Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဆောက်သမ်တန် ပြန်လာပြီ
Championship playoff final မှာတော့ ဆောက်သမ်တန်ဟာ လိဒ်စ်ယူနိုက်တက်ကို ၁ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီး ပရီးမီးယားလိဂ်ဆီ တက်လှမ်းလာခဲ့ပါပြီ။
ဆောက်သမ်တန်အတွက် တစ်လုံးတည်းသော အဖိုးတန် အနိုင်ဂိုးကိုတော့ တိုက်စစ်မှူး အမ်းစတောင်းက ပွဲချိန်၂၄မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ လက်ကျန်ပွဲချိန်မိနစ်တွေမှာ ဘယ်ဘက်ကမှ ဂိုးထပ်မသွင်းနိုင်ခဲ့တာကြောင့် အမ်းစတောင်းရဲ့ဂိုးနဲ့ ဆောက်သမ်တန် အနိုင်ရဖို့ လုံလောက်ခဲ့ပါတယ်။
ချန်ပီယံရှစ် ဘောလုံးရာသီကုန်ဆုံးချိန်မှာ လိဒ်စ်က အဆင့်၃နေရာ၊ ဆောက်သမ်တန်က အဆင့်၄နေရာနဲ့ ပြီးဆုံးခဲ့ပြီး Playoffs Semi Final မှာ သူတို့၂သင်းဟာ နော၀စ်ခ်ျ၊ ၀က်စ်ဘရွန်းတို့ကို ကျော်လွှားပြီး ဖိုင်နယ်ဆီ တက်လှမ်းလာခဲ့တာပါ။
ကမ္ဘာ့ဆုကြေးငွေအများဆုံး ဗိုလ်လုပွဲမှာ အနိုင်ရခဲ့တဲ့ ဆောက်သမ်တန်ကတော့ တန်းဆင်းရပြီးနောက် တစ်ရာသီအကြာမှာပဲ ပရီးမီးယားလိဂ်ဆီ တဖန်တန်းပြန်တက်နိုင်ခဲ့ပါပြီ။ ဒါဟာ အသင်းရဲ့သမိုင်းမှာ ပထမဆုံးပါပဲ။
ဒါ့ကြောင့် လာမယ့်ရာသီပရီးမီးယားလိဂ်မှာ လက်စတာ၊ အစ်စ်၀စ်ခ်ျတောင်းနဲ့ ဆောက်သမ်တန်ဆိုတဲ့ တန်းတက်၃သင်းကို မြင်တွေ့ရပါတော့မယ်။
နည်းပြအုပ်ချုပ်အဖွဲ့ ပိုအရေးပါလာတဲ့ ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပွဲ 💥
=========================================
💥 မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကစားနေဆဲဖြစ်တဲ့ ၂၀၂၄ ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကြီးအကြောင်း လေ့လာမိသလောက် ပြောကြရအောင်ပါ။ ဒီပွဲမှာ ပြောင်းလဲမှုတွေ တော်တော်ရှိခဲ့တာက ပထမဆုံး ပြောရမယ့် အချက်ပါ။ စနစ်သစ်ပြောင်းရာမှာ အရင်က ၂၁ မှတ်စနစ်ကို ၁၅ မှတ် စနစ်ပြန်ပြောင်းလိုက်တာရယ်၊ ဆားဗစ် ထိုးတဲ့အခါ အရင် တစ်သင်း ၃ လုံးစီထိုးရတာကို အခု တစ်မှတ်ပြောင်းတိုင်း တစ်သင်းက ပြောင်းထိုးပေးရတာ ရယ်က ထူးခြားတဲ့ စနစ်သစ်အပြောင်းအလဲပေါ့။
