#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တိုကျိုတွင် အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထက် ရက်ပေါင်း ၁ဝ ရက် ဆက်တိုက် စံချိန်တင်မြင့်တက်
ဂျပန်နိုင်ငံတွင် ဇွန်လနှင့်ဇူလိုင်လအတွင်း သမိုင်းတစ်လျှောက် အပူဆုံးကာလကို ကြုံတွေ့ခဲ့ရပြီးနောက် တိုကျိုမြို့၌ အပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်အထက်ရှိသည့် ရက်ပေါင်း ၁ဝ ရက် ဆက်တိုက်ကြာမှတ်တမ်းတင်ခဲ့ရကြောင်း မိုးလေဝသဌာနက ဩဂုတ် ၂၇ ရက်တွင်ပြောသည်။
လူသားတို့၏ လုပ်ရပ်များကြောင့်ဖြစ်ပေါ်လာသော ရာသီဥတုပြောင်းလဲမှုများသည် ကမ္ဘာတစ်ဝန်းတွင် အပူလှိုင်းများကို ပိုမိုပြင်းထန်စေပြီး စဉ်ဆက်မပြတ်ဖြစ်ပေါ်စေကြောင်း သိပ္ပံပညာရှင်များက ဆိုထားပြီး ဂျပန်နိုင်ငံသည်လည်း အလားတူအခြေအနေနှင့် ရင်ဆိုင်နေရသည်။
၁၈၇၅ ခုနှစ်နောက်ပိုင်း တိုကျိုမြို့၏ထိုကဲ့သို့သော အပူချိန် မြင့်တက်မှုကို ပထမဆုံးအကြိမ်အဖြစ်မှတ်တမ်းတင်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောဆိုထားပြီးဩဂုတ် ၂၇ ရက်တွင် ၁ဝ ရက် ဆက်တိုက်ပြည့်မြောက်မည်ဖြစ်သည်။
၁၈၉၈ ခုနှစ်နောက်ပိုင်း ယခုနှစ်ဇွန်လနှင့် ဇူလိုင်လတို့သည် ဂျပန် နိုင်ငံအတွက် အပူဆုံးလများဖြစ်ခဲ့ပြီး ဩဂုတ်လတွင် အလယ်ပိုင်းရှိ အီစီဆာကီမြို့၌ အပူချိန် ၄၁ ဒသမ ၈ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ကာ နိုင်ငံ၏အမြင့်ဆုံးအပူချိန်ကို မှတ်တမ်းတင်ခဲ့သည်။
အပူဒဏ်ကြောင့် အသက်သေဆုံးခြင်းများကို ကာကွယ်ရန်အတွက် နေအိမ်ပြင်ပသွားလာခြင်းများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန်နှင့် သင့်လျော်သော လေအေးပေးစက်ရှိရာ နေရာများတွင် နေထိုင်ရန်အပါအဝင် အပူချိန်သတိပေးချက်များကို တာဝန်ရှိသူများက ထုတ်ပြန်သတိပေးထားသည်။
စီအင်န်အေ

image

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တရုတ်၌ ရေဘေးကြောင့် လမ်းပျက်စီးမှုတန်ဖိုး ဒေါ်လာ နှစ်ဘီလီယံကျော်ရှိ
တရုတ်နိုင်ငံတစ်ဝန်း၌ လွန်ကဲပြင်းထန်စွာ မိုးရွာသွန်းမှုများကြောင့် လမ်းများပျက်စီးဆုံးရှုံးရမှုတန်ဖိုးမှာ တရုတ်ယွမ်ငွေ ၁၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ ဘီလီယံ) အထိရှိကြောင်း တရုတ်အစိုးရ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဩဂုတ် ၂၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ရေဘေးရာသီ စတင်ချိန်မှစ၍ တရုတ်နိုင်ငံအနီးရှိ ပြည်နယ်၊ ဒေသနှင့် မြူနီစီပယ်ဒေသပေါင်း ၂၃ ခုတို့၌ လမ်းများပျက်စီးဆုံးရှုံးခဲ့ရမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ ဘီလီယံအထိရှိခဲ့ကြောင်း တရုတ် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ရေဘေးရာသီသည် ဇူလိုင် ၁ ရက်တွင် တရားဝင် စတင်လေ့ရှိပြီး နိုင်ငံမြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများ၌ မိုးရေချိန်စံချိန်တင် ရရှိလေ့ရှိသော ရာသီဖြစ်သည်။
လက်ရှိအချိန်ထိ သယ်ယူပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ရေဘေးအတွက် ပျက်စီးခဲ့ရသည့်လမ်းများအား ပြင်ဆင်ရန် သက်ဆိုင်ရာဌာနများသို့ တရုတ်ယွမ် ငွေ ၅ ဒသမ ၈ ဘီလီယံ ထုတ်ပေးထားရပြီးဖြစ်သည်။ ယခုနှစ် ဇွန်လတစ်လတည်းမှာပင် သဘာဝကပ်ဘေးအမျိုးမျိုးကြောင့် ဆုံးရှုံးနစ်နာမှုယွမ်ငွေ ၅၂ ဒသမ ၂ ဘီလီယံရှိခဲ့ကြောင်း သိရသည်။
ရိုက်တာ

