1 y - Translate

ငါးရံအူဟင်း

ငါးရံအူက မချက်တတ်လျှင် ညှီပြီး စားမကောင်းဖြစ်တတ်ပါတယ်။ ဒါကြောင့် ငါးရံ့အူကို ဒီနည်းအတိုင်း ချက်စားကြည့်နော်။ တကယ်စားကောင်းပါတယ်။

ညှီစော်မနံဘဲ အရသာရှိတဲ့ ငါးရံ့အူမွှေးမွှေး ချက်မယ်နော်။ တကယ်တော့ ငါးရံ့အူက အလွန်လက်ဝင်ပါတယ်။ အူတွေကို သွားကြားထိုးတံနဲ့ခွဲလို့ အဝါရောင်၊ အမည်းရောင်တွေပါလျှင် ဆက်ခွဲပြီး သေချာဆေးရပါတယ်။ နို့နှစ်ရောင်အနှစ်လေးတွေပါတဲ့

အူဆိုလျှင် ခွဲစရာမလိုပါဘူး။ အဲဒါက ဝက်အူချိုလို အူမျိုးပါ။ အလွန်ဆိမ့်ပါတယ်။

ပါဝင်ပစ္စည်းများ

ငါးရံ့အူ- ၂၅ ကျပ်သား

ငရုတ်ပွ- ၆၊ ၅ တောင့်

ချင်း- လက်တစ်ဆစ်

ကြက်သွန်ဖြူဗမာဥ- ၁ လုံး

ဆီ- ၅ ကျပ်သား

နနွင်းမှုန့်- အနည်းငယ်

ငံပြာရည်- သင့်ရုံ

ဆား- အနည်းငယ်

သကြား- အနည်းငယ်

ပျဉ်းတော်သိမ်- ဆီသတ်ရွက် တစ်ခက်

ရှလကာရည်- စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

အစာအိမ်ကို ကတ်ကြေးနဲ့ခွဲပြီး ရေနှင့် သေချာဆေးပါ။ ရေနွေးအိုးတည်ပြီး ဆူလာလျှင် ဆား၊

အရသာ၊ သကြားအနည်းငယ်နှင့် ရှလကာရည် ထည့်၍ ငါးရံ့အူကို ထည့်ပြုတ်ပါ။ ၅ မိနစ်ခန့်ပြုတ်ပြီးလျှင် ရေသွန်၍ ရေအေးနဲ့ တစ်ထပ်လောက် ပြန်ဆေးပြီးလျှင် ချက်လို့ရပါပြီ။ ငါးရံ့အူချက်လျှင် ကြက်သွန်နီ မသုံးပါဘူး။ ညှီစော်နံတတ်ပါတယ်။ ချင်းနှင့် ငရုတ်သီးကို ညက်အောင်ထောင်းပြီး ကြက်သွန်ဖြူကို ကွဲရုံထောင်း၍ ဆီသတ်ပါ။ မွှေးပြီး အရောင်ပြောင်းလာလျှင် ငံပြာရည်ပေါက်ပါ။ ငါးရံ့အူထည့်ပါ။ ပျဉ်းတော်သိမ်ရွက်ထည့်ပြီး အိုးမကပ်အောင် အသာလေး အပေါ်အောက်လှန်နေရင်း အရသာထည့်ပါ။ ထပ်ထပ်လေးဖြစ်လာလျှင် ရေနွေးလောင်းပြီး အဖုံးအုပ်တည်ပါ။ ၂ ရေလောက်တော့ ချက်ပါ။ ငါးရံ့အူက ပျဉ်းတော်သိမ်ရွက် ခတ်တာနဲ့ အလွန်လိုက်ဖက်ပါတယ်။ မွှေးပြီး အညှီနံ့လည်း ပျောက်ပြီးတော့ စားလို့ လည်း ကောင်းပါတယ်။

image
1 y - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၁၈-၉-၂၀၂၄)

