2 yrs - Translate

တကယ်တမ်းက ချစ်တယ်ဆိုရုံနဲ့လဲမလုံလောက်ရယ် ချစ်ပီး ၊
ချစ်ရတဲ့လူအပေါ်
ဂရုစိုက်ပေးတတ်တာမျိုးမှ
တကယ်တမ်း အချစ်စစ်ခေါ်တယ် ။

ချစ်ပါတယ်လို့
နှုတ်ဖျားမှ အကြိမ် 1 သောင်းမက
ပြောနေပါစေ ၊
တကယ်တမ်း ဂရုစိုက်မပေးတတ်ရင်
အလကားပဲ ။

ချစ်တော့ချစ်တယ် ၊
ဂရုစိုက်မပေးတတ်လို့ပါ ဆိုတာတွေက
အလကားပြောတာ ။

တကယ်ချစ်ရင် ၊
ထိုချစ်ရတဲ့ လူသားလေးကို စိတ်ထဲ
အကြိမ်ရေအခါခါ တွေးနေမိပုံများ ...
ရေတွက်လို့တောင် ရမယ်မထင်ဘူး ...

တကယ်သာ စိတ်ထဲရှိရင်
စာပို့မယ် ၊
ဖုန်းဆက်မယ် ၊
သတိရနေကြောင်းကို
တနည်းနည်းနဲ့ဖော်ပြမယ် ။

ဒီနေ့တနေ့တာ မင်းအဆင်ပြေရဲ့လား ၊
နာမကျန်းဖြစ်သေးလား ၊
စိတ်အဆင်မပြေတာတွေ သိပ်များလား ၊
စသဖြင့်ပေါ့လေ ...

တကယ်ချစ်မိတဲ့လူဟာ ဒါမျိုးတွေဆို
အကုန် သိပ်သိချင်တယ် ။
ဘာလို့သိချင်လဲဆို စိတ်ထဲရှိတာကိုး ။
စိတ်ထဲဘာလို့ရှိသလဲဆို
သိပ်ချစ်တာကိုးဗျ ။

It's just so simple ...

တကယ်ချစ်ရင် ဂရုစိုက်တတ်လာတယ်။
တကယ်လို့ ဂရုမစိုက်တတ်ရင် ၊
တကယ်မချစ်သေးလို့ပဲ ။
ရှင်းရှင်းလေးရယ် ...

Crd

image
2 yrs - Translate

အရာရာလွဲချော်နေတဲ့ကောင်
အရာရာငြီးငွေ့လွယ်တတ်တဲ့ မင်းရဲ့ယဉ်ကျေးမှုနဲ့မှ
တည့်တည့်သွားတိုးလေရဲ့။

-မောင်ဘုန်း

photo - Out of Context Burmese Comic Screenshots

image
2 yrs - Translate

"မင်းဟာ ငါနဲ့အတူ အမှတ်တရတွေ ဖန်တီးချင်တဲ့ တစ်ဦးတည်းသော လူတစ်ယောက်ပါ။ "🤍.

image
2 yrs - Translate

😪

image
2 yrs - Translate

အမှန်အတိုင်း ၀န်ခံရရင်
မင်းကို ဒီလောက်ထိ
ချစ်မိသွားမယ်လို့
ကိုယ့်ကိုယ်ကိုယ် မထင်ခဲ့ဘူး ...
စကားတွေပြောနေရရင်
ပျော်နေတတ်ပြီး
မင်းကို ငေးနေရရင်
ကျေနပ်နေရုံလောက်ပဲ
ချစ်ချင်ခဲ့တာ ။
ကိုယ်က ...
အများကြီး မျှော်လင့်တတ်တော့
ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ချင်ခဲ့တာ ။
ဒါပေမယ့်
မပြောရတဲ့ရက်တွေမှာ
ကိုယ် ဘယ်လောက်မျှော်နေမိကြောင်းတွေ
မင်းမသိပါဘူး
မင်းအသံလေးမကြားရပဲ
ညတွေ အိပ်မပျော်ချင်ခဲ့ဘူး
၀န်ခံပါတယ် ...
မင်းကိုဒီလောက်ထိ ချစ်မိသွားမယ်လို့
ကိုယ့်ကိုယ်ကိုယ်လည်း မထင်ခဲ့ဘူး။

#ကျေးကို

image
2 yrs - Translate

ရိုးရှင်းတဲ့ နေထိုင်မှုကို သဘောကျတဲ့အတွက်
ရှုပ်ထွေးတဲ့ပတ်ဝန်းကျင်နဲ့ လူတွေကို ရှောင်တယ်။

