2 yrs - Translate

မနေ့ညက တင် ပူပူနွေးနွေး ဆုရထားခဲ့တယ် အာတီတာကိုတော့ ဆင်ပျံကြီး အာဆင်နယ်က တော့ စာချုပ်သစ်ကမ်းလှမ်းတော့မှာပဲဖြစ်ပါတယ်။ အဆိုပါ စာချုပ်သစ်ကိုလည်း အာတီတာ က လက်ခံသွားဖို့ လည်းရှိပါတယ်။ အာတီတာကတော့ ဆင်ပျံကြီး မှာပဲ ပျော်နေပြီး အလုပ်တွေ လုပ်အုန်းမယ်လို့လည်းဆိုထားပါတယ်။

image
2 yrs - Translate

လက်ရှိဖက်ရှင်နဲ့ ပတ်သက်ပြီး ဘာတွေခေတ်စားနေလဲဆိုတာ အမြဲလေ့လာနေသူတစ်ယောက်ဆိုရင် Corduroy နဲ့ပတ်သက်တဲ့ အဝတ်အစားတွေ တကျော့ပြန်ခေတ်စားလာတာ သတိပြုမိပါလိမ့်မယ်။ ဘောင်းဘီဆိုရင်လည်း ၁၉၈၀ပြည့်နှစ်က Chino Corduroy ဘောင်းဘီစတိုင်တွေ၊ Pleated ပုံစံတွေသာမက Straight Length ကိုမှ Loose အပွပုံစံတွေ ပြန်ဝတ်လာကြပါတယ်။💕

image
2 yrs - Translate

အငန်ကြိုက်တယ်ဆိုပေမဲ့ အငန်ကလဲ မဖြစ်မနေလျှော့ စားရမယ် ဆိုတဲ့သူတွေအတွက် ထုတ်ပေးထားတဲ့ စမတ်ဇွန်းပါ

အငန့်လျှော့စားမှဖြစ်မဲ့သူတွေအတွက်ကို ထုတ်ပေးထားတာမလို့ ဟင်းတွေကို အငန့်လျှော့ချက်တာ ၊ low-sodium food တွေ စားမယ်ဆိုကာမှ ဂျပန် Company ဖြစ်တဲ့ Kirin ကထုတ် ဇွန်းနဲ့ စားမယ်ဆိုရင် အငန်ဓာတ်ကိုပိုရမဲ့သဘောပါပဲ

သူတို့ပြောပုံကတော့ ဇွန်းက လျှာပေါ်ရောက်တဲ့အခါမှာ sodium iron molecules တွေကို သေးငယ်တဲ့လျှပ်စစ် Current တွေ ဖြတ်သွားတဲ့အခါရလာမဲ့ အငန်ဓာတ်လို့ပြောထားပါတယ်

စျေးကတော့ $120 လောက်ကျပြီးတော့ သတ်မှတ်ခက်ေတွေအရတော့ pacemaker တပ်ဆင်ထားရတဲ့သူတွေ ၊ metal allergic ရှိတဲ့သူတွေ အပြင် ကိုယ်ဝန်ဆောင်တွေနဲ့ dental treatment ယူထားတဲ့သူတွေအပြင် အခြားကျန်းမာရေးပြသနာ ရှိတဲ့သူတွေအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ သုံးစွဲသင့်ကြောင်းပြောပါတယ်

image

cutie babe ❤

2 yrs - Translate

▪️Check Jacket

အကွက်ကြိုက်တဲ့သူတွေအတွက် နှစ်စဥ်နှစ်တိုင်း အကွက်ဒီဇိုင်း pattern အသစ်လေးတွေအမြဲ ထွက်နေတာပါ။✨ Gingham၊ graphic၊ houndstooth ဒါမှမဟုတ် plaid ဘယ်အရာမဆို အကွက်နဲ့ပတ်သက်တာလေး ဝတ်ထားရင်ကို လူကကြည့်ရတာ fresh ဖြစ်တယ်လို့ ခံစားရပါလိမ့်မယ်။ ဆိုတော့ အိတ်ကပ်ကြီး overshirt jacket မျိုးလား၊ cropped jacket မျိုးလေးတွေလား၊ oversized ဒီဇိုင်းလား ကြိုက်ရာရွေးရုံပါပဲနော်။🔥

image

milo creamy

2 yrs - Translate

ဆုဖလား‌များစွာနဲ့ မွေးနေ့ရှင်

ဒီနေ့က မန်စီးတီးကြယ်ပွင့်လေး ဖီးလ်ဖိုဒန်ရဲ့ ၂၄နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။

