ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရုန်းကန်နေကြရချိန်မှာတော့
ေ၀းနေကောင်း ဝေနေနိုင်ကြပါတယ်
ဒါပေမဲ့ ကိုယ်စိတ်တွေ အချစ်တွေကတော့
မင်းရဲ့အနီးဆုံးနေရာတစ်ခုမှာ အမြဲရှိနေပါတယ်
စိတ်မချတဲ့အခါလည်း ရှိတယ်
သိပ်အားမရတဲ့အခါလည်း ရှိမယ်
အူတိုလို့စိတ်ဆိုးရန်ရှာတဲ့အခါလည်း ရှိမယ်
ဒါတွေအားလုံးဟာ မင်းစိတ်ကို
ပင်ပန်းစေချင်လို့ မဟုတ်ပါဘူး
ဘယ်သူမဆို ကိုယ်ချစ်ရသူကို
ပိုင်ဆိုင်ချင်ကြတဲ့ လောဘတော့ ရှိကြတာပါလေ
အဲ့ထဲမှာ ကိုယ် လည်းအပါ၀င်ပေါ့။
#1918a
စကားလေးတစ်ခု ကြားဖူးတယ်
"ရုပ်လှတာကို မရှာပါနဲ့ ၊ တစ်နေ့အိုသွားမှာပါ"
"နူးညံ့တဲ့အသားရည်ကို မရှာပါနဲ့ တစ်နေ့
အရေးကြောင်းတွေ ဖြစ်လာမှာပါ" တဲ့။
"ဒါပေမဲ့ သစ္စာရှိတဲ့ နှလုံးသားကိုတော့ ရှာပါ
အဲ့တာကပဲ ကိုယ်နဲ့အတူ သက်ဆုံးတိုင်
ရှိနေမှာပါ" တဲ့။
ကျွန်တော် အဲ့စကားကို လက်ခံပါတယ်။
Love is forever ! ချစ်ခြင်းကပဲ ထာဝရတည်မည်ပေါ့...
🤍 || 23.11.2024
လာမယ့် နေ့ရက်လေးတွေမှာ
ဆက်ပြီး ချစ်သွားချင်ပါတယ် ။
ဆိုးတူကောင်းဖက် အတူရှိသွားချင်တယ်
ပျော်ရွှင်စရာလေးတွေ မျှဝေခံစားချင်တယ်
နွေးထွေးမှုလေးတွေ ပေးချင်တယ်
အဲ့ဒီ သက်ရှိ အဲ့ဒီ ပုခုံးစွန်းလေးမှာပဲ
နှစ်တွေအကြာကြီး မှီတွယ်သွားချင်ပါတယ် ။
🌻🤍
#ᗩᒪoᑎᗴ
စောင့်နေတယ် ဆိုတာကလည်း
ထင်သလောက်တော့ပျော်စရာကောင်းမနေဘူး ။
သိလား ။ ကိုယ်စောင့်နေပါတယ်ဆိုတဲ့အရာက
ကိုယ့်ဆီရောက်လာနိုင်လား ဒါမှမဟုတ် လုံးဝ
ရောက်မလာနိုင်တော့ဘူးလား ဆိုတာလည်း
မသိနိုင်ဘူး ။ မသေချာဘူး။ အချိန်အကန့်အသ/တ်
လည်း မရှိပြန်ဘူး။ တခဏလေးလည်း ကြာနိုင်သလို
တစ်ဘဝလောက်လည်း ကြာသွားနိုင်တာမလို့လေ။
စောင့်နေတယ်ဆိုတာမျိုးတွေက
ထင်သလောက် ပျော်စရာကောင်းမနေဘူး။
ဒါမဲ့စောင့်နေကြတုန်းပါပဲ ။အဲ့ဒီတစ်နေ့နေ့ဆိုတာကို ။
- ခက်နှောင်