1 y - Translate

အဲလိုပါဆို

image
1 y - Translate

" BFF အယူအဆ "
BFF ဆိုတာ
ရုပ်ရှင်ရုံရှေ့မှာ
အုပ်စုလိုက်ပုံတွေရိုက်တင်ရုံနဲ့
Hot pot ဆိုင်မှာအုပ်စုလိုက်စားဖူးရုံနဲ့
ခရီးတစ်ခါ နှစ်ခါတူတူထွက်ဖူးရုံနဲ့
bff လို့ခေါ်တာမဟုတ်ဘူး....
တစ်ခါနှစ်ခါတွေ့ပြီး
Club တူတူသြား
Bar တူတူသြား
ကိုယ့်ပိုက်ဆံကိုယ်ရှင်းပြီး
လူတွေမြင်အောင် ပုံတွေတင်လိုက်ရုံနဲ့
bff ဖြစ်သွားတာမဟုတ်ဘူး....
Best friend forever ဆိုတာ
နှစ်နဲ့ချီပြီးပေါင်းသင်းရတာ...
အဖြစ်အပျက်တွေအများကြီး
အတူတူဖြတ်သန်းရတာ...
ပြဿနာတွေအများကြီးကို
အတူတူဖြေရှင်းရတာ...
အယူအဆမတူညီတာတွေကို
နှစ်နဲ့ချီသဘောပေါက်အောင်ကြိုးစားရင်း
နောက်ဆုံး သူ့စိတ်ကိုယ့်စိတ်ကို
နားလည်သွားတာ..
တစ်ယောက်ရဲ့ကောင်းကွက်တွေကိုပဲ
သဘောကျလို့ လိုက်ပေါင်းနေတာထက်
မကောင်းတာတွေကိုပါသည်းခံနိုင်မှ
ကိုယ်မကြိုက်တာတွေကိုပါ
နားလည်ပေးနိုင်မှ....
တစ်ဦးရဲ့ပကတိဘဝအစစ်အမှန်ကို
တစ်ဦးကနားလည်လက်ခံပေးနိုင်မှ
bff လို့ခေါ်တယ်....
သူတို့နဲ့တွေ့ဖို့
ဟန်ဆောင်နေရသေးတယ်
ဖုံးကွယ်နေရသေးတယ်
ပြုပြင်နေရသေးတယ်
မရှိတာတွေကို
အရှိလုပ်နေရသေးတယ်
မသိတာတွေကို
သိဟန်ဆောင်နေရသေးတယ်ဆိုရင်
bff မဟုတ်သေးဘူး ဒါဟာ
သာမန်မိတ်ဆွေအဆင့်ပဲရှိသေးတယ်.
bff တွေဟာ
နေ့တိုင်းတွေ့နေစရာမလိုဘူး
နေ့တိုင်းဖုန်းပြောနေစရာမလိုဘူး
အမြဲ chat နေစရာမလိုဘူး
ပုံတင်တိုင်း tag တွဲနေစရာမလိုဘူး....
ရင်ဘတ်ထဲမှာရှိပြီးသားသူတွေမို့
ကျန်တဲ့လူတွေသိချင်သိ မသိချင်နေ
သိပ်ဂရုစိုက်စရာမလိုတော့ဘူး....
"ငါသူတို့နဲ့ပေါင်းနေတယ်"ဆိုတာမျိုး
"ငါ့မှာလည်းသူငယ်ချင်းတွေရှိပါတယ်"
ဆိုတာမျိုး လူတွေသိအောင်
ပြောနေစရာမလိုတော့ဘူး
ဘာဖြစ်လို့လဲဆိုတော့
သူတို့က တကယ့်ကို bff တွေ
ဖြစ်သွားကြလို့ပါ..
တစ်ယောက်ခက်ခဲနေချိန်မှာ
ပထမဆုံးပြေးသတိရမိတဲ့သူက bff ပဲ...
အဲလိုပဲ
အဲဒီတစ်ယောက်က
တစ်ခုခုဖြစ်နေတယ်ဆို
ချက်ချင်းဆက်သွယ်လာတာ bff ပဲ...
လူမှုရေးကျယ်ပြန့်ဖို့
မသွားချင်လည်းသွား
သွားချင်လည်းသွား
မရယ်ချင်လည်း ရယ်ရ
မပြောချင်လည်း
follow လိုက်ပြီးပြောနေရ
အတင်းလိုက်ရော
အတင်းလိုက်ပေါင်းပြီး
လူအုပ်တောင့်ရင် ဓာတ်ပုံရိုက်
bff လို့ တင်နေသရွေ့
bff မဟုတ်သေးဘူးဆိုတာ
သိစေချင်တယ်...
အုပ်စုတွေတွေ့ပြီးပြန်လာရင်
အတင်းတွေပြောနေသရွေ့
