2 yrs - Translate

Telegram ညီနောင်တွေအတွက် သတင်းကောင်းဗျာ

Microsoft က Copilot ကို Telegram မှာ Free ထည့်ပေးလိုက်ပါပြီ။

Telegram User တွေအနေနဲ့ @CopilotOfficialBot လို့ ရိုက်ရှာပြီး ကိုယ်သိချင်တာတွေကို မေးနိုင်ပါတယ်။ လောလောဆယ်မှာ သီးသန့်ထုတ်ထားတဲ့ Copilot App လိုမျိူး ပုံဆွဲမပေးနိုင်သေးသလို Message ကိုလည်း တစ်ရက် အကြိမ် ၃၀ (Usage Limit) လုပ်ထားပါတယ်။

ဘာပဲဖြစ်ဖြစ် Copilot လိုမျိူး အမိုက်စား AI Chatbot ကို Telegram ထဲမှာပဲ Instant သုံးလို့ရလာတာက တော်တော်မိုက်သွားပါပြီ။

image
2 yrs - Translate

အဝတ်များတဲ့ဘောင်းဘီတွေကြည့်လိုက်ရင် jeans ပဲ များတာမို့ Jeans ပဲဝတ်ချင်တယ်ဆိုရင်လည်း Jeans တွေထဲမှာ Wide-Leg Jeans တွေရှိပါတယ်နော်။ နောက် Wide-Leg ကိုမှ Crop လုပ်ထားတဲ့ jeans တွေလည်း ခုအရမ်းကိုခေတ်စားနေပါတယ်။ Wide-Leg လောက်ထိပွတာမျိုး မဝတ်ချင်ရင်တော့ Work Pant လောက် တအားမပွတာမျိုးရွေးပါ။☝️

image

cute cat ❤

2 yrs - Translate

👉👉Breaking News

Uruguay Legend Edison Cavani Retiring from International Football 🇺🇾

Credit Photo

image
2 yrs - Translate

ယူရို 3 Billon တန်ကြေးရှိ Bitcoins တွေနဲ့ ဖမ်းခံလိုက်ရတဲ့ တရုတ်ကမုန့်ပို့တဲ့ အမျိုးသမီးတစ်ဦး

တရုတ်နိုင်ငံက မုန့်ပို့သူ အမျိုးသမီးတစ်ဦးဟာ လန်ဒန်မြို့က ဈေးအကြီးဆုံးတိုက်ခန်းတွေထဲက တစ်ခုဖြစ်တဲ့ ယူရို ၂၈ သန်းတန် အိမ်တစ်ခုကို ဝယ်ယူဖို့ကြိုးစားခဲ့ရာကနေ Crypto အမှုတွေကို နောက်ကြောင်းပြန်စုံစမ်းခံရပြီး ဖမ်းခံလိုက်ရပါတယ်။

အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ Jian Wen ဆိုတဲ့အမျိုးသမီးမှာ အိပ်ခန်း ၇ ခန်း၊ ရေကူးကန်တွေ၊ Private Cinema နဲ့ Gym တွေပါပါဝင်တဲ့ Mansion ကြီးတစ်ခုကို ဝယ်ယူဖို့ကြိုးစားခဲ့သလို၊ ဒူဘိုင်းမှာလည်း ဒေါ်လာ ၅ သိန်းတန် အခန်း ၂ ခန်းပိုင်ဆိုင်ထားပါသေးတယ်။ ဒါ့အပြင် ၁၈ရာစုတုန်းကလည်း ရှိခဲ့ဖူးတဲ့ အီတလီက ရဲတိုက်ကြီးတစ်ခုကိုလည်း ယူရို ၁၀ သန်းပေးပြီး ဝယ်ဖို့ကြိုးစားတာမျိုးရှိပါတယ်။

2013-2014 ဝန်းကျင်ကစလို့ Jian Wen အနေနဲ့ Crypto နဲ့ပတ်သက်တဲ့ အရောင်းအဝယ်တွေပြုလုပ်ခဲ့ပြီး ငွေဖြူငွေမဲခဝါချမှုတွေ ကြူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ E-Class Mercedes ကားအပြင်၊ ကမ္ဘာပတ်ပြီး ဒီဇိုင်နာအဝတ်အစားတွေနဲ့ တန်ဖိုးကြီး စားသောက်ဆိုင်တွေမှာ စားသောက်တာမျိုးတွေလည်း လုပ်ခဲ့ပါတယ်။

Jian Wen ဟာ Crypto မလုပ်ခင်က တရုတ်နိုင်ငံက ကြက်ကြော်ဆိုင်တစ်ခုမှာ အစားအသောက်ပို့တဲ့သူအဖြစ် အလုပ်လုပ်ပြီး အတော်လေး ယဥ်ကျေးမှုရှိတဲ့မိသားစုကပါ။ နောက်ပြီးသူမဟာ ဥပေဒေနဲ့စီးပွားရေးဒီပလိုမာလည်း ရရှိထားတဲ့ ပညာတတ်တစ်ယောက်ပါ။

