2 yrs - Translate

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ခရီးသည်အများဆုံး လာရောက်လည်ပတ်တဲ့မြို့အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ခရီးသည် ၂၂.၇၈ သန်းအထိ လာရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်အထိ Airports of Thailand Plc (AoT) ကုမ္ပဏီလက်အောက်မှ ထိုင်းလေဆိပ်တွေရဲ့ဝင်ငွေဟာ ဘတ် ၃၄.၁၉ ဘီလျံအထိ ရှိခဲ့ပြီး လွန်ခဲ့တဲ့နှစ် အလားအတူ ကာလအပိုင်းအခြားနဲ့ယှဉ်ရင် ၇၁.၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ သုဝဏ္ဏဘူမိလေဆိပ်အပါအဝင် နိုင်ငံတကာလေဆိပ် ၆ ခုမှာ ခရီးသည် ဆိုက်ရောက်၊ ထွက်ခွာမှု သိသိသာသာ မြင့်တက်လာတာနဲ့အမျှ ဝင်ငွေလည်း အဆမတန် တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

Ref: Thailand: Bang

image
2 yrs - Translate

ကမ္ဘာ့ဈေးအကြီးဆုံး ဆန်အမျိုးအစားကတော့ ဂျပန်နိုင်ငံမှာ စိုက်ပျိုးတဲ့ Kinmemai Premium ဆန်ပါ။ ဂျပန်နိုင်ငံရဲ့ ဆုရ ဆန်မျိုးစိတ် ၅ ခုကို ပေါင်းစပ်ပြီး အကောင်းဆုံးမျိုးစပ်ထားတဲ့ စပါးကနေ ထုတ်လုပ်ထားတာပါ။ အလေးချိန် ၁ ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၁၀၉ ဒေါ်လာအထိ ကျသင့်ပါတယ်။

ဆန်သားအရသာ ကောင်းမွန်စေဖို့အတွက် ၆ လကြာ စီမံပြီးမှ ကြိတ်ခွဲတာပါ။ မျိုးစိတ်ကောင်းတွေကို ရွေးချယ်ပေါင်းစပ်ထားပြီး စနစ်တကျ စီမံကြိတ်ခွဲမှုကြောင့် ထူးခြားကောင်းမွန်တဲ့ အရသာရှိတယ်လို့ ဆိုပါတယ်။

Ref: Kinmemai Premium

image
2 yrs - Translate

ပျော်ရွှင်ချင်တဲ့အခါ
အတိတ်ဆိုးတွေကို တံခါးပိတ်ပါ
သတိရတိုင်းသာ
ကြုံခဲ့တဲ့အမှားတွေကို ပြန်ဖွင့်ကြည့်နေရင်
အသက်ဆိုတာ ရှူလို့ဝမှာတောင်မဟုတ်ဘူး

ရယ်မောချင်တဲ့အခါ
ငိုစရာတွေကို သော့ခတ်ပါ
ဝမ်းနည်းစရာတွေလောက်
လူကို မွန်းကျပ်ဖိစီိးစေတဲ့အရာ လောကမှာ ရှိလို့လား

နေသာချင်တဲ့အခါ
ဖြေသာမယ့်အကြောင်းတွေ စိုက်ပျိုးပါ
တချို့လေးလံပင်ပန်းစေတဲ့အရာတွေဆိုတာ
လွှတ်ချနိုင်လေ ပေါ့ပါးလွတ်လပ်လေလေ

တကယ်က ဘဝမှာ
နိုင်တာ ရှုံးတာရယ်လို့ မရှိဘူး
ကိုယ်ဘယ်လို လက်ခံလိုက်တာပဲရှိတာပါ

ချစ်တာ မုန်းတာရယ်လည်းမရှိဘူး
ကိုယ်ဘယ်လို သတ်မှတ်ထားတာပဲရှိတာပါ

အေးအေးချမ်းချမ်းလေး လက်ခံတတ်ပြီး
လှလှပပလေး သတ်မှတ်နိုင်ပါစေ

-အေးရိပ်-
#mogok_mobile

image
2 yrs - Translate

"ကျွန်တော်ကြိုးစားရဦးမယ်"

ကိုယ့်အပေါ် ကြင်နာသူတွေကို
ပြန်ဂရုစိုက်တတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

ကိုယ့်အပေါ် ခွင့်လွှတ်သည်းခံပြီး
နားလည်ပေးသူတွေကို
ပြန်ပြီး နားလည်ပေးတတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

စစ်မှန်တဲ့ သူငယ်ချင်းကောင်းတွေ
ရှားပါးလာတဲ့ ခေတ်ကြီးမှာ
အပေါ်ယံမဟုတ်တဲ့ သူငယ်ချင်းအပေါင်းသင်းတွေကို
တန်ဖိုးထားတတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

အချစ်စစ် မဟုတ်တဲ့
အတုအယောင်အချစ်မျိုးတွေနဲ့တွေ့တဲ့အခါ
ဘဝပါယိုင်နဲ့မသွားအောင် တည်ငြိမ်နိုင်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