ပင်ပန်းရင် အနားယူတယ်။
စိတ်ဓာတ်ကျရင် စာဖတ်တယ်။
အချိန်ပေးပီး ဘုရား တရား လုပ်တယ်။

စိတ်ကို သန့်ရှင်းအောင် ထားပီး…
ကိုယ်ကျင့်တရားကို အတတ်နိင်ဆုံးစောင့်ထိန်းတယ်။ ❣

2 yrs - Translate

နေ့တစ်နေ့တာမှာ တစ်ရေးအိပ်စက်ဖို့ အကောင်းဆုံးအချိန်

နေ့လည်ခင်းမှာ တစ်ရေးအိပ်စက်ခြင်းဟာ သင့်ကို ဉာဏ်ပိုကောင်းလာစေပြီး၊ ဖြတ်လတ် တက်ကြွလာစေတဲ့အပြင် ဖန်တီးနိုင်အား ပိုမိုကောင်းမွန်လာစေပါတယ်။ ဒါ့ကြောင့်မို့ နေ့ခင်းနေ့လည် အကောင်းဆုံးအချိန်မှာ တစ်ရေးတစ်မော အိပ်စက်တတ်မယ်ဆိုရင် သင့်ကျန်းမာရေးအတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်လာမှာပါ။

ကျွန်တော်တို့ အားလုံးဟာ ပင်ပန်းနေမယ်ဆိုရင်တောင် နေ့လည်နေ့ခင်းမှာ တစ်ရေးတစ်မော မအိပ်စက်တတ်ကြပါဘူး။ ဒါဟာအကျင့်ကြောင့်လည်း ဖြစ်နိုင်သလို အိပ်ချိန်နည်းနည်းလေးပဲ အိပ်ရတာကို အားမရလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နေ့ခင်းမှာ နာရီအနည်းခန့်ပဲ အိပ်စက်တတ်သူတွေသာ သိသာတဲ့ ကျန်းမာရေး ကျေးဇူးခံစားရတဲ့အပြင် အလုပ်လုပ်နိုင်စွမ်းနဲ့ ဦးနှောက်စွမ်းအားတွေ သိသိသာသာတိုးတက်လာတာကို အရင်ကတည်းက လေ့လာ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအကျိုးကျေးဇူးတွေကို အပြည့်အဝခံစားနိုင်ဖို့ ဘယ်အချိန်မှာတစ်ရေး အိပ်စက်သင့်သလဲဆိုတာ သိကြ ပါသလား။ ကျန်းမာရေး ပညာရှင်များရဲ့ အဆိုအရတော့ တစ်နေ့တာမှာ တစ်ရေးအိပ်စက်ဖို့ အကောင်းဆုံးအချိန်ကတော့ ညနေ ၃ နာရီဖြစ်တယ် လို့ ဆိုထားကြပါတယ်။

တစ်ရေးအိပ်စက်ရန် အကောင်းဆုံးအချိန်က ညနေ ၃ နာရီဖြစ်ရခြင်းကတော့ circadian rhythm လို့ခေါ်တဲ့ ၂၄ နာရီအချိန်အတွင်းမှာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မ ဖြစ်စဉ်တွေရဲ့ ပြောင်းလဲပုံ ကြောင့်ဖြစ်ပါတယ်။ circadian rhythm အရ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ညနေ ၃နာရီခန့်မှာ ထမင်းစားပြီးနောက် အိပ်ချင်စိတ်တွေ ဖြစ်ပေါ်လာပြီး ထိုင်းမှိုင်းလာတဲ့အတွက် အဲ့ဒီအချိန်ဟာ ကျွန်တော်တို့အတွက် တစ်ရေးအိပ်စက်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။

သင့်အနေနဲ့ ညနေ ၃ နာရီခန့်မှာ ၂၀ မိနစ်မှ ၃၀ မိနစ် အတွင်းသာ အိပ်စက်သင့်ပါတယ်။ ပိုပြီးအိပ်စက်မယ်ဆိုရင်တော့ သင့်အနေနဲ့ deep sleep လို့ခေါ်တဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အဆင့်ကို ရောက်သွားမှာ ဖြစ်ပြီး တစ်နာရီခန့်ကြာသွားမယ်ဆိုရင် သင့်အနေနဲ့ sleep inertia လို့ခေါ်တဲ့ အိပ်စက်မြဲ အိပ်စက်လိုတဲ့ဖြစ်စဉ်ကြောင့် နိုးလာတဲ့အခါ နည်းနည်းရီရီဝေဝေ ဖြစ်နိုင်ပါတယ်။

