မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၉၀ ဦးကို ထိုင်းတွင် ဖ-မ်းဆီးရမိပြန်
ကန်ချနာဘူရီခရိုင်၊ ဆိုင်းယို့ခ်မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများသည် စက်တင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၉၀ ဦးကို ဖ-မ်းဆီးခဲ့သည်။
သက်ဆိုင်ရာ အာဏာပိုင်များသည် ထာဆာအို(Tha Sao) ရပ်ကွက်၊ မူ ၃ (Moo 3)၊ ခေါထုံ (Khao Thon) ကျေးရွာမှ ဖြတ်၍ ဆိုင်းယို့ခ် စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်းရန် ကြိုးပမ်းသည့် သံသယဖြစ်ဖွယ် ယာဉ်လေးစီးကို ကြားဖြ-တ် ဖ-မ်းဆီးခဲ့ခြင်းဖြစ်သည်။ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ထိုင်းနိုင်ငံအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှုဖြင့် တရားစွဲဆိုထားသည်။
ရဲတပ်ဖွဲ့သည် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို သယ်ယူပို့ဆောင်ပေးသည့် ယာဉ်မောင်းနှစ်ဦးဖြစ်သော အသက် ၂၇ နှစ်အရွယ် ထိုင်းနိုင်ငံသား ဝါချရာပုန်(Watcharapong) နှင့် အသက် ၂၀ နှစ်အရွယ် နိုင်ငံမဲ့ တွန်ရက်(Ton Rak) တို့ကိုလည်း ဖမ်းဆီးခဲ့သည်။ ထိုသူနှစ်ဦးလုံးကို ဆိုင်းယို့ခ် ရဲစခန်းသို့ ပို့ဆောင်ပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို အကူအညီပေးခြင်းနှင့် ခိုလှုံခွင့်ပေးခြင်းတို့ဖြင့် စွဲချက်တင်ထားသည်။
