2 yrs - Translate

လူတစ်ယောက်မှာ လူတစ်ယောက်ပဲလိုတယ်။

အဲ့ဒီလူက ဘဝမှာ မင်းကိုယုံတဲ့သူ။
သတ္တိတွေ အင်အားတွေ ပေးနိုင်တဲ့သူ။
မင်းဘာလုပ်လုပ် မင်းကိုအားပေးတဲ့သူ။
ဘာပဲလွဲလွဲ နားလည်ပေးနိုင်တဲ့သူ။

နောက်ဆုံး ..
မင်း အမှားတွေလုပ်နေဦးတော့
I’ll be there for you ဆိုတဲ့သူ။

လူတစ်ယောက်မှာ လူတစ်ယောက်ပဲလိုတယ်။

💭 || 3.9.2024

image
2 yrs - Translate

ကျတော် ပြောပြောနေတဲ့ Quality Partner ဆိုတာကလေ Graduated ဖြစ်ရမယ်လို့ ဆိုလိုတာမျိုး မဟုတ်ဘူး။

အတွေးအခေါ် ၊ ဆင်ခြင်တုံတရား ၊ အမူအကျင့်နဲ့ အကျင့်စာရိတ္တကောင်းတဲ့ Educated ကို ဆိုလိုတာပါ။ ပြောချင်တာကတော့ ဘွဲ့ရရုံနဲ့ ပညာတတ်မဟုတ်ပြန်ဘူးဆိုတဲ့ သဘောနဲ့ ယှဉ်ပြောပြတာပါ

တစ်မိဘတည်း မွေးတဲ့ ညီကိုမောင်နှမတွေတောင် တစ်ယောက်နဲ့တစ်ယောက် စိတ်‌သဘောထားချင်း လုံးဝမတူကြတာ .... သူစိမ်းနှစ်ယောက် ပေါင်းစပ်တဲ့ ဒီ Bond ဆို ပိုဆိုးတာပေါ့။ မတူညီခြင်းပေါင်း သောင်းခြောက်ထောင် ရှိကြမှာပဲ။

ဒါတွေကို ဘယ်လို Handle လုပ်မလဲ
ဘယ်လို ညှိနှိုင်းကြမလဲ
ကိုယ့်ကြောင့် တစ်ဖက်လူမထိခိုက်စေဖို့ ဘာတွေပြင်ဆင်ရမလဲဆိုတဲ့ အချက်တွေကို လူစိတ်ရှိရှိ တွေးခေါ်ဆင်ခြင်နိုင်ပြီး ရဲရဲဝံ့ဝံ့ လက်တွဲပြလို့ရတဲ့ Quality Partner မျိုး ပိုင်ဆိုင်စေချင်တာပါ။

ဒီလိုလူမျိုးကိုသာ အမှန်တကယ် ပိုင်ဆိုင်ထားရပြီဆိုရင် ဘဝအနိမ့်အမြင့်အတက်အကျတွေ မျိုးစုံ ကြုံလာခဲ့ချိန်မှာတောင် သူ့ကြောင့် အချိန်တိုင်း Blessing ဖြစ်နေမှာ သေချာပါတယ်။

A Quality Partner consistently enriches the relationship, fostering growth through empathy and steadfast support in all of life's circumstances ‼️

—🌼💛
#crd

image
2 yrs - Translate

🌹#အဖိုးတန်တဲ့_မိန်းမ?
📚📚📚📚📚📚📚📚📚

#မိန်းမတစ်ယောက်ရဲ့
တန်ဖိုးဆိုတာ...
ရုပ်ရည်မဟုတ်ပါဘူး။

#အရှက်နဲ့သိက္ခာကို
အသက်ထက် တန်ဖိုးထားတာကို
ဆိုလိုတာပါ။

#တန်ဖိုးကြီးတဲ့ပစ္စည်းကို
လူတိုင်းက လိုချင်ကြပေမယ့်
လူတိုင်း ဝယ်မသုံးနိုင်ပါဘူး။

#ဒီလိုပါပဲ။
အရမ်းချောမော လှပတဲ့
မိန်းကလေးတစ်ယောက်ကို
လူတိုင်းက လိုက်စချင်ပေမယ့်
အရှက် သိက္ခာရှိတဲ့
မိန်းမကောင်းဖြစ်နေရင်
လူတိုင်းက လိုက်မစရဲတော့ပါ။