image
21 ပတ် - ဘာသာပြန်ပါ။

◼ ပေါင်းလောင်း၌တောင်ကျရေကြောင့် နေအိမ်များပြိုကျ၊ လူသေဆုံးမှုများရှိဟုဆို
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သစ်ရှိ ဧဒင်ကျေးရွာ၌ ယမန်နေ့ (သြဂုတ် ၂၇ ရက်) နံနက်ပိုင်းက တောင်ကျရေစီးဆင်းမှုများကြောင့် မြေပြိုခြင်းများဖြစ်ပွားပြီး နေအိမ်များပြိုကျကာ လူသေဆုံးမှုများရှိကြောင်း ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်း ထံမှသိရသည်။
ပေါင်းလောင်းမြို့သစ်ရှိ သပြေကုန်းကျေးရွာအုပ်စု၊ ဧဒင်ကျေးရွာတွင်မိုးရွာသွန်းမှုများပြီး တောင်ကျရေများစီးဆင်းကာ ဧဒင်ကျေးရွာရှိလူနေအိမ် ၁၀ လုံးခန့်ရေထဲမျောပါ၍ပြိုကျပျက်စီးခဲ့ကြောင်း၊ လူသေဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်းသိရသည်။
"အဲဒီနေရာကို သာမန်အချိန်သွားရင်တောင်မလွယ်ဘူး။ တောင်အတက်အဆင်းတွေလည်းများတယ်။ အခုလိုမိုးရွာနေရင်ပိုတောင်သွားလို့မရဘူး။ မြေပြိုတာတွေလည်းရှိတယ်။ ဒေသခံတွေနဲ့တော့ အဆက်သွယ်ရထားတယ်။ လူသေတာတွေ ဒဏ်ရာရတဲ့သူတွေရှိတယ်။ ဘယ်နှစ်ဦးလဲဆိုတာတော့တိတိကျကျမသိသေးဘူး။ လက်ရှိသွားဖို့အဆင်မပြေသေးဘူး" ဟု ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
နေအိမ်များပြိုကျပျက်စီးခဲ့သည့်ဒေသခံများမှာ နီစပ်ရာနေအိမ်များ၊ ဘုန်းကြီး ကျောင်းများတွင် ယာယီနေထိုင်နေကြရပြီး သွားလားရေအခက်အခဲများကြောင့် ကူညီကယ်ဆယ်ရေးများ မရောက်ရှိသေးကြောင်းသိရသည်။
သတင်း - ပိုင်လေး
#ပြည်တွင်းသတင်း

image
21 ပတ် - ဘာသာပြန်ပါ။

https://www.marknteladvisors.c....om/research-library/

India Green Hydrogen Market Size, Share & Industry Growth 2030-30

The India green hydrogen market size is predicted to reach USD 9 billion in 2024 to USD 34.0 billion by 2030, growing at a CAGR of 20.89% from 2025 to 2030.
21 ပတ် - ဘာသာပြန်ပါ။

https://www.marknteladvisors.c....om/research-library/

Edible Insects Market Size, Growth & Industry Share | Forecast 2030

Global Edible Insects Market size is estimated to grow at a CAGR of around 28.87% during the forecast period 2025-30, A surge in the demand for black soldier fly (BSF)-based products is one of the growth opportunities driving the Edible Insects Marke
21 ပတ် - ဘာသာပြန်ပါ။

https://www.marknteladvisors.c....om/research-library/

Vegan Cosmetics Market Global Size, Share & Product Trends | Forecast 2030

The Vegan Cosmetics Market is projected to grow from USD 4.48 billion in 2024 to USD 8.12 billion by 2030, expanding at a CAGR of 10.42% during 2025-30. Discover key trends, growth drivers, and insights.
21 ပတ် - ဘာသာပြန်ပါ။

https://www.marknteladvisors.c....om/research-library/

Unmanned Traffic Management Market Size & Growth Report, 2030

Unmanned Traffic Management (UTM) Market size was valued at USD 0.47 billion in 2024 and is projected to reach USD 1.28 billion by 2030, at a CAGR of 18.17% during 2025–30.
21 ပတ် - ဘာသာပြန်ပါ။

https://www.marknteladvisors.c....om/research-library/

Vehicle Diagnostics Market Size, Trend, Share & Growth Till 2030

Vehicle Diagnostics Market size was valued at USD 42.19 billion in 2024 and is projected to reach USD 64.22 billion by 2030, at a CAGR of 7.25% during 2025–30.
21 ပတ် - ဘာသာပြန်ပါ။

The older I get, the more I appreciate living a simple and happy life. 🍃💚

image