2 နှစ်များ - ဘာသာပြန်ပါ။

ကြုံတောင့်ကြုံခဲ အခြေအနေကြုံခဲ့ရတဲ့ မိန်းကလေးငယ်ရဲ့ အသည်းခွဲစိတ်မှု အောင်မြင်

လူသားသမိုင်းမှာ ၂၁ ကြိမ်ပဲ ကြုံဖူးပြီး အလွန်ရှားပါးတဲ့ Wild ဆင်ဒရုန်းခံစားရသူ မိန်းကလေးငယ်ဟာ ကမ္ဘာ့ပထမဆုံးအဖြစ် အသည်းခွဲစိတ်မှု အောင်မြင်သွားခဲ့ပါပြီ။ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် ခိုင်ရွှေနဲ့ မိခင်ဖြစ်သူ နင်ချန်းတို့ဟာ ဗြိတိန်နဲ့ တရုတ်နိုင်ငံအနှံ့ လှည့်လည်ပြီး ဆေးကုသပေးနိုင်သူကို ရှာဖွေရင်း နောက်ဆုံးမှာတော့ ဗြိတိန်နိုင်ငံမှာရှိတဲ့ ရွိုင်ယယ်စတုတ်တက္ကသိုလ်ဆေးရုံကို ရောက်လာခဲ့ကြတာပါ။

'' ခိုင်က ပြန်ရည်စုဖွဲ့စနစ် ပုံမှန်မဟုတ်ဘဲ မွေးဖွားလာတာပါ။ သူ့ဘယ်ဘက်လက်က အရမ်းရောင်နေတယ်။ သူ့ရဲ့ကလေးဘဝတစ်လျှောက်လုံး ဆေးရုံတွေ အများကြီးတက်ခဲ့ရပြီး ရောဂါဇစ်မြစ်ကို ရှာဖွေဖို့ ကြိုးစားခဲ့ပေမဲ့ ဘယ်သူမှ တိတိကျကျ မသိခဲ့ကြပါဘူး '' လို့ မိခင်ဖြစ်သူ နင်ချန်းက ဆိုပါတယ်။

တကယ်တော့ သူ့ရဲ့ အသည်းမှာ အပေါက်ငယ်လေးတစ်ပေါက် ( တစ်မီလီမီတာရဲ့ ၁၀ ပုံ၊ ၁ ပုံပမာဏသာ ရှိ) ဖြစ်နေပြီး အဲဒီအပေါက်ကတစ်ဆင့် ပြန်ရည်က သူ့ရဲ့ဝမ်းဗိုက်ထဲကို စိမ့်ကျနေတာပါ။ အဲဒီအတွက် သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေ ဖိအားခံစားရပြီး ရောင်ရမ်းကုန်ကြတာ ဖြစ်ပါတယ်။

အဲဒီလို တွေ့ရှိခဲ့ပြီးနောက် ဒေါက်တာ မော့ဆက်ဦးဆောင်တဲ့ ခွဲစိတ်အဖွဲ့က ခွဲစိတ်ပစ္စည်းတွေ တပ်ဆင်ထားပြီး အထူးဖန်တီးထားတဲ့ အပ်ငယ်တွေ သုံးကာ အသည်းအပေါက်ကို ပြန်လည်ဖာထေးပေးခဲ့ပါတယ်။ ခွဲစိတ်မှုအပြီး သီတင်းပတ် ၅ ပတ်အကြာမှာတော့ ခိုင်ရဲ့ ကျန်းမာရေးက အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားခဲ့တာပါ။

image
2 နှစ်များ - ဘာသာပြန်ပါ။

Me and my friends when we have money.

image
2 နှစ်များ - ဘာသာပြန်ပါ။

ဒင်းကိုချော့နေရတာ တလုပ်🥺

image
2 နှစ်များ - ဘာသာပြန်ပါ။

ကြက်သားလုံး ချိုချဉ်😋😋

ပါ ဝင် ပစ္စည်း များ

ကြက်သား ကြိတ်သား
ခရမ်းချဉ်သီး
ငုံးဥ
မုန်လာဥနီ
ကော် မှုန့်
ခရုဆီ
ပဲငံပြာရည်
ငံပြာရည်
ကြက်သားမှုန့်
သ ကြား
ငရုပ်ဆော့

