2 yrs - Translate
ပျင်းသောသူအား အတတ်ပညာ အဘယ်မှာတတ်အံ့နည်း။ အတတ်ပညာ မ ရှိသောသူအား ဥစ္စာ အဘယ်မှာ ရအံ့နည်း။ ဥစ္စာမရှိသောသူအား အဆွေခင်ပွန်း အဘယ်မှာရအံ့နည်း။ အဆွေခင် ပွန်းမရှိသော သူအား ချမ်းသာ အဘယ်မှာရအံ့ နည်း။ ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ် မှာ ရအံ့နည်း။ ကောင်းမှုမရှိ သောသူအား နိဗ္ဗာန်အဘယ်မှာ ရအံ့နည်း။

ရှင်းချက်။ ။ ဤအပိုဒ်သည် ပျင်းရိခြင်း၏ မကောင်းသောအကျိုးဆက်များကို ဖော်ပြထား သည်။ ပျင်းလျှင် အတက်ပညာမရ၊ အတက်ပညာမရလျှင် ဥစ္စာမရ၊ ဥစ္စာမရ လျှင် မိတ်ဆွေမရ၊ မိတ်ဆွေမရလျှင် ချမ်းသာခြင်းမရ၊ ချမ်းသာခြင်းမရလျှင် ကုသိုလ် မရ၊ ကုသိုလ်မရလျှင် နိဗ္ဗာန်ရောက်မည် မဟုတ်ဟူ၍ မကောင်းကျိုးအဆက်များကို ဖော်ပြထားသည်။ အပျင်းမရှိဖို့ အဓိက ဖြစ်သည်။

How will the lazy person acquire knowledge? How will the person without knowledge get wealth? How will the person without wealth get friends? How will the person without
friends obtain happiness? How will the person without happiness gain merit? How will the person without merit attain Nibbbana?

Explanation: This stanza shows the series of bad effects of laziness. A lazy person will not get knowledge, then wealth. then friends, then happiness, then merit, and then such a person will not attaion Nibbana. It is important not to be lazy.

#လောကနီတိ
#lawkaniti
#zawthethmue
2 yrs - Translate

Stickers!!! More to come.

image
2 yrs - Translate

Stickers!!! More to come.

image
Sleeping 8th Cat added new photos to Sticker-Space
2 yrs - Translate

Stickers!!! More to come.

image
image
+6
Sleeping 8th Cat changed her profile cover
2 yrs

image
Sleeping 8th Cat changed her profile picture
2 yrs

image

image
ZawThetHmue changed his profile picture
2 yrs

image
2 yrs - Translate

ဆရာမကလဲ ဟုတ်သားပဲ🤣🤣

image
2 yrs - Translate

🔆 မြတ်ဗုဒ္ဓ၏ အနမတဂ္ဂဒေသနာ

သံသရာဆိုတာ ကြာလှပြီ။

ဒီလောက်ကြာတဲ့ သံသရာကြီး...
တို့ငြီးငွေ့ထိုက်ပြီ လို့ မြတ်စွာဘုရားက ဟောတယ်။

မင်းတို့မှာ သံသရာကြီးကိုပြန်ကြည့်လိုက်…
ဒီ့ပြင်ဟာတွေ မကြည့်နဲ့ … ခေါင်းအဖြတ်ခံရလို့  သေခဲ့ရတဲ့ဘဝတွေကိုပဲ ကြည့်။

▪️ဇက်ပြတ်လို့ ခန္ဓာကိုယ်ကထွက်လာတဲ့ သွေးတွေဟာပင်လယ်သမုဒ္ဒရာထဲကရေတွေထက် များသေးတယ် တဲ့။
▪️တစ်ဘဝတင် မဟုတ်ဘူး၊ ဇက်ပြတ် ပြီးတော့ သေခဲ့ရလို့ထွက်ခဲ့ရတဲ့သွေးတွေဟာ ပင်လယ်သမုဒ္ဒရာထဲကရေထက်များတယ် ဆိုတာကို မင်းတို့တွေးကြည့်၊ ဆင်ခြင်ကြည့် တဲ့။

အဝိဇ္ဇာ၊ တဏှာ နှောင်ကြိုးတွေနဲ့ ချည်နှောင်ထားခြင်းခံနေရတဲ့သတ္တဝါတွေဟာ သံသရာထဲ လွတ်လပ်စွာ ကျင်လည်နေရတာ မဟုတ်ကြဘူး။

အဝိဇ္ဇာ လက်ချက်က မသိဘဲ သွားနေရတယ်။ တဏှာဆိုတဲ့ တွယ်တာမှုကြီးက တုတ်ချည်ထားသေးတယ်။

မြတ်စွာဘုရား က ဥပမာလေးပေးတယ်။

ဇဗ္ဗူဒိပ်ကျွန်းမှာဖြစ်တဲ့ သစ်ခက် သစ်ရွက်တွေကို
လက်လေးသစ်စီ ချထားတဲ့…

ဒါက အမေ...အမေ့ရဲ့အမေ
ဒါက အမေ့..အမေရဲ့ အမေ ...ဆိုပြီး ရေတွက်သွားတဲ့။

သစ်ရွက်တွေ၊ မြက်တွေသာ ကုန်သွားမယ်။
အမေတွေက မကုန်သေးဘူးတဲ့။

သံသရာရှည်တာကို ပြောလိုခြင်းပဲ ဖြစ်တယ် ပေါ့။

ချစ်သားရဟန်းတို့ သံသရာထဲ ကျင်လည်ခဲ့ရာ၌
ဒုက္ခတွေမျိုးစုံ ကြုံတွေ့ ခံစားခဲ့ရတာ ကြာလှပြီတဲ့။

မြတ်စွာဘုရား က တွယ်တာတပ်မက်မှုတွေမှ ကင်းလွတ်ဖို့ ကြိုးစား သင့်ပြီတဲ့။

ဘဝ သင်္ခါရ ဒုက္ခ ကို ငြီးငွေ့သင့်ပြီ။

ပုထုဇဉ်တွေက ငြီးငွေ့ဖို့ မဟုတ်ဘဲ အသစ်သစ် ရှာနေကြတယ်။

ဒီသင်္ခါရတရားတွေကို ငြီးငွေ့ဖို့ သင့်ပြီ တဲ့။

တရားချစ်ခင်သူတော်စင်အပေါင်းတို့…..

မြတ်ဗုဒ္ဓ တရားတော်တွေကို နာယူမှတ်သားရပြီး တို့တတွေ ရခဲ့တဲ့ အရာတွေဟာ သံသရာထဲ ခံစား စံစားပြီးပြီ။

▪️တော်လောက်ပြီ...ရှေ့ဆက်မကြိုးစားတော့နဲ့လို့
▪️ကိုယ့်ကိုယ်ကိုယ် ဒီဒုက္ခတွေမှ ငါတို့လွတ်မြောက်အောင် ကြိုးစားမှ ဖြစ်တော့မယ်လို့

ကိုယ်စီကိုယ်စီ သတိထားပြီး
ကြိုးစား အားထုတ်နိုင်ကြပါစေကုန်သတည်း...

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
🙏🙏🙏

image