2 နှစ်များ - ဘာသာပြန်ပါ။

လူတိုင်းကလေ ဘဝမှာ တစ်ခါတော့ Toxic Relationship ထဲ ရောက်ဖူးကြတာပဲ ။
တစ်ယောက်နဲ့တစ်ယောက် ဖမ်းမဆုပ်နိုင်
လွှတ်မချနိုင် ၊ မထိန်းချုပ်နိုင်တာမျိုးလေ

တစ်နေနေ့မှာ ခွဲလိုက်ရမယ်ဆိုတာကို သိပေမဲ့
ညနှစ်နာရီတွေမှာ မြည်လာတဲ့ အဲ့ဖုန်းကို မကိုင်ဘဲ မနေနိုင်တာမျိုး ၊ social mediaမှာ blockလုပ်ထားပြီး ကံတရားကနောက်တစ်နေ့ လမ်းမှာ အမှတ်တမဲ့ဆုံပေးရင် ပြေးလိုက်မိတာမျိုး ။ တစ်ယောက်ကလှည့်ထွက်သွားရင် တစ်ယောက်က ဖမ်းဆုပ်ထားတာမျိုး ဒါပေမဲ့ဘယ်တော့မှ မျက်နှာချင်းဆိုင်မဖက်ရဘူး ကျောဖက်ကပဲ ဖမ်းဆုပ်ထားကြတာ တစ်ယောက်တစ်ခါ

နီးမှာလည်းကြောက်သလို
ဝေးမှာလည်းကြောက်တယ်

ချစ်နေကြောင်းကို ဒါပေမဲ့ တစ်ယောက်ကိုတစ်ယောက် ကြောက်ရွံ့ကြောင်းကို မျက်နှာချင်းဆိုင်လိုက်တာနဲ့ သိတာမျိုး ။ toxic relationship ရဲ့သဘောက အချင်းချင်း မချစ်တာမဟုတ်ဘူး ။ ချစ်တယ်
ချစ်ပေမဲ့မရွေးချယ်ကြဘူး
နင်ဟာ ရွေးချယ်ချင်စရာကို မကောင်းဘူး
နင်ကပဲ မရွေးချယ်ပဲနေမလား ငါကပဲကျောခိုင်းနိုင်မလားဆိုတာကို ပြိုင်တာမျိုး

အစုံပါပဲ
လူတွေဟာ တစ်ဘဝမှာတစ်ခါတော့ ဇာတ်မျောကြီးတွေကို အဆိပ်သီးတွေကို ဆုပ်ကိုင်ခဲ့ဖူးကြတာပဲ။

ဒါပေမဲ့ကွာ toxic relationship တွေကိုဖန်တီးမယ်ဆိုရင်တောင် တကယ်တစ်ဘဝလုံးမမေ့ရလောက်တဲ့လူနဲ့ပဲဖန်တီး ။ အဲ့လူနဲ့ပတ်သက်ခဲ့ရတာ ရှက်ဖို့ ကောင်းလိုက်တာလို့ ပြန်တွေးမိမဲ့လူတွေနဲ့မဖန်တီးနဲ့ ။
ဘာတွေဖြစ်ဖြစ် ချစ်တယ် နားလည်ခွင့်လွှတ်ပေးမယ်
ဒါပေမဲ့အချိန်တန်ဝေးကြရမယ်ဆိုတာကို သိတယ်မလားဆိုတဲ့ သူချစ်ကိုယ်ချစ်နဲ့ပဲဖန်တီး

ပြီးတော့ အဓိကက
တစ်ဘဝမှာ တစ်ခါဆိုတော်တော့
တစ်ကြိမ်ဆိုသိပြီလေ
ဇာတ်မျောကြီးတွေကဘယ်လိုဆိုတာ
Toxic ဆက်ဆံရေးတွေကဘယ်လိုဆိုတာ
ကိုယ့်အတွက်မသေချာတဲ့လူ၊ကိုယ့်ကိုမရွေးချယ်တဲ့လူက ဘယ်လိုဆိုတာကို

ဒဏ်ရာကိုတစ်ခါတည်းယူ
ပြီးရင်တစ်ဘဝလုံးသယ်ပိုးသွား
အဲ့ဒါပြီးရင်တော့ ဘဝအတွက် အကျိုးရှိတာလုပ်ပြီး
Healthy relationship ကိုပဲရှာတော့
မသေချာတဲ့ချစ်ခြင်းမေတ္တာတွေ၊မရေရာတဲ့ဆက်ဆံရေးတွေအတွက်အချိန်တွေကိုထပ်မဖြုန်းနဲ့တော့

