Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒေါ်နယ်ထရမ့် အောင်ပွဲခံ မိန့်ခွန်းပြောပြီ
နိုဝင်ဘာ ၆
အမေရိကန်၊ ဖလော်ရီဒါပြည်နယ်၊ ဝက်စ် ပန်း ဘိချ်မှာ လုပ်တဲ့ရွေးကောက်ပွဲ မဲရလဒ်စုဝေးစောင့်ကြည့်တဲ့ပါတီမှာ လူထုရှေ့ကို ဒေါ်နယ် ထရမ့် ထွက်လာပြီး “အောင်ပွဲမိန့်ခွန်း” ပြောနေပြီ ဖြစ်ပါတယ်။
ထရမ့်ကတော့ “ ကျွန်တော်တို့နိုင်ငံကို အနာကျက်အောင် ကုစားမယ်”လို့ ဆိုပါတယ်။
နယ်စပ်ရေးရာကိစ္စတွေကို တည့်မတ်ဖို့ ကတိပြုပြီး သူနဲ့ သူ့ပါတီဟာ တစ်ချိန်ကလည်း ဒါကို ဖြေရှင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ရီပတ်ဘလီကန် သမ္မတလောင်းက အောင်ပွဲခံမိန့်ခွန်းအဖြစ် ပြောနေတယ်ဆိုတာ ထင်ရှားပါတယ်။
ဒါ့အပြင် ဒီအချိန်ဟာ အမေရိကန်ရဲ့ “ရွှေခေတ်”ပဲလို့ ဆက်ပြောပါတယ်။
“ဒါဟာ အမေရိကန် ပြည်သူတွေအတွက် ကြီးကျယ်ခမ်းနားတဲ့ အောင်ပွဲပါ၊ ကျွန်တော်တို့အနေနဲ့ အမေရိကကို တစ်ဖန်ပြန်ပြီး ခမ်းနားအောင် လုပ်ခွင့်ပေးလိုက်တာ” ဆိုပြီး မဲဆွယ်စည်းရုံးတုန်းက ဆောင်ပုဒ်နဲ့ လက်သုံးစကားတွေကို ထပ်လောင်းပြောခဲ့ပါတယ်။
ပုံစာ-ဇနီးနဲ့ သားတို့နဲ့အတူ စင်မြင့်ပေါ် တက်လာတဲ့ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ် နယ်ထရမ့်
Credit - BBC
#သတင်းဟင်းလေးအိုးကြီး
Dota 2 ရဲ့ လက်ရှိအခြေအနေတွေအတွက် "Valve" ကို ဝေဖန်လိုက်တဲ့ "tOfU"
Gaimin Gladiators အသင်းရဲ့ Position 4 ကစားသမားတဦး ဖြစ်သူ ToFu ကတော့ လက်ရှိ Dota 2 Pro Scene ရဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီး Valve ကို ဝေဖန်လိုက်ပါတယ်။ ToFu အဓိက ထောက်ပြခဲ့တာကတော့ Pro Scene အတွက် ကစားသမားအသစ်တွေ ထပ်မံပေါ်ထွက်လာခြင်း မရှိတော့တဲ့ အကြောင်းပါ။ ဒီအကြောင်းတွေကိုတော့ ToFu ဟာ BetBoom Dacha Belgrade 2024 မှာ ပြောသွားခဲ့တာ ဖြစ်ပြီး သူပြောခဲ့တာ အပြည့်အစုံကတော့ အောက်ပါအတိုင်းပါ။
"ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ဂျာမန်တွေ,Danes တွေ နဲ့ ဟော်လန်သားတွေပါ ကစားသမားတွေ အနေနဲ့ ရှိခဲ့တယ်ကွာ။ ဒါပေမယ့် Professional ကစားသမားတွေတော့ ထပ်ပြီး ထွက်မလာတော့ဘူးလေ။ ငါ့သူငယ်ချင်းတွေ ငါ့ထက်ငယ်တဲ့ကောင်တွေ Dota ကို လုံးဝမကစားတော့သလောက်ပါပဲ။ Dota က ဒီမှာ ပေါ်ပြူလာ မဖြစ်တော့ဘူးလေ။ ကစားသမားအရေအတွက်နဲ့ ပြောရမယ်ဆိုရင် Dota က သေသွားခဲ့တာ ကြာပါပြီ။ Marketing ကောင်းကောင်းမရှိဘူးကွာ ၊ Heroes အသစ်တွေ အတွက်လည်း Hypes စရာ မရှိဘူးလေ။ ဒါမှမဟုတ်လည်း Game နဲ့ ပတ်သတ်တဲ့ သောက်ရမ်းမိုက်တဲ့ cinematic trailers တွေလည်း ရှိမနေပါဘူး။ Patches တွေကိုလည်း သောက်ပျင်းထူပြီး မထုတ်ဘူးကွာ နောက်ဆုံးထုတ်မယ်ဆိုလည်း ဘယ်အချိန်ဘယ်ရက်ထွက်မယ်ဆိုတာ မရှိဘူးကွာ။ ပြောရရင်တော့ လုပ်ရမှာတွေ အများကြီးကို မလုပ်ပဲထားတာတွေ အများကြီးပါ။" ဆိုပြီး ပြောသွားခဲ့ပါတယ်။
ဒါဟာ TofU တယောက်ထဲရဲ့ အမြင်တော့ မဟုတ်ခဲ့ပါဘူး။ Dota pros တော်တော်များများ ပြောလာတဲ့ ကိစ္စဖြစ်ပြီး သူတို့ရဲ့ သူငယ်ချင်းတွေ Dota ကစားဖော်ကစားဖက်တွေဟာ Dota ကို စွန့်ခွာသွားကြပြီလို့ဆိုကြပါတယ်။ ဒါပေမယ့်လည်း Dota ကတော့ သူ့ရဲ့ ကြီးမားတဲ့ Fans Base ကြောင့် ဆက်လက်ပြီး အလုပ်ဖြစ်နေအုန်းမှာ ဖြစ်ပြီး ပြသာနာတွေအများကြီး ရှိနေပေမယ့်လည်း Die Hards Dota Fans တွေကတော့ ဒီဂိမ်းကို ရူးသွပ်စွဲလမ်းနေဆဲ ဖြစ်ပါတယ်။ ဒီထဲမှာ ကျနော်တို့လည်း ပါနေဆဲပေါ့ဗျာ။
Source: : HawkLive,Photo Crd To HawkLive
LetMeInvoke
DuckyEsports
Ducky
Credit
နာမည်ကျော် ထိုင်းလက်ရွေးစင်ဟောင်း Dusit ကန်ချနဘူရီပါဝါအက်(ဖ်)စီအသင်း နည်းပြသစ်အဖြစ် ကိုင်တွယ်မည်
မြန်မာတိုက်စစ်မှူး သန်းပိုင် ကစားနေသည့် ကန်ချနဘူရီပါ ဝါအက်(ဖ်)စီအသင်းအား နာမည်ကျော် ထိုင်းလက် ရွေးစင်ဟောင်း Dusit Chalermsan က နည်းပြသစ်အဖြစ်ကိုင်တွယ်သွားမည်ဖြစ်ကြောင်း အသင်းက တရားဝင်အသိပေးထားသည်။
နည်းပြသစ် ဒူးဆစ်သည် အတွေ့အကြုံကောင်းများရှိသည့် ဝါရင့်နည်းပြတစ်ဦးဖြစ်ပြီး ၂၀၂၂ -၂၀၂၃ ခုနှစ် ထိုင်းလိဂ်ဘောလုံးရာသီအတွင်း မြန်မာကစားသမား မောင်မောင်လွင်ကစားနေသည့် လမ်ဖူး(န်)ဝါရီယာအသင်းကို ကိုင်တွယ်ခဲ့သူတစ်ဦးဖြစ်သည်။
