1 y - Translate

Trouser Style 🤍✨

image
1 y - Translate

Trouser Style 🤍✨

imageimage
+7
1 y - Translate

အစကတော့ စောက်ကြောတင်းလို့ချစ်တာဆို🥲

image
1 y - Translate

နော်

image
1 y - Translate

ဦးငှက်သီချင်းလေးတွေညည်းမယ်
အမေ့ကိုလွမ်းမယ်

စိတ်လိုလက်ရပြေးထွက်ခဲ့ပြီးမှ
စိတ်ရှိလက်ရှိအိမ်ကိုပြေးပြေးလွမ်းတဲ့ကောင်ပါအမေ

"ငါ့သားကလူမိုက်...
နှလုံးသားတော့လှတယ်တဲ့"

နောင်မှတတဲ့ နောင်တတွေပါ အမေ
သားအမေ့ကို လွမ်းတယ်

#ပိုင်နေလင်းခန့်

image
1 y - Translate

-လွမ်းစရာရှိရင် နာစရာနဲ့ ဖြေရမယ်ဆိုလို့
ကျုပ်မှာ လွမ်းစရာလေးကို တယုတယ
လိုက်ရှာ လွမ်းနေရတယ် ။

-တစ်ယောက်တည်းစာပဲ ရှိတဲ့ ငါ့မေတ္တာနဲ့
နှစ်ယောက်တွဲကာ လှည့်စားနိုင်သူ မင်း
ခက်တော့ ခက်နေပြီ ။

-ဝဋ်ကြွေးဆိုရင်လည်း ကျေချင်ပါတယ်
ရေစက်ဆိုရင် ဒီမှာတင် ကုန်ပါရစေတော့ ။

#နေညိုရောင်ခြည်
19.11.2024

image
1 y - Translate

လူတစ်ယောက်ကိုလွှတ်ချတယ်ဆိုတာ မဆက်သွယ်ခြင်းကနေ
စတင်ပါတယ်။
သိပ်နာကျင်၊သိပ်ဝမ်းနည်းနေရင်တောင် ကျော်လွှားနိုင်ရမယ်။မဆက်သွယ်မိအောင် နေရမယ်။
အသံလေး သိပ်ကြားချင်နေရင်တောင် ဖုန်း မခေါ်သင့်ဘူး။
စာမပို့သင့်ဘူး။
တစ်ဖက်ကကိုယ့်ကို အလိုမရှိတော့ဘူး ။ မချစ်တော့ဘူးဆိုတာကို လုပ်ရပ်နဲ့ဖြစ်စေ၊စကားလုံးဖြစ်စေ ဖော်ပြတဲ့အခါ အလိုက်တသိ
ထွက်သွားပေးရတယ်။ဒါက
အချစ်ကို လေးစားခြင်း ဖြစ်သလို တစ်ဖက်လူကို လေးစားရာလည်း ရောက်ပါတယ်။

တစ်နာရီ မဆက်သွယ်ဘူး။
တစ်နေ့ မဆက်သွယ်ဘူး။
သုံးရက် မဆက်သွယ်ဘူး။
တစ်ပတ် ကနေ တစ်လ။
နှစ်ဝက်ကနေ တစ်နှစ်
မဆက်သွယ်ဘဲ နေနိုင်သွားပါတယ်။အချိန်တစ်ခုရောက်တဲ့အခါ အရင်က ဖုန်းတွေ သိပ်ဆက်ချင်တဲ့လူ၊စကားတွေ သိပ်ပြောချင်တဲ့လူက ခုတော့လည်း
မတော်လို့ လမ်းတစ်ကွေ့မှာ
တွေ့ရင်တောင် စကားမပြောချင်တော့ဘူး။ဘာလို့ ဒီလူကို
ချစ်မိတာလဲ တွေးမိပြီး ရယ်ချင် ရယ်နေမယ်။အချစ်က ဟာသ တစ်ခုပါလားပေါ့။

#crd_to_owner_with_respect

image
1 y - Translate

😭

image
1 y - Translate

အချစ်နဲ့ငွေကို သတိကြီးကြီးထား..အေးမောင်။
ငွေပုံအောမိရင်..ဆုံးတတ်တယ်၊
မေတ္တာပုံအောမိရင်...ရှုံးတတ်တယ်ကွ။

ငွေကျွံသွားရင်... ယူတောင်းရခက်တယ်။
မေတ္တာကျွံသွားရင်...လူပြောင်းရခက်တယ်။

ငါတို့က ငွေရော၊မေတ္တာရော ပေါလို့ပေးတာမဟုတ်ဘူး..ယုံလို့ပေးကြတာကွ။

လူဆိုတာမျိုးက...ခက်ပါတယ်။
မင်းလိုအပ်နေမှန်းသိလေ..
ပိုတိတ်ဆိတ်တတ်လေပဲ..အေးမောင်ရ။
နောက်ဆို ဆင်ခြင်ပေါ့ကွာ။

#ရဲသူလွင် (အင်ပင်မြို့)

image
1 y - Translate

မချည်နှောင်ခြင်း
မနှောင့်ယှက်ခြင်း
တိတ်ဆိတ်ခြင်းဖြင့်သာ ချစ်တော့သည်။

သူလည်းလူတစ်ယောက်
ခေတ်ပျက်ထဲမှာ
မေတ္တာတရားတွေဘယ်ယုံရဲတော့မလဲ။

#ဝေါဟာရ

image