#ဈေးပေါတဲ့ပစ္စည်းဆိုတာ…
လှလှ မလှလှ
အသုံးခံသည်ဖြစ်စေ
မခံသည်ဖြစ်စေ
လတ်တလော အဆင်ပြေစေဖို့
အတွက်
လူတိုင်းက မနှစ်သက်ကြပေမယ့်
လူတိုင်း
ဝယ်သုံးနိုင်တဲ့ ဈေးနှုန်းဖြစ်နေလို့
လူတန်းစား မရွေး
ဝယ်သုံးလေ့ ရှိပါတယ်။

#ထို့အတူ
ဈေးပေါတဲ့ မိန်းမတွေဆိုတာ…
ရုပ်လှနေမှ မဟုတ်ပါဘူး။
မိန်းမကောင်း တစ်ယောက်ရဲ့
အဆင်းအင်္ဂါရပ်နဲ့ မညီပဲ
လူတိုင်းလိုက်စရဲတဲ့ အနေအထားမျိုး
ဖြစ်နေရင်
လူတန်းစား အရွယ်မရွေး
အနားလာကပ်တာကို ခံရမှာပါပဲ။

#တကယ်တော့…
လူတန်းစား အရွယ်မရွေး
အိမ်ထောင်သည်တွေကအစ
လိုက်စရဲတယ်ဆိုတာ
ဂုဏ်ယူစရာ မဟုတ်ပါဘူး။

#ကိုယ်က အပေါစားဆန်လွန်းလို့
လူတကာ စရဲတာကသာ ရှက်စရာပါ။

💕#ဒါကြောင့်…
လူတန်းစား အရွယ်မရွေး
အနားကပ်ခံနေရပြီဆိုရင်
ငါ အရမ်းချောလှနေလို့လား လို့
တွေးမယ့်အစား
ငါ အပေါစားဆန်နေလို့လား လို့
အရင်တွေးကြည့်လိုက်ပါ။

💕#လူတကာ ချဉ်းကပ်ရဲတဲ့
မိန်းမ ဖြစ်နေဖို့ထက်
လူတကာ မချဉ်းကပ်ရဲတဲ့
တန်ဖိုးထားရှိတဲ့ မိန်းမ ဖြစ်နေဖို့ပဲ
လိုပါတယ်။

📚📚📚📚📚📚📚📚📚📚

image
2 yrs - Translate

စိတ်ဒဏ်ရာများမှ လွတ်မြောက်ဖို့
*******************************

စိတ်ဒဏ်ရာဆိုတာ ကိုယ်တိုင် ခွင့်ပြုထားလို့
နာကျင်ရတဲ့ ခံစားချက် တစ်ခုပါ ။

တစ်ခါ နာကျင်ရတာဟာ ကိုယ် မသိလိုက်လို့ပါ ။
နှစ်ခါ နာကျင်ရတာဟာ ကိုယ် မျှော်လင့်မိလို့ပါ ။
သုံးခါ နာကျင်ရပြီဆို‌ရင်တော့ ကိုယ် ညံ့လို့ပါ ။

စိတ်ဒဏ်ရာဆိုတာ ပေးသူက တစ်ခါပဲ ပေးလိုက်တာပါ ။
ဒီဒဏ်ရာကြီးကို သိမ်းဆည်းပြီး ဘဝနောက်ဆုံးချိန်ထိ သယ်ဆောင်သွားတာက မိမိရဲ့ စိတ်ပါပဲ ။ ဒါကြောင့် ကိုယ့်ကို စိတ်ဒဏ်ရာပေးသူတွေနဲ့ ကြုံလာရတိုင်း သင်ခန်းစာယူပြီး ခွင့်လွှတ်ပေးလိုက်ပါ ။

ဒီ ခွင့်လွှတ်ခြင်းဟာ သူ့ကို ချစ်လို့မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ချစ်လို့ပါပဲ ။ အချိန်စောစော ခွင့်လွှတ်နိုင်လေ အချိန်စောစော လွတ်မြောက်နိုင်လေပါပဲ ။ မိမိ စိတ်ကို လေးလံစေမယ့် ဘယ်လို စိတ်ဒဏ်ရာမျိုးကိုမဆို ခွင့်လွှတ်ခြင်းနဲ့သာ ကျေအေးပေးလိုက်ပါ ။