ဒီအရွယ်မှာပဲ ဖိုဒန်ဟာ ကလပ်အသင်းနဲ့အတူ ရနိုင်သမျှ ဆုဖလားအားလုံးကို ပိုင်ဆိုင်ထားခဲ့ပါပြီ။

အသင်းနဲ့အတူ European Treble Winner ၊ ပရီးမီးယားလိဂ် ၆ထပ်ကွမ်းဆုရှင်အပြင် တစ်ကိုယ်တော်အနေနဲ့လည်း ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု၊ အကောင်းဆုံး ကစားသမားဆုတွေကို သိမ်းပိုက်ထားခဲ့ပါပြီ။

ရေခံမြေခံကောင်းတဲ့အပြင် သူကိုယ်တိုင်ကလည်း Generation of Talent လို့ ဆိုနိုင်တဲ့အထိ ပါရမီပြည့်၀သူမို့ ဒီလိုအောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့တာ မဟုတ်လား..

တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုတွေကို ပြသထားတဲ့ အင်္ဂလန်သားလေးဟာ သူရဲ့ခြေစွမ်းကို ဆက်ထိန်းသိမ်းထားနိုင်ခဲ့ရင် မကြာခင်မှာတော့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကိုပါ စိန်ခေါ်နိုင်တော့မှာပါ။

Happy birthday to you ပါ ဖီးလ်ဖိုဒန်ရေ

image
2 yrs - Translate

“Control iPad With Your Eyes” တဲ့ Apple ကတော့ Next Level ရောက်နေပြီလားတောင်ထင်ရတယ်

iOS18 ရဲ့ Accessibility Feature တွေထဲက တစ်ခုပါ မျက်လုံးရဲ့ လှုပ်ရှားမှုတွေကို အခြေခံပြီး iPhone , iPad တွေကိုသုံးလို့ရမဲ့စနစ်ပေါ့

Apple ဘက်က တင်ထားတဲ့ Video ကိုကြည့်တာတော့ အတော်ကို အဆင်ပြေတဲ့ပုံပဲ Eye Tracking စနစ်ဆိုတာ Vision Pro ရဲ့ အဓိက Control လို့တောင်ပြောရမှာပါ ဒီလိုစနစ်က တခြား Device တွေပေါ်ရောက်လာတယ်လို့ပြောရတော့မလား

Sensor သိပ်များများစားစားမပါတဲ့ iPhone, iPad တွေမှာတော့ Camera ကနေ တဆင့် အလုပ်လုပ်တဲ့ပုံပါပဲ

အသေးစိတ်ကိုတော့ လာမည့် June မှာ ကျင်းပမဲ့ WWDC ပွဲကိုစောင့်ကြည့်မှပဲ သိရမှာပါ

image

pancake

2 yrs - Translate

မစင်နဲ့ အမှိုက်တွေထည့်ထားတဲ့ မြောက်ကိုရီးယားမိုးပျံပူဖောင်း အနည်းဆုံး ၂၆၀ လုံး တောင်ကိုရီးယားဘက်သို့ ကျရောက်

စက္ကူစုတ်တွေ၊ မစင်တွေ၊ အမှိုက်သရိုက်တွေ ထည့်ပြီး မြောက်ကိုရီးယားဘက်ကနေ လွှတ်တင်လိုက်တဲ့ မိုးပျံပူဖောင်းတွေ တောင်ကိုရီးယားဘက်ကို ကျလာခဲ့လို့ ပြည်သူတွေအနေနဲ့ မိုးပျံပူဖောင်းတွေကို ထိကိုင်ခြင်း မလုပ်ကြဘဲ အိမ်ထဲမှာပဲ နေကြဖို့ တောင်ကိုရီးယားအာဏာပိုင်တွေက သတိပေးထားပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ပြည်နယ် ၉ ခုအနက် ပြည်နယ် ၈ ခုမှာ အဖြူရောင် မိုးပျံပူဖောင်း အလုံးရေ အနည်းဆုံး ၂၈၀ အထိ တွေ့ရှိခဲ့တာပါ။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ဟာ ကိုရီးယားစစ်ပွဲနောက်ပိုင်း ဝါဒဖြန့်ဖို့အတွက် မိုးပျံပူဖောင်းတွေကို အသုံးပြုခဲ့ကြပြီး အခု ကျလာတဲ့ မိုးပျံပူဖောင်းတွေထဲမှာ ဝါဒဖြန့်တဲ့ စာရွက်တွေ ပါဝင်လာခြင်း ရှိ၊ မရှိကို တောင်ကိုရီးယားစစ်ဘက်ဆိုင်ရာ အရာရှိတွေက စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

image