bff မဟုတ်သေးဘူးဆိုတာလည်း
သိစေချင်တယ်...
bff ဆိုတာ
သူတို့ရည်းစား သူတို့လက်တွဲဖော်တွေနဲ့
မဆိုင်ဘူးဆိုတာလည်း သိစေချင်တယ်...
ဘယ်သူနဲ့ကြိုက်ကြိုက်
ဘယ်သူနဲ့ယူယူ
ကိုယ့်သူငယ်ချင်းက
ကိုယ့်သူငယ်ချင်းသာမို့
သူတို့တွေပြတ်ခြင်း မပြတ်ခြင်း
ယူခြင်း မယူခြင်း ကွဲခြင်းမကွဲခြင်းဟာ
ကိုယ်နဲ့သိပ်မဆိုင်တာမို့
ကိုယ့်သူငယ်ချင်းစိတ်ချမ်းသာဖို့ပဲ
ကိုကြည့်ရမှာဖြစ်ပါတယ်...
သူတို့စိတ်ချမ်းသာဖို့ သူတို့အဆင်ပြေဖို့
သူတို့ဘယ်သူနဲ့ကြိုက်ကြိုက်
ဒါကို သိပ်ခံစားနေစရာမလိုပါဘူး....
bff ဆိုတာ
လင်လုဖက်မဟုတ်ဘူး
မယားလုဖက်မဟုတ်ဘူး
စီးပွားပြိုင်ဖက်မဟုတ်ဘူး
စာပြိုင်ဖက်မဟုတ်ဘူး
အလှပြိုင်ဖက်မဟုတ်ဘူး
ဘာမှမပြိုင်တော့တဲ့အခြေအနေ
တစ်ယောက်ရဲ့အောင်မြင်မှုကို
ဝမ်းသာပေးနိုင်ပြီး
တစ်ယောက်ရဲ့ကျရှုံးမှုကို တူတူ
ငိုကြွေးပေးနိုင်တဲ့အခြေအနေရောက်မှ
bff လို့သုံးစွဲနိုင်တာဖြစ်ပါတယ်....
ဒီမုန့်စားနေရင်း လှမ်းသတိရတာမျိုး
ဒီရုပ်ရှင်ကြည့်နေရင်း လှမ်းပြောတာမျိုး
ဒီသတင်းဖတ်မိရင် လှမ်းသတိပေးတာမျိုး
ဒီအဖြစ်အပျက်တွေ့ရင်
ရုတ်တရက်သတိရသွားတာမျိုး
ဒီခရီးအကြောင်းတွေ့ရင်
တူတူသွားဖို့တိုင်ပင်ကြတာမျိုး
ဒီပစ္စည်းတွေ့မိရင် ဝယ်ဖို့မဝယ်ဖို့
လှမ်းလှမ်းမေးကြတာမျိုး
တိုင်ပင်ကြတာမျိုး
ဒီဟာသတွေ့ရင် လှမ်းပြီးတောင်ပို့ပြီး
ရယ်ခိုင်းတာမျိုး စတဲ့
စိတ်ချင်းဆက်သွယ်နေတဲ့
ထူးဆန်းမှုတစ်ခုပါ auto ရှိနေကြတာ...
ဖုန်းပြန်ခေါ်ခြင်းမခေါ်ခြင်း
Comment ပေးခြင်းမပေးခြင်း
ပိုက်ဆံရှင်းခြင်းမရှင်းခြင်း
ချိန်းထားပြီး လာခြင်းမလာခြင်း
နာမည်ပြောင်တွေနဲ့စခြင်း
နောက်ခြင်းတို့လို
အရေးသိပ်မကြီးတဲ့ကိစ္စတွေကို
bff တွေကြားမှာ
သိပ်ဖြေရှင်းနေစရာမလိုပါဘူး
ဘာ့ကြောင့်လဲဆိုတော့
သူ့ရဲ့အတွင်းစိတ်အခြေအနေအမှန်ကို
ကိုယ်က လက်ခံနိုင်ပြီးသွားပြီမို့လို့ပါ
သူ့ရဲ့ဆိုးခြင်းတွေ
မပြည့်ဝခြင်းတွေကိုပါ
ကိုယ်က လက်ခံသွားနိုင်လို့ပါ
ဒါ့ကြောင့်
တခါတလေ fb သုံးရင်း
group photo တွေမြင်ရင်
Caption လေးတွေဖတ်မိရင် ပြုံးမိတယ်....
bff လို့သုံးစွဲတိုင်း
"ထာဝရသူငယ်ချင်းကောင်း"ဆိုတဲ့
အဓိပ္ပါယ်ကို သူတို့တကယ်
နားလည်နိုင်ပါစေလို့လည်း
ဆုတောင်းမိတယ်။
ပုံတင်ထားတဲ့အတိုင်းလည်း
တကယ်ပဲ bff တွေ
ထာဝရဖြစ်သွားကြပါစေလို့
ဆန္ဒပြုရင်း.....
Credit