************

ကြက်သားကြိတ်သားကို ကော်မှုန့် ကြက်သားမှုန့် တို့ဖြင့်လုံးပါ

လုံးပီးလျင် ဆီပူပူတွင် ထည့်ကြော်ပါ

ကျက်လျင် ပန်းကန်တချပ်ထဲ ဆယ်ထည့်ထားပါ

ကော်မှုန့် အနဲငယ် ရေဖျော်ထားပါ

ကြက်သွန် ဖြူ ဂျင်း ထောင်းထားတာကို ဆီသပ်ပါ

မုန်လာဥနီ လှီးထားတာကို ထည့်မွှေပါ

မုန်လာဥ မနူးတနူး အချိန် မှာ ကြက်သား လုံးကြော် ထည့်ပါ

ခရမ်း ချဉ်သီး လေးစိတ် စိတ်ပီး ထည့်ပါ

ကြက်သားမှုန့် ခရုဆီ ငံပြာရည် ငရုပ်ဆော့ သကြား

ပဲငံပြာရည် ရေ အနည်းငယ်ဆီ ထည့်ပါ

ခရမ်းချဉ်သီး အနည်းငယ် နွမ်းလာရင် ကော်မှုန့် အရည်ဖျော်ထားတာ ထည့်ပါ

ငုံးဥ ထည့် အရသာမြည်းပီး သုံးဆောင်လို့ ရပါပီ ခင်ဗျ😋😋😋

image
2 နှစ်များ - ဘာသာပြန်ပါ။

There could be 99 people on the red carpet, but there’s only one Lady Gaga.

- - > https://britishvogue.visitlink.me/BdYEB1

image
2 နှစ်များ - ဘာသာပြန်ပါ။

ကမ္ဘာ့ဈေးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်သွားတဲ့ မြန်မာပြည်က စပိုက်စီအနက်ရောင် ခေါက်ဆွဲ

စပိုက်စီအနက်ရောင်ခေါက်ဆွဲဟာ မြန်မာပြည်မှာ သာမက ကမ္ဘာမှာပါ အစပ်ကြိုက်သူများအကြား နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ လက်တလော မြန်မာပြည်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စပိုက်စီအနက်ရောင် တထုပ် ၉၀၀၀ ဖြစ်သွားပြီလို့ သိရပါတယ်။ အဆိုပါ ဈေးနှုန်းဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံမှာ တထုပ်ကို ၁.၃၇ ဒေါ်လာ (၇၅၆၈ ကျပ်)၊ ထိုင်းနိုင်ငံမှာ ၄၂ ဘတ် (၆၇၂၀ ကျပ်)၊ စင်ကာပူနိုင်ငံမှာ ၁.၅၈ ဒေါ်လာ (၆၆၃၆ ကျပ်)၊ ဂျပန်နိုင်ငံမှာ ၂၄၆ ယန်း (၈၈၅၆ ကျပ်) စသဖြင့် အသီးသီး ရှိနေတာကြောင့် မြန်မာပြည်က စပိုက်စီအနက်ရောက်ခေါက်ဆွဲဟာ ကမ္ဘာ့ဈေးအကြီးဆုံး အဖြစ် မှတ်တမ်းဝင်သွားတာ ဖြစ်ပါတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

ဒီ ခရီး …

တစ်ယောက်တည်းပဲ
ဘယ်လမ်းဖြစ်ဖြစ် လျှောက်နင်းဖို့
မြေကမ္ဘာလေးရှိနေရုံနဲ့
ကိုယ့် ဘဝ လေးကို နေပျော်ပါတယ် ။

အချိန်ဆိုတာ ခဏလေးပဲ
တစ်နှစ်နဲ့ တစ်နှစ် ဟာ
ရာသီတွေကူးရင်း
အိပ်မက် လေးတစ်ခုလိုပါ
January နဲ့ စကားပြောနေတုန်း Decmberဟာ
လာနှုတ်ဆက်တယ် …

ရယ်လိုက် … ငိုလိုက်
့ပြုံးလိုက်ရွှင်လိုက်
အသက်ကလေးတဖြည်းဖြည်းကြီးလာတဲ့အခါ
အရင်လိုတော့ မျက်ရည်ကျဖို့ မလွယ်ကူတော့ဘူး
ပျော့ညံ့ ခြင်းတွေကို ထုတ်ပြလိုက်တဲ့အခါ
လူတွေက အခွင့်အရေးယူပြီး
ကိုယ့် ကိုအခါခါ နွမ်းစေခဲ့သမျှ
ကိုယ် မားမားမတ်မတ် မတ်တပ်ပြန်ရပ်ပြီး
ခရီးတစ်လျှောက်မှာ တွေ့သမျှလူကို
သိပ်ပြီးမပြုံးပြဖြစ်တော့ဘူး …