တက်ဖို့လွယ်ပေမယ့် ကျဖို့ခက်ခဲနေဆဲ ယနေ့စက်သုံးဆီစျေးနှုန်း…

image
1 y - Translate

နေပါအုန်း စကားဆုံးအောင်ပြောအုန်းမယ်လေ😒

image
1 y - Translate

အဲ့ဒါငါပဲ🤣🤣🤣

image
1 y - Translate

✅မနက်ဘာမှမစားခင်
ရေနွေးထဲသံပုရာရည်ညစ်ထည့် ပျားရည်၂ဇွန်းထည့်ပြီး တစ်ရက်ခြားတစ်ခါသောက်ပေးခြင်းကလည်း အဆီတွေကျစေနိုင်ပါတယ်နော် ✅
ကိုယ်တူမ‌ေလးနဲ့ ကိုယ်တိုင်စမ်းသပ်ကြည့်တဲ့ရလာဒ်ပါရှင့်

image
1 y - Translate

Shogun စီးရီးအောင်မြင်မှုနှင့်အတူ ဂျပန်ဓားခုတ်နည်းလေ့လာသူတိုးမြင့်
--------------------------
တိုကျိုမြို့လယ်မှာ လူတွေကို ဂျပန်ဓားခုတ်နည်းသင်ပေးတဲ့ အလုပ်ရုံတစ်ခုမှာ ဆာမူရိုင်းတွေရဲ့ စစ်မှန်တဲ့ အတွေ့ အကြုံကို ရှာဖွေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ တိုးမြင့်လာနေပါတယ်။ သင်တန်းကို တိုကျိုဆာမူရိုင်းဇာတ်ရုံလို့ ခေါ်တဲ့ ဒိုဂျို ကာဇူကို မစ်ဆူအီ နေရာမှာ ဖွင့်လှစ်ထားတာပါ။ သင်တန်းသားတွေဟာ ရက်ထားတဲ့ကျူဖျာတွေကို ဂျပန်ဓားအစစ်နဲ့ ခွဲခြမ်းစိတ်ဖြာ လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။

ဂျပန်ဓားတစ်ချောင်းရဲ့အလေးချိန်နဲ့ ဓားကို ဘယ်လို ကိုင်တွယ်ရမလဲ၊ ပြိုင်ဘက်ကို ဘယ်လိုခုတ်ရမလဲဆိုတာ သိလာတယ်လို့ ပါဝင်လေ့ကျင့်ခဲ့တဲ ဒတ်ခ်ျ အင်ဂျင်နီယာ တစ်ယောက်က ပြောပါတယ်။ ဆာမူရိုင်းတွေနဲ့ ခေတ်ပြိုင် စစ်သူကြီးတွေအကြောင်း ဂျပန်ဒရာမာစီးရီး “Shogun” (ရှိုူဂွန်)ဟာလည်း ထူးခြားစွာပဲ ဒရာမာ တစ်ရာသီအတွက် အကောင်းဆုံး အမ်မီဆု ၁၈ ဆု ရခဲ့ပါတယ်။ ဂျပန် အင်ပါယာခေတ်နောက်ခံ ဇာတ်လမ်းတွဲဟာ အကောင်းဆုံးဒရာမာဆုနဲ့ ခေါင်းဆောင်မင်းသား ဟီရိုယူကီ ဆာနာဒါနဲ့ အန်နာ ဆာဝါအီတို့အတွက် အကောင်း ဆုံးသရုပ်ဆောင်ဆုတွေ ရရှိခဲ့ပါတယ်။

သရုပ်ဆောင်တွေနဲ့ စီးရီးကြောင့် ဂျပန်ရှေးဟောင်းယဉ်ကျေးမှုဟာ ယနေ့ခေတ်မှာ အသက်ဝင်လာပြီး ကမ္ဘာ တစ် ဝန်းကလူတွေ တီဗီစီးရီးရဲ့ ဇာစ်မြစ်အကြောင်း လေ့လာကြတဲ့အတွက် ဝမ်းသာမိတယ်လို့ ဂျပန်ဓားခုတ်ဆရာ ဂန်းဆိုင်း ကာမီဒဲ က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး ဓားခုတ်နည်းလေ့လာသူ ရာခိုင်နှုန်း ၁၅၀ ကနေ ၂၀၀ အထိ တိုးလာပြီး တီဗီစီးရီးရဲ့ အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ သိရပါတယ်။