image
1 y - Translate

ဘီယာကုမ္ပဏီက ထုတ်လိုက်တဲ့ ခေါက်ဖုန်း
ပုရိသတွေသဲသဲလှုပ် ဘီယာကုမ္ပဏီကြီးဖြစ်တဲ့ Heineken Company ကတော့ ကိုယ်ထည်အတွင်းပိုင်းအထိ ထိုးဖောက်မြင်နိုင်တဲ့ ခေါက်ဖုန်းတစ်လုံးကို ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့က မိတ်ဆက်သွားပါတယ်။
ဖုန်းနာမည်ကတော့ “The Borning Phone” ပါ …
ဒီဖုန်းကိုတော့ Heineken နဲ့ အတူ ဘော်စတွန်အခြေစိုက် ဖက်ရှင် Brand တစ်ခုဖြစ်တဲ့ Bodega၊ အီလတ်ထရောနစ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ HMD ကုမ္ပဏီ တို့ ပူးပေါင်းဖန်တီးထားတာဖြစ်ပြီး အရင်ခေတ်ဟောင်းကို ပြန်လည်အောက်မေ့စေဖို့နဲ့ social media အသုံးပြုတာ လျော့ပါးစေဖို့ ခလုတ်ပါ ခေါက်ဖုန်းဒီဇိုင်းကို ဖန်တီးခဲ့တာပါ။
ဒီဖုန်းမှာဆိုရင် ဖုန်းခေါ်ဆိုခြင်းနဲ့ စာတို (Message) ပေးပို့တာလောက်ပဲ လုပ်ဆောင်နိုင်မှာဖြစ်ပြီး အခြားသော Social Media Platform တွေနဲ့ App တွေကိုတော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ 4G network အထိ support ပေးမှာဖြစ်ပေမယ့် အင်တာနက်မသုံးနိုင်ပါဘူး။ ဒါပေမဲ့ ဖုန်းရဲ့ ထွင်းဖောက်မြင်နိုင်တဲ့ အကြည်ဖောက်ကိုယ်ထည်ဒီဇိုင်းကြောင့် အတော်လေးကို လူစိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါတယ်။
The Boring Phone ကိုတော့ ဇွန်လဆန်းလောက်မှာ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ Limited Edition အနေနဲ့ အလုံးရေ (5,00 ပဲ ထုတ်သွားမှာပါ။
90 borns တွေအတွက်ကတော့ ဒီလိုဖုန်းဒီဇိုင်းတွေကို မြင်ရတာ သိပ်မဆန်းလောက်ပါဘူး။ အပြိုင်အဆိုင်ကိုင်ခဲ့ကြတာဆိုတော့ …
ကဲ ကိုယ့်လူတို့ကတော့ Heineken က ထုတ်တဲ့ ဘီယာတင်မကဘူး ခေါက်ဖုန်းကိုပါ အားပေးနိုင်တော့မှာပါ။

Credit to Akhayar Tech

image
1 y - Translate

အေးပါကွာ

image
1 y - Translate

ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ ဘီလ်ဂိတ်ကို ကမ္ဘာပေါ်မှာ သင့်ထက် ပိုပြီး ချမ်းသာတဲ့ သူ ရှိသလားလို့ လူတစ်ဦးက မေးတယ်။

ရှိတာပေါ့။ ကျွန်တော့်ထက် ပိုပြီး ချမ်းသာတဲ့ ပုဂ္ဂိုလ်တစ်ဦး ရှိပါတယ်လို့ ဘီလ်ဂိတ်က ပြန်ဖြေပါတယ်။

အဲဒီနောက် ဘီလ်ဂိတ်က သူ တွေ့ကြုံခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အခုလို ပြောပြခဲ့ပါတယ်။

