2 yrs - Translate

နည်းပြ ကက်စ်ထရိုကို အယ်နာဆာအသင်း ထုတ်ပယ်
--------------------------
ဆော်ဒီကလပ် အယ်နာဆာအသင်းဟာ အခုနှစ်ရာသီအစပိုင်းမှာ ရလဒ်ဆိုးရွားမှုတွေကြောင့် နည်းပြ ကက်စ်ထရို ကို စက်တင်ဘာ ၁၇ ရက်က ထုတ်ပယ်လိုက်ကြောင်း အတည်ပြုခဲ့ပါတယ်။ တိုက်စစ်မှူး ရော်နယ်ဒိုပါဝင်နေတဲ့ အယ်နာဆာအသင်းဟာ အခုရာသီ ဆော်ဒီပရိုလိဂ် ရာသီအစ ၃ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့ပြီး ရမှတ် ၅ မှတ်နဲ့ အဆင့် ၇ နေရာကို ရောက်နေသလို အာရှချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာလည်း အယ်ရှော်တာအသင်းနဲ့ တစ်ဂိုးစီသရေကျခဲ့ ပြီးနောက် နည်းပြ ကက်စ်ထရိုကို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အယ်နာဆာအသင်းဟာ လာမယ့် သောကြာညမှာ ကစားရမယ့် အယ်အီတီဖတ်အသင်းနဲ့ ပွဲမတိုင်ခင်မှာ နည်းပြသစ် ခန့်အပ်နိုင်ဖို့ကို ကြိုးစားသွား ရမှာ ဖြစ်ပါတယ်။ အစောပိုင်းသတင်းတွေအရတော့ အယ်နာဆာအသင်းဟာ အေစီမီလန်နည်းပြဟောင်း ပီအိုလီ ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပြီး အခုနောက်ဆုံး ကြားသိ ရတဲ့ သတင်းတွေအရလည်း ပီအိုလီနဲ့ အပြီးသတ်ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ပဲ ကျန်တော့တယ်လို့ သိရပါတယ်။ နည်းပြ ပီအိုလီဟာ အေစီမီလန်အသင်းကို စီးရီးအေချန်ပီယံဆု ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပြီး ၂၀၂၃-၂၄ ဘောလုံးရာသီအကုန်မှာ အီတလီကလပ်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် ကလပ်အသင်းလက်မဲ့ ဖြစ်နေသူလည်း ဖြစ်ပါတယ်။

image
2 yrs - Translate

"မင်းကြားချင်တဲ့ စကားတွေနဲ့ သူများကို နှစ်သိမ့်ပေးနေတဲ့ မင်းကို ကြည့်စမ်း။ """.

image
2 yrs - Translate

မဖောက်ပြန်ပြီးရောမလားတဲ့ Relationship တစ်ခုမှာ ပေါ့ပျက်တဲ့အပြုအမူတွေနဲ့ နွေးထွေးမှုမရှိတဲ့အခါ အလေးအနက်မထားခံရတဲ့အခါ ဂရုစိုက်မခံရတဲ့အခါ အဲ့ဒီအရာတွေက ဖောက်ပြန်တဲ့လုပ်ရပ်ထက် ဆိုးရွားတဲ့ နာကျင်မှုဆိုတာကို သိစေချင်တယ်.....

#crd

image
2 yrs - Translate

My Fri: နင့်မွေးနေ့ရောက်ရင် ဘာကျွေးမာလဲ?
Me:😉

image
2 yrs - Translate

မုန့်ဟင်းခါး အရမ်းကြိုက်ကျတာ

image
2 yrs - Translate

When you remember you're on a diet😂

image
2 yrs - Translate

ဗြိတိန်အိုလံပစ်ကစားသမားများကို ဝန်ကြီးချုပ် တွေ့ဆုံ
--------------------
ဗြိတိန်ဝန်ကြီးချုပ် စတာမာဟာ ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲဝင် ဗြိတိန်အိုလံပစ်အသင်းနဲ့ ဗြိတိန်မသန်စွမ်းအိုလံပစ် ပြိုင်ပွဲဝင်တွေကို ဒေါင်းနင်းလမ်းနေအိမ်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဗြိတိန် အိုလံပစ်အသင်းဟာ ၂၀၂၄ ပဲရစ် အိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ် ၆၅ ခုရခဲ့သလို မသန်စွမ်းအိုလံပစ်ပြိုင်ပွဲမှာ ဗြိတိန်မသန်စွမ်းအိုလံပစ်အသင်းက ဆုတံဆိပ် ၁၂၄ ခုရရှိခဲ့ပြီး စုစုပေါင်း ဆုတံဆိပ် ၁၈၉ ခုအထိ ရရှိခဲ့တာပါ။