သင်ညဘက်မှာ လုံလုံလောက်လောက် အိပ်စက်ချိန်မရခဲ့ဘူးဆိုရင် တစ်ရေးအိပ်စက်ခြင်းက ကျန်းမာရေးအတွက် အထိရောက်ဆုံးဖြစ်လာမှာဖြစ်ပြီး နေ့ခင်းဘက်မှာ လိုအပ်တာထက် ပိုပြီး အိပ်လိုက်မိမယ်ဆိုရင်တော့ သင်ညဘက်မှာ အိပ်ပျော်တော့မှာမဟုတ်ပါဘူး။ ဒီအချက်ကိုတော့ သတိထားသင့်ပါတယ်။

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်ရှိ Keck School of Medicine တက္ကသိုလ်မှ လက်ထောက်ပါမောက္ခဖြစ်သူ ရဂ်ျကူးမား ဒပ်စ်ဂူတာ( Rajkumar Dasgupta) ကတော့ “သင်လုံလောက်လောက် မအိပ်စက်နိုင်တဲ့အခါမှာ သင့်အတွက် မကောင်းတာတွေပဲ ဖြစ်ပျက်လာပါတယ်။ သင်ရဲ့ စိတ်အခြေအနေ၊ အာရုံစူးစိုက်နိုင်စွမ်း၊ ကျန်းမာရေးနဲ့ ကိုယ်ခံအားတွေ ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် အိပ်စက်ချိန်လုံလောက်ဖို့ အရေးကြီးပါတယ် ” လို့ပြောဆိုခဲ့ပါတယ်။

ကျွန်တော်တို့ အများစုဟာ ညဘက်မှာတော်ရုံ မအိပ်စက်တတ်တဲ့ မျိုးဆက်ဖြစ်တာကြောင့် နေ့ခင်းဘက်မှာ တစ်ရေးတစ်မော အိပ်စက်မယ်ဆိုရင် ကျန်းမာရေးအတွက်ဖာထေးပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်ရေးတစ်မော အိပ်စက်တတ်တဲ့သူတွေဟာ sleep inertia လို့ခေါ်တဲ့ အိပ်စက်မြဲ အိပ်စက်လို တဲ့ဖြစ်စဉ်ကို ခံစားရမှာမဟုတ်ဘဲ လန်းဆန်းတက်ကြွပြီး ခွန်အားသစ်များရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သင်အလုပ်လုပ်နေတဲ့ကုမ္ပဏီက Google နဲ့ Uber (ဝန်ထမ်းများကို အိပ်စက်ခွင့်ပေးသည့်ကုမ္ပဏီများ) တို့လိုမဟုတ်ဘူးဆိုရင်၊ သင်ကလည်း ညဘက်အိပ်ရေးမဝခဲ့ဘူးဆိုရင် သင့်အလုပ်ရှင်ကိုအရင် ခွင့်တောင်းဖို့တော့ အရေးကြီးပါတယ်။