ငွေမရှိလို့ အနှိမ်ခံရတဲ့ဘဝကနေ
လွတ်မြောက်ဖို့အတွက် ချွေတာသင့်တာချွေတာဖို့
ကျွန်တော် ကြိုးစားရဦးမယ်။

လူတွေရဲ့ ကဲ့ရဲ့မှုတွေ အပြစ်တင်ဝေဖန်မှုတွေကို
လိုက်ပြီး ဂရုမစိုက်တတ်တဲ့
လူတစ်ယောက်ဖြစ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

ဝမ်းနည်းမှုတွေ သိမ်ငယ်မှုတွေနဲ့
နာကျင်စရာတွေကို ရင့်ကျက်စွာဖြတ်ကျော်နိုင်တဲ့
လူတစ်ယောက် ဖြစ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

လောကဓံရဲ့ရိုက်ခတ်မှုဒဏ်တွေကို
အပြုံးနဲ့ကျော်လွှားနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင်
ကျွန်တော် ကြိုးစားရဦးမယ်။

ဘဝကို လွယ်လွယ်နဲ့
အရှုံးပေးသူ တစ်ယောက်မဖြစ်အောင်
ကျွန်တော် ကြိုးစားရဦးမယ်။

ကျွန်တော် ကြိုးစားရဦးမယ်။
ကျွန်တော် ကြိုးစားရမယ်။
ကျွန်တော် ကြိုးစားမှ ဖြစ်မယ်။
ကြိုးစားပါအပျင်းမထူပါနဲ့။

image
2 yrs - Translate

လူတစ်ယောက်ကို ချစ်ရင် ...
ကြောက်တတ်သွားတာချည်းပါပဲ ...

သူ စိတ်ဆိုးမှာ
သူ မချစ်တော့မှာ
သူ ကိုယ့်ကို အလေးမထားတော့မှာ
ကိုယ့်ကို မလိုအပ်တော့မှာ စသည်ဖြင့်တော့
ကြောက်တတ်သွားတာပါပဲ ။

မျက်နှာလေး ညှိုးနေရင်
ကိုယ့်ကြောင့် အဆင်မပြေဖြစ်နေရတာလားဆိုပြီး
စိတ်ပူပြီး
အကြိမ်ကြိမ် မေးနေမိတာမျိုး ။

#2001
//crd

image
2 yrs - Translate

ကော်ဖီကိုကြိုက်တဲ့သူတွေ နေ့တိုင်းသောက်ရင် နောက်ဒီလိုဖြစ်လာမယ်နော် ☕😬

image
2 yrs - Translate

သူ့ရဲ့ အချစ်သင်္ကေတလေး...💗❣️

image
2 yrs - Translate

Tattoo stencils, designs and references for you 👍 useful is beautiful

image
2 yrs - Translate

မယ်ချိုတို့ မောင်နှမကို သ/တ် တဲ့ တရားခံကို

မေးတဲ့သူတွေရှိလို့ ငါတော့ အဲ့လိုဖြေခဲ့တယ်😣

image
2 yrs - Translate

"ဘဝဆိုတာ
ဒုက္ခတွေကြားထဲမှာ
ပျော်အောင်နေခြင်းပါပဲ"

မမြဲတဲ့လက်တွေကို
မျှော်လင့်နေမယ့်အစား
တွဲထားတဲ့လက်ကိုဘဲ မြဲမြဲကိုင်ထားပါ။

တွန်းချတဲ့ လက်တွေကို
မေ့ပစ်လိုက်ပြီး
ဆွဲတင်ခဲ့တဲ့ လက်တွေကိုသာ အမှတ်ရနေပါ။

အတိတ်ဆိုးတွေနဲ့
အနာဂတ်အိမ်တွေဆီ
အလည်မသွားဘဲ
ပစ္စုပ္ပန်အိမ်မှာပဲ နေပါ။

ကြင်နာမှု့မှ မရှိတဲ့သူကို
သေအောင် ဖက်တွယ်ထားလည်း
နာကျင်မှုနဲ့သာ အဆုံးသတ်ရမှာ
မဟုတ်လား..........?။

မရောင်တဲ့အရာကို ဆီမလူးဘဲ
ဒဏ်ရာ ဒဏ်ချက်တွေကိုပဲ
ဦးစားပေး ဆေးထည့်ပါ။

ဘဝဆိုတာ
အားလုံး ထင်ထားတာထက်
ပိုပြီး တိုတောင်းတယ်။

တိုတောင်းလှတဲ့ ဘဝလေးမှာ
ကိုယ့်ကိုယ်ကိုယ်
ရွှင်လန်းအောင်သာနေပါတော့။

ဘဝဆိုတာ
ဒုက္ခတွေကြားမှာ
ပျော်အောင်နေခြင်းပဲ မဟုတ်လား•••••။

အရှင်လက္ခဏ(အင်းပါ)

#crd

image