1 y - Translate

ဒန့်ဒလွန်သီးချက်မစားဖြစ်သေးရင် မရင့်အောင် ခြောက်မသွားအောင် ဘယ်လိုသိမ်းမလဲ???

ရေနွေးပွက်ပွက်ဆူအောင်တည်ပြီး အကြောသင်ပြီးသား ပိုင်းဖြတ်ထားတဲ့ ဒန့်ဒလွန်ပိုင်းလေးတွေကို ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးထဲထည့်ပြီး အဖုံးအုပ်ထားပါ။

တစ်မိနစ်လောက်ဆိုရပြီ။

ပြီး ရေငှဲ့ပြီးရေအေးထဲစိမ်ထားပါ။

ပြီးရင်ဇကာနဲ့ရေစစ်ထားပါ။

ရေခြောက်ရင် အိတ်နဲ့ဖြစ်ဖြစ် ဗူးနဲ့ဖြစ်ဖြစ်သေချာ ပိတ်ပြီး ရေခဲသေတ္တာထဲသိမ်းထားပါ။

စားချင်တဲ့နေ့မှထုတ်ချက်စားနိုင်ပါတယ်။
လချီပြီးအထားခံပါတယ်နော်။

ကိုယ်လဲfb ကသူများသင်ပြတာ
ကြည့်ပြီးလိုက်လုပ်တာအဆင်ပြေလို့
ပြန်မျှဝေတာပါ။

image
1 y - Translate

တကယ်တော့လေ
အဆင်မပြေရင်တစ်ယောက်တည်း
ငြိမ်နေလိုက်တာအကောင်းဆုံးပဲ။
ဘယ်သူ့ဆီကမှ နွေးထွေးမှုကိုသွားမလိုချင်နဲ့။
ကိုယ်ထင်သလိုဖြစ်မလာရင်
ပိုပြီးသိမ်ငယ်သွားစေတယ်။

အဆင်မပြေတဲ့အရာက ပိုအဆင်မပြေဖြစ်ပြီး
ဖိအားတွေပဲ ပိုများလိမ့်မယ်။ ပိုပင်ပန်းပါတယ်ကွာ။

မင်းအဆင်မပြေရင်
တစ်ယောက်တည်းငြိမ်ကုတ်နေလိုက်။
အဲဒါကပိုပြီး အလုပ်ဖြစ်လိမ့်မယ်။
ဘယ်သူ့ကိုမှ မလိုအပ်လေ ပိုကောင်းလေပေါ့ကွာ...။

💛🌼

image
1 y - Translate

How to make me happy:

image
1 y - Translate

How to make me happy:

image
1 y - Translate

How to make me happy:

image
1 y - Translate

How to make me happy:

image
1 y - Translate

How to make me happy:

image
image
image
image
1 y - Translate

မပြည့်စုံတဲ့ ဘဝက လာတာမို့
ငယ်ငယ်ကတည်းက
ကိုယ်လုပ်မှ ကိုယ်ရ မယ်ဆိုတဲ့ စိတ်မျိုး အရိုးစွဲခဲ့တာ ။

တစ်ခုခု လိုချင်တာရှိရင်တောင်
မိဘတွေရဲ့ မျက်နှာကိုကြည့်ပြီး
ဘာမှ မတောင်းဆိုခဲ့တဲ့ သားသမီးတွေထဲ
ကျွန်မ ပါခဲ့တယ် ။

Background ကောင်းကောင်းနဲ့
ဆင်းသက်လာတာ မဟုတ်လို့
သူများတွေ သက်တောင့်သက်သာ
လျှောက်လို့ရတဲ့လမ်းကို
နှစ်ဆလောက် ပင်ပန်းပြီး လျှောက်ခဲ့ရတယ် ။

ဘဝထဲမှာ အမှားတွေရော ဒဏ်-ရာ တွေရော
ပြီးတော့ ခံနိုင်ရည်တွေကလည်း
သူများတွေ ထက် ပိုခဲ့တယ် ။