image
2 yrs - Translate

❝စွန့်လွှတ်သင့်တာ ~စွန့်လွှတ်ပါ❞
••••••••••••••••••••••••
🖤__ကိုယ်နဲ့ မတော်တဲ့ ဖိနပ်ကိုစီးထားမိရင် ခြေထောက်ပေါက်ပြီး လိုရာခရီးမရောက်ပဲ နေမှာပေါ့
ဒါပေမယ့် ဒီဖိနပ်လေးကိုနှစ်သက်မိလို၊စွန့်မပြစ်နိူင်လို
အကြောင်းအမျိုးမျိုးပြပြီး နာကျင်ရက်နဲ့ သင် ဆက်စီးနေခဲ့မိလိမ့်မယ်။
🖤__ဒါဟာ...ကံ ဝဋ်ကြွေးမဟုတ်ရင် သင်ကိုယ်တိုင်က လိုလိုလားလားနဲ့ ဆုပ်ကိုင်ထားမိတဲ့နာကျင်မှုပါပဲ။
🖤__ဘဝမှာ
မချစ်သင့်မချစ်ထိုက်သူတွေ
မပေါင်းသင့် မပေါင်းအပ်သူတွေ
ပေးဆပ်မှုနဲ့ မတန်တဲ့အရာတွေ အများကြီးရှိနေတတ်တယ် ။
🖤__တွဲမရရင် ခွဲထွက်သွားဖို
ဝန်မလေးပါနဲ့။ပြောမှသိ ၊ထိမှနာ၊ခိုင်းမှ လုပ်တဲ့ သူတွေနဲ့ အတူနေရခြင်းကလည်း ဝဋ်ကြွေး တစ်ခုလိုပါပဲ
ဒါကြောင့် အချစ်ရေး ဖြစ်ဖြစ်
လူမှုရေး၊စီးပွားရေး ဘယ်အရေးမှာမဆို ဒီလိုလူတွေနဲ့ ရှေ့ဆက်ခြင်းက သင့်ဘဝကို ပိုနစ်နာစေတဲ့အတွက်
အလိုက်တသိနဲ့ ကိုယ့်ဘက်ကပဲ စစွန့်လွှတ်လိုက်ပါ။
🖤__ဒါကိုပဲ နှစ်သက်လို
ပြုပြင်လားမလား?
ပြောင်းလဲ လာမလား?ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ခရီးတစ်ခုကို နာနာကျင်ကျင်နဲ့ ဆက်သွားနေသူတွေရှိကြတယ်။
🖤__ဖိနပ် တစ်ရံကကိုယ်နဲ့ မတန်ရင် အနာခံပြီး ဆက်စီးနေမယ့်အစား သက်သောင့်သက်သာ ရှိမယ့် ဖိနပ်ကို ပြောင်းစီးလိုက်တာက လိုတဲ့ပန်းတိုင်ရောက်ပြီး သင့်အတွက်ပိုအဆင်ပြေမှာပါ။
🖤__တစ်ချိုအရာတွေက စွန့်လွှတ်သင့်ရင် စွန့်လွှတ်တတ်ရတယ် တစ်ကယ်တော့ ကိုယ့်ကိုနာကျင်စေတာက
ဖိနပ်မဟုတ်ဘူး ဒီအရာကို မစွန့်လွှတ်နိူင်တဲ့ကိုယ့်ရဲ့စိတ်ပါပဲ။
🖤__စွန့်လွှတ်သင့်တာ စွန့်လွှတ်လိုက်ခြင်းက ဒဏ်ရာကို သက်သာစေမယ့် နည်းလမ်းတစ်ခုပါ။
🖤__ဒီလိုစွန့်လွှတ်ခဲ့ရတာတွေအတွက်
နောင်တမရပါနဲ့ ဒဏ်ရာတွေနဲ့
သင်ခန်းစာတွေ ပေါင်းစည်းလိုက်ရင် ကိုယ့်ဘဝအတွက် ပိုအကျိုးရှိပါတယ်။

-မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်

image
2 yrs - Translate

၇၆ နှစ်အရွယ် အဘွားအို ဂျင်းနီရိုက်စ်ဟာ ၂၀၂၄ ခုနှစ် လန်ဒန်မာရသွန်ပြိုင်ပွဲမှာ ၃ နာရီ ၃၃ မိနစ် ၂၇ စက္ကန့်နဲ့ ပန်းဝင်အောင် ပြေးနိုင်ခဲ့ပြီး ဒီသက်တမ်းမှာ အမြန်ဆုံး ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ပါတယ်။ သူဟာ ၈ မိနစ် ၇ စက္ကန့်မှာ တစ်မိုင်နှုန်း ပြေးနိုင်ခဲ့တာပါ။

တောင်ကိုရီးယားနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ဂျင်းနီရိုက်စ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်ကတည်းက အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ခဲ့တာဖြစ်ပြီး အသက် ၃၅ နှစ်အရွယ်မှစပြီး မာရသွန်ပြေးခဲ့တာပါ။

image
2 yrs - Translate

တန်ဖိုးထားရင်
တန်ဖိုးများတာပါပဲ ။

အမျိုးသားပဲ ဖြစ်ဖြစ်
အမျိုးသမီးပဲ ဖြစ်ဖြစ်ပေါ့ ။

တန်ဖိုးထားပြီး အချစ်ခံရရင်
လူတွေဟာ ပျော်ရွှင်ပြီး တောက်ပကြတာပဲ ။

တန်ဖိုးထားတဲ့ ဥယျာန်မှူးဆီမှာ
ပန်းလှလှကလေးတွေ
ပိုပွင့်တာ ဘာများဆန်းသလဲ ။

💭 || 3.9.2024

image