လူတွေနဲ့ပတ်သတ်ပြီး
တတ်နိုင်သမျှ ချစ်ခဲ့တယ်
စွမ်းနိုင်သမျှ မေတ္တာထားခဲ့တယ်
ရှိသမျှ အဖြူစင်ဆုံးရိုးသားခဲ့တယ်…

ကိုယ်ကောင်းခဲ့ပေမဲ့
မကောင်းသူနဲ့ ကြုံရတဲ့အခါ
ဝဋ် ကြွေး ရယ်လို့ သတ်မှတ်ပြီး
စိတ်ကို နေတတ်အောင်သင်ယူတယ် …

ဘာလိုလိုနဲ့ ဒီ ခရီးတစ်ယောက်တည်းလျှောက်လို့
ကောင်းကင်ကိုလည်းငေးခဲ့ပြီးပြီ
ပန်းတွေနဲ့ လည်းစကားပြောခဲ့ဖူးပြီးပြီ
လွင်ပြင်ထဲလျှောက်လို့ ခြေရာလေးတွေကို
နောက်ပြန်ကြည့်ရင်း တောင်းတန်တွေကိုလည်း
ပြုံးပြခဲ့ပြီးပြီ
ပင်လယ် ကမ်းစပ်တွေနားမှာ ထိုင်ခဲ့ဖူးပြီးပြီ …

တစ်နှစ်နဲ့ တစ်နှစ်က
ကြာသလိုလိုနဲ့ ခဏလေးပါပဲ…
အနည်းဆုံးတော့ ဆုံခဲ့ရတဲ့လူတွေအပေါ်ကို
အမြဲတမ်း နှလုံးသားနဲ့အဆက်အဆံပြုခဲ့တာကို
တွေးလိုက်ရင် ကိုယ် ဘယ်နေရာရောက်ရောက်
မျက်နှာခြင်းဆိုင်ပြီး မည့်သူ့ကိုမဆို
ပြုံးပြနှုတ်ဆက် နိုင်ခဲ့ပါတယ်…

ဒီခရီးက တစ်ယောက်တည်းပဲ
ဒါပေမဲ့ အရိုးသားဆုံး
လျှောက်လှမ်းခဲ့တယ်…

LuAh(AungKhinSitt)

Unicode
_________

ဒီ ခရီး …

တစ်ယောက်တည်းပဲ
ဘယ်လမ်းဖြစ်ဖြစ် လျှောက်နင်းဖို့
မြေကမ္ဘာလေးရှိနေရုံနဲ့
ကိုယ့် ဘဝ လေးကို နေပျော်ပါတယ် ။

အချိန်ဆိုတာ ခဏလေးပဲ
တစ်နှစ်နဲ့ တစ်နှစ် ဟာ
ရာသီတွေကူးရင်း
အိပ်မက် လေးတစ်ခုလိုပါ
January နဲ့ စကားပြောနေတုန်း Decmberဟာ
လာနှုတ်ဆက်တယ် …

ရယ်လိုက် … ငိုလိုက်
့ပြုံးလိုက်ရွှင်လိုက်
အသက်ကလေးတဖြည်းဖြည်းကြီးလာတဲ့အခါ
အရင်လိုတော့ မျက်ရည်ကျဖို့ မလွယ်ကူတော့ဘူး
ပျော့ညံ့ ခြင်းတွေကို ထုတ်ပြလိုက်တဲ့အခါ
လူတွေက အခွင့်အရေးယူပြီး
ကိုယ့် ကိုအခါခါ နွမ်းစေခဲ့သမျှ
ကိုယ် မားမားမတ်မတ် မတ်တပ်ပြန်ရပ်ပြီး
ခရီးတစ်လျှောက်မှာ တွေ့သမျှလူကို
သိပ်ပြီးမပြုံးပြဖြစ်တော့ဘူး …

လူတွေနဲ့ပတ်သတ်ပြီး
တတ်နိုင်သမျှ ချစ်ခဲ့တယ်
စွမ်းနိုင်သမျှ မေတ္တာထားခဲ့တယ်
ရှိသမျှ အဖြူစင်ဆုံးရိုးသားခဲ့တယ်…