💥 မလေးရှား ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဌနဲ့ အတွင်းရေးမှူးတွေကတော့ သူတို့ ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲမှာ ဒီလို စည်းမျဉ်းပြောင်းရတာက ပြိုင်ဆိုင်မှု ပိုပြင်းထန်အောင်၊ ပရိသတ် ပိုတက်ကြွအောင်နဲ့ နောက်ဆုံးရည်မှန်းချက် ကတော့ ကြက်တောင်အားကစားလို အိုလံပစ်အားကစားနည်းအဖြစ် ကမ္ဘာက သတ်မှတ်ပေးလာစေဖို့ ရည်ရွယ် ကြောင်း ပြောသွားတယ်။ ကမ္ဘာ့ နိုင်ငံပေါင်း ၂၁ နိုင်ငံပါဝင်ခဲ့ပြီး မြန်မာက အစဉ်အလာရှိတဲ့ အဆင့်မြင့်တန်း ၁၂ သင်းထဲ ပါတယ်။ အခုမှ စသင်ပြီးလာခတ်တဲ့ ဥရောပအပါ နိုင်ငံတွေက ၉ သင်းကိုတော့ ပထမတန်းမှာ ပြိုင်စေ တယ်။ ဆားဗစ် ရိုးရိုးထိုးတွေပါ အများကြီးမြင်ရပေမယ့် ကမ္ဘာ့က စိတ်ဝင်စားဖို့ လုပ်တဲ့အတွက် လက်ခံကြိုဆို ပေးရမှာပါ။
💥 ဒီပွဲမှာ ထပ်ထူးခြားတာက VAR စနစ်နဲ့ ပြန်လည်ဆုံးဖြတ်တာပဲ။ ဒီအတိုင်းဆို အလကား VAR မကြည့်ဘဲ ဒိုင် စကားနဲ့ပဲ ဆက်သွားတယ်။ ဒါကို အသင်းနည်းပြ အုပ်ချုပ်အဖွဲ့က ဘဝင်မကျလို့ Challenge ခေါ်တဲ့ ဆိုင်းဘုတ် ထောင်ပြီး Objection ဝင်ရတာတွေ့တယ်။ ဘယ်လို Objection တွေလဲဆိုတော့ ဆာဗစ် ထိုးတာ အမှားအယွင်း Faul ရှိလား၊ အောက်တည်ခြေ ကြွလား၊ စည်းဝိုင်းထဲက ထွက်သွားလားဆိုတာမျိုးအတွက်ဆို ဆားဗစ် Challenge ဆိုင်းဘုတ်နဲ့ ကန့်ကွက်ရတယ်။ ကွင်းအတွင်း ဝင်မဝင် အငြင်းပွားစရာအနေအထားဆို In လား Out လား ကန့် ကွက်ရတယ်။ Block ကာတဲ့အခါ ပိုက်ပေါ် ကျော်သွားလား၊ ပိုက်ထိသွားလားဆိုတာကိုလည်း ကန့်ကွက်ဆိုင်း ဘုတ်ကိုင်ပြီး ပြန်လည်ဆုံးဖြတ်ဖို့ တင်ပြခွင့်ရတယ်။ တစ်ပွဲကို အကြိမ်အရေအတွက် ကန့်သတ်ချက်တော့ ရှိမယ် ထင်ပါတယ်။ ဒီအကြောင်းတော့ သေချာမသိသေးပါဘူး။
💥 ကဲ . . . . ဒီတော့ စနစ်သစ်ဟာဘယ်လို အကျိုးသက်ရောက်ပြောင်းလဲစေသလဲ ကြည့်ရအောင်။ မေ ၂၃ ညက အသင်းကြီးအလိုက် ၃ ယောက်တွဲ ပထမဆုံးပွဲအဖြစ် မြန်မာနဲ့ ဖိလစ်ပိုင် ကစားခဲ့တယ်။ ပထမပွဲကတော့ အားဒစ် တို့အသင်း အမှတ်ပြတ်နိုင်ပါတယ်။ ဒုတိယပွဲမှာ ၂ ပွဲ ၁ ပွဲနဲ့နိုင်ပေမယ့် ရှုံးခဲ့တဲ့ ပွဲငယ်မှာ ပြောစရာတွေ အများကြီးရှိလာတယ်။ ကိုယ်တွေ နောက်ထိန်း ဆားဗစ်ထိုးတာက ပါဝါအကောင်းဆုံးနဲ့ တစ်ဖက်အသင်းကို ဖြုန်နေလောက်အောင်ကို ထိုးနိုင်တာ။ ဒီကြားထဲကမှ ရှုံးတာကို သွားကြည့်တော့ ဖိလစ်ပိုင် နည်းပြအုပ်ချုပ်အဖွဲ့ Objection လုပ်ရက