Toxic Relationship ကို တစ်ခါဆို လုံလောက်တော့
အဆိပ်သီးတွေကို အကျင့်ပါပြီး မစားနဲ့

#nayvel

2 နှစ်များ - ဘာသာပြန်ပါ။

“ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတစ်ခုကို ဖြေရှင်းလိုက်တိုင်း ငါက ပြဿနာဖြစ်လာခဲ့တယ်။ ”.

image
2 နှစ်များ - ဘာသာပြန်ပါ။

🙂

#translatedbysangpi

image
2 နှစ်များ - ဘာသာပြန်ပါ။

ဘယ်လောက်ပဲစကားတွေပြောဖြစ်ခဲ့ကြပါစေ၊၊
ဘယ်လောက်ပဲရင်းနှီးဆက်ဆံရေးတွေဖြစ်ခဲ့ကြပါစေ၊၊
ဒါတွေက ကမ်းခြေကခြေရာတွေလိုပါပဲ၊၊

ကျနော်တို့ထက်သဘောကျစရာကောင်းတဲ့လူကိုတွေ့သွားရင်
ကျနော်တို့ဟာ soutရေးမပါတဲ့ကောင်ဖြစ်ပြီး
တဖြည်းဖြည်း ပျောက်ကွယ်ပေးကြရတာပါပဲ၊၊

2 နှစ်များ - ဘာသာပြန်ပါ။

ငါဘယ်လောက်ကြိုးစားခဲ့လဲဆိုတာဘယ်တော့မှမမေ့ပါဘူး.

imageimage
2 နှစ်များ - ဘာသာပြန်ပါ။

Ballon d’Or ဆုဟာယုံကြည်ရမူပျောက်ဆုံးနေပြီဖြစ်ကြောင်း
ပြောလိုက်တဲ့ ခရစ္စတိယာနိုရော်နယ်ဒို

ဗုဒ္ဓဟူးနေ့ညတုန်းက France Football ကနေ ၂၀၂၄ ခုနှစ်
အတွက် Ballon d’Or ဆုချီးမြှင်ဖို့ရန် ဆန်ကာတင်အယောက်
(၃၀)ရဲ့ နာမည်စာရင်းကို အမည်တင််သွင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်း Ballon d’Or (၅)ကြိမ်
ဆုရှင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်နာ
ဆာအသင်းအတွက် ပြိုင်ပွဲအရပ်ရပ်တွင် စုစုပေါင်း(၄၄)ဂိုး
သွင်းပေးနိုင်ခဲ့သော်လည်း အမည််စာရင်းတင်သွင်းခြင်းခံရတဲ့
စာရင်းထဲမှာ ပါဝင်မလာခဲ့ပါဘူး။ ရော်နယ်ဒိုရဲ့ ခေတ်ပြိုင်
ကစားသမား Ballon d’Or (၈)ကြိမ်ဆုရှင်လီယွန်နယ်မက်ဆီ
ဟာလည်း ၂၀၂၄ ခုနှစ်ရဲ့ ဆန်ကာတင်စာရင်းထဲကနေချန်လှပ်
ခြင်း ခံခဲ့ရပါတယ်။ ၂၀၀၃ ခုနှစ်က စတင်လို့ Ballon d’Or
ဆုပေးပွဲမှာ အမြဲတမ်းဆန်ကာတင်စာရင်းထဲမှာ ပါဝင်လာ
ခဲ့ကြတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနှင့် လီယွန်နယ်မက်ဆီတို့
နှစ်ဦးဟာ ၂၀၂၄ ခုနှစ်ကနေစတင်ပြီး နှစ်ယောက်စလုံး
ဆန်ကာတင်စာရင်းထဲမှာမပါဝင်လာခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်လာ
ခဲ့ပါတယ်။ ဒါနဲ့ပက်သက််ပြီး ရော်နယ်ဒိုက “ဒီဆုဟာ မက်ဆီ၊
ဟာလန်း၊ အမ်ဘတ်ပီတို့နဲ့ထိုက်တန်တယ်လို့ပြောနေတာ
မဟုတ်ပါဘူး။ ဒါပေမယ့် ကိန်းဂဏန်းတွေက အဲဒီတွေမှာရှိ
ခဲ့ပြီး ကိန်းဂဏန်းတွေကမလှည့်စားပါဘူး။ ခင်ဗျားအနေနဲ့
တစ်ရာသီလုံးအတွက် စဉ်းစားရပါမယ်။ ကိန်းဂဏန်းတွေ
က အချက်အလက်တွေဖြစ်တယ်။ မန်ချက်စတာယူနိုက်တက်
နှင့် နိုင်ငံအသင်းမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို
ပြန်ကြည့်ရင် လူတွေက ကျွန်တော်ရှူံးတယ်လို့ ထင်နေကြ
ပေမယ့် အမှန်တရားကတော့ အယ်နာဆာအသင်းမှာ
ကျွန်တော်အာရုံစိုက်ပြီး ကောင်းမွန်တဲ့ အချိန်ကာလတစ်ခု
ကိုပိုင်ဆိုင်ထားနိုင်ခဲ့ကာ (၅၄)ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။
ကျွန်တော့် ခန္ဓာကိုယ်က အဆင်ပြေနေသ၍ ကျွန်တော်ဆက်
ကစားနေအုန််းမှာပါ။ အခုအချိန်မှာ ကျွန်တော်ခံစားချက်
ကောင်းပြီး ပျော်ရွှင်နေပါတယ်” လို့ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကတည်းက Ballon d’Or ဆုနဲ့ပက်သက်ပြီး
ရော်နယ်ဒိုက ဒီဆုဟာ ယုံကြည််ရမူပျောက်ဆုံးနေပြီဖြစ်
ကြောင်း ပြောခဲ့ပါသေးတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

