Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
To the girl who's reading this:
I hope you find a man who'll love you for who you are. A man who will accept your flaws, and everything. A man who will stare at you like he won a lottery. A man who will never compare you to the other girls and a man who will be proud to have you.♥️
ငါရဲခန်းရောက်ချင်လား
လူတစ်ယောက်ကို မြတ်နိုးတန်ဖိုးထားပြီးချစ်ကြည့်လိုက်ပါ
တစ်နေ့ သူမင်းကိုထားသွားတဲ့အခါ
အဲဒီအချိန်တွေက မင်းအတွက် ငရဲခန်းလေးတစ်လိုပဲ
အရမ်းကိုခံစားရခက်လွန်းတယ် ဘယ်ကနေဘယ်လိုဖြစ်နေမှန်းမသိတော့တဲ့အထိပါပဲ
#1997b
ချစ်လဲချစ်နိုင်သလို ပစ်လဲပစ်နိုင်တဲ့ မိန်းမပါပဲ။
အဆုံးအစွန်ထိကောင်းပေးနိုင်သလို လေလိုတိမ်လိုလဲ ဥပက္ခာပြုနိုင်တယ်။ ခွင့်မလွတ်နိုင်ရင် လွှတ်ချရမှာပဲ။
ပြတ်သားနိုင်တဲ့စိတ်လဲရှိသလို ရပ်တန့်ဖို့သာ ဆန္ဒရှိရင်
ကိုယ်မင်းအပေါ် မမြင်ဖူးတဲ့လူတစ်ယောက်လိုလဲ
လွယ်လွယ်ကလေး စိတ်ကုန်သွားနိုင်ပါတယ်။
-တာမြူးငယ်
အရင်က သဘောကျခဲ့မိသူတွေ ရှိပေမယ့်
ခဏတာ သဘောကျမိရုံလေးပေါ့
သဘောကျတာထက် ပိုတဲ့ လူတစ်ယောက်ရှိတယ်
သူဘာလုပ်လုပ် ပြုံးနေမိတာမျိုး
သူဘာပြောပြော သဘောကျနေမိတာမျိုးပေါ့
ပိုင်ဆိုင်ရမယ်ဆိုလည်း ပိုင်ဆိုင်ချင်တယ်
မပိုင်ဆိုင်ရရင်လည်း ငေး နေချင်တယ်
အမြတ်နိုးဆုံး ပစ္စည်းတစ်ခုလို၊
အဆုံးရှုံးမခံနိုင်တဲ့ အရာတစ်ခုလို
အနားမှာ ထားချင်ခဲ့တယ်
အပြုံးလေးတွေ သဘောကျတယ်
လက်သွယ်သွယ်လေးတွေ သဘောကျတယ်
သူ့ဖြစ်တည်မှုအကုန် သဘောကျနေမိတယ်
အိပ်မက်ထဲလည်း သူရှိတယ်
အတွေးတွေထဲမှာလည်း သူရှိတယ်
ကိုယ့် ဖြစ်တည်မှု တစ်ပိုင်းတစ်စက
သူနဲ့ သက်ဆိုင်သလိုမျိုး
သူ့ရဲ့ ဖြစ်တည်မှုတိုင်းက ကိုယ့်ကို ပျော်ရွှင်စေတာမျိုးပေါ့
သူ့ကို မြင်ရင် အမြဲအေးချမ်းတယ်
နွေးထွေးတယ်လို့လည်း ခံစားမိတယ်
အဖြစ်ချင်ဆုံးပြောပါဆို
သူ့ရဲ့ အချစ်ဆုံးလေးဖြစ်ချင်တယ်
သူ့ဘဝရဲ့ အမြတ်နိုးဆုံးလေးဖြစ်ချင်တယ် 🤭
#han_phyo
ကမ္ဘာ့အကြီးမားဆုံး လိမ်ညာစကားပြောပွဲ
အင်္ဂလန်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့အကြီးမားဆုံး လိမ်ညာစကားပြောပွဲ ကျင်းပလေ့ရှိပါတယ်။ ပြိုင်ပွဲဝင်တိုင်းဟာ သူတို့ လိမ်ညာမယ့်ကိစ္စကို လူတွေ ယုံကြည်လာအောင် ပြောနိုင်ဖို့ ၅ မိနစ်စီ အချိန်ရပါတယ်။ ဒါပေမဲ့ အဲဒီပြိုင်ပွဲမှာ နိုင်ငံရေးသမားတွေနဲ့ ရှေ့နေတွေကိုတော့ ပါဝင်ယှဉ်ပြိုင်ခွင့် မပေးပါဘူး။
သူတို့ဒေသမှာ စိုက်တဲ့ မုန်လာဥ ဘယ်လောက်ကြီးသလဲဆိုရင် သိုးတစ်ကောင် ဝင်နေလို့ရတဲ့အထိ ကြီးကြောင်း လူတွေယုံလာအောင် လိမ်ပြောခဲ့ဖူးတဲ့ ဘားဆိုင်ပိုင်ရှင် ဝီလ်ရစ်ဆင်ကို အစွဲပြုပြီး ဒီပြိုင်ပွဲကို နှစ်စဉ်ကျင်းပတာလို့ ဆိုပါတယ်။