ရတဲ့ အမှတ်ဟာ ၅ မှတ်အထိ ရှိခဲ့တာ သတိပြုမိခဲ့တယ်။ နောက်ထိန်း ပါဝါအပြင်းထိုးပြီး Fault တွေဖြစ်၊ Block ကာရာမှာ ပိုက်ကျော် ဒါတွေနဲ့ပဲ ပေးလိုက်ရတာ ၅ မှတ်။ ကိုယ့်ဘက်က ဆားဗစ်သေတာတွေလည်း များခဲ့တယ်။ ၁၅ မှတ် စနစ်၊ တစ်လှည့်စီ ဆားဗစ်ပြောင်းထိုးရတဲ့စနစ်မှာ ဒီလို ၅ မှတ်လောက် ပေးရပြီဆို ဘယ်တော့မှ နိုင်စရာမရှိတော့ဘူး။ ပွဲ သုံးသပ်တဲ့ သူက မလေးလိုတစ်ခါ၊ အင်္ဂလိပ်လို တစ်မျိုး တင်ဆက်ရာမှာ ဖိလစ်ပိုင် နည်းပြအုပ်ချုပ်အဖွဲ့ စီမံခန့်ခွဲမှု၊ အသုံးချ တတ်မှု သိပ်ကောင်းခဲ့လို့ နိုင်တာဆိုပြီး ချီးကျူးသွားတယ်။
💥 နောက်ဆုံးပွဲငယ် (၃)ကတော့ ကိုယ့် မြန်မာနည်းပြနဲ့အုပ်ချုပ်သူ အောင်ချိုမြင့်နဲ့ အောင်မျိုးစံမြင့်တို့အဖွဲ့ Challenge ခေါ် မှုတွေ နည်းနည်း အလုပ်ဖြစ်တယ်။ ကစားသမားတွေရဲ့ စည်းမျဉ်းစည်းကမ်းလိုက်နာမှုကြောင့် ဖိလစ်ပိုင်ဘက်က Challenge တွေလည်း မအောင်ခဲ့တော့ ၂-၁ နဲ့ မြန်မာ နိုင်သွားတယ်။ ဒီစနစ်က နောက်လာမယ့်ပြိုင်ပွဲတွေမှာ ဆက်ရှိမလား၊ မရှိဘူးလားတော့ မပြောတတ်ဘူး။ ထိုင်းက အိမ်ရှင်လုပ်မယ့်ပွဲဆို သူတို့ချမှတ်ထားတဲ့ ၂၁ မှတ် စည်းမျဉ်းနဲ့ ဆားဗစ် ၃ လုံးတစ်လှည့်စီ ထိုးတဲ့ စနစ်ပြန်သုံးနိုင်တယ်။ မလေးက အိမ်ရှင်ပီပီ ဒီပြိုင်ပွဲမှာ အဆင့်မြင့် တန်း (Premier) မှာ နှစ်ယောက်တွဲရော Regu မှာပါ အချောင်ဆုံး အုပ်စုယူပြီး ဆီမီးနဲ့ ဖိုင်နယ်မှာ မြန်မာနဲ့ ထိုင်း ကို သူတို့စည်းစနစ်အတိုင်း အမှားနည်းစွာနဲ့ တည်တည်ငြိမ်ငြိမ်ကစားပြီး ချန်ပီယံ နှစ်ဆု စလုံး ယူသွားခဲ့ပါပြီ။
💥 နောက်ဆုံး လက်ကျန် အသင်းလိုက် ၃ ယောက်တွဲပြိုင်ပွဲကြီးကတော့ ဆက်လက် ကစားနေဦးမှာဖြစ်လို့ ကိုယ့် ကစားသမားတွေ ပါစားကစားနေကြနဲ့ ပိုက်ကျော်သွားတာတွေ၊ ဆားဗစ် ခြေကြွ၊ စည်းပြင်ထွက်တာတွေမဖြစ်ဖို့ ပိုသတိထားသင့်ပါပြီ။ ဒီစနစ်မှာ အရေးအကြီးဆုံးကတော့ နည်းပြနဲ့ အုပ်ချုပ်အဖွဲ့ဟာ ကိုယ့်ခြေနဲ့ကိုယ် ဝင်ခတ် ခွင့်မရပေမယ့် တစ်ပွဲတစ်ပွဲကို Challenge လုပ်တာ ကောင်းရင် ၄၊ ၅ မှတ် ဝင်ယူပေးလို့ရတယ်ဆိုတဲ့အကြောင်း ဖိလစ်ပိုင်က နမူနာပြသွားပြီဖြစ်လို့ သူတို့ရဲ့ အခန်းကဏ္ဍဟာ သိပ်အရေးပါတဲ့အကြောင်း သိမီသလောက် တင်ပြ လိုက်ရပါတယ်။