#ဘဲဥငံပြာရည်ချက်နည်း
°°°°°°°°°°°°°°°°


ဘဲဥ....................၅လုံး
ပုစွန်ငံပြာရည်........၁/၂ခွက်(လက်ဖက်ရည်ပန်းကန်)
ပုစွန်ခြောက်...........၂ဇွန်း (ထမင်းစားဇွန်း)
ကြက်သွန်နီ.............၂လုံး
ကြက်သွန်ဖြူ .. .........၅တက်
ငရုတ်ကြမ်းမှုန့်........၁/၂ ဇွန်း
ငရုတ်လှော်မှုန့့်.. ......၁/၂ ဇွန်း
ဟင်းခတ်မှုန့်.. ...........အနည်းငယ်

ဘဲဥကို ကျက်အောင်ပြုတ်ပြီး ရေအေးလောင်း၊ရေအေးစိမ်ကာအခွံခွာပါ။ ပတ်လည်ကို
ဓားပါးလေးဖြင့်မွှန်းထားပါ။

ပုစွန်ခြောက်ကိုမညှက်တညှက်လေးထောင်းပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ ကိုခပ်နုပ်နုပ်လေး
စဉ်းလှီးပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေး
ပြီးကြက်သွန်နီ၊ ဖြူ ကို နနွင်းမှုန့်အနည်းငယ်နှင့်အတူဆီသတ်ပါ။

အနည်းငယ်မွှေးလာလျှင်ထောင်းထားသောပုစွန်
ခြောက်ကိုထည့်ကြော်ပါ။

ပုစွန်ခြောက်တွေဆီပူပူမှာအမြုပ်ထာလာလျှင်
ဦးစွာငရုတ်သီးခွဲ ကြမ်းထောင်းကိုထည့်ပါ။

ထို့နောက်ငရုတ်လှော်မှုန့်ထည့်မွှေပြီးပုစွန်ငံ
ပြာရည်လောင်းထည့်ပါ။ရေကိုလည်းငံပြာရည်နှစ်ဆထည့်ပေါင်းပြီးဟင်းခတ်မှုန့်ဖြင့်အရသာဖြည့်ပါ။

ဓားနဲ့မွှန်းထားတဲ့ဘဲဥတွေကိုထည့်ပါ။
ထည့်ထားတဲ့ရေခမ်းသွားချိန်ဆိုဘဲဥအသားတွေတင်းလာပါမယ်။

နောက်တစ်ကြိမ်ရေ ပြန်ထည့်ပြီးပွက်လာတာနဲ့မီးဖိုပေါ်မှချပါ။

တို့စရာအဖြစ်ကတော့မိမိနှစ်သက်ရာပြုလုပ်နိူင်ပေမယ့်
ခရမ်းသီးပြုတ်၊ ရုံးပတီသီးပြုတ်၊ ဗူးသီးပြုတ်
လတ်ဆတ်တဲ့ဂေါ်ဖီရွက်၊သခွားသီး၊သရက်သီးစိမ်းစသည်တို့ဖြင့်ပိုမိုလိုက်ဖက်မှုရှိပါတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

5.9.2024(9:30 AM) Update Exchange Rate

မနက်ပိုင်း ငွေလဲလှယ်နူန်းများ

#exchangerate
#ဘတ်စျေး
#ဒေါ်လာစျေး
#ငွေ
#ငွေစျေး

image
2 နှစ်များ - ဘာသာပြန်ပါ။

19 Street ( Yangon China Town )

၁၉ လမ်း ( သို့မဟုတ် ) ရန်ကုန်သားတို့ရဲ့ ဘဝနိဗ္ဗာန်

၁၉လမ်း အမှတ်တရတွေ ရှိခဲ့ရင် ၁၉လမ်းမှာပဲ ပြန်ဆုံကြရအောင်

image
2 နှစ်များ - ဘာသာပြန်ပါ။

ညီမရေ

image