်တိုင်း အဖြစ်ဖြင့် ဖြတ်ကျော် နိုင်သည်ဟု ခန့်မှန်းရပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်း လျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ် ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင် ပါသည်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။