၎င်းသည် ထိုင်း လက်ရွေးစင်အသင်း၌ ကစားခဲ့စဉ်က ဘယ်အစွန် နောက်ခံကစားသမားအဖြစ် ကျောနံပါတ် (၁၇)ကိုဝတ်ဆင် ကစားခဲ့သူဖြစ်ပြီး၊ ဥရောပ ဂန္တဝင်အသင်းများဖြစ်သည့် မန်ချက်စတာယူနိုက်တက်၊ ဘရာဇီးအသင်းများရှိ နာ မည်ကြီးကစားသမားများနှင့် ရင်ဘောင်တန်း ယှဥ်ပြိုင်ကစားခဲ့ရသူ တစ်ဦးလည်းဖြစ်သည်။

ဆားဈေးကျနေ၍ မွန်ပြည်နယ် ဆားထုတ်လုပ်မှု လျော့ကျ
နိုဝင်ဘာ ၆
ဆားဈေးနှုန်း ကျနေခြင်းကြောင့် ယခုနှစ် နေလှန်းဆား ထုတ်လုပ်မည့် ရာသီတွင် မွန်ပြည်နယ်အတွင်းရှိ ဆားထုတ်လုပ်မှုနှုန်းသည် လျော့ကျနေကြောင်း ဆားတောင်သူများထံမှ သိရသည်။
ပြည်တွင်းဆားဈေးနှုန်း ကျဆင်းနေခြင်းကြောင့် တောင်သူများ အရှုံးနှင့် ရင်ဆိုင်ရနိုင်သည့်အတွက် တချို့သော ဆားတောင်သူများက ဆားထုတ်လုပ်မှုကို ရပ်နားထားကြရသည်။
ထို့ပြင် အလုပ်သမား ငှားရမ်းရ ခက်ခဲခြင်း၊ ကုန်ကျစရိတ် မြင့်တက်ခြင်းနှင့် ဆားဈေးနှုန်း ကျဆင်းခြင်းများကြောင့် ဆားထုတ်လုပ်နိုင်မှု လျော့ကျခြင်းဖြစ်ကြောင်း၊ ဆားဖို ၁၀ ဖိုတွင် ၈ ဖိုခန့်သာ ထုတ်လုပ်နိုင်သည့် အနေအထား ဖြစ်နေသည်ဟု မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ဆားတောင်သူ ဦးလှတင်က ပြောသည်။
၎င်းက “၁၀၀ ရာခိုင်နှုန်းတော့ မပြည့်ဘူး။ လည်ပတ်မှုက တချို့ဖိုတွေ မထွက်ဘူး။ ဆားဈေးကလည်း မရှိဘူး။ နောက်ပြီးတော့ ကုန်ကျစရိတ်တွေက များတယ်။ အလုပ်သမားလည်း ရှာလို့ မလွယ်ဘူး။ လောင်စာဆီတွေ ကလည်း ဈေးတွေမြင့်၊ အဲဒါကြောင့် တချို့တွေ လုပ်ငန်း ရပ်ထားကြတယ်။ ၁၀ ဖို ရှိလို့ရှိရင် ၈ ဖိုလောက်ပဲ ထွက် နိုင်တာပေါ့လေ။ ဦးလေးတို့ကတော့ အပြင်ကငွေ ရှာပြီးတော့ အလုပ်လုပ်နေတာပေါ့။ ဆားဈေးက ဒီနှစ်မှာ ၂၀၀ ဝန်းကျင်လောက်ဆိုရင်တော့ အလုပ်လုပ်နိုင်သေးတယ်ပေါ့လေ။ အခုက ၁၈၀၊ ၁၅၀၊ ၁၆၀ လောက်ပဲ ရှိတော့ တယ်။ ဆားဈေးကကျတယ်၊ အရင်းအနှီးက များတယ်” ဟု ပြောသည်။
ဆားဈေးနှုန်း အနေဖြင့် လက်ရှိတွင် ဆားကြမ်း တစ်ပိဿာလျှင် ၁၅၀ ကျပ်သာရှိနေပြီး တောင်သူများအတွက် တစ်ပိဿာ ၂၀၀ ကျပ်ရရှိမှသာ အကျိုးအမြတ် ရှိမည်ဖြစ်သည်။