ဘဝမှာ စိတ်ထဲ နှလုံးသားထဲ သယ်ဆောင်သွားဖို့ရာ မြတ်နိုးဖွယ်ရာ အလှတရားတွေ ချစ်ခြင်းမေတ္တာတွေ အများကြီး ကျန်ရှိနေပါသေးတယ် ။

#ယူနိုရာ

image
2 yrs - Translate

လူတော်တော်များများ ခံစားချက်မပါဘဲ ပြောကြတာက
“ တောင်းပန်ပါတယ် ” ဆိုတဲ့ စကားလုံးပါပဲ ။

သူတို့ လိုချင်တာက “ တောင်းပန်ပါတယ် ” လို့ ပြောလိုက်တာနဲ့ တစ်ဖက်လူက ဘာမှမဖြစ်သလို အဆင်ပြေပြီး အရင်လို ပြန်ပျော်ရွှင်သွားမယ်လို့ ထင်လိုက်ကြတယ် ။ သူတို့ တာဝန်ကြေသွားပါပြီပေါ့ ။ အမှန်တော့ တကယ် စိတ်မကောင်းဖြစ်လို့ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် စိတ်သက်သာရာရအောင် လုပ်နည်းတစ်မျိုးပါပဲ ။

တစ်ဖက်လူရဲ့ နာကျင်ခြင်း ၊ ခံစားရခြင်းတွေကို ထည့်မတွက်ကြတော့ဘူး ။ တစ်နည်းအားဖြင့် ကိုယ်ချင်းစာစိတ်
မရှိတာပေါ့ ။ ကိုယ် မခံရတိုင်း သူများရဲ့ ခံစားချက်ကို ထည့်မတွေးပေးကြဘဲ လွယ်လွယ်ကူကူ ‌ပြဿနာ‌ဖြေရှင်းလိုက်ခြင်းပါပဲ ။

ပန်းကန်တစ်ချက်ကို ခွဲလိုက်ပြီး တောင်းပန်ပါတယ်လို့ ပြောကြည့်လိုက်ပါ ။ အကောင်းအတိုင်း ပြန်ရလားဆိုတာ‌ကိုပေါ့ ။ ဒီလိုပဲ နုနယ်တဲ့ နှလုံးသား တစ်စုံမှာလည်း
“ တောင်းပန်ပါတယ် “ လို့ ပြောလိုက်တိုင်း ပုံမှန်အတိုင်း အကောင်းအတိုင်း ပြန်မဖြစ်နိုင်ပါဘူး ။

သုံးခါထက် ပိုတဲ့ တောင်းပန်ခြင်းတွေဟာ တကယ်တော့ ဆင်ခြေသပ်သပ်တွေပါပဲ ။ ခံစားရတဲ့သူတွေ ပြောင်းလဲသွားတော့မှသာ ပြောင်းလဲသွားတယ်နော် ဆိုပြီး အပြစ်ဖို့ချင်ကြတယ် ။ အဲ့ဒီသူတွေ ပြောင်းလဲသွားအောင်ပဲ အထပ်ထပ်အခါခါ နာကျင်ခြင်းတွေ ပေးခဲ့ကြတယ် ။

#ယူနိုရာ #ကဗျာ_poem

image
2 yrs - Translate

ခိုင်က နှလုံးသားကြီးတယ်....
လှိုင်က နှလုံးသား ဖြူတယ်....
ယေဘုယျ အားဖြင့်...
ခိုင်အချစ်က romantic ဆန်တယ်...
လှိုင်က... ရိုးရှင်းတယ်... ဖြူစင်တယ်...
ကျွန်တော်သာ ကဗျာ ဆရာ တစ်ယောက်ဆို
ခိုင်ကို ရွေးမယ်..
ဒါမှမဟုတ်... ကျွန်တော်သာ သာမန်လူဆိုရင်... လှိုင့်ကိုပဲရွေးမယ်...