- ကျွန်တော် အဲဒီ အချိန်တုန်းက မချမ်းသာ သေးပါဘူး။ လူသိလည်း မများသေးပါဘူး။ တစ်နေ့ နယူးယောက် လေဆိပ်မှာ သတင်းစာရောင်းသူ တစ်ဦးနဲ့ ဆုံခဲ့ပါတယ်။

- ကျွန်တော် သတင်းစာ တစ်စောင်ကို ဝယ်ချင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်မှာ ပိုက်ဆံ အကြွေ မရှိမှန်း ငွေပေးခါနီးမှ သိခဲ့ရတယ်။ ဒါနဲ့ ဝယ်ချင်တဲ့ ဆန္ဒကို မျိုသိပ်ပြီး အဲဒီသတင်းစာကို ရောင်းတဲ့ သူဆီ ပြန်ပေးလိုက်တယ်။

ကျွန်တော့်မှ အကြွေမပါကြောင်း သူ့ကို ပြောပြပါတယ်။ ဒါနဲ့ ဒီစာစောင်ကို အလကားပေးပါတယ်၊ ယူပါလို့ သတင်းစာရောင်းသူက ပြောပါတယ်။သူက မရမက ဇွတ်အတင်းပေးတာကြောင့် ကျွန်တော် အဲဒီ သတင်းစာကို ယူသွားလိုက်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ရက်သတ္တပတ် နှစ်ပတ်၊သုံးပတ်လောက်အကြာမှာ အဲဒီလေဆိပ်မှာ ပြန်ဆိုက်ခဲ့ပါတယ်။
သတင်းစာ ဝယ်ဖို့ အကြွေ မပါဘူး။သတင်းစာ ရောင်းသူက သတင်းစာ တစ်စောင် အလကား ပေးပြန်ပါတယ်။

ကျွန်တော် ဒီနေ့လည်း အကြွေ မပါပြန်ဘူး။ ဒါ့ကြောင့် ကျွန်တော် ဒီသတင်းစာကို မယူနိုင်ပါဘူးလို့ ငြင်းဆန်လိုက်ပါတယ်။

သင် ယူသွားလိုက်ပါ။ ကျွန်တော် အမြတ်ငွေလေး ရှိလို့ သင့်ကို အလကားပေးနိုင်တာပါ။ ကျွန်တော့် မရှုံးပါဘူး။
ဒီနေ့ ရောင်းကောင်းပါတယ်လို့ သူက ပြောပါတယ်။ ဒါနဲ့ ကျွန်တော်လည်း အဲဒီသတင်းစာကို ယူသွားလိုက်ပါတယ်။

နောက်၊ ၁၉ နှစ်အကြာမှာ ကျွန်တော်ဟာ လူသိများတဲ့ ပုဂ္ဂိုလ်၊ ကျော်ကြားတဲ့သူ တစ်ဦး ဖြစ်လာပါတယ်။
ရုတ်တရက်ဆိုသလို၊ သတင်းစာ ရောင်းသူကို ကျွန်တော် သတိရပါတယ်။
ဒါနဲ့ အဲဒီနေ့က စပြီး သူ့ကို ရှာပုံတော် ထွက်ပါတော့တယ်။တစ်လခွဲလောက် ရှာပြီးတဲ့ နောက်မှာ ကျွန်တော် သူ့ကို တွေ့ခဲ့ပါတယ်။

ကျွန်တော့်ကို သိပါသလား လို့ သူ့ကို မေးလိုက်ပါတယ်။ သိပါတယ်၊ သင်ဟာ ဘီလ်ဂိတ်ပဲ လို့ သူက ပြန်ဖြေပါတယ်။

ဟို အရင် တစ်ခေါက်က၊ ကျွန်တော့်ကို သတင်းစာ တစ်စောင် အလကားပေးခဲ့တာ မှတ်မိသေးလားလို့ သူ့ကို ပြန်မေးပါတယ်။

ဟုတ်ကဲ့၊ ကျွန်တော် မှတ်မိတာပေါ့။
သင့်ကို နှစ်ကြိမ် အလကားပေးခဲ့တယ်လေလို့ သတင်းစာ ရောင်းသူက ပြန်ဖြေပါတယ်။