အိုလံပစ်ပြိုင်ပွဲတစ်လျှောက် ဗြိတိန် အိုလံပစ်အသင်းအတွက် အအောင်မြင်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်စေခဲ့တာကြောင့် အိုလံပစ်ပြိုင်ပွဲဝင်တွေနဲ့ မသန်စွမ်း အိုလံပစ်ပြိုင်ပွဲဝင်တွေကို ကျေးဇူးတင်မိတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် စတာမာ က အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောသွားခဲ့ပါတယ်။ အခုလိုအိုလံပစ်ပြိုင်ပွဲမှာ အောင်မြင်မှုရအောင် ကြိုးစားပေးခဲ့တဲ့ ကစားသမား တွေရဲ့ စိတ်ဓာတ်ခွန်အားနဲ့ စွမ်းဆောင်ရည်တွေက နောင်လာနောက်သားတွေ အတွက် အတုယူစရာဖြစ်မှာ သေချာတယ်လို့လည်း ဗြိတိန်ဝန်ကြီးချုပ် စတာမာက ဆက်လက်ပြောကြားခဲ့ပါ တယ်။

ဗြိတိန်ဝန်ကြီးချုပ် စတာမာဟာ အိုလံပစ်ဖွင့်ပွဲနဲ့ မသန်စွမ်းအိုလံပစ် ဖွင့်ပွဲအခမ်းအနားတွေကို တက်ရောက်ခဲ့ပြီး ဗြိတိန်အိုလံပစ် အသင်း ချီတက်လာချိန်မှာ အံ့ဩဝမ်းသာတဲ့ ခံစားမှုမျိုးကို ခံစားခဲ့ရတယ်လို့လည်း ဖွင့်ဟသွားခဲ့ပါ တယ်။

image
2 yrs - Translate

မသောက်နိုင်တော့ပါဘူး😑

image
2 yrs - Translate

ဘဝမှာ ဘာဖြစ်ချင်သလဲဆိုရင်
ကိုယ်သိပ်ချစ်ရပါတယ်ဆိုတဲ့လူတွေရဲ့
First priority ပဲဖြစ်ချင်တယ်

ဥပမာ.. ဘယ်လိုရွေးချယ်မှုမျိုးမှာမဆို
ကိုယ့်ကိုအရင်ဆုံးသတိရပြီး ကိုယ့်လက်ကိုအရင်ဖမ်းဆွဲပြီး
ကောင်းကောင်း ဆိုးဆိုးကိုယ့်ကိုအရင်အသိပေးပြီး
ကိုယ့်ဘက်ပဲရှိပေးနေချင်တာမျိုးပေါ့။

#2001
//crd

image
2 yrs - Translate

လောကမှာ ရှက်တတ်ဖို့
လူ့ကျင့်ဝတ် သိတတ်ဖို့ ဆိုတာတွေက
အသိဥာဏ်ရှိဖို့ လိုသေးတယ်။

ဥာဏ်ရည်မြင့်မှသာ ဘယ်အရာက ရှက်စရာ
ဘယ်အရာက ရှက်စရာမဟုတ်ဘူး
ဆိုတာကို သိနိုင်တာ။

လူတစ်ယောက်ဖြစ်နေရင်
ဘယ်အရာကို ထိန်းသိမ်းရမလဲ
ဘယ်အရာက မလုပ်သင့်ဘူးလဲ
ဘယ်လိုအပြုအမူက သိက္ခာရှိတာလဲ
ဘယ်လိုအပြုအမူတွေက သိက္ခာမရှိတာလဲ
ဆိုတာကို ခွဲခြားပြီးသိမှာ၊ ဆင်ခြင်တတ်မှာ။

ဥာဏ်ရည်နိမ့်တဲ့ လူတွေက မရှက်တတ်ဘူး
အရှက်တရားဆိုတာ ဘာမှန်းမသိကြဘူး
လူမှု့ပတ်ဝန်းကျင်ဆိုတာ နားမလည်ကြဘူး
သူတို့တစ်ယောက်တည်း အဆင်ပြေဖို့နဲ့
စိတ်ချမ်းသာဖို့ဘဲသိကြတာ။

ဒါကို "မရှက်တတ်ဘူးလား,မရှက်ဘူးလား
သိက္ခာမရှိတဲ့လူ "လို့ သွားမေးနေလို့
သွားပြောနေလို့ အလကားဘဲ။

"အဲဒါ ရှက်စရာမို့လို့လား
ဘာကြောင့်ရှက်ရမှာလဲ" လို့ပဲ
သူတို့က ပြန်ပြောကြမှာ။

ဉာဏ်ရည်နိမ့်လို့ မရှက်တတ်တဲ့အပြင်
သူတို့လုပ်တာ မှန်ပြီး ပြောတဲ့လူက
အပြစ်ကြီးအောင်ပါ လုပ်ကြ
ပြောကြဦးမှာ။

အဲ့လို brain level နိမ့်တဲ့သူတွေအတွက် update လုပ်မယ့် application ကို ဘယ်သူမှ
မတီထွင်နိုင်ဘူး။"

#original writer
#wynncho
#မောင်ရဲ့ကြယ်လေး
#ခံစားချက် #အဆွေး #အလွမ်း #အသိပညာ #စာပေ

image