💥 ဒီစာရေးနေတုန်းပဲ ကြည့်လိုက်ရတဲ့ Team Regu ပွဲမှာတော့ ပိုက်ကျော်ခြင်းကစားတာ ဆယ်စုနှစ် တစ်ခုလောက်ပဲရှိသေးတဲ့ အိုပါးတို့က ၂-၁ နဲ့မြန်မာကို နိုင်သွားပြန်ပါပြီ။ အိုပါးတေွရဲ့ လက်ပစ် နေရှင်နယ် ဆားဗစ်ကောင်းတာကို ကိုယ်တွေဆီက ဒီစနစ်နဲ့ ဖမ်းတဲ့အလေ့အကျင့်တွေ နည်းသွားခြင်းနောက်ဆက်တွဲအဖြစ် ရှုံးပွဲကို ဖြစ်စေတာပါပဲ။ အုပ်စု ဒုတိယနဲ့တော့ နောက်တစ်ဆင့်တက်ပါရဲ့။ ဒါပေမဲ့ကိုယ်တွေဆီက နေရှင်နယ်ဆားဗစ်တွေကလည်း အသေများနေတာကြည့်ရင် နေရှင်နယ် မှာ မြန်မာ့ခြင်းလုံး ဘက်ဂီယာ ထိုးလာတာ တွေ့နိုင်မယ် ထင်ပါရဲ့။ ဒီလို နေရှင်နယ်ပွဲတွေ နိုင်ငံတကာအဆင့် ပြန်ကစားချိန်ရောက်ရင် တစ်ချိန် ဝန်ကြီးဌာန ပိုက်ကျော်ခြင်းပွဲတွေကို ပြန်လွမ်းမောမိပါတယ်။ ကြေးစား ပိုက်ကျော်ခြင်းသိုင်းလောကလည်း ခု တဖြည်းဖြည်း ထိုင်းထဲရောက်ကုန်ကြချိန် ၅ ပေ ၂ လက်မ ပိုက်နဲ့ နေရှင်နယ်ပွဲတွေ၊ လက်ပစ်ဆာဗင်ကို ကွင်းလယ်စည်းက ရိုက်တဲ့ ပွဲတွေ နည်းပါးလာခြင်းက ဒီလိုအားနည်းချက် တွေကို ဖြစ်တည်လာစေခဲ့စေတယ်လို့ပဲ ထင်မြင်မိပါကြောင်း။
နှင်းမိုးခ - Football Tips
“ငါတို့အားလုံး ဘယ်သူမှ အလုပ်မရှိတော့တာမျိူး ဖြစ်လာနိုင်တယ်”
“လူသားအားလုံးရဲ့ အလုပ်တွေကို AI က အစားထိုးသွားလိမ့်မယ်”
ဒီစကားတွေက ပဲရစ်မြို့မှာကျင်းပသွားတဲ့ VivaTech 2024 မှာ အီလွန်မက်ခ်ကိုယ်တိုင်ပြောကြားခဲ့တဲ့ စကားတွေပါ။
အီလွန်က “မင်းအလုပ်လုပ်ရတာ ဝါသနာပါရင် လုပ်လို့ရတယ်။ ဒါပေမဲ့ အခြားတစ်ဖက်မှာ AI နဲ့ စက်ရုပ်တွေက မင်းလိုချင်တဲ့ ဝန်ဆောင်မှုနဲ့ ကုန်ပစ္စည်းမှန်သမျှကို ပေးလိမ့်မယ်” လို့ ပြောပါတယ်။
ဆိုလိုတာက အနာဂတ်မှာ အလုပ်အကိုင်ဆိုတာ မဖြစ်မနေလုပ်ရမဲ့အစား မလုပ်ချင်လည်း ရတယ်ဆိုတဲ့ သဘောမျိူးပါပဲ။ ဒီလိုဖြစ်လာဖို့အတွက် တစ်ဖက်မှာလည်း Universal High Income ရှိလာဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ဒီနေရာမှာ အီလွန်ပြောတဲ့ Universal High Income ဆိုတာ Universal Basic Income ထက် ပိုများတဲ့ ပမာဏကို ဆိုလိုချင်တာလို့ ကျွန်တော်ယူဆပါတယ်။ Universal Basic Income (UBI) ဆိုတာကတော့ နိုင်ငံတော်ကနေ ပြည်သူတွေအားလုံးကို နေရေး၊ ထိုင်ရေး၊ စားသောက်ရေးတို့လိုမျိူး အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့အတွက် ပေးဆောင်တဲ့ ငွေပမာဏကို ပြောတာပါ။