အဲဒီတုန်းက၊ သင် ကျွန်တော့်ကို ကူညီခဲ့တဲ့အတွက် ကျေးဇူးပြန်ဆပ်ချင်ပါတယ်။ သင့်ဘဝမှာ လိုအပ်တာရှိရင် ကျွန်တော့်ကို ပြောပါ။ ဖြည့်ဆည်းပေးပါ့မယ်လို့ ကျွန်တော် သူ့ကို ပြောပါတယ်။

ဆရာရယ်၊ သင်က အဲလို ကျေးဇူးပြုလိုက်လို့ အဲဒီ ကျွန်တော် ကူညီခဲ့တဲ့ အရာကို ပြန်ဆပ်နိုင်မယ်လို့ မထင်ပါနဲ့လို့ သတင်းစာ ရောင်းသူက ကျွန်တော့်ကို ပြောပါတယ်။

ဘာဖြစ်လို့လဲလို့ ကျွန်တော် ပြန်မေးလိုက်တယ်။

ကျွန်တော်ဟာ ဆင်းရဲတဲ့ သတင်းစာ ရောင်းသူ တစ်ဦးဖြစ်တဲ့ အချိန်မှာ သင့်ကို ကျွန်တော် ကူညီ ခဲ့တယ်။
သင်ဟာ အခု ကမ္ဘာပေါ်မှာ အချမ်းသာဆုံးသူ ဖြစ်တဲ့ အချိန်မှာ ကျွန်တော်ကို ကူညီချင်နေတာ ဖြစ်တယ်။ ကျွန်တော့်ရဲ့ ကျေးဇူးကို ဘယ်လိုလုပ် ပြန်ဆပ်နိုင်မှာလဲ လို့ သူက ပြောပါတယ်။

အဲဒီနေ့က စပြီး ကျွန်တော် အသိတစ်ခု ရခဲ့ပါတယ်။ သတင်းစာရောင်းသူဟာ ကျွန်တော့်ထက် ပိုပြီး ချမ်းသာတဲ့သူ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ တစ်ဦးတစ်ယောက်ကို ကူညီဖို့ သူ ချမ်းသာတဲ့ အထိ မစောင့်ခဲ့လို့ပဲ ဖြစ်တယ်။

အမှန်တကယ် ချမ်းသာတဲ့ သူဆိုတာ ငွေကြေးအမြောက်အများ ချမ်းသာတာထက် ချမ်းသာကြွယ်ဝတဲ့ နှလုံးသားကို ပိုင်ဆိုင်တဲ့သူ ဖြစ်တယ်။ ဒါကို လူတိုင်း နားလည် သဘောပေါက်ဖို့ လိုအပ်ပါတယ်။

ဟုတ်ပါတယ်။ အဲလို ချမ်းသာတဲ့ ပုဂ္ဂိုလ်မျိုး ရှိနေဖို့ အင်မတန်မှ အရေးကြီးပါတယ်။

#greatpeople,GreatThoughts#
(If u like u can Share )

image
1 y - Translate

ဖားတွေမလာအောင်ဘယ်လိုလုပ်သင့်လဲ⚠️

မိုးရာသီလည်း ရောက်စပြုပြီဆိုတော့ မိမိပတ်ဝန်းကျင်မှာ ဖားတွေ ကင်းလိပ်လျှောတွေ ပေါများလာကြတာကို အားလုံးလဲသတိထားမိကြမှာပါ။ခုလိုရာသီမျိုးက ဖားကြောက်တဲ့လူတွေအတွက် တော်တော်လေး ဒုက္ခရောက်နေကြမယ် ထင်ပါတယ် အဲ့လိုမဖြစ်ရအောင် ဒီနေ့မှာတော့ မိမိအိမ်ကိုဖားတွေမလာစေမယ့် နည်းလေးမျှဝေပေးလိုက်ပါတယ် လိုအပ်တဲ့ပစ္စည်းရယ်လို့ များများစားစားမရှိပဲ ရေတစ်ခွက်ရယ် ဆားရယ် ဇလုံတစ်လုံးရယ်ပဲ လိုအပ်မှာဖြစ်လို့လူအများအတွက် အဆင်ပြေကြမယ်လို့ ထင်ပါတယ် မိမိအိမ်မှာဖားတွေ့တဲ့အခါမှာ ဖမ်းထားပြီး ဇလုံထဲကို ရေပြည့်ထည့်ပြီး ဆား၃ဇွန်းခန့်ထည့်ပြီးမွှေထားပေးပါ ပြီးရင်ဖမ်းထားတဲ့ဖားကို ထိုဇလုံထဲသို့ထည့်ပြီး ထွက်ပြေးမရအောင် ထားထားဖို့လိုလာပါလိမ့်မယ် အစပိုင်း တစ်ရက်နှစ်ရက်လောက်ကတော့ မသိသာပေမယ့် တစ်လလောက်ကြာတော့လည်း သူလည်းသူ့ဘဝနဲ့သူ နေသားကျနေပါပြီ မလွမ်းဘူးရယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲဗျာ ဘယ်နေရာကြည့်ကြည့် အမှတ်တရတွေနဲ့မို့ သတိမရစေတဲ့နေ့ဆိုတာလည်းမရှိခဲ့ပါဘူး ပြန်လည်းလ််ိုချင်တယ် အရမ်းလည်းလွမ်းရတယ် ဒါပေမယ့်ဖြစ်မှမဖြစ်နိုင်တော့ပဲဗျာ သူလည်းသူ့ဘဝနဲ့သူအဆင်ပြေနေပြီပဲကျွန်တော်လည်းပျော်သင့်ပါတယ်