သူမဒီလိုလုပ်မိတာဟာ ဘဝကို ဇိမ်ရှိရှိနဲ့ ကောင်းကောင်းမွန်မွန်ဖြန်သန်းချင်လို့ကလွဲပြီး ဘာရည်ရွယ်ချက်မှမရှိဘူးလို့ဆိုပါတယ်။ လောလောဆယ်မှာတော့ သူမဟာ ထောင် ၆ နှစ်နဲ့ ၈လ ကျခံနေရပါတယ်။

image

taro coconut coffee ❤

2 yrs - Translate

ဘောင်းဘီရှည်၀တ်ရတာ သဘောကျတဲ့သူတွေအတွက် မိုးရာသီမှာ ရွေးချယ်သင့်တဲ့ ဘောင်းဘီဆိုရင်တော့ သိပ်ရှည်တာတွေထက် Crop လုပ်ထားတဲ့ ဘောင်းဘီမျိုးတွေပေါ့။💁 သူ့ကိုမှ ဗြောင်ထက်စာရင် print တွေ pattern ပါတဲ့ ဘောင်းဘီမျိုးက ပိုရွေးသင့်သလို ဗြောင်ပဲသဘောကျတယ်ဆိုရင်လည်း တအားနုတဲ့အရောင်ထက်စာရင် အရောင့်ရင့်တာတွေကိုတော့ ပိုအားပေးပါတယ်။

image

Chicken Wing Recipe ...

2 yrs - Translate

ကျောင်းရဲ့ ကြွေးကျန်တွေကို ဆပ်ပေးနိုင်ခဲ့တဲ့ ၄ တန်းကျောင်းသားလေး

၄ တန်းကျောင်းသားလေးက သူ့ကျောင်းရဲ့ အကျွေးအမွေးစရိတ် ကြွေးကျန်အားလုံးကို ဆပ်ပေးနိုင်ခဲ့ပါတယ်။ ၁၁ နှစ်အရွယ် ဒါကင်ခရာမာဟာ Thomas Ultican မူလတန်းကျောင်းမှာ ပညာသင်ကြားနေသူဖြစ်ပြီး လာမယ့်နှစ်ကျရင် အလယ်တန်းကျောင်းကို ပြောင်းရတော့မှာပါ။

'' ဒီနှစ်က ဒီကျောင်းမှာ နောက်ဆုံးတက်ရတဲ့နှစ်လေ။ ကျောင်းတော်ကြီးကို ကျေးဇူးဆပ်ဖို့ တစ်ခုခု လုပ်ပေးချင်တယ်''လို့ ဒါကင်ခရာမာက ဆိုပါတယ်။ သူဟာ ကျောင်းရဲ့ အကျွေးအမွေးစရိတ်( ကျောင်းသား/သူတွေကို နေ့လယ်စာကျွေးတဲ့စရိတ်) ကြွေးကျန်တွေ ဆပ်ပေးဖို့အတွက် အလှူငွေ ဒေါ်လာ ၃၅၀၀ ရအောင် ရည်ရွယ်ခဲ့တာပါ။

ဒါကင်က သူ့ကို ဝိုင်းဝန်းကူညီပေးကြဖို့ သူ့သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေကို အကူအညီတောင်းတဲ့ ဗီဒီယိုတစ်ခု ပြီးခဲ့တဲ့လမှာ တင်ခဲ့ပါတယ်။ အဲဒီဗီဒီယိုက ပျံ့နှံ့သွားပြီး အလှူငွေ ထည့်ဝင်သူ အများအပြားရှိခဲ့လို့ အမေရိကန်ဒေါ်လာ ၇၃၇၀ အထိ ရရှိခဲ့ပါတယ်။ အဲဒီအတွက် Thomas Ultican မူလတန်းကျောင်းအတွက် ကြွေးကျန်တွေ ပေးဆပ်နိုင်ခဲ့ရုံတင်မကဘဲ ဒေသခံ Blue Springs အထက်တန်းကျောင်းအတွက်ပါ ကြွေးကျန်လျှော့ချပေးနိုင်ခဲ့ပါတယ်။

ဒါကင်ရဲ့ လုပ်ဆောင်ချက်ဟာ ထိရောက်လွန်းခဲ့တာကြောင့် မေလ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကျောင်းဆင်းပွဲမှာ ဆုချီးမြှင့်ခံခဲ့ရပါတယ်။ ဒါ့အပြင် ဒါကင်ကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ်နှစ်တိုင်း သူ့လို စွမ်းဆောင်ပေးနိုင်တဲ့ ကျောင်းသူ/သားတွေကို Daken Kramer Legacy ဆု ပေးအပ်ဖို့လည်း စီစဉ်နေပါတယ်။ ဒါကင်ဟာ အမေရိကန်နိုင်ငံ၊ မစ်ဆူရီပြည်နယ်မှာ နေထိုင်သူပါ။

Ref: Missouri Fifth Grader Raises Over $7,000 To Erase School Meal Debt

image
2 yrs - Translate

ထွက်သွားတာများ ရှောခနဲ ရှောခနဲ 😭

image