ကိုယ်ကောင်းခဲ့ပေမဲ့
မကောင်းသူနဲ့ ကြုံရတဲ့အခါ
ဝဋ် ကြွေး ရယ်လို့ သတ်မှတ်ပြီး
စိတ်ကို နေတတ်အောင်သင်ယူတယ် …

ဘာလိုလိုနဲ့ ဒီ ခရီးတစ်ယောက်တည်းလျှောက်လို့
ကောင်းကင်ကိုလည်းငေးခဲ့ပြီးပြီ
ပန်းတွေနဲ့ လည်းစကားပြောခဲ့ဖူးပြီးပြီ
လွင်ပြင်ထဲလျှောက်လို့ ခြေရာလေးတွေကို
နောက်ပြန်ကြည့်ရင်း တောင်းတန်တွေကိုလည်း
ပြုံးပြခဲ့ပြီးပြီ
ပင်လယ် ကမ်းစပ်တွေနားမှာ ထိုင်ခဲ့ဖူးပြီးပြီ …

တစ်နှစ်နဲ့ တစ်နှစ်က
ကြာသလိုလိုနဲ့ ခဏလေးပါပဲ…
အနည်းဆုံးတော့ ဆုံခဲ့ရတဲ့လူတွေအပေါ်ကို
အမြဲတမ်း နှလုံးသားနဲ့အဆက်အဆံပြုခဲ့တာကို
တွေးလိုက်ရင် ကိုယ် ဘယ်နေရာရောက်ရောက်
မျက်နှာခြင်းဆိုင်ပြီး မည့်သူ့ကိုမဆို
ပြုံးပြနှုတ်ဆက် နိုင်ခဲ့ပါတယ်…

ဒီခရီးက တစ်ယောက်တည်းပဲ
ဒါပေမဲ့ အရိုးသားဆုံး
လျှောက်လှမ်းခဲ့တယ်…

2 နှစ်များ - ဘာသာပြန်ပါ။

အိမ်ကလွတ်ပြီးရောဆိုပြီး
ရန်ကုန်တက်လာပြီး
ဂျပန်စာလေ့လာနေသော ငါတို့သူငယ်ချင်း၂ယောက်

image
2 နှစ်များ - ဘာသာပြန်ပါ။

Ex မင်္ဂလာဆောင်တွင်
me:

image
2 နှစ်များ - ဘာသာပြန်ပါ။

အဆီပြန်တဲ့အသားအရေ ပိုင်ရှင်တွေပြုလုပ်မိနိုင်တဲ့ အဆိုးရွားဆုံး အချက်၄ချက်

အဆီပြန်တဲ့ အသားအရေပိုင်ရှင်ဖြစ်ရတာ မလွယ်ပါဘူး။

မျက်နှာကို တစ်ရှူးနဲ့တချိန်လုံး သုတ်ပေးနေဖို့လိုပြီး ဓာတ်ပုံထဲမှာ ဆိုလည်း သင့်မျက်နှာက ဝင်းပြောင်ပြောင်ကြီးဖြစ်နေမယ့်အပြင် မျက်နှာသစ်ပြီးသွားရင်လည်း ဘယ်လောက်မှမကြာဖူး အဆီတွေနဲ့ စေးကပ်ကပ်ဖြစ်လာပြန်ဦးမှာပါ။ ဒါပေမဲ့ မပူပါနဲ့၊ အောက်မှာဖော်ပြထားတဲ့ (လူအများမှားယွင်းတတ်သော) အချက်တွေကို ရှောင်ကျဉ်ခြင်းအားဖြင့် သင့်ရဲ့ အဆီပြန်တဲ့ ပြဿနာကို အတိုင်းအတာတခုအထိ ကူညီဖြေရှင်း ပေးနိုင်မှာပါ။