image
1 y - Translate

ဇနီးသည်ကို မူးယစ်ဆေးကျွေးပြီး လိင်ပိုင်းစော်ကားမှု တရားခံဝန်ခံ
---------------------
ခင်ပွန်းဟောင်းက သူမ မူးယစ်နေချိန်မှာ လိင်ပိုင်းစော်ကားဖို့ လူစိမ်းတွေကို စည်းရုံးပို့ဆောင်ခဲ့တယ်လို့ ပြင်သစ် အမျိုးသမီး ဂီစီလီ ပဲလက်ခါက ခင်ပွန်းဖြစ်သူကို စွပ်စွဲထားပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး ကြားနာမှုကို စက်တင် ဘာ ၁၇ ရက်က ပြန်လည်စတင်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ ဒိုမီနစ် ပဲလက်ခါက ဇနီးဖြစ်သူကို မူးယစ်ဆေးကျွေးပြီး သူမကို အဓမ္မပြုကျင့်ဖို့ လူစိမ်းဒါဇင်ပေါင်းများစွာကို ဆယ်စုနှစ်တစ်ခုနီးပါး စည်းရုံးခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ပြင်သစ်တရားရုံးမှာ ဒိုမီနစ်က သူဟာ မုဒိမ်းသမားဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး ဂီစီလီ့မိသားစုက သူ့အပေါ် ခွင့်လွှတ် ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ ဒိုမီနစ်ရဲ့ရှေ့နေက တရားခံရဲ့ ပြောဆိုချက်ကို အနက်ဖွင့်ဆိုဖို့က တရားရုံးရဲ့တာဝန် ဖြစ်ပြီး သူ့အမှုသည်က ကိုယ်တိုင် ရှင်းပြကာ တာဝန်ကို ရှောင်တိမ်းလိုခြင်းမရှိတာကို ပြသလို့ ဝမ်းမြောက်မိ ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒိုမီနစ် ပဲလက်ခါရဲ့ ထွက်ဆိုချက်ကို ကြားနာမှုဟာ ပြင်သစ်နိုင်ငံရဲ့ မကြာသေးခင်က သမိုင်းမှာ အံ့မခန်းအကြီး ကျယ်ဆုံး ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခု ဖြစ်ပါတယ်။ ဒိုမီနစ်ရဲ့ ကျန်းမာရေး ဆိုးရွားမှုကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က ရွှေ့ဆိုင်းခဲ့ရတဲ့ ကြားနာမှုကို အခု ဆက်လက် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ မုဒိမ်းမှု၊ အုပ်စုဖွဲ့ မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ ပုံရိပ်တွေကို မှတ်တမ်းတင် ဖြန့်ဝေမှုဆိုတဲ့ စွဲချက်များစွာကို ရင်ဆိုင်နေရပါတယ်။

image
1 y - Translate

ကိုယ်တောင်သိပ်မသိသေးတဲ့ ရွှေတိဂုံစေတီတော်ကြီး၏ အံ့ဖွယ် (၉)ပါး ပုံတော်များ ထူးထူးခြားခြားပုံတော်တွေ ကြည်ညိုနိုင်ကြပါစေ 🙏🏼

ရွှေတိဂုံစေတီတော်ကြီး၏
အံ့ဖွယ် (၉) ပါး

ရွှေတိဂုံဘုရားသာရောက်ကြတာတော်တော်များများအံ့ဖွယ်(၉)ဆူမဖူးကြဘူး🙏

အံဖွယ်( ၉) ဆူမှာ 🙏

၁။ ပတ္တမြားမျက်ရှင်
၂။ ဝိဇ္ဇာဇော်ဂျီ
၃။ ရှင်စောပုဘုရား
၄။ ရှင်မထီးဘုရား
၅။ ရှင်အဇ္ဇဂေါဏဘုရား
၆။ ဆံတော်တွင်းရုပ်ပွားတော်
၇။ ဘိုးဘိုးအောင်ဂူဘုရား
၈။ ကကုသန္ဓဘုရား ( လက်
၉။ ပြဒါးရှင်ဘုရား

image
1 y - Translate

မန္တလေးမြို့ရိုးအရှေ့ဘက်တံခါးနှင့်ကင်းတဲတစ်ခု(၁၈၈၆)

image