ဆားကို သံဖြူဇရပ်၊ ရေး၊ ပေါင်မြို့နယ်တို့တွင် လုပ်ကိုင်ကြပြီး မွန်ပြည်နယ်မှ ထွက်ရှိသည့် ဆားများကို ပြည်တွင်း ရှိ မွန်၊ ကရင်၊ တနင်္သာရီနှင့် မန္တလေးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် ဆားကို အသုံးပြုသည့် ကုန်ထုတ်လုပ်ငန်းတချို့ ရပ်နားထား မှုများလည်း ရှိနေသည်။
ထို့ကြောင့် မွန်ပြည်နယ်၏ ဆားဈေးကွက်အတွင်း ဆားဝယ်လိုအား လျော့နည်းလာပြီး ဆားဈေးနှုန်းများလည်း ကျဆင်းသွားခဲ့သည်။
ဆားတောင်သူ ဦးကျော်လွင်က “ဆားဈေးနှုန်းကတော့ သူ့ ဝယ်လိုအား ရှိသလောက်ပဲ ရောင်းရမှာပေါ့။ ဝယ်လို အား ရှိသလောက်ပဲ ရောင်းရမယ်ဆိုတော့ ဝယ်လိုအားကလည်း အရင်တုန်းက ဝယ်လိုအား ရှိပေမယ့်လည်း အခု ဝယ်လိုအားကလည်း နည်းသွားပြီ။ လုပ်ငန်းတွေကလည်း ရပ်ဆိုင်းကုန်တယ်။ ဆားသုံးတဲ့ လုပ်ငန်းကို ပြောတာ။ အဲဒီလို ရပ်ဆိုင်းကုန်တော့ ဈေးကွက်က တဖြည်းဖြည်း ကျဉ်းသွားတာပေါ့၊ နည်းသွားတာပေါ့။ အဲဒီအပေါ်မှာပဲ မှီခိုပြီး လုပ်ရမှာပဲ။ ဘာလို့လဲဆိုတော့ ကိုယ့်ကို မှီခိုတဲ့သူကို လူတွေကလည်း ဖိုအကြီးဆိုရင် လူ ၄၀/၅၀ လောက်ရှိ တယ်။ ဖိုငယ်ဆိုရင်တော့လည်း နည်းတာပေါ့။ ဈေးကွက်က အရှေ့ကို မျှော်လို့ သိပ်မရဘူး။ ဘာဖြစ်လို့ မျှော်လို့ သိပ်မရလဲဆိုတော့ ဆားသုံးတဲ့လုပ်ငန်းတွေ တချို့တဝက်က တော်တော်လေးကို လျော့ကျသွားတယ်။ သူတို့နယ် မှာ အဆင်မပြေတဲ့ အပိုင်းတွေကြောင့် ဆားသုံးတာ လျော့တာပေါ့။ လျော့တဲ့အတွက် ဈေးကွက် လျော့သွားတာ ပေါ့။ အဲဒီတော့ ဈေးကောင်းလာဖို့ဆိုတာတော့ သိပ်ပြီးတော့ မမြင်ဘူး” ဟု ပြောသည်။
မွန်ပြည်နယ်အတွင်း ဆားကို နှစ်စဉ် နိုဝင်ဘာလမှစတင်၍ ဧပြီလအထိ ထုပ်လုပ်လျက်ရှိပြီး ဆားထုတ်လုပ်မှုဧက ၄၇၀၀ မှ ဆားတန်ချိန် ၄၅,၀၀၀ ကျော်ထွက်ရှိကာ ပြည်တွင်း ဆားစားသုံးမှု လုံလောက်စွာ ရရှိသည့်အပြင် ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသည်။
ဆားများကို နိုင်ငံတကာ ဈေးကွက်အထိ တင်ပို့နိုင်ပါက ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိလာမည့်အပြင် နိုင်ငံခြားဝင်ငွေများလည်း ရရှိမည်ဖြစ်သည်။
ပုံ - ဆားဖိုများကိုတွေ့ရစဥ်
Credit - Central News Independence
#သတင်းဟင်းလေးအိုးကြီး