2 yrs - Translate

FA ဖလား ဖိုင်နယ်ပွဲ - မန်ယူ (၂-၁) စီးတီး ..(GGMU)
.....................
ဒီပွဲ ပြီးရင် တန်ဟတ်ကို ထုတ်မယ် ဆိုလို့လား မသိဘူး၊ ယူနိုက်တက်က တစ်သင်းလုံး မခိုမကပ်ပဲ အင်အားပြည့် ကစားသွားခဲ့တယ်။ ဒဏ်ရာရ လူစာရင်းကလည်း နည်းသွားလို့ တန်ဟတ် အနေနဲ့ လူစာရင်းကို အတော်လေး အဆင်ပြေအောင် ထုတ်နိုင်ခဲ့တာပါ။
ပွဲကို ကြည့်ရင်း မော်ရင်ဟိုရဲ့ အင်တာနဲ့ ပက်ပ်ရဲ့ ဘာစီလိုနာ ပွဲကိုတောင် သတိရစရာပါပဲ။ မန်ယူက လုပ်သင့်တာ လုပ်သွားတယ်၊ကွင်းလယ်ချင်း ယှဥ်မဆော့ပဲ စီးတီးကို စိတ်ကြိုက် ဘောလုံး ပေးကိုင်ပြီး လျင်မြန် တိကျတဲ့ counter တွေနဲ့ ဒုက္ခ ပေးသွားခဲ့တာပါ။ စီးတီးက ဘောလုံးပိုင်ဆိုင်မှု ၇၀% ရှိပြီး မန်ယူက ပွဲနိုင်တယ်။
ခြေစွမ်းက စီးတီးသာပြီး နည်းဗျူဟာပိုင်းကတော့ မန်ယူ သာတဲ့ ပွဲလို့ပဲ ဆိုရမယ်။
ဘရူနိုရဲ့ မိုင်နူးရဲ့ သွင်းဂိုးအပေါ် ဖန်တီးမှုကတော့ ဘောလုံးအမြင်က မက်ဆီ ဝင်စားသလား ထင်ရလောက်အောင် ကောင်းလွန်းလှတယ်၊ လက်ဖျားခါလောက်တဲ့ ဖန်တီးမှုပါပဲ။
ဟာလန်းကတော့ ဖိုင်နယ်ပွဲတွေ၊ ပွဲကြပ်တွေ ၊ အသင်းအတွက် တကယ် အရေးကြီးနေချိန်မှာ သူ့အရည်အသွေးက ဘာလဲ ဆိုတာ ထပ်ပြီး ပြသွားပါပြီ၊ အသင်းကောင်းပြီး ဖန်တီးမှုတွေ ကောင်းနေလို့သာ ဟာလန်း ဂိုးတွေ ရနေတာပါ၊ တိုးအားနဲ့ ပါဝါ ကောင်းတာပဲ ရှိတယ် ..ခြေစွမ်းက သာမန်ပါပဲ။
ဒီပွဲ ရလဒ်က ဘောလုံးဖန်တွေအတွက်လည်း ကျေနပ်စရာပါ၊ ပြောချင်တာက အပေါ်အသင်းတွေပဲ နိုင်နေရင် ပျင်းစရာကြီး၊ ခုလို အောက်အသင်းလည်း နိုင်ချင် နိုင်သွားမယ် ဆိုတာမျိုးက ဘောလုံးရသပါ။ မကြားရတာ ကြာပြီ ဖြစ်တဲ့ GGMU သီချင်းသံတွေတောင်မှ ညံကုန်ပါပြီ။
ဒီပွဲမှာ မန်ယူ နိုင်သွားတဲ့ အတွက်မန်ယူက ယူရိုပါလိဂ် ဝင်ခွင့် ရသွားပါပြီ။ ချယ်ဆီးကတော့ ယူရိုပါလိဂ်နဲ့ လွဲချော်ခဲ့ပြီး ရိုပါကွန်းဖရန့်လိဂ်လ် ကိုပဲ ကန်ခွင့် ရပါတယ်။
ကဲ.. ယူနိုက်တက် တာဝန်ရှိသူတွေ တန်ဟတ်ကို ထုတ်မှာလား .. ဘာလုပ်မှာလဲ.. အတော်လေး အကြပ်ရိုက်သွားပါပြီ။
Soe Nae Thit

image
image
image
2 yrs - Translate

26.5.2024 ( 11:13 am )
စျေးမကျ

အခေါက်ရောင်း - ၅၂၃၀၀၀၀ ကျပ်
ဝယ်ဈေး ၅၁၉၀၀၀၀ ကျပ်

၁၅ ပဲရည် ရောင်း - ၅၀၃၀၀၀၀ ကျပ်
ဝယ်ဈေး ၄၉၉၀၀၀၀ ကျပ်

#ရွှေစျေး

2 yrs - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၂၆-၅-၂၀၂၄)

#fuel
#ဆီစျေး

image
2 yrs - Translate

သမိုင်းမှတ်တမ်းသစ် ရေးထိုးခဲ့တဲ့
ဘာကာအမျိုးသမီးအသင်း

ဘာစီလိုနာအမျိုးသားအသင်းက ဖလားလက်မဲ့ရာသီတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဘာစီလိုနာအမျိုးသမီးအသင်းကတော့ ဂုဏ်ယူစရာ သမိုင်းမှတ်တမ်းသစ်တစ်ခု စိုက်ထူနိုင်ခဲ့ပါပြီ။

အမျိုးသမီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လိုင်ယွန်ကို ၂ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ အနိုင်ယူခဲ့ပြီးနောက် ဘာကာအမျိုးသမီးအသင်းဟာ ဒီရာသီမှာ အဓိကဆုဖလား၄ခုလုံး သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

သူတို့ဟာ ဒီလအစောပိုင်းမှာ Liga F ရဲ့ ချန်ပီယံဖြစ်ခဲ့သလို ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း Copa de la Reina ဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီက စပိန်စူပါဖလားကို သိမ်းပိုက်ထားနိုင်ခဲ့တာကြောင့် ဥရောပရဲ့ အမျိုးသမီးဘောလုံးချန်ပီယံတွေဟာ သမိုင်း၀င် Quadruple အောင်မြင်မှုကြီး ရရှိခဲ့ပါပြီ။

ဒါဟာ ဘာကာအသင်းရဲ့ အမျိုးသမီးအသင်းမှာ ပထမဆုံးဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အသင်းအတွက် ဂိုးတွေကို Balloon d'Or ဆုရှင်တွေဖြစ်တဲ့ ဘွန်မာတီ၊ ပူတဲလက်စ်တို့က သွင်းယူပေးခဲ့တာလည်း အမှတ်တရပါပဲ။

ဘွန်မာတီကတော့ ၂၀၂၃ခုနစ်အတွက် Balloon d'Or ဆုကို သိမ်းပိုက်ခဲ့ပြီးနောက် Balloon d'Or 2024 ကိုပါ လက်လှမ်းနေပြီလို့ ဆိုရပါမယ်။

image
2 yrs - Translate

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ - ၂၆ ရက်)

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၀၀ ကျပ်
ဝယ်ဈေး - ၄၁၅၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၀၅၀ ကျပ်
ဝယ်ဈေး - ၃၀၀၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၅၇၁ ကျပ်
ဝယ်ဈေး - ၄၄၆၉ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၁၄.၂၉ ကျပ်
ဝယ်ဈေး - ၁၁၁.၇၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၈၇၉ ကျပ်
ဝယ်ဈေး - ၈၆၉ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၇၅ ကျပ်
ဝယ်ဈေး - ၅၆၅ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၆၄ ကျပ်
ဝယ်ဈေး - ၂၆.၀၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၀.၃၅ ကျပ်
ဝယ်ဈေး - ၄၉.၂၂ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၀၆ ကျပ်
ဝယ်ဈေး - ၃.၀၀ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၄၄၂ ကျပ်
ဝယ်ဈေး - ၅၃၂၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၈၇ ကျပ်
ဝယ်ဈေး - ၂၇၂၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၈၈ ကျပ်
ဝယ်ဈေး - ၃၀၁၉ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၄ ကျပ်
ဝယ်ဈေး - ၅၃၂ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၄၂ ကျပ်
ဝယ်ဈေး - ၁၁၁၇ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်

image
2 yrs - Translate

ယနေ့ ရွှေဈေး (မေ - ၂၆ ရက်၊ နံနက် ၁၀ နာရီ)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၃၄ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၅၂၃၀၀၀၀ ကျပ်
ဝယ်ဈေး ၅၁၉၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၀၃၀၀၀၀ ကျပ်
ဝယ်ဈေး ၄၉၉၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
2 yrs - Youtube

Dancing cat club

2 yrs - Translate

၂၀၂၃/၂၀၂၄ ဂျာမနီ ပိုကယ်ဖလား ချန်ပီယံ လေဗာကူဆင်!!!!

လေဗာကူဆင်ကတော့ ယူရိုပါလိဒ်မှာ အက်တလန်တာ ကို ရူံးနိမ့်ခဲ့ပေမယ့် ပြည်တွင်း ပိုကယ်ဖလားမှာတော့ ၁:၀ ဆိုတယ်ရလဒ်နဲ့ အနိင်ယူပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ပြည်ပမှာ ရူံးပွဲတွေ့ခဲ့တယ်ဆိုပေမယ့် ပြည်တွင်းမှာတော့ လုံးဝ အလွန်ဆိုရဲ့ အသင်းက ရူံးပွဲမရှိခဲ့တာဖြစ်ပါတယ်!!!!

Congratulation Bayer Leverkusen!!!

image
2 yrs - Translate

၂၀၂၃/၂၀၂၄ ဂျာမနီ ပိုကယ်ဖလား ချန်ပီယံ လေဗာကူဆင်!!!!

လေဗာကူဆင်ကတော့ ယူရိုပါလိဒ်မှာ အက်တလန်တာ ကို ရူံးနိမ့်ခဲ့ပေမယ့် ပြည်တွင်း ပိုကယ်ဖလားမှာတော့ ၁:၀ ဆိုတယ်ရလဒ်နဲ့ အနိင်ယူပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ပြည်ပမှာ ရူံးပွဲတွေ့ခဲ့တယ်ဆိုပေမယ့် ပြည်တွင်းမှာတော့ လုံးဝ အလွန်ဆိုရဲ့ အသင်းက ရူံးပွဲမရှိခဲ့တာဖြစ်ပါတယ်!!!!

Congratulation Bayer Leverkusen!!!

image