အီလွန်ပြောတဲ့အတိုင်းသာဆိုရင် အနာဂတ်မှာ ကျွန်တော်တို့တွေဟာ “အလုပ်မလုပ်ဘဲ ထိုင်စားနေရုံပါပဲ” 🙃
Ref: CNN
Elon Musk’s xAI raises $8 billion in bid to challenge OpenAI
-----------------------------------------------------------------
MAY 27, 2024
HONG KONG - Mr Elon Musk’s artificial intelligence (AI) start-up, xAI has raised US$6 billion (S$8.1 billion) to accelerate its challenge to his former allies at OpenAI.
The Series B round, announced in a blog post on May 26, comes less than a year after xAI’s debut and marks one of the bigger investments in the nascent field of developing AI tools.
Mr Musk had been an early supporter of AI, backing OpenAI before it introduced ChatGPT in late 2022.
He later withdrew his support from the venture and has advocated caution because of the technology’s potential dangers. He was among a large group of industry leaders urging a pause to AI development in 2023.
Mr. Musk launched a rival to OpenAI’s ChatGPT in November, called Grok, which was trained on and integrated into X.com, the social network formerly known as Twitter. That has so far been the most visible product of xAI’s work, which is led by executives with prior experience at Alphabet’s DeepMind, Microsoft, and Tesla.
The company intends to use the funds to bring its first products to market, build advanced infrastructure, and accelerate the development of future technologies, it said in the blog.
Marquee venture capital names, including Sequoia Capital and Andreessen Horowitz, backed the fund raising, which is one of the largest so far in the industry.
Microsoft has invested about US$13 billion in OpenAI, while Amazon.com put about US$4 billion into Anthropic.
BLOOMBERG