image
1 y - Translate

ခုပြော ခုမေ့ 😂

image
1 y - Translate

သားကြီးတို့ အေးဆေး 😁

image
1 y - Translate

Fall in love with someone who wants you, who waits for you. who understands you even in the madness; someone who helps you, and guides you, someone who is your support, your hope. fall in love with someone who talks with you after a fight.

image
1 y - Translate

ဘဝမှာ ကံဇာတာတွေ ကောင်းချင်ရင်

၁။မနက် မျက်နှာသစ်တဲ့အခါ သရဏဂုံကို ရွတ်ဆိုပါ။
( မျက်နှာအကြည်ဓာတ်လေး ရစေပါတယ် )

၂။သွားတိုက်တဲ့အခါ ဂုဏ်တော်ပွါးများပါ။
( ကိုယ့်ရဲ့ ကောင်းတဲ့အကြံအစည်
အပြောအဆို မှန်သမျှ အောင်မြင်စေပါတယ် )

၃။သတိရရင် ရသလို မေတ္တသုတ် ရွတ်ပါ။
( မေတ္တာပေးတဲ့သူနား မေတ္တာပြန်ပေးသူတွေနဲ့
လုံခြုံ နွေးထွေးစေပါတယ် )

၄။တစ်နေ့( ၂ )ကြိမ် အနည်းဆုံး သောက်တော်ရေ ကပ်လှူပါ။
( "၇"ရက် သားသမီးများ အေးချမ်းသလို
ကိုယ့်ဘဝလဲ အေးချမ်းပါတယ် )

၅။တစ်နေ့ တစ်ကြိမ် မဟာသမယသုတ် ရွတ်ဖြစ်အောင် ရွတ်ပါ။
( နတ်တို့ ချစ်ခင် စောင့်ရှောက်ပါတယ် )

၆။တစ်နေ့ တစ်ကြိမ် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပါ။
( အကျိုးကျေးဇူး ဧကန်ထူးပါတယ် )

၇။တစ်နေ့ တစ်ကြိမ် ခင်ပွန်းကြီး( ၁ဝ )ပါးကို ဝန်ချတောင်းပန်
ရှိခိုးပါ။
( အပြစ်မှန်သမျှ ဆင်ခြင်မိစေပါတယ် )

၈။ငါးပါးသီလကို လုံခြုံအောင် အတတ်နိုင်ဆုံး စောင့်ထိန်းပါ။
( သီလအကျိုးကြောင့် လူ့တန်ဖိုး မြင့်တက်လာပါတယ် )

၉။မိဘကျေးဇူးကို အထူးသိတတ်ပါ။
( ရောက်ရာအရပ်မှာ လူချစ်လူခင် ပေါပြီး
ကူညီစောင်မသူတွေနဲ့ တွေ့ရပါလိမ့်မယ် )

၁ဝ။စိတ်ကောင်းရှိစွာ နေထိုင်ပါ။
( စိတ်နောက်ရင် ဘဝက နောက်ပါတယ် )

၁၁။နေ့စဉ် ကုသိုလ် ပညာ ဥစ္စာထဲက တစ်ခုခုရဖို့ ကြိုးစားပါ။
( လူဖြစ်ရတဲ့ အခိုက်အတန့်မှာ လူဖြစ်ရကျိုး နပ်စေပါတယ် )

၁၂။တစ်နေ့ကို အနည်းဆုံး ( ၁၅ )မိနစ်ခန့် တရားထိုင်ပါ။
( သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါတယ် )