image
2 yrs - Translate

ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်တဲ့
မိန်းကလေးပဲဖြစ်ဖြစ်
ပျော့ညံ့အားငယ်တတ်တဲ့အချိန်ဆိုတာ ရှိပါတယ် ။

အဲ့ဒီလို အချိန်မျိုးမှာ သူ လိုအပ်နေတာက
နွေးထွေးတဲ့ ထွေးပွေ့မှုလေး တစ်ခုပါပဲ ။

တစ်ခါတလေမှာ စကားလုံးထောင်ပေါင်းများစွာနဲ့
နှစ်သိမ့်တာထက် နွေးထွေးရိုးရှင်းတဲ့
ပွေ့ဖက်မှုလေးတစ်ခုက တစ်ဖက်သားကို
ပိုနှစ်သိမ့်မှု ပေးနိုင်ပါတယ် ။

သူ ငိုတဲ့အချိန် ဘာစကားမှ များများမပြောပါနဲ့ ။
သူ့ကို တင်းတင်းကျပ်ကျပ် ထွေးပွေ့ထားလိုက်ရုံပါပဲ.....

📖 “ ကျွန်မဖတ်ဖို့ (၃) ” စာအုပ်မှ

#ကျွန်မဖတ်ဖို့(၃) #နိုင်းနိုင်းစနေ

image
2 yrs - Translate

“ တွယ်ငြိရာသာ ဆုံးရှုံးရာ ” တဲ့...

ဒီစကားကို ကြားမိတည်းက
အတွေးထဲမှာ အရာအားလုံးဟာ
ဝေးဝါးသွားခဲ့တယ် ။

ကိုယ် ပိုင်ဆိုင်နိုင်မယ့် အရာနည်းနည်းလေးဖြစ်ဖြစ်
ကြိုးစား ရှာကြည့်ခဲ့ပေမယ့်
အဆုံးမှာ ကိုယ့်ကိုယ်ကိုယ်တောင်
မပိုင်ဆိုင်နိုင်တဲ့ နေ့ရက်တွေပါပဲ ။

ဒါကြောင့်ပဲ အရာအားလုံးကို
လက်လွှတ်ခဲ့တယ် ။

ဘယ်အရာမှ ထာဝရ မပိုင်ဆိုင်ရမယ့် အရာတွေအတွက်
အမုန်းတရားတွေ သိပ်များကြတယ် ။
ငွေကြေးဥစ္စာအတွက်နဲ့
ချစ်ခြင်းမေတ္တာတွေကို လဲလှယ်ပစ်ကြတယ် ။

ဒီလိုနဲ့ပဲ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ဟာ
ကျဉ်းမြောင်းလာခဲ့တယ် ။
လူဝင်မဆံ့ဘူးလို့ ပြောကြတဲ့သူတွေရှိပေမယ့်လည်း
လူတစ်ယောက်ကို တွေ့တိုင်း
မျက်နှာဖုံး တစ်ခါလဲဖို့ရာ
ကိုယ့်မှာ မျက်နှာဖုံး အပိုတွေ မရှိခဲ့....

မချစ် မနှစ်သက်တဲ့သူရှေ့
ဟန်ဆောင်ပြုံးပြဖို့ရာလည်း ကိုယ့်မှာ
အချိန်တွေ ဟန်ဆောင်အပြုံးတွေ ရှိမနေခဲ့...

#ကဗျာ_poem

image
2 yrs - Translate

ဝေးရလောက်တဲ့ထိ
ငါ့တို့ကြားက ပြဿနာက မကြီးခဲ့ဘူး။

ဒါပေမယ့်
ငါတို့လမ်းခွဲရတဲ့ အခြေအနေထိ
ရောက်သွားခဲ့တယ်။

ကံကခွဲရင်
ဘာမှမဟုတ်တာလေနဲ့လည်း လွဲကြရတာပဲ။

2 yrs - Translate

"မင်းအတွက် နေ့ကောင်းတစ်နေ့ဆိုရင် ငါလည်းအဲ့ဒီမှာရှိနေမယ် မင်းအတွက်နေ့ဆိုးတစ်နေ့ဆိုရင် ငါလည်းအဲ့ဒီမှာရှိနေမယ်"
_လက်မောင်း_ 🐽

imageimage