အသားအရေခြောက်ကပ်လွန်းအောင်လုပ်ခြင်း
အဆီပြန်တတ်တဲ့သူတွေဟာ သူတို့ရဲ့အသားအရေကို အမြဲတမ်းလိုလို အရမ်းခြောက်ကပ်နေအောင် ထားလေ့ ရှိကြပါတယ်။ အယ်လ်ကိုဟောပါတဲ့ ပစ္စည်းတွေကို သုံးစွဲပြီး မျက်နှာကို လုံးဝပြောင်ရှင်းနေအောင် လုပ်ထား တတ်ကြပါတယ်။ သင့်မျက်နှာက အဆီတွေကို လုံးဝဖယ်ရှားပစ်လိုက်တဲ့အခါ ခဏတာအတွက်တော့ ကောင်းသွားတယ် ထင်ရပေမယ့် တကယ်တမ်းကြတော့ ပြဿနာကို ပိုလို့တောင်ဆိုးစေနိုင်ပါတယ်။ဘာလို့လဲဆိုတော့ ရုတ်တရက် ခြောက်သွေ့သွားတဲ့ သင့်အသားအရေကို အစိုဓာတ်ပြန်ပေးဖို့အတွက် ခန္ဓာကိုယ်က အဆီတွေကို ပိုလို့တောင် တိုးပြီး ထုတ်လာတော့ မှာမို့ပါ။

Moisturizer တွေကို အလွန်အကျွံ သုံးစွဲခြင်း
အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေ ပြုလုပ်တတ်တဲ့ နောက်ထပ်အမှားတခုက မှားယွင်းတဲ့ ဒါမှမဟုတ် အစိုဓာတ်များများပါတဲ့ moisturizer တွေကို သုံးလေ့ရှိတာဖြစ်ပါတယ်။မျက်နှာသစ်ပြီး ဆယ်မိနစ်လောက်အထိကတော့ မျက်နှာအသားအရေဟာ တင်းတင်းလေးနဲ့ ခြောက်ခြောက်လေး ဖြစ်နေတာကို လူတိုင်းခံစားရမှာပါ။ ဒီလို အနေအထားမျိုးကို လိုချင်တဲ့အတွက် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဟာ moisturizer တွေကို လိုတာထပ်ပိုပြီး အလွန်အမင်း သုံးကြပါတော့တယ်။ မိနစ်၂၀လောက်ကြာပြီးတဲ့အခါမှာ အဆီဂလင်းတွေကနေ အဆီတွေကို အရေပြားပေါ် စစ်ထုတ် ပေးလေ့ရှိပါတယ်။ ဒါကြောင့်မို့ moisturizerသုံးဖို့ တကယ်လိုမလိုကို သင့်အနေနဲ့ မိနစ်၂၀ သို့မဟုတ် ၃၀ လောက်အထိ စောင့်ကြည့် သင့်ပါတယ်။

မှားယွင်းတဲ့ မျက်နှာသစ်ဆေး အသုံးပြုမိခြင်း
သင်ဟာအဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင် ခပ်ပြစ်ပြစ်ဖြစ်နေတဲ့ ဒါမှမဟုတ် အဆီအခြေခံထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးတွေကို ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်သင့်ပါတယ်။ အမြှုပ် အခြေခံထုတ်လုပ်ထားတဲ့ မျက်နှာသစ် ဆေးတွေကတော့ အဆီပြန်တတ်သူတွေအတွက် အသင့်တော်ဆုံးပါ။ ဘာလို့လဲဆိုတော့ ပါဝင်ပစ္စည်းတွေဟာ မျက်နှာ အဆီပြန်မှုကို ဖယ်ရှားပစ်လိုက်ပေမယ့် လုံးဝမခြောက်ကပ်သွားစေလို့ ဖြစ်ပါတယ်။

မှားယွင်းတဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုခြင်း
Glycolic acid လို အဆီဓာတ်ပါဝင်တဲ့ ပစ္စည်းမျိုးကို သုံးမယ့်အစား salicylic acid ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကိုသာ အသုံးပြုသင့်ပါတယ်။ Salicylic acid ဟာ အဆီဂလင်းရှိတဲ့နေရာဖြစ်တဲ့ မွေးညင်းလေးတွေရဲ့ ဟိုးအောက်ဆုံး အခြေမှာရှိတဲ့ အိတ်ကလေးတွေအထိ စိမ့်ဝင်ရောက် ရှိနိုင်စွမ်းရှိတဲ့အတွက် အဆီကိုဖယ်ရှားပစ်ရာမှာ အသုံးဝင်လှပါတယ်။ဒီ့အတွက်ကြောင့် အဆီတွေဟာ အရေပြားအပေါ်ယံလွှာကို ရောက်လာမယ့် အစား သူ့ကို တကယ်လိုအပ်တဲ့ နေရာတွေဆီကိုသာ ရောက်ရှိသွားပါတော့တယ်

image