သိတတ်တဲ့ အရွယ်က စပြီး
ကိုယ့်လိုအင်ဆန္ဒနဲ့ ပတ်သက်လို့
မိဘကို စိတ် သောက မပေးခဲ့ဖူးတဲ့အတွက်
ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူရပြန်တယ် ။

မိဘရဲ့ အထောက်အပံ့နဲ့ အိမ်မက်နောက်လိုက်နိုင်တဲ့
သူတွေကို မြင်တိုင်း အားကျမိပေမယ့်
အိမ်မက်ထက် လက်တွေ့ဘဝကို
ကြိုးစားရုန်းကန်ခဲ့ရတဲ့ ကိုယ့်ကိုယ်ကိုယ်
တကယ် ဂုဏ်ယူမိပြန်တယ် ။

ဘာရယ် မဟုတ်ဘူး
မိဘတွေဆိုတာ သားသမီးကို
အောင်မြင်စေချင်တယ်
ဖြစ်ထွန်းစေချင်တယ် ဆိုတဲ့ သူတွေချည်းမို့
သားသမီးဆန္ဒကို ဖြူတယ် မည်းတယ် မပြောဘဲ
အကုန်ဖြည့်ဆည်းပေးရင်း
ဘဝကို လုံးပါး ပါး သွားကြတဲ့ မိဘတွေကို
မြင်ရတော့ .. မိသားစုတစ်ခုမှာ
သားသမီး‌တစ်ယောက်ရဲ့သိတတ်မှုဟာ
အင်မတန် အရေးကြီးပါလား တွေးမိလာလို့ ။

Supporting ကောင်းကောင်းရနေတုန်းမှာ
လမ်းမလွဲဖို့ ..
မိဘတွေရဲ့ အားထုတ်မှုဟာ အကျိုးရှိရှိဖြစ်သွားဖို့ ..
မဖြစ်နိုင်တဲ့အရာတွေအပေါ် အားစိုက်နေမယ့်အစား
ဘဝကို လက်တွေ့ကျကျ ရင်ဆိုင်ရင်းနဲ့
မိဘ အပေါ် သိတတ်ကြဖို့ ပြောချင်ပါတယ် ။

မိဘတွေဟာ ကျလူ ဖြစ်ပြီး
ကိုယ်က တက်လူပါ ..
မိဘတွေ ငယ်ရွယ်ချိန်မှာ စု‌ေဆာင်းခဲ့သမျှဟာ
ကိုယ့်ကြောင့် အလဟဿကုန်သွားတာမျိုး
မဖြစ်စေဖို့ သိပ်အရေးကြီးပါတယ် ။

လက်ရှိမှာ ကိုယ့်မိဘတွေကို
ပြည့်ပြည့်စုံစုံ မထားနိုင်သေးရင်တောင်
ငွေကြေးအရ မထောက်ပံ့နိုင်သေးရင်တောင်
ကိုယ်ကြောင့် ဒုက္ခရောက်သွားနိုင်တဲ့ စွန့်စားမှုမျိုးနဲ့
မိဘတွေရဲ့ မေတ္တာကို ပုံဖော်မခိုင်းပါနဲ့ .. ။

ကျွန်မကတော့
သိတတ် လိမ္မာတဲ့ သားသမီးမျိုးအဖြစ်နေတာကလည်း မိဘကိုကျေးဇူးဆပ်တာပဲလို့ ခံယူထားပါတယ် ။

image
1 y - Translate

I need to go to the seaside to think about some things>>🌊✨

image
1 y - Translate

ငယ်ငယ်ကအရက်မူးတဲ့လူတွေ့ရင်
ကြောက်စရာလို့ထင်ခဲ့တာ

အဲ့မယ်ငါ့အလှည့်ကျမှ
